ရန္ကုန္-ျပည္ရထားလမ္းအဆင့္ျမႇင့္တင္ေရးစီမံကိန္းၿပီးဆုံးပါက ခရီးစဥ္ၾကာခ်ိန္ ၈နာရီမွ ၄နာရီေက်ာ္သာရွိေတာ့မည္

၂၀၂၄-၂၅ခုႏွစ္တြင္ၿပီးဆုံးမည့္ ရန္ကုန္-ျပည္ရထားလမ္း အဆင့္ျမႇင့္တင္ေရးစီမံကိန္းသည္ (၂၅၈) ကီလိုမီတာ အရွည္ရွိေသာ ရန္ကုန္-ျပည္ တစ္လမ္းသြား ရထားလမ္းအား အဆင့္ျမႇင့္တင္ျခင္း၊ ျမန္မာ့ မီးရထား၏ ရထားလမ္း ျပဳျပင္ထိန္းသိမ္းမႈ စနစ္အား အဆင့္ျမႇင့္ျခင္း၊ ျမန္မာ့မီးရထား၏ ရထားအဖြဲ႕အစည္းႏွင့္ စြမ္းေဆာင္ရည္ အဆင့္ ျမႇင့္တင္ျခင္းတို႔ ပါဝင္ပါသည္။စီမံကိန္းၿပီးဆုံးခ်ိန္တြင္ ရထားမ်ားသည္ တစ္နာရီ (၁၂၀) ကီလိုမီတာခန႔္ျဖင့္ ေျပးဆြဲႏိုင္မည္ျဖစ္ၿပီး ရန္ကုန္ႏွင့္ ျပည္ၾကားရွိ ခရီးသည္ႏွင့္ကုန္စည္ မ်ားကို (၈)နာရီၾကာ သယ္ယူပို႔ေဆာင္ေနရာမွ (၄.၅)နာရီခန႔္ျဖင့္ ပို႔ေဆာင္ႏိုင္မည္ ျဖစ္သည္။

အဆင့္ျမႇင့္တင္မည့္ ရန္ကုန္-ျပည္လမ္းပိုင္းမွ ခရီး သည္မ်ားသည္ ျပည္-ပုဂံလမ္းပိုင္းအထိ စီးနင္း လာမည္ျဖစ္ရာ ပုဂံေဒသရွိ ခရီးသြားလုပ္ငန္းကို အဆင့္ျမႇင့္တင္ႏိုင္မည္ ျဖစ္သည္။ျမန္မာႏိုင္ငံ၏ ေရရွည္တည္တံ့ခိုင္ၿမဲၿပီး ဟန္ခ်က္ညီေသာ ဖြံ႕ၿဖိဳးတိုးတက္မႈ စီမံကိန္းMSDP ႏွင့္ ကိုက္ညီမႈ မ႑ိဳင္ ၃ရပ္တြင္ ပန္းတိုင္၁ ၿငိမ္းခ်မ္းေရး၊ အမ်ိဳးသားျပန္လည္ သင့္ျမတ္ေရး၊ လုံၿခဳံေရးႏွင့္ ေကာင္းမြန္ေသာ အုပ္ခ်ဳပ္မႈ ၊

ပန္းတိုင္ ၃အလုပ္အကိုင္ဖန္တီးေရးႏွင့္ ပုဂၢလိကက႑ဦးေဆာင္သည့္ ဖြံ႕ၿဖိဳးေရး၊ ပန္းတိုင္၅ ႏိုင္ငံ၏အနာဂတ္မ်ိဳးဆက္မ်ားအတြက္ သယံဇာတႏွင့္ သဘာဝ ပတ္ဝန္းက်င္ တို႔ကို ထိေရာက္ေစမည္ျဖစ္သည္။စုစုေပါင္းစီမံကိန္းကုန္က်ေငြ အေမရိကန္ေဒၚလာ ၂၅၅.၀၀သန္း ကုန္က်စရိတ္ရွိမည္ျစဖ္ၿပီးအေကာင္အထည္ေဖာ္ေဆာင္မည့္ေနရာမွာ ပဲခူးတိုင္းေဒသႀကီးႏွင့္ရန္ကုန္တိုင္းေဒသႀကီးတို႔ျဖစ္သည္။

D-WAVE

unicode

၂၀၂၄-၂၅ခုနှစ်တွင်ပြီးဆုံးမည့် ရန်ကုန်-ပြည်ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းသည် (၂၅၈) ကီလိုမီတာ အရှည်ရှိသော ရန်ကုန်-ပြည် တစ်လမ်းသွား ရထားလမ်းအား အဆင့်မြှင့်တင်ခြင်း၊ မြန်မာ့ မီးရထား၏ ရထားလမ်း ပြုပြင်ထိန်းသိမ်းမှု စနစ်အား အဆင့်မြှင့်ခြင်း၊ မြန်မာ့မီးရထား၏ ရထားအဖွဲ့အစည်းနှင့် စွမ်းဆောင်ရည် အဆင့် မြှင့်တင်ခြင်းတို့ ပါဝင်ပါသည်။စီမံကိန်းပြီးဆုံးချိန်တွင် ရထားများသည် တစ်နာရီ (၁၂၀) ကီလိုမီတာခန့်ဖြင့် ပြေးဆွဲနိုင်မည်ဖြစ်ပြီး ရန်ကုန်နှင့် ပြည်ကြားရှိ ခရီးသည်နှင့်ကုန်စည် များကို (၈)နာရီကြာ သယ်ယူပို့ဆောင်နေရာမှ (၄.၅)နာရီခန့်ဖြင့် ပို့ဆောင်နိုင်မည် ဖြစ်သည်။

အဆင့်မြှင့်တင်မည့် ရန်ကုန်-ပြည်လမ်းပိုင်းမှ ခရီး သည်များသည် ပြည်-ပုဂံလမ်းပိုင်းအထိ စီးနင်း လာမည်ဖြစ်ရာ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်းကို အဆင့်မြှင့်တင်နိုင်မည် ဖြစ်သည်။မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းMSDP နှင့် ကိုက်ညီမှု မဏ္ဍိုင် ၃ရပ်တွင် ပန်းတိုင်၁ ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှု ၊

ပန်းတိုင် ၃အလုပ်အကိုင်ဖန်တီးရေးနှင့် ပုဂ္ဂလိကကဏ္ဍဦးဆောင်သည့် ဖွံ့ဖြိုးရေး၊ ပန်းတိုင်၅ နိုင်ငံ၏အနာဂတ်မျိုးဆက်များအတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် တို့ကို ထိရောက်စေမည်ဖြစ်သည်။စုစုပေါင်းစီမံကိန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၂၅၅.၀၀သန်း ကုန်ကျစရိတ်ရှိမည်စြဖ်ပြီးအကောင်အထည်ဖော်ဆောင်မည့်နေရာမှာ ပဲခူးတိုင်းဒေသကြီးနှင့်ရန်ကုန်တိုင်းဒေသကြီးတို့ဖြစ်သည်။

D-WAVE

Leave a Reply

Your email address will not be published. Required fields are marked *