႐ုရွားနိုင္ငံထုတ္ ပဲ့ထိန္းဒုံးက်ည္ ‘Sarmat’ အား လာမည့္ ၂၀၂၂ ခုႏွစ္တြင္ တိုက္ပြဲဝင္ အသင့္တပ္ျဖန႔္နိုင္ေတာ့မည္လား…

ေမာ္စကို၊႐ုရွားနိုင္ငံ မဟာဗ်ဴဟာေျမာက္ဒုံးတပ္ဖြဲ႕တြင္ လာမည့္ ၂၀၂၂ ခုႏွစ္၌ Sarmat တိုက္ခ်င္းပစ္ဒုံးက်ည္သစ္အား တိုက္ပြဲဝင္အသင့္တာဝန္ ထမ္းေဆာင္နိုင္ေတာ့မွာျဖစ္ေၾကာင္း ႐ုရွားနိုင္ငံမဟာဗ်ဴဟာေျမာက္ ဒုံးတပ္ဖြဲ႕အႀကီးအကဲျဖစ္သူ ဗိုလ္ခ်ဳပ္ Sergei Karakaev က ေျပာၾကားခဲ့ပါတယ္။“လက္ရွိမွာေတာ့ ကာကြယ္ေရးဆိုင္ရာ စက္မွုလုပ္ငန္းစုအေနနဲ႔ Sarmat တိုက္ခ်င္း ပစ္ဒုံးက်ည္စနစ္ကို နိုင္ငံေတာ္အဆင့္ စမ္းသပ္ပ်ံသန္းမွုျပဳလုပ္နိုင္ရန္ အဆင့္သင့္ ျဖစ္ေစဖို႔ ဆက္လက္လုပ္ေဆာင္ေနၾကပါတယ္။

႐ုရွားနိုင္ငံ Uzhur မွာရွိတဲ့ ဒုံးတပ္ဖြဲ႕ဟာ Sarmat တိုက္ခ်င္းပစ္ဒုံးက်ည္ ပထမဦးဆုံး တပ္ျဖန႔္အသုံးျပဳမယ့္ ဦးေဆာင္ တပ္ရင္းႀကီး ျဖစ္လာဖို႔အတြက္ လိုအပ္တဲ့ျပင္ဆင္မွုေတြ ျပဳလုပ္ၿပီးစီးခဲ့ၿပီလည္းျဖစ္ပါတယ္၊လာမည့္ ၂၀၂၂ ခုႏွစ္မွာ စတင္တပ္ေတာ္ဝင္နိုင္ဖို႔ စီစဥ္ထားေၾကာင္း “႐ုရွားနိုင္ငံ မဟာဗ်ဴဟာေျမာက္ ဒုံးတပ္ဖြဲ႕ေန႔အထိမ္းအမွတ္ ႐ုရွားနိုင္ငံသတင္းစာ Krasnaya Zvezda ႏွင့္ ေတြ႕ဆုံေမးျမန္း ခန္းတြင္ Karakaev က ေျပာၾကားခဲ့ပါတယ္။Sarmat [RS-28] တိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးက်ည္ဟာ ကမၻာ့အႀကီးဆုံး မဟာဗ်ဴဟာ ေျမာက္ပဲ့ထိန္းဒုံးက်ည္ျဖစ္တဲ့ Voevoda (ေနတိုးအေခၚအေဝၚအားျဖင့္ Satan, RS-20V) ေနရာတြင္ အစားထိုး အသုံးျပဳနိုင္ဖို႔ ထုတ္လုပ္ခဲ့တဲ့ တိုက္ခ်င္းပစ္ဒုံးလည္းျဖစ္ပါတယ္။

