ကိုဗစ္ေၾကာင့္ အေမရိကန္တြင္ တရက္ထဲ လူ ၃၉၀၀ နီးပါး စံခ်ိန္တင္ ေသဆုံ

အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကြောင့် သေဆုံးသူနှုန်း တိုးလာနေပြီး မနေ့က တရက်တည်းတင် ၃,၈၆၅ ဦး ရှိတဲ့အတွက် ဒါဟာ စံချိန်သစ်ဖြစ်တယ်လို့ ကျန်းမာရေး တာဝန်ရှိသူတွေက ပြောပါတယ်။အမေရိကန်လွှတ်တော်အဆောက်ဦကို ထရမ့်ထောက်ခံသူတွေက ဝင်ရောက်စီးနင်းတဲ့ဖြစ်စဉ်အပေါ် အများက အာရုံစိုက်နေစဉ်မှာ တဖက်မှာ ကူးစက်မှုတွေက ဆက်တိုက် တိုးလာနေ တာဖြစ်ပါတယ်။ပြည်နယ်အများစုမှာ ကူးစက်မှုတိုးလာနေပြီး ကယ်လီဖိုးနီးယားက အဆိုးဆုံးဖြစ်ကာ ကြာသပတေး တရက်တည်း သေဆုံးသူ ၁၀၄၂ ဦးရှိပါတယ်။

ဆေးရုံတွေမှာ ကုတင်နေရာမကျန်အောင်ဖြစ်နေတဲ့အတွက် လူနာတွေကို လက်မခံနိုင်ဖြစ်နေပြီး ဘယ်သူ့ကို သေစေ၊ ဘယ်သူ့ကို ရှင်စေဆိုပြီး ရွေးချယ်ရလိုမျိုးဖြစ်နေတယ်လို့ Santa Clara Valley ရှိ ဆရာဝန်တဦးကပြောပါတယ်။တဖက်မှာလည်း ကာကွယ်ဆေး ထိုးပေးနေပြီး ဒီနေ့တရက်တည်း ၆ သိန်းထိုးနိုင်ကာ အားလုံးပေါင်းဆိုရင် ၅.၉ သန်းရှိသွားပြီလို့ ကူးစက်ရောဂါထိန်းချုပ်ရေး စင်တာကပြောပါတယ်။ ဒါပေမယ့် သန်း ရာနဲ့ချီထိုးပေးဖို့ လိုနေပါသေးတယ်။

ဒီရောဂါကြောင့် ကမ္ဘာတဝန်းမှာ သေဆုံးသူ ၁.၉ သန်းရှိနေပြီဖြစ်ပြီး အဲဒီထဲမှာ အမေရိကန် ပြည်ထောင်စုက ၃ သိန်း ၆ သောင်းကျော်ပါဝင် ပါတယ်။

crd…

zawgyi

အေမရိကန္ျပည္ေထာင္စုမွာ ကိုဗစ္ေၾကာင့္ ေသဆုံးသူႏႈန္း တိုးလာေနၿပီး မေန႔က တရက္တည္းတင္ ၃,၈၆၅ ဦး ရွိတဲ့အတြက္ ဒါဟာ စံခ်ိန္သစ္ျဖစ္တယ္လို႔ က်န္းမာေရး တာဝန္ရွိသူေတြက ေျပာပါတယ္။အေမရိကန္လႊတ္ေတာ္အေဆာက္ဦကို ထရမ့္ေထာက္ခံသူေတြက ဝင္ေရာက္စီးနင္းတဲ့ျဖစ္စဥ္အေပၚ အမ်ားက အာ႐ုံစိုက္ေနစဥ္မွာ တဖက္မွာ ကူးစက္မႈေတြက ဆက္တိုက္ တိုးလာေန တာျဖစ္ပါတယ္။ျပည္နယ္အမ်ားစုမွာ ကူးစက္မႈတိုးလာေနၿပီး ကယ္လီဖိုးနီးယားက အဆိုးဆုံးျဖစ္ကာ ၾကာသပေတး တရက္တည္း ေသဆုံးသူ ၁၀၄၂ ဦးရွိပါတယ္။

ေဆး႐ုံေတြမွာ ကုတင္ေနရာမက်န္ေအာင္ျဖစ္ေနတဲ့အတြက္ လူနာေတြကို လက္မခံႏိုင္ျဖစ္ေနၿပီး ဘယ္သူ႔ကို ေသေစ၊ ဘယ္သူ႔ကို ရွင္ေစဆိုၿပီး ေ႐ြးခ်ယ္ရလိုမ်ိဳးျဖစ္ေနတယ္လို႔ Santa Clara Valley ရွိ ဆရာဝန္တဦးကေျပာပါတယ္။တဖက္မွာလည္း ကာကြယ္ေဆး ထိုးေပးေနၿပီး ဒီေန႔တရက္တည္း ၆ သိန္းထိုးႏိုင္ကာ အားလုံးေပါင္းဆိုရင္ ၅.၉ သန္းရွိသြားၿပီလို႔ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရး စင္တာကေျပာပါတယ္။ ဒါေပမယ့္ သန္း ရာနဲ႔ခ်ီထိုးေပးဖို႔ လိုေနပါေသးတယ္။ဒီေရာဂါေၾကာင့္ ကမာၻတဝန္းမွာ ေသဆုံးသူ ၁.၉ သန္းရွိေနၿပီျဖစ္ၿပီး အဲဒီထဲမွာ အေမရိကန္ ျပည္ေထာင္စုက ၃ သိန္း ၆ ေသာင္းေက်ာ္ပါဝင္ ပါတယ္။

crd…

Leave a Reply

Your email address will not be published. Required fields are marked *