ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာန က အေမရိကန္သမၼတေထာင္းဂ်ိဳးဘိုင္ဒင္ ကို ထိုင္ဝမ္နဲ႔ ပတ္သက္ၿပီး မာမာထန္ထန္ေနစမ္းပါဟု သတိေပး ( “ထိုင္ဝမ္ဟာ အနီေရာင္မ်ဥ္းပဲ ေက်ာ္ရင္ စစ္ျဖစ္ၿပီလို႔သာမွတ္ ဘိုင္ဒင္ အိညက္အိညက္လုပ္ေနလို႔မရဘူး” )

ဂ်ပန္ ကာကြယ္ေရးဝန္ႀကီးဌာန က ဂ်ိဳးဘိုင္ဒင္ ကို ထိုင္ဝမ္နဲ႔ ပတ္သက္ၿပီး မာမာထန္ထန္ေနစမ္းပါလို႔ ေသာၾကာေန႔က သတိေပးလိုက္ပါတယ္တ႐ုပ္ဟာ ထိုင္ဝမ္အေရးမွာ ရန္လိုလာတဲ့ပုံစံရွိလာတဲ့အတြက္ ထိုင္ဝမ္ကြၽန္းအႏၲရာယ္ကင္းဖို႔အေရးဟာ အနီေရာင္မ်ဥ္းပါးပါးေလး the thin red line ျဖစ္လာတယ္ စည္းေက်ာ္တာနဲ႔အႏၲရာယ္ရွိလာ မယ္လို႔ သတိေပးလိုက္တာပါပဲ ” ကြၽန္ေတာ္တို႔စိုးရိမ္ေနတယ္ တ႐ုပ္ဟာ ထိုင္ဝမ္အေပၚ သူ႔ရဲ႕ရန္လိုမႈေတြကိုပိုပိုၿပီး ထုတ္ျပလာတယ္ ေဟာင္ေကာင္ကိစၥနဲ႔ေတာင္မတူဘူး

ေနာက္ထပ္ပစ္မွတ္တစ္ခုဟာ လူတိုင္းစိတ္ပူေနၾကတဲ့ ထိုင္ဝမ္အေရးