ေဒၚနယ္ထရမ့္ကို သမၼတရာထူးက ခ်က္ခ်င္းဖယ္ရွာဖို႔ ေတာင္းဆိုမႈေတြရွိလာ

ဇန်နဝါရီ ၇ ရက်နေ့က အမေရိကန်လွှတ်တော်ကို ထရမ့်ထောက်ခဲ့သူတွေက ဝင်ရောက်စီးနင်း အကြမ်းဖက်မှုတွေ ရှိခဲ့ပြီးနောက်ပိုင်း လက်ရှိသမ္မတဒေါ်နယ်ထရမ့်ကို ရာထူးကနေချက်ချင်းဖယ်ရှားဖို့ တောင်းဆိုမှုတွေ ရှိလာပါတယ်။ အခုဖြစ်ပွားခဲ့တဲ့ ပြဿနာတွေကို အဓိကသွေးထိုးဖန်တီးသူက ထရမ့်သာဖြစ်ပြီး အမေရိကန်လွှတ်တော် နှစ်ရပ်စလုံးက ထရမ့်ကို သမ္မတရာထူးမှာ နောက်တစ်ရက်တောင် မထားသင့်ဘူးဆိုပြီး သမ္မတကိုရာထူးရပ်စဲနိုင်တဲ့ 25th Amendment to the US Constitution ဥပဒေနဲ့ ဖယ်ရှားဖို့ကို ဒီမိုကရက်ပါတီ အကြီးအကဲ ချက်ရှူမာက တောင်းဆိုလိုက်တာပါ။

ဒါပေမဲ့ ရဲတပ်ဖွဲ့က နိုင်အောင်မထိန်းနိုင်လို့ လွှတ်တော်ခန်းမထဲအထိ လူတွေကျူးကျော်ဝင်ရောက်လာမှုမှာ လွှတ်တော် လုံခြုံရေးတာဝန်ရှိသူတွေက သေနတ်နဲ့ပစ်ခတ်ခဲ့ရတဲ့အတွက် လူလေးယောက် သေဆုံးခဲ့လို့ ဝါရှင်တန်မြို့တော်ရဲချုပ်လည်း ရာထူးကနေ နှုတ်ထွက်သွားခဲ့ပါတယ်။ဒီဥပဒေနဲ့ ထရမ့်ကိုဖြုတ်ချဖို့အရေးမှာ ထရမ့်ရဲ့ ရီပါဘလစ်ကန်ပါတီရဲ့ လွှတ်တော်အမတ် တော်တော်များများက လက်မခံကြဘူးလို့ သိရပါတယ်။

ဒါပေမဲ့ ထရမ့်ရဲ့လုပ်ရပ်တွေကို မကြိုက်လို့ ရီပါဘလစ်ကန်ပါတီကနေ နုတ်ထွက်သူတွေလည်းရှိပြီး အဲဒီလူတွေကတော့ ထောက်ခံနိုင်တယ်လို့ ဆိုပါတယ်။
ထရမ့်ကို ဒီဥပဒေနဲ့ ဖြုတ်ချဖို့အရေးမှာ ဒုတိယသမ္မတ မိုက်ပန်စီနဲ့ ဝန်ကြီးအဖွဲ့က အနည်းဆုံး ရှစ်ယောက်ရဲ့ ထောက်ခံချက်ရနိုင်မှသာ စတင်လုပ်ဆောင်နိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။လူငါးယောက် သေဆုံးခဲ့ရတဲ့ လွှတ်တော်အကြမ်းဖက်စီးနင်းမှုအပြီး နောက်တစ်ရက်မှာပဲ ထရမ့်က သွေးအေးအေးနဲ့ မဖြေရှင်းဘဲ ဒေါသထွက်ပြီး ဖြေရှင်းကြတာတွေ၊ အကြမ်းဖက်မှုတွေကို မလုပ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။

ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကျန်းသစ္စာကျိန်ဆိုပြီး တက်လာမယ့်သမ္မတသစ် ဂျိုးဘိုင်ဒန်ကိုလည်း စနစ်တကျနဲ့ ရာထူးလွှဲအပ်ပေးသွားမယ်လို့ ပြောကြားသွားခဲ့ပါတယ်။
Ref : BBC
Photo : AFP
#Omedia #US #Trump #TZ
zawgyi

ဇန္နဝါရီ ၇ ရက္ေန႔က အေမရိကန္လႊတ္ေတာ္ကို ထရမ့္ေထာက္ခဲ့သူေတြက ဝင္ေရာက္စီးနင္း အၾကမ္းဖက္မႈေတြ ရွိခဲ့ၿပီးေနာက္ပိုင္း လက္ရွိသမၼတေဒၚနယ္ထရမ့္ကို ရာထူးကေနခ်က္ခ်င္းဖယ္ရွားဖို႔ ေတာင္းဆိုမႈေတြ ရွိလာပါတယ္။ အခုျဖစ္ပြားခဲ့တဲ့ ျပႆနာေတြကို အဓိကေသြးထိုးဖန္တီးသူက ထရမ့္သာျဖစ္ၿပီး အေမရိကန္လႊတ္ေတာ္ ႏွစ္ရပ္စလုံးက ထရမ့္ကို သမၼတရာထူးမွာ ေနာက္တစ္ရက္ေတာင္ မထားသင့္ဘူးဆိုၿပီး သမၼတကိုရာထူးရပ္စဲႏိုင္တဲ့ 25th Amendment to the US Constitution ဥပေဒနဲ႔ ဖယ္ရွားဖို႔ကို ဒီမိုကရက္ပါတီ အႀကီးအကဲ ခ်က္ရႉမာက ေတာင္းဆိုလိုက္တာပါ။

ဒါေပမဲ့ ရဲတပ္ဖြဲ႕က ႏိုင္ေအာင္မထိန္းႏိုင္လို႔ လႊတ္ေတာ္ခန္းမထဲအထိ လူေတြက်ဴးေက်ာ္ဝင္ေရာက္လာမႈမွာ လႊတ္ေတာ္ လုံၿခဳံေရးတာဝန္ရွိသူေတြက ေသနတ္နဲ႔ပစ္ခတ္ခဲ့ရတဲ့အတြက္ လူေလးေယာက္ ေသဆုံးခဲ့လို႔ ဝါရွင္တန္ၿမိဳ႕ေတာ္ရဲခ်ဳပ္လည္း ရာထူးကေန ႏႈတ္ထြက္သြားခဲ့ပါတယ္။ဒီဥပေဒနဲ႔ ထရမ့္ကိုျဖဳတ္ခ်ဖို႔အေရးမွာ ထရမ့္ရဲ႕ ရီပါဘလစ္ကန္ပါတီရဲ႕ လႊတ္ေတာ္အမတ္ ေတာ္ေတာ္မ်ားမ်ားက လက္မခံၾကဘူးလို႔ သိရပါတယ္။

ဒါေပမဲ့ ထရမ့္ရဲ႕လုပ္ရပ္ေတြကို မႀကိဳက္လို႔ ရီပါဘလစ္ကန္ပါတီကေန ႏုတ္ထြက္သူေတြလည္းရွိၿပီး အဲဒီလူေတြကေတာ့ ေထာက္ခံႏိုင္တယ္လို႔ ဆိုပါတယ္။
ထရမ့္ကို ဒီဥပေဒနဲ႔ ျဖဳတ္ခ်ဖို႔အေရးမွာ ဒုတိယသမၼတ မိုက္ပန္စီနဲ႔ ဝန္ႀကီးအဖြဲ႕က အနည္းဆုံး ရွစ္ေယာက္ရဲ႕ ေထာက္ခံခ်က္ရႏိုင္မွသာ စတင္လုပ္ေဆာင္ႏိုင္မွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။လူငါးေယာက္ ေသဆုံးခဲ့ရတဲ့ လႊတ္ေတာ္အၾကမ္းဖက္စီးနင္းမႈအၿပီး ေနာက္တစ္ရက္မွာပဲ ထရမ့္က ေသြးေအးေအးနဲ႔ မေျဖရွင္းဘဲ ေဒါသထြက္ၿပီး ေျဖရွင္းၾကတာေတြ၊ အၾကမ္းဖက္မႈေတြကို မလုပ္သင့္ဘူးလို႔ ေျပာခဲ့ပါတယ္။ဇန္နဝါရီ ၂၀ ရက္ေန႔မွာ က်န္းသစၥာက်ိန္ဆိုၿပီး တက္လာမယ့္သမၼတသစ္ ဂ်ိဳးဘိုင္ဒန္ကိုလည္း စနစ္တက်နဲ႔ ရာထူးလႊဲအပ္ေပးသြားမယ္လို႔ ေျပာၾကားသြားခဲ့ပါတယ္။

Ref : BBC
Photo : AFP
#Omedia #US #Trump #TZ

Leave a Reply

Your email address will not be published. Required fields are marked *