႐ုရွားနိုင္ငံဟာ Sarmat တိုက္ခ်င္းပစ္ဒုံးစီမံကိန္းကို ၂၀၁၁ ခုႏွစ္မွာစတင္ခဲ့တာပါ။အဆိုပါ တိုက္ခ်င္းပစ္ဒုံးက်ည္သစ္ဟာ ဒုံးက်ည္ကာကြယ္ေရးစနစ္ေတြကိုေက်ာ္လႊားကာ ကမၻာ ေျမာက္ဝင္ရိုးစြန္းကေန ေတာင္ဝင္ရိုးစြန္းအထိ ပစ္မွတ္မ်ားကို တိုက္ခိုက္နိုင္စြမ္းရွိမွာ လည္းျဖစ္ပါတယ္။“Sarmat”တိုက္ခ်င္းပစ္ဒုံးရဲ့ ပစ္ခတ္နိုင္တဲ့အကြာအေဝးကေတာ့ ၁၈၀၀၀ ကီလိုမီတာ ရွိၿပီး ပစ္ခတ္ရန္အသင့္အေနအထားအေလးခ်ိန္မွာ ၂၀၈.၁ တန္၊ေလာင္စာအေလးခ်ိန္ ၁၇၈ တန္နဲ႔ ဒုံးက်ည္အလ်ားကေတာ့ ၃၅.၅ မီတာရွည္လ်ားပါတယ္။အခ်င္းက ၃ မီတာရွိၿပီး ဒုံးထိပ္ဖူးအမ်ိဳးအစားကေတာ့ ဘက္စုံသုံးဒုံးထိပ္ဖူးျဖစ္ၿပီး သက္ဆိုင္ရာ သီးျခားထိန္းေက်ာင္း မွုယူနစ္မ်ားတပ္ဆင္ထားေၾကာင္း RIA Novosti မွ အစီအရင္ခံတင္ျပထားပါတယ္။

႐ုရွားနိုင္ငံ မဟာဗ်ဴဟာေျမာက္ဒုံးတပ္ဖြဲ႕ရဲ့ ဒုံးတပ္မ ၃ ခုမွာ Yars ပဲ့ထိန္းဒုံးက်ည္ စနစ္မ်ား ျပန္လည္တပ္ျဖန႔္ထားၿပီးျဖစ္ေၾကာင္းလည္း Karakayev ကေျပာၾကားခဲ့ပါတယ္။ထိုအထဲမွာ Barnaul နဲ႔ Bologovskaya ဒုံးတပ္မေတြမွာေတာ့ Yars တိုက္ခ်င္းပစ္ဒုံးေတြကို မိုဘိုင္းယာဥ္တင္ဗားရွင္းတပ္ျဖန႔္အသုံးျပဳထားၿပီး Kozelskaya ဒုံးတပ္မမွာေတာ့ အေျခစိုက္ အမ်ိဳးအစားကို တပ္ျဖန႔္အသုံးျပဳထားပါတယ္။Yars [RS-24] တိုက္ခ်င္းပစ္ဒုံးကေတာ့ အစိုင္ အခဲေလာင္စာသုံး မဟာဗ်ဴဟာေျမာက္ တိုက္ခ်င္းပစ္ဒုံးလက္နက္စနစ္ျဖစ္ၿပီး ယာဥ္တင္ ေရာ ေျမျပင္အေျခစိုက္ဗားရွင္းႏွစ္မ်ိဳးလုံးအသုံးျပဳနိုင္ပါတယ္။ ဒုံးထိပ္ဖူးေတြကိုလည္း မ်ိဳးစုံ တပ္ပစ္နိုင္ပါတယ္။

႐ုရွားနိုင္ငံထုတ္ တိုက္ခ်င္းပစ္ဒုံးက်ည္သစ္ RS-28 Sarmat ရဲ့ စမ္းသပ္ပ်ံသန္း မည့္အစီအစဥ္ေတြဟာ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ျပန႔္ပြားေနမွုေၾကာင့္ ရပ္တန႔္ေႏွာင့္ေႏွးသြား ဖို႔ရာမရွိေၾကာင္း BulgarianMilitary.com ကဆိုပါတယ္။“စီစဥ္ထားတဲ့အတိုင္း လုပ္ေဆာင္ေနပါတယ္၊တိုက္ခ်င္းပစ္ဒုံးက်ည္သစ္ ဖန္တီးတည္ ေဆာက္ေရးမွာ ပါဝင္တဲ့ကုမၸဏီအားလုံး ၎တို႔ရဲ့ထုတ္လုပ္ေရးလုပ္ငန္းေတြကို ရပ္ဆိုင္း ထားျခင္းမရွိပါဘူး၊

ဝန္ထမ္းမ်ားကို ေဆးစစ္ျခင္းအပါအဝင္ လိုအပ္တဲ့ကူးစက္ေရာဂါ ကာကြယ္တားဆီးေရးနဲ႔ထိန္းခ်ဳပ္ေရးလုပ္ေဆာင္ခ်က္ေတြကိုေတာ့ တစ္ပါတည္းတြဲ၍ လုပ္ ေဆာင္ေပးလ်က္ရွိေၾကာင္း” ႐ုရွားနိုင္ငံ ဒုတိယဝန္ႀကီး Yuri Borisov က ယခုႏွစ္ ေမလ ပိုင္းက ေျပာၾကားခဲ့ပါတယ္။ဆက္လက္၍ တိုက္ခ်င္းပစ္ဒုံးရဲ့ စမ္းသပ္ပ်ံသန္းမွုမ်ားကို လက္နက္စနစ္အား ဒီဇိုင္းေရးဆြဲထုတ္လုပ္သူနဲ႔႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနတို႔မွ သတ္မွတ္ထားေသာ အခ်ိန္ ကာလအတြင္းျပဳလုပ္သြားမွာျဖစ္ေၾကာင္း သူကဆိုပါတယ္။

၂၀၁၉ ခုႏွစ္ ဒီဇင္ဘာလ အေစာ ပိုင္းက Sarmat ICBM တိုက္ခ်င္းပစ္ဒုံးေတြ စမ္းသပ္ပ်ံသန္းမွုကို လာမည့္ ၂၀၂၁ ခုႏွစ္ အၿပီးသတ္ ေဆာင္ရြက္နိုင္ရန္ စီစဥ္ထားခဲ့ပါတယ္။နာက္ပိုင္းမွာေတာ့ ကာကြယ္ေရး ဒုဝန္ႀကီး Alexei Krivoruchko က Sarmat RS-28 ဒုံးက်ည္မ်ားအား စီးရီးနံပါတ္အစဥ္လိုက္ တပ္ျဖန႔္လႊဲေျပာင္းေပးျခင္းကို ၂၀၂၁ ခုႏွစ္မွ စတင္နိုင္လိမ့္မည္ျဖစ္ေၾကာင္း တိတိပပ ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္တာေဝးပစ္ခတ္နိုင္ေသာ ႐ုရွားနိုင္ငံထုတ္ ပဲ့ထိန္းဒုံးက်ည္မ်ား တိုးတက္ဖြံ့ၿဖိဳးလာမွုနဲ႔ ဟိုက္ပါဆိုနစ္နည္းပညာတြင္ အဆင့္ျမင့္လာမွုမ်ားကို တုံ႔ျပန္ ေဆာင္ရြက္ဖို႔ လိုအပ္လာၿပီ ဆိုတာကိုေတာ့ အေမရိကန္ျပည္ေထာင္စု ေကာင္းေကာင္း နားလည္ခဲ့ပါတယ္။

ပင္တဂြန္စစ္ ဌာနခ်ဳပ္အေနနဲ႔ကေတာ့ Minuteman III တိုက္ခ်င္းပစ္ဒုံးက်ည္ကို အဆင့္ျမႇင့္တင္ဖို႔ဆိုတာ ၁၉၆၀ ျပည့္ႏွစ္လြန္မ်ားက ထုတ္လုပ္ခဲ့တဲ့ ေရာ့ကတ္နည္းပညာျဖစ္တာေၾကာင့္ နည္းပညာ တိုးတက္ဖြံ့ၿဖိဳးမွုသိပ္မရွိေသးတဲ့အခ်ိန္က ထုတ္လုပ္ထားတာမို႔ ထပ္မံအဆင့္ျမႇင့္တင္ဖို႔ရာ သိပ္အဓိပၸါယ္မရွိဘူးလို႔ ေကာက္ခ်က္ခ်ခဲ့ပါတယ္။အေမရိကန္နိုင္ငံဟာ ေနာက္ဆုံးထုတ္ GBSD ေရာ့ကတ္ဒုံးက်ည္ကို စတင္ ထုတ္လုပ္ခဲ့ပါတယ္။GBSD ဆိုတာကေတာ့ Ground Based Strategic Deterrent ေျမျပင္ အေျခစိုက္ မဟာဗ်ဴဟာေျမာက္ အဟန႔္အတားလို႔အမည္ေပးထားတဲ့ တိုက္ခ်င္းပစ္ဒုံးက်ည္ သစ္အမ်ိဳးအစားပဲျဖစ္ပါတယ္။

အေမရိကန္တို႔အတြက္ မ်ိဳးဆက္သစ္တိုက္ခ်င္း ပစ္ဒုံးျဖစ္လာ မွာပါ။ပစ္ခ်ဖို႔၊ၾကားျဖတ္တိုက္ခိုက္ဖို႔ ခက္ခဲေစမွာျဖစ္ၿပီး ထိပ္ဖူးအမ်ားအျပား သယ္ေဆာင္ သြားနိုင္ပါလိမ့္မယ္။႐ုရွားရဲ့ ဆာမတ္ Sarmat ထက္ပိုမိုတိက်မွုပိုလာနိုင္ၿပီး ပခုံးခ်င္းယွဥ္နိုင္ မယ့္ ဒုံးက်ည္သစ္လို႔ဆိုပါတယ္။အေမရိကန္ျပည္ေထာင္စုဟာ လက္ရွိမွာ နိုင္ငံရဲ့ ၾကည္း/ ေရ/ေလ န်ဴကလီးယား သုံးပြင့္ဆိုင္ စြမ္းအား ၃ ရပ္ျဖစ္တဲ့ nuclear triad ႀကီးကို အဆင့္ျမႇင့္ တင္လ်က္ရွိေနခ်ိန္ျဖစ္ပါတယ္။ၿပိဳင္ဘက္႐ုရွားတို႔ရဲ့ေနာက္ဆုံးထုတ္ လက္နက္ေတြျဖစ္တဲ့ Avangard hypersonic လက္နက္ေတြလို ေနာက္ဆုံးထုတ္ေတြနဲ႔အၿပိဳင္ အရွိန္အဟုန္ျမႇင့္ လုပ္ေဆာင္ေနလ်က္ရွိပါတယ္။

အေမရိကန္နိုင္ငံဟာ Trident II တိုက္ခ်င္းပစ္ဒုံးကိုလည္း အဆင့္ျမႇင့္တင္လ်က္ရွိပါ တယ္။Trident II ကေတာ့ေရငုပ္သေဘၤာေပၚက ပစ္လႊတ္နိုင္တဲ့ ေရတပ္စြမ္းအား တိုက္ခ်င္း ပစ္ဒုံးက်ည္ျဖစ္ၿပီး မၾကာခင္မွာပဲ ကိုလံဘီယာအတန္းအစား ေရငုပ္သေဘၤာေတြမွာ တပ္ဆင္ ေပးသြားမွာလည္းျဖစ္ပါတယ္။ေလတပ္ရဲ့ B-21 ဗုံးၾကဲေလယာဥ္ႀကီးေတြကလည္း န်ဴကလီး ယား ဗုံးေတြနဲ႔ ဒုံးေတြကို သယ္ေဆာင္တိုက္ပြဲဝင္သြားနိုင္ဖို႔ ျပင္ဆင္လ်က္ရွိတယ္ ဆိုတာ ေရးသားတင္ျပလိုက္ရပါတယ္။

Russian ballistic missile ‘Sarmat’ will take up combat duty in 2022 အား ဘာသာျပန္ဆိုထားျခင္းျဖစ္ပါသည္။

မူရင္းေရးသားသူ – သက္ထူးခန႔္ပိုင္ ေရနံေခ်ာင္း အား ေလးစားစြာ ျဖင့္ ခရက္ဒစ္ ေပးပါသည္။

UNICODE

မော်စကို၊ရုရှားနိုင်ငံ မဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့တွင် လာမည့် ၂၀၂၂ ခုနှစ်၌ Sarmat တိုက်ချင်းပစ်ဒုံးကျည်သစ်အား တိုက်ပွဲဝင်အသင့်တာဝန် ထမ်းဆောင်နိုင်တော့မှာဖြစ်ကြောင်း ရုရှားနိုင်ငံမဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် Sergei Karakaev က ပြောကြားခဲ့ပါတယ်။“လက်ရှိမှာတော့ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းစုအနေနဲ့ Sarmat တိုက်ချင်း ပစ်ဒုံးကျည်စနစ်ကို နိုင်ငံတော်အဆင့် စမ်းသပ်ပျံသန်းမှုပြုလုပ်နိုင်ရန် အဆင့်သင့် ဖြစ်စေဖို့ ဆက်လက်လုပ်ဆောင်နေကြပါတယ်။

ရုရှားနိုင်ငံ Uzhur မှာရှိတဲ့ ဒုံးတပ်ဖွဲ့ဟာ Sarmat တိုက်ချင်းပစ်ဒုံးကျည် ပထမဦးဆုံး တပ်ဖြန့်အသုံးပြုမယ့် ဦးဆောင် တပ်ရင်းကြီး ဖြစ်လာဖို့အတွက် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ပြီးစီးခဲ့ပြီလည်းဖြစ်ပါတယ်၊လာမည့် ၂၀၂၂ ခုနှစ်မှာ စတင်တပ်တော်ဝင်နိုင်ဖို့ စီစဉ်ထားကြောင်း “ရုရှားနိုင်ငံ မဟာဗျူဟာမြောက် ဒုံးတပ်ဖွဲ့နေ့အထိမ်းအမှတ် ရုရှားနိုင်ငံသတင်းစာ Krasnaya Zvezda နှင့် တွေ့ဆုံမေးမြန်း ခန်းတွင် Karakaev က ပြောကြားခဲ့ပါတယ်။Sarmat [RS-28] တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ဟာ ကမ္ဘာ့အကြီးဆုံး မဟာဗျူဟာ မြောက်ပဲ့ထိန်းဒုံးကျည်ဖြစ်တဲ့ Voevoda (နေတိုးအခေါ်အဝေါ်အားဖြင့် Satan, RS-20V) နေရာတွင် အစားထိုး အသုံးပြုနိုင်ဖို့ ထုတ်လုပ်ခဲ့တဲ့ တိုက်ချင်းပစ်ဒုံးလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ Sarmat တိုက်ချင်းပစ်ဒုံးစီမံကိန်းကို ၂၀၁၁ ခုနှစ်မှာစတင်ခဲ့တာပါ။အဆိုပါ တိုက်ချင်းပစ်ဒုံးကျည်သစ်ဟာ ဒုံးကျည်ကာကွယ်ရေးစနစ်တွေကိုကျော်လွှားကာ ကမ္ဘာ မြောက်ဝင်ရိုးစွန်းကနေ တောင်ဝင်ရိုးစွန်းအထိ ပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိမှာ လည်းဖြစ်ပါတယ်။“Sarmat”တိုက်ချင်းပစ်ဒုံးရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးကတော့ ၁၈၀၀၀ ကီလိုမီတာ ရှိပြီး ပစ်ခတ်ရန်အသင့်အနေအထားအလေးချိန်မှာ ၂၀၈.၁ တန်၊လောင်စာအလေးချိန် ၁၇၈ တန်နဲ့ ဒုံးကျည်အလျားကတော့ ၃၅.၅ မီတာရှည်လျားပါတယ်။အချင်းက ၃ မီတာရှိပြီး ဒုံးထိပ်ဖူးအမျိုးအစားကတော့ ဘက်စုံသုံးဒုံးထိပ်ဖူးဖြစ်ပြီး သက်ဆိုင်ရာ သီးခြားထိန်းကျောင်း မှုယူနစ်များတပ်ဆင်ထားကြောင်း RIA Novosti မှ အစီအရင်ခံတင်ပြထားပါတယ်။

ရုရှားနိုင်ငံ မဟာဗျူဟာမြောက်ဒုံးတပ်ဖွဲ့ရဲ့ ဒုံးတပ်မ ၃ ခုမှာ Yars ပဲ့ထိန်းဒုံးကျည် စနစ်များ ပြန်လည်တပ်ဖြန့်ထားပြီးဖြစ်ကြောင်းလည်း Karakayev ကပြောကြားခဲ့ပါတယ်။ထိုအထဲမှာ Barnaul နဲ့ Bologovskaya ဒုံးတပ်မတွေမှာတော့ Yars တိုက်ချင်းပစ်ဒုံးတွေကို မိုဘိုင်းယာဉ်တင်ဗားရှင်းတပ်ဖြန့်အသုံးပြုထားပြီး Kozelskaya ဒုံးတပ်မမှာတော့ အခြေစိုက် အမျိုးအစားကို တပ်ဖြန့်အသုံးပြုထားပါတယ်။Yars [RS-24] တိုက်ချင်းပစ်ဒုံးကတော့ အစိုင် အခဲလောင်စာသုံး မဟာဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးလက်နက်စနစ်ဖြစ်ပြီး ယာဉ်တင် ရော မြေပြင်အခြေစိုက်ဗားရှင်းနှစ်မျိုးလုံးအသုံးပြုနိုင်ပါတယ်။ ဒုံးထိပ်ဖူးတွေကိုလည်း မျိုးစုံ တပ်ပစ်နိုင်ပါတယ်။

ရုရှားနိုင်ငံထုတ် တိုက်ချင်းပစ်ဒုံးကျည်သစ် RS-28 Sarmat ရဲ့ စမ်းသပ်ပျံသန်း မည့်အစီအစဉ်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပြန့်ပွားနေမှုကြောင့် ရပ်တန့်နှောင့်နှေးသွား ဖို့ရာမရှိကြောင်း BulgarianMilitary.com ကဆိုပါတယ်။“စီစဉ်ထားတဲ့အတိုင်း လုပ်ဆောင်နေပါတယ်၊တိုက်ချင်းပစ်ဒုံးကျည်သစ် ဖန်တီးတည် ဆောက်ရေးမှာ ပါဝင်တဲ့ကုမ္ပဏီအားလုံး ၎င်းတို့ရဲ့ထုတ်လုပ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်း ထားခြင်းမရှိပါဘူး၊

ဝန်ထမ်းများကို ဆေးစစ်ခြင်းအပါအဝင် လိုအပ်တဲ့ကူးစက်ရောဂါ ကာကွယ်တားဆီးရေးနဲ့ထိန်းချုပ်ရေးလုပ်ဆောင်ချက်တွေကိုတော့ တစ်ပါတည်းတွဲ၍ လုပ် ဆောင်ပေးလျက်ရှိကြောင်း” ရုရှားနိုင်ငံ ဒုတိယဝန်ကြီး Yuri Borisov က ယခုနှစ် မေလ ပိုင်းက ပြောကြားခဲ့ပါတယ်။ဆက်လက်၍ တိုက်ချင်းပစ်ဒုံးရဲ့ စမ်းသပ်ပျံသန်းမှုများကို လက်နက်စနစ်အား ဒီဇိုင်းရေးဆွဲထုတ်လုပ်သူနဲ့ရုရှားကာကွယ်ရေးဝန်ကြီးဌာနတို့မှ သတ်မှတ်ထားသော အချိန် ကာလအတွင်းပြုလုပ်သွားမှာဖြစ်ကြောင်း သူကဆိုပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ အစော ပိုင်းက Sarmat ICBM တိုက်ချင်းပစ်ဒုံးတွေ စမ်းသပ်ပျံသန်းမှုကို လာမည့် ၂၀၂၁ ခုနှစ် အပြီးသတ် ဆောင်ရွက်နိုင်ရန် စီစဉ်ထားခဲ့ပါတယ်။နာက်ပိုင်းမှာတော့ ကာကွယ်ရေး ဒုဝန်ကြီး Alexei Krivoruchko က Sarmat RS-28 ဒုံးကျည်များအား စီးရီးနံပါတ်အစဉ်လိုက် တပ်ဖြန့်လွှဲပြောင်းပေးခြင်းကို ၂၀၂၁ ခုနှစ်မှ စတင်နိုင်လိမ့်မည်ဖြစ်ကြောင်း တိတိပပ ထုတ်ဖော်ပြောကြားခဲ့ပါတယ်တာဝေးပစ်ခတ်နိုင်သော ရုရှားနိုင်ငံထုတ် ပဲ့ထိန်းဒုံးကျည်များ တိုးတက်ဖွံ့ဖြိုးလာမှုနဲ့ ဟိုက်ပါဆိုနစ်နည်းပညာတွင် အဆင့်မြင့်လာမှုများကို တုံ့ပြန် ဆောင်ရွက်ဖို့ လိုအပ်လာပြီ ဆိုတာကိုတော့ အမေရိကန်ပြည်ထောင်စု ကောင်းကောင်း နားလည်ခဲ့ပါတယ်။

ပင်တဂွန်စစ် ဌာနချုပ်အနေနဲ့ကတော့ Minuteman III တိုက်ချင်းပစ်ဒုံးကျည်ကို အဆင့်မြှင့်တင်ဖို့ဆိုတာ ၁၉၆၀ ပြည့်နှစ်လွန်များက ထုတ်လုပ်ခဲ့တဲ့ ရော့ကတ်နည်းပညာဖြစ်တာကြောင့် နည်းပညာ တိုးတက်ဖွံ့ဖြိုးမှုသိပ်မရှိသေးတဲ့အချိန်က ထုတ်လုပ်ထားတာမို့ ထပ်မံအဆင့်မြှင့်တင်ဖို့ရာ သိပ်အဓိပ္ပါယ်မရှိဘူးလို့ ကောက်ချက်ချခဲ့ပါတယ်။အမေရိကန်နိုင်ငံဟာ နောက်ဆုံးထုတ် GBSD ရော့ကတ်ဒုံးကျည်ကို စတင် ထုတ်လုပ်ခဲ့ပါတယ်။GBSD ဆိုတာကတော့ Ground Based Strategic Deterrent မြေပြင် အခြေစိုက် မဟာဗျူဟာမြောက် အဟန့်အတားလို့အမည်ပေးထားတဲ့ တိုက်ချင်းပစ်ဒုံးကျည် သစ်အမျိုးအစားပဲဖြစ်ပါတယ်။

အမေရိကန်တို့အတွက် မျိုးဆက်သစ်တိုက်ချင်း ပစ်ဒုံးဖြစ်လာ မှာပါ။ပစ်ချဖို့၊ကြားဖြတ်တိုက်ခိုက်ဖို့ ခက်ခဲစေမှာဖြစ်ပြီး ထိပ်ဖူးအများအပြား သယ်ဆောင် သွားနိုင်ပါလိမ့်မယ်။ရုရှားရဲ့ ဆာမတ် Sarmat ထက်ပိုမိုတိကျမှုပိုလာနိုင်ပြီး ပခုံးချင်းယှဉ်နိုင် မယ့် ဒုံးကျည်သစ်လို့ဆိုပါတယ်။အမေရိကန်ပြည်ထောင်စုဟာ လက်ရှိမှာ နိုင်ငံရဲ့ ကြည်း/ ရေ/လေ နျူကလီးယား သုံးပွင့်ဆိုင် စွမ်းအား ၃ ရပ်ဖြစ်တဲ့ nuclear triad ကြီးကို အဆင့်မြှင့် တင်လျက်ရှိနေချိန်ဖြစ်ပါတယ်။ပြိုင်ဘက်ရုရှားတို့ရဲ့နောက်ဆုံးထုတ် လက်နက်တွေဖြစ်တဲ့ Avangard hypersonic လက်နက်တွေလို နောက်ဆုံးထုတ်တွေနဲ့အပြိုင် အရှိန်အဟုန်မြှင့် လုပ်ဆောင်နေလျက်ရှိပါတယ်။

အမေရိကန်နိုင်ငံဟာ Trident II တိုက်ချင်းပစ်ဒုံးကိုလည်း အဆင့်မြှင့်တင်လျက်ရှိပါ တယ်။Trident II ကတော့ရေငုပ်သင်္ဘောပေါ်က ပစ်လွှတ်နိုင်တဲ့ ရေတပ်စွမ်းအား တိုက်ချင်း ပစ်ဒုံးကျည်ဖြစ်ပြီး မကြာခင်မှာပဲ ကိုလံဘီယာအတန်းအစား ရေငုပ်သင်္ဘောတွေမှာ တပ်ဆင် ပေးသွားမှာလည်းဖြစ်ပါတယ်။လေတပ်ရဲ့ B-21 ဗုံးကြဲလေယာဉ်ကြီးတွေကလည်း နျူကလီး ယား ဗုံးတွေနဲ့ ဒုံးတွေကို သယ်ဆောင်တိုက်ပွဲဝင်သွားနိုင်ဖို့ ပြင်ဆင်လျက်ရှိတယ် ဆိုတာ ရေးသားတင်ပြလိုက်ရပါတယ်။

Russian ballistic missile ‘Sarmat’ will take up combat duty in 2022 အား ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။

မူရင်းရေးသားသူ – သက်ထူးခန့်ပိုင် ရေနံချောင်း အား လေးစားစွာ ဖြင့် ခရက်ဒစ် ပေးပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *