ေ႐ႊျပည္သာ၌ ဖမ္းမိသည့္ ဘဂၤါလီမ်ားမွ ငါးဦး COVID-19 ပိုးေတြ႕

ရွှေပြည်သာမြို့နယ်အတွင်း ဖမ်းမိခဲ့တဲ့ ဘင်္ဂါလီလူမျိုး အယောက် (၁၀၀) နီးပါးထဲက ငါးယောက်မှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ ရွှေပြည်သာ မြို့မရဲစခန်းမှူး ဒုရဲမှူး တင်မောင်လွင်က One News ကို ပြောပါတယ်။အဲဒီ ဖမ်းမိတဲ့ ဘင်္ဂါလီတွေကို ကွန်ပျူတာတက္ကသိုလ်မှာ အသွားအလာကန့်သတ် ထားရှိပြီး မနေ့က ရောဂါပိုး ရှိမရှိ စစ်ဆေးရာမှာ အမျိုးသမီး ငါးယောက်မှာ ရောဂါပိုး တွေ့ရှိတာ ဖြစ်တယ်လို့ ဒုရဲမှူး တင်မောင်လွင်က ပြောပါတယ်။

“ လောလောဆယ်တော့ ငါးယောက်တွေ့တယ်လို့ ပြောတယ်။ အမျိုးသမီးငါးယောက်ပဲ။ သူတို့ကို စစ်ဆေးမေးမြန်းမှု မလုပ်ခင်မှာ ကွန်ပျူတာတက္ကသိုလ်မှာ Quarantine ထားထားတာ။ မနေ့ကဆေးစစ်လိုက်တော့ ငါးယောက်မှာ ပိုးတွေ့တယ်လို့ အဖြေထွက်တာ ” လို့ ဒုရဲမှူး တင်မောင်လွင်က ပြောပါတယ်။
ပိုးတွေ့ ဘင်္ဂါလီတွေနဲ့ အနီးကပ်ထိတွေ့မှု ရှိခဲ့တဲ့ ရွှေပြည်သာမြို့မရဲစခန်းက ရဲတပ်ဖွဲ့ဝင် သုံးယောက်ကို Quarantine ထားရှိမှာ ဖြစ်ပြီး ဖမ်းဆီးမှုမှာ ပါဝင်ခဲ့တဲ့ ဌာနဆိုင်ရာ ပူပေါင်းအဖွဲ့ဝင် တချို့ကတော့ Home Stay ဝင်‌ရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ပိုးတွေ့တဲ့ ဘင်္ဂါလီတွေကိုလည်း ကွန်ပျူတာတက္ကသိုလ် Quarantine စင်တာမှာပဲ သီးသန့်နေရာ ခွဲထားပြီး စောင့်ကြည့် ကုသမှု ပေးနေတယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ (၆) ရက်၊ မနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ (၂) ရပ်ကွက် နဲ့ (၃) ရပ်ကွက်ရှိ နေအိမ်နှစ်အိမ်မှာ တရားမဝင် ရောက်ရှိ ပုန်းအောင်းနေတဲ့ ဘင်္ဂါလီ အမျိုးသား (၂၆) ယောက် နဲ့ အမျိုးသမီး (၇၃) ယောက်တို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။သူတို့ကို ခေါ်ဆောင်လာတဲ့ ပွဲစားလေးယောက်ကိုတော့ ရွှေပြည်သာ မြို့မရဲစခန်းမှာ သွေးဆောင်ခေါ်ဆောင်မှု ပုဒ်မ နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

သတင်း-ဝေယံထက်ဝင်း
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့
One News Myanmar

zawgyi

ေ႐ႊျပည္သာၿမိဳ႕နယ္အတြင္း ဖမ္းမိခဲ့တဲ့ ဘဂၤါလီလူမ်ိဳး အေယာက္ (၁၀၀) နီးပါးထဲက ငါးေယာက္မွာ COVID-19 ေရာဂါပိုး ေတြ႕ရွိခဲ့တယ္လို႔ ေ႐ႊျပည္သာ ၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး တင္ေမာင္လြင္က One News ကို ေျပာပါတယ္။အဲဒီ ဖမ္းမိတဲ့ ဘဂၤါလီေတြကို ကြန္ပ်ဴတာတကၠသိုလ္မွာ အသြားအလာကန႔္သတ္ ထားရွိၿပီး မေန႔က ေရာဂါပိုး ရွိမရွိ စစ္ေဆးရာမွာ အမ်ိဳးသမီး ငါးေယာက္မွာ ေရာဂါပိုး ေတြ႕ရွိတာ ျဖစ္တယ္လို႔ ဒုရဲမႉး တင္ေမာင္လြင္က ေျပာပါတယ္။

“ ေလာေလာဆယ္ေတာ့ ငါးေယာက္ေတြ႕တယ္လို႔ ေျပာတယ္။ အမ်ိဳးသမီးငါးေယာက္ပဲ။ သူတို႔ကို စစ္ေဆးေမးျမန္းမႈ မလုပ္ခင္မွာ ကြန္ပ်ဴတာတကၠသိုလ္မွာ Quarantine ထားထားတာ။ မေန႔ကေဆးစစ္လိုက္ေတာ့ ငါးေယာက္မွာ ပိုးေတြ႕တယ္လို႔ အေျဖထြက္တာ ” လို႔ ဒုရဲမႉး တင္ေမာင္လြင္က ေျပာပါတယ္။
ပိုးေတြ႕ ဘဂၤါလီေတြနဲ႔ အနီးကပ္ထိေတြ႕မႈ ရွိခဲ့တဲ့ ေ႐ႊျပည္သာၿမိဳ႕မရဲစခန္းက ရဲတပ္ဖြဲ႕ဝင္ သုံးေယာက္ကို Quarantine ထားရွိမွာ ျဖစ္ၿပီး ဖမ္းဆီးမႈမွာ ပါဝင္ခဲ့တဲ့ ဌာနဆိုင္ရာ ပူေပါင္းအဖြဲ႕ဝင္ တခ်ိဳ႕ကေတာ့ Home Stay ဝင္‌ရမွာ ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

လက္ရွိမွာ ပိုးေတြ႕တဲ့ ဘဂၤါလီေတြကိုလည္း ကြန္ပ်ဴတာတကၠသိုလ္ Quarantine စင္တာမွာပဲ သီးသန႔္ေနရာ ခြဲထားၿပီး ေစာင့္ၾကည့္ ကုသမႈ ေပးေနတယ္လို႔ သိရပါတယ္။ၿပီးခဲ့တဲ့ ဇန္နဝါရီ (၆) ရက္၊ မနက္ပိုင္းက ေ႐ႊျပည္သာၿမိဳ႕နယ္၊ (၂) ရပ္ကြက္ နဲ႔ (၃) ရပ္ကြက္ရွိ ေနအိမ္ႏွစ္အိမ္မွာ တရားမဝင္ ေရာက္ရွိ ပုန္းေအာင္းေနတဲ့ ဘဂၤါလီ အမ်ိဳးသား (၂၆) ေယာက္ နဲ႔ အမ်ိဳးသမီး (၇၃) ေယာက္တို႔ကို ဖမ္းဆီးရမိခဲ့တာ ျဖစ္ပါတယ္။သူတို႔ကို ေခၚေဆာင္လာတဲ့ ပြဲစားေလးေယာက္ကိုေတာ့ ေ႐ႊျပည္သာ ၿမိဳ႕မရဲစခန္းမွာ ေသြးေဆာင္ေခၚေဆာင္မႈ ပုဒ္မ နဲ႔ အမႈဖြင့္ အေရးယူထားပါတယ္။

သတင္း-ေဝယံထက္ဝင္း
ဓာတ္ပုံ-ရန္ကုန္တိုင္းရဲတပ္ဖြဲ႕
One News Myanmar

Leave a Reply

Your email address will not be published. Required fields are marked *