အိမ္စီးကားေတြကို အျမန္လမ္း ဇီး႐ိုးမိုင္မွာ ဒီေန႔ကစၿပီး ကိုဗစ္ စစ္ေပးေနၿပီ

ကိုဗစ်ပိုးရှိ မရှိ အမြန်လမ်းစအထွက်မှာ ဒီနေ့ စစ်ဆေးပေးနေပြီး အသိအမှတ်ပြုလက်မှတ်ထုတ်ပေးမယ်အမြန်လမ်း Zero မိုင်က ကိုဗစ်စစ်ဆေးရေးဂိတ်ကို ပုဂ္ဂလိကလုပ်ငန်းကို လွှဲပြောင်းလိုက်ပြီး လုပ်ငန်းလိုအပ်ချက်အရ ခရီးသွားလာဖို့ လိုအပ်သူတွေကို ငွေကျပ်(၁)သောင်းခွဲနဲ့ ကိုဗစ်ရှိ၊ မရှိ စတင်စစ်ဆေးပေးနေပြီလို့ လှည်းကူးမြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာရန်နိုင်ဆွေက ပြောပါတယ်။ဒီနေ့ ဇန်နဝါရီလ(၈)ရက်ကစပြီး ရွှေဗဟိုရ်ပုဂ္ဂလိကဆေးရုံက စစ်ဆေးပေးနေတာဖြစ်ပြီး နိုင်ငံတော်အသိအမှတ်ပြု ကိုဗစ်စစ်ပြီးတဲ့ အထောက်အထားကို ပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“လာပြီး တန်းစီပါ။ စစ်ဆေးပေးနေပါပြီ။ ကိုဗစ်စစ်ဆေးပြီးကြောင်း အထောက်အထားကိုလည်း ပေးတယ်။ ကျွန်တော်တို့ ကျန်းမာရေးဌာနက ကိုင်တာတော့မဟုတ်ဘူး။ ပုဂ္ဂလိကကို ပေးလိုက်တာပါ။ တရားဝင် စစ်ဆေးတာပါ။ တခြားမြို့နယ်ရောက်ရင်တော့ အဲဒီမြို့နယ်ရဲ့ သတ်မှတ်ချက်အတိုင်းနေရမယ်။”လို့ ဒေါက်တာရန်နိုင်ဆွေက ပြော ပါတယ်။

ရွှေဗဟိုရ်ပုဂ္ဂလိကဆေးရုံက ကုန်တင်ယာဥ်မောင်းတွေနဲ့ ယာဥ်နောက်လိုက်တွေ၊ လုပ်ငန်းလိုအပ်ချက်အရ ခရီးသွားဖို့ လိုအပ်သူတွေကို ရန်ကုန်တိုင်း‌ဒေသကြီး ကျန်းမာရေးဦးစီးဌာနနဲ့ ရွှေဗဟိုရ်ဆေးရုံတို့က Test Kit တွေနဲ့ စစ်ဆေးပေးနေတာလို့ ထုတ်ပြန်ပါတယ်။စစ်ဆေးတာကို မနက်(၉)နာရီကနေ နေ့လည်(၁၂)နာရီအထိ၊ နေ့လည်(၂)နာရီကနေ ညနေ(၅)နာရီအထိ စစ်ဆေးပေးသွားမယ်လို့ သိရပါတယ်။

crd….

zawgyi

ကိုဗစ္ပိုးရွိ မရွိ အျမန္လမ္းစအထြက္မွာ ဒီေန႔ စစ္ေဆးေပးေနၿပီး အသိအမွတ္ျပဳလက္မွတ္ထုတ္ေပးမယ္အျမန္လမ္း Zero မိုင္က ကိုဗစ္စစ္ေဆးေရးဂိတ္ကို ပုဂၢလိကလုပ္ငန္းကို လႊဲေျပာင္းလိုက္ၿပီး လုပ္ငန္းလိုအပ္ခ်က္အရ ခရီးသြားလာဖို႔ လိုအပ္သူေတြကို ေငြက်ပ္(၁)ေသာင္းခြဲနဲ႔ ကိုဗစ္ရွိ၊ မရွိ စတင္စစ္ေဆးေပးေနၿပီလို႔ လွည္းကူးၿမိဳ႕နယ္ ေဆး႐ုံအုပ္ႀကီး ေဒါက္တာရန္ႏိုင္ေဆြက ေျပာပါတယ္။ဒီေန႔ ဇန္နဝါရီလ(၈)ရက္ကစၿပီး ေ႐ႊဗဟိုရ္ပုဂၢလိကေဆး႐ုံက စစ္ေဆးေပးေနတာျဖစ္ၿပီး ႏိုင္ငံေတာ္အသိအမွတ္ျပဳ ကိုဗစ္စစ္ၿပီးတဲ့ အေထာက္အထားကို ေပးအပ္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

“လာၿပီး တန္းစီပါ။ စစ္ေဆးေပးေနပါၿပီ။ ကိုဗစ္စစ္ေဆးၿပီးေၾကာင္း အေထာက္အထားကိုလည္း ေပးတယ္။ ကြၽန္ေတာ္တို႔ က်န္းမာေရးဌာနက ကိုင္တာေတာ့မဟုတ္ဘူး။ ပုဂၢလိကကို ေပးလိုက္တာပါ။ တရားဝင္ စစ္ေဆးတာပါ။ တျခားၿမိဳ႕နယ္ေရာက္ရင္ေတာ့ အဲဒီၿမိဳ႕နယ္ရဲ႕ သတ္မွတ္ခ်က္အတိုင္းေနရမယ္။”လို႔ ေဒါက္တာရန္ႏိုင္ေဆြက ေျပာ ပါတယ္။

ေ႐ႊဗဟိုရ္ပုဂၢလိကေဆး႐ုံက ကုန္တင္ယာဥ္ေမာင္းေတြနဲ႔ ယာဥ္ေနာက္လိုက္ေတြ၊ လုပ္ငန္းလိုအပ္ခ်က္အရ ခရီးသြားဖို႔ လိုအပ္သူေတြကို ရန္ကုန္တိုင္း‌ေဒသႀကီး က်န္းမာေရးဦးစီးဌာနနဲ႔ ေ႐ႊဗဟိုရ္ေဆး႐ုံတို႔က Test Kit ေတြနဲ႔ စစ္ေဆးေပးေနတာလို႔ ထုတ္ျပန္ပါတယ္။စစ္ေဆးတာကို မနက္(၉)နာရီကေန ေန႔လည္(၁၂)နာရီအထိ၊ ေန႔လည္(၂)နာရီကေန ညေန(၅)နာရီအထိ စစ္ေဆးေပးသြားမယ္လို႔ သိရပါတယ္။

crd….

Leave a Reply

Your email address will not be published. Required fields are marked *