ျမန္မာ့ ပထမဆုံးျဖစ္လာမည့္ မွန္တံတားကို ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္ထိပ္တံတားအနီးတြင္ စတင္တည္ေဆာက္လွ်က္ရွိ

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်ထိပ်တံတားအနီးတွင် မြန်မာ့ပထမဆုံးဖြစ်လာမည့် မှန်တံတားကို စတင်တည်ဆောက်လျှက် ရှိကြောင်း ချယ်ရီမူဆယ်ကုမ္ပဏီမှ သတင်းရရှိသည်။

ဂုတ်ထိပ်မှန်တံတားကို မြေအကျယ် (၁၇)ဧကပေါ်တွင် တည်ဆောက်မည်ဖြစ်ပြီး မှန်တံတားအပြင် အပန်းဖြေဥယျာဉ်၊ ကစားကွင်း၊ ဘန်ဂလိုများနှင့် ရွက်ဖျင်တဲများ စသည့် နားနေလည်ပတ်စရာ နေရာများလည်း ပါဝင်မည်ဟု ယင်းကုမ္ပဏီက ဆိုသည်။

လက်ရှိတွင် စီမံကိန်းအတွက် ရှမ်းပြည်နယ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးပြီးဖြစ်ကာ မကြာမီ သဘောတူညီမှုစာချုပ်(MOA)ကို ရေးထိုးမည်ဖြစ်ကြောင်း ချယ်ရီမူဆယ် ကုမ္ပဏီ ဒါရိုက်တာ ဦးမြတ်ဦးက ပြောသည်။

အဆိုပါ မှန်တံတား စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ငါးသန်းခန့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ကုန်ကျစရိတ်၏ ထက်ဝက်ကို အခြားသော ရှယ်ယာရှင်များ ခေါ်ယူမည်ဟု ဦးမြတ်ဦးက ဆိုသည်။မှန်တံတား တည်ဆောက်ရေးအတွက် တရုတ်နိုင်ငံမှ ပညာရှင်များခေါ်ယူကာ တည်ဆောက်မည်ဟု ၎င်းက ဆိုသည်။

ဂုတ်ထိပ်မှန်တံတား တည်ဆောက်မည့် အစီအစဉ်နှင့် ပတ်သက်၍ တရုတ်ပြည်ရှိ မှန်တံတားသို့ သွားရောက် လည်ပတ်လိုသူများအတွက် ပြည်တွင်း၌ပင် လည်ပတ်ရနိုင်မည့် အခြေအနေမျိုးဖြစ်ကာ ဒေသဖွံ့ဖြိုးတိုးတက်ရေးလည်း ပိုမိုကောင်းမွန်လာမည်ဟု နောင်ချိုမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ဆွေက မှတ်ချက်ပြုသည်။

နှစ်ပေါင်း (၁၂၀)ကျော် သက်တမ်းရှိပြီဖြစ်သည့် ဂုတ်ထိပ်တံတားပေါ်သို့ ယခင်က အများပြည်သူ ဖြတ်သန်းသွားလာခွင့် ပြုခဲ့သော်လည်း ၂၀၁၇ ခုနှစ်မှ စတင်ကာ တံတား ရေရှည် ကြံ့ခိုင်ရေးနှင့် အန္တရာယ် ကင်းစေရေးအတွက် ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့ကြောင်း၊ ဂုတ်ထိပ်တံတားပေါ် ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ထားသော်လည်း တံတားသို့ လာရောက်လည်ပတ်သူ များပြားကြောင်း ဂုတ်ထိပ်ကျေးရွာ ဒေသခံများက ပြောသည်။

source : Mandalay In-depth

zawgyi

ရွမ္းျပည္နယ္ေျမာက္ပိုင္း ေနာင္ခ်ိဳၿမိဳ႕နယ္ရွိ ဂုတ္ထိပ္တံတားအနီးတြင္ ျမန္မာ့ပထမဆုံးျဖစ္လာမည့္ မွန္တံတားကို စတင္တည္ေဆာက္လွ်က္ ရွိေၾကာင္း ခ်ယ္ရီမူဆယ္ကုမၸဏီမွ သတင္းရရွိသည္။

ဂုတ္ထိပ္မွန္တံတားကို ေျမအက်ယ္ (၁၇)ဧကေပၚတြင္ တည္ေဆာက္မည္ျဖစ္ၿပီး မွန္တံတားအျပင္ အပန္းေျဖဥယ်ာဥ္၊ ကစားကြင္း၊ ဘန္ဂလိုမ်ားႏွင့္ ႐ြက္ဖ်င္တဲမ်ား စသည့္ နားေနလည္ပတ္စရာ ေနရာမ်ားလည္း ပါဝင္မည္ဟု ယင္းကုမၸဏီက ဆိုသည္။

လက္ရွိတြင္ စီမံကိန္းအတြက္ ရွမ္းျပည္နယ္အစိုးရႏွင့္ နားလည္မႈစာခြၽန္လႊာ(MoU) ေရးထိုးၿပီးျဖစ္ကာ မၾကာမီ သေဘာတူညီမႈစာခ်ဳပ္(MOA)ကို ေရးထိုးမည္ျဖစ္ေၾကာင္း ခ်ယ္ရီမူဆယ္ ကုမၸဏီ ဒါ႐ိုက္တာ ဦးျမတ္ဦးက ေျပာသည္။

အဆိုပါ မွန္တံတား စီမံကိန္းအတြက္ အေမရိကန္ေဒၚလာ ငါးသန္းခန႔္ ရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္ၿပီး ကုန္က်စရိတ္၏ ထက္ဝက္ကို အျခားေသာ ရွယ္ယာရွင္မ်ား ေခၚယူမည္ဟု ဦးျမတ္ဦးက ဆိုသည္။မွန္တံတား တည္ေဆာက္ေရးအတြက္ တ႐ုတ္ႏိုင္ငံမွ ပညာရွင္မ်ားေခၚယူကာ တည္ေဆာက္မည္ဟု ၎က ဆိုသည္။

ဂုတ္ထိပ္မွန္တံတား တည္ေဆာက္မည့္ အစီအစဥ္ႏွင့္ ပတ္သက္၍ တ႐ုတ္ျပည္ရွိ မွန္တံတားသို႔ သြားေရာက္ လည္ပတ္လိုသူမ်ားအတြက္ ျပည္တြင္း၌ပင္ လည္ပတ္ရႏိုင္မည့္ အေျခအေနမ်ိဳးျဖစ္ကာ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးလည္း ပိုမိုေကာင္းမြန္လာမည္ဟု ေနာင္ခ်ိဳၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးျမင့္ေဆြက မွတ္ခ်က္ျပဳသည္။

ႏွစ္ေပါင္း (၁၂၀)ေက်ာ္ သက္တမ္းရွိၿပီျဖစ္သည့္ ဂုတ္ထိပ္တံတားေပၚသို႔ ယခင္က အမ်ားျပည္သူ ျဖတ္သန္းသြားလာခြင့္ ျပဳခဲ့ေသာ္လည္း ၂၀၁၇ ခုႏွစ္မွ စတင္ကာ တံတား ေရရွည္ ႀကံ့ခိုင္ေရးႏွင့္ အႏၲရာယ္ ကင္းေစေရးအတြက္ ျဖတ္သန္းခြင့္ ပိတ္ပင္ခဲ့ေၾကာင္း၊ ဂုတ္ထိပ္တံတားေပၚ ျဖတ္သန္းသြားလာခြင့္ ပိတ္ပင္ထားေသာ္လည္း တံတားသို႔ လာေရာက္လည္ပတ္သူ မ်ားျပားေၾကာင္း ဂုတ္ထိပ္ေက်း႐ြာ ေဒသခံမ်ားက ေျပာသည္။

source : Mandalay In-depth

Leave a Reply

Your email address will not be published. Required fields are marked *