အင္ဒိုနီး႐ွားပိုင္ PT PAL Ltd. က အင္ဒိုနီး႐ွားေရတပ္တြင္ အသံုးျပဳမည့္ ျပည္တြင္းတြင္ ကိုယ္တိုင္ေဆာက္လုပ္ေသာ ေဆးရံုအေထာက္အကူျပဳေရယာဥ္ (BRS) အား မေန႔က ေရခ်ပြဲအခမ္းအနား ျပဳလုပ္ခဲ့ပါတယ္။အဆိုပါအခမ္းအနားတြင္ ေရတပ္ထံုးတမ္းအစဥ္အလာမ်ားအတိုင္း ေရယာဥ္အမည္ေပးျခင္းနဲ႔ ေရခ်ျခင္းလုပ္ငန္းစဥ္မ်ားအား ေဆာင္ရြက္ခဲ့ၾကပါတယ္။ ယခု ေဆးရံုေရယာဥ္အား Dr. Wahidin Soedirohusodo (991) ဟု အမည္ေပးထားၿပီး အင္ဒိုနီး႐ွားေရတပ္အတြက္ ေရတပ္ဦးစီးခ်ဳပ္ Adm TNI Margono က မွာယူခဲ့တာ ျဖစ္ပါတယ္။
အဆိုပါ BRS ေရယာဥ္သည္ မူလ LPD မ်ား၏ အဆင့္ျမင့္ေရယာဥ္ပံုစံနည္းပညာ တိုးတက္မႈတစ္ခုျဖစ္ၿပီး IPR certificate လည္း ရ႐ွိထားပါတယ္။ ပံုစံကေတာ့ ျမန္မာ့ေရတပ္သံုး စစ္ေရယာဥ္ မုတၱမကဲ့သို႔ Makassar Class ေရယာဥ္ပံုစံပဲ ျဖစ္ပါတယ္။အဆိုပါအခမ္းအနားသို႔ အင္ဒိုနီး႐ွားေရတပ္ဦးစီးခ်ဳပ္ကိုယ္တိုင္ တက္ေရာက္ၿပီး ယခုကဲ့သို႔ ႏိုင္ငံေတာ္ကာကြယ္ေရးအတြက္ လိုအပ္တဲ့စစ္လက္နက္ပစၥည္းမ်ားအား ျဖည့္စြမ္းေပးႏိုင္သည့္ ျပည္တြင္းလုပ္ငန္း႐ွင္မ်ားအား အထူးပင္ဂုဏ္ျပဳေက်းဇူးတင္႐ွိပါေၾကာင္း ေျပာၾကားပါတယ္။
PT PAL ဥကၠဌ Mrs. Soewardani ကေတာ့ ယခုေဆးရံုအေထာက္အကူျပဳေရယာဥ္(BRS) သည္ Type C ေဆးရံုသေဘၤာမ်ားကဲ့သို႔ စြမ္းေဆာင္ရည္မ်ား႐ွိသည့္အျပင္ Covid 19 Outbreak အား ကုသေပးရာတြင္ အလြန္အက်ိဳး႐ွိေစမည့္ Isolation Room သံုး CT Scan နဲ႔ X-ray စက္မ်ားလည္း ထပ္တိုးပါ႐ွိတယ္လို႔ ဆိုပါတယ္။ယခု BRS အား ၂၀၁၉ တြင္စတင္တည္ေဆာက္ခဲ့ကာ အလ်ား ၁၂၄ မီတာ၊ အက်ယ္ ၂၂ မီတာ႐ွိၿပီး ေဆးဝန္ထမ္းမ်ား၊ စစ္သည္မ်ားနဲ႔ လူနာမ်ား ၆၅၀ ဦးအထိ တင္ေဆာင္ႏိုင္ပါတယ္။ Max Sp 18kts ျဖင့္ အမ်ားဆံုး ၃၀ ရက္အထိ စစ္ဆင္ႏိုင္ၿပီး ကုန္းပတ္ေပၚတြင္ ရဟတ္ယာဥ္ ၂စီးနဲ႔ လူနာတင္ေလွ ၂စီး တင္ေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။
ယခုေရယာဥ္ပါ တပ္ေတာ္ဝင္ၿပီးစီးပါက အင္ဒိုနီး႐ွားေရတပ္တြင္ ေဆးရံုအေထာက္အကူျပဳေရယာဥ္ BRS Dr.Soeharso (990) နဲ႔ BRS Dr. Soedirohusodo (991) ဟူ၍ ၂စီး ႐ွိလာမွာ ျဖစ္ပါတယ္။ PT PAL ကုမၸဏီအေနနဲ႔ ယခုေရယာဥ္မ်ား မတုိင္မီကပင္ LPD ၏ Modified design ျဖင့္ BRS Kri Semarang(594) အား တည္ေဆာက္ေပးခဲ့ၿပီး ျဖစ္တယ္လို႔ သိရပါတယ္။
CRD_Expand Your Knowledge
unicode
အင်ဒိုနီးရှားပိုင် PT PAL Ltd. က အင်ဒိုနီးရှားရေတပ်တွင် အသုံးပြုမည့် ပြည်တွင်းတွင် ကိုယ်တိုင်ဆောက်လုပ်သော ဆေးရုံအထောက်အကူပြုရေယာဉ် (BRS) အား မနေ့က ရေချပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားတွင် ရေတပ်ထုံးတမ်းအစဉ်အလာများအတိုင်း ရေယာဉ်အမည်ပေးခြင်းနဲ့ ရေချခြင်းလုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့ကြပါတယ်။ ယခု ဆေးရုံရေယာဉ်အား Dr. Wahidin Soedirohusodo (991) ဟု အမည်ပေးထားပြီး အင်ဒိုနီးရှားရေတပ်အတွက် ရေတပ်ဦးစီးချုပ် Adm TNI Margono က မှာယူခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ BRS ရေယာဉ်သည် မူလ LPD များ၏ အဆင့်မြင့်ရေယာဉ်ပုံစံနည်းပညာ တိုးတက်မှုတစ်ခုဖြစ်ပြီး IPR certificate လည်း ရရှိထားပါတယ်။ ပုံစံကတော့ မြန်မာ့ရေတပ်သုံး စစ်ရေယာဉ် မုတ္တမကဲ့သို့ Makassar Class ရေယာဉ်ပုံစံပဲ ဖြစ်ပါတယ်။အဆိုပါအခမ်းအနားသို့ အင်ဒိုနီးရှားရေတပ်ဦးစီးချုပ်ကိုယ်တိုင် တက်ရောက်ပြီး ယခုကဲ့သို့ နိုင်ငံတော်ကာကွယ်ရေးအတွက် လိုအပ်တဲ့စစ်လက်နက်ပစ္စည်းများအား ဖြည့်စွမ်းပေးနိုင်သည့် ပြည်တွင်းလုပ်ငန်းရှင်များအား အထူးပင်ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း ပြောကြားပါတယ်။
PT PAL ဥက္ကဌ Mrs. Soewardani ကတော့ ယခုဆေးရုံအထောက်အကူပြုရေယာဉ်(BRS) သည် Type C ဆေးရုံသင်္ဘောများကဲ့သို့ စွမ်းဆောင်ရည်များရှိသည့်အပြင် Covid 19 Outbreak အား ကုသပေးရာတွင် အလွန်အကျိုးရှိစေမည့် Isolation Room သုံး CT Scan နဲ့ X-ray စက်များလည်း ထပ်တိုးပါရှိတယ်လို့ ဆိုပါတယ်။ယခု BRS အား ၂၀၁၉ တွင်စတင်တည်ဆောက်ခဲ့ကာ အလျား ၁၂၄ မီတာ၊ အကျယ် ၂၂ မီတာရှိပြီး ဆေးဝန်ထမ်းများ၊ စစ်သည်များနဲ့ လူနာများ ၆၅၀ ဦးအထိ တင်ဆောင်နိုင်ပါတယ်။ Max Sp 18kts ဖြင့် အများဆုံး ၃၀ ရက်အထိ စစ်ဆင်နိုင်ပြီး ကုန်းပတ်ပေါ်တွင် ရဟတ်ယာဉ် ၂စီးနဲ့ လူနာတင်လှေ ၂စီး တင်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
ယခုရေယာဉ်ပါ တပ်တော်ဝင်ပြီးစီးပါက အင်ဒိုနီးရှားရေတပ်တွင် ဆေးရုံအထောက်အကူပြုရေယာဉ် BRS Dr.Soeharso (990) နဲ့ BRS Dr. Soedirohusodo (991) ဟူ၍ ၂စီး ရှိလာမှာ ဖြစ်ပါတယ်။ PT PAL ကုမ္ပဏီအနေနဲ့ ယခုရေယာဉ်များ မတိုင်မီကပင် LPD ၏ Modified design ဖြင့် BRS Kri Semarang(594) အား တည်ဆောက်ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
CRD_Expand Your Knowledge