သောကြာနေ့က အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့အနေဖြင့် အီရန်တောင်ပိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းရှိ မြေအောက်ဒုံးကျည်စနစ်များသိုလှောင်သိမ်းဆည်းရာနေရာကိုထုတ်ဖော်ပြသခဲ့သည်။RT သတင်းထောက်တစ်ဦး၏ပြောကြားချက်အရ တော်လှန်ရေးအစောင့်တပ်၏ ရေတပ်ဖွဲ့သည် IRGC ၏တပ်မှူး ဗိုလ်ချုပ် ဟူစိန်ဆလာမီကို ထုတ်ဖော်ပြသခဲ့ ခြင်းလည်းဖြစ်သည်။
ထုတ်ဖော်ပြသသည့်အခြေအနေတွင် ဆလာမီက ငါတို့ရဲ့အယူအဆက လွတ်လပ်တဲ့ အီရန်ပိုင်နက်ကို ကာကွယ်ဖို့၊ အီရန် အင်အားတောင့်တင်းဖို့ပဲ ဖြစ်တယ် ဟုဆိုထားသည်။ အီရန်မှာက ရွေးချယ်စရာမရှိတော့ဘူး၊ အထူးသဖြင့် ရန်သူရဲ့ တိုက်စစ်ပူးပေါင်း မှုကို ခုခံကာကွယ်မှုက လွှဲလို့ပေါ့၊ ဒီအခြေပြုစနစ်တွေက ရေတပ်ပိုင်ဖြစ်ပြီး ဒုံးကျည်ပစ်လွှတ်တဲ့နေရာတွေလည်းပါတယ် ဟုဆက်လက်ပြောကြားခဲ့သည်။
ဒုံးကျည်စနစ်တွေက ကီလိုမီတာအတော်များများရောက်တယ်၊ ရေတပ်က ပိုင်ဆိုင်သမျှထဲမှာ အကြီးဆုံးအခြေစိုက်နေရာပဲ၊ ကမ်းခြေနဲ့ပင်လယ် တိုက်ပွဲတွေအတွက် အသုံးပြုဖို့လည်း ဖြစ်တယ်ဟု ဆိုသည်။
သူက ဒီစခန်းမှာ ကီလိုမီတာရာပေါင်းများစွာ အကွာအဝေးရောက်နိုင်တဲ့ တိကျတဲ့ဒုံးကျည်တွေပါဝင်ပြီး၊ တော်လှန်ရေးအစောင့်တပ်ဖွဲ့တွေအနေနဲ့ အရေးပေါ်စစ်ဆင်ရေးတွေအတွက် အဆင်သင့်ဖြစ်ကြောင်းပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေဟာ ရန်သူရဲ့ခြိမ်းခြောက်မှုတွေကို ကောင်းစွာဖယ်ရှားပစ်နိုင်စွမ်းရှိပါတယ်” ဟု Salami ကဆက်ပြောကြားခဲ့ကြောင်း သိရှိရပါတယ်။
CRD : Myanmarnews24
zawgyi
ေသာၾကာေန႔က အီရန္ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕အေနျဖင့္ အီရန္ေတာင္ပိုင္းပင္လယ္ေကြ႕ကမ္း႐ိုးတန္းရွိ ေျမေအာက္ဒုံးက်ည္စနစ္မ်ားသိုေလွာင္သိမ္းဆည္းရာေနရာကိုထုတ္ေဖာ္ျပသခဲ့သည္။RT သတင္းေထာက္တစ္ဦး၏ေျပာၾကားခ်က္အရ ေတာ္လွန္ေရးအေစာင့္တပ္၏ ေရတပ္ဖြဲ႕သည္ IRGC ၏တပ္မႉး ဗိုလ္ခ်ဳပ္ ဟူစိန္ဆလာမီကို ထုတ္ေဖာ္ျပသခဲ့ ျခင္းလည္းျဖစ္သည္။
ထုတ္ေဖာ္ျပသသည့္အေျခအေနတြင္ ဆလာမီက ငါတို႔ရဲ႕အယူအဆက လြတ္လပ္တဲ့ အီရန္ပိုင္နက္ကို ကာကြယ္ဖို႔၊ အီရန္ အင္အားေတာင့္တင္းဖို႔ပဲ ျဖစ္တယ္ ဟုဆိုထားသည္။ အီရန္မွာက ေ႐ြးခ်ယ္စရာမရွိေတာ့ဘူး၊ အထူးသျဖင့္ ရန္သူရဲ႕ တိုက္စစ္ပူးေပါင္း မႈကို ခုခံကာကြယ္မႈက လႊဲလို႔ေပါ့၊ ဒီအေျချပဳစနစ္ေတြက ေရတပ္ပိုင္ျဖစ္ၿပီး ဒုံးက်ည္ပစ္လႊတ္တဲ့ေနရာေတြလည္းပါတယ္ ဟုဆက္လက္ေျပာၾကားခဲ့သည္။
ဒုံးက်ည္စနစ္ေတြက ကီလိုမီတာအေတာ္မ်ားမ်ားေရာက္တယ္၊ ေရတပ္က ပိုင္ဆိုင္သမွ်ထဲမွာ အႀကီးဆုံးအေျခစိုက္ေနရာပဲ၊ ကမ္းေျခနဲ႔ပင္လယ္ တိုက္ပြဲေတြအတြက္ အသုံးျပဳဖို႔လည္း ျဖစ္တယ္ဟု ဆိုသည္။
သူက ဒီစခန္းမွာ ကီလိုမီတာရာေပါင္းမ်ားစြာ အကြာအေဝးေရာက္ႏိုင္တဲ့ တိက်တဲ့ဒုံးက်ည္ေတြပါ၀င္ၿပီး၊ ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕ေတြအေနနဲ႔ အေရးေပၚစစ္ဆင္ေရးေတြအတြက္ အဆင္သင့္ျဖစ္ေၾကာင္းေျပာၾကားခဲ့သည္။
“ကြၽန္ေတာ္တို႔ရဲ႕တပ္ဖြဲ႕ေတြဟာ ရန္သူရဲ႕ၿခိမ္းေျခာက္မႈေတြကို ေကာင္းစြာဖယ္ရွားပစ္ႏိုင္စြမ္းရွိပါတယ္” ဟု Salami ကဆက္ေျပာၾကားခဲ့ေၾကာင္း သိရွိရပါတယ္။
CRD : Myanmarnews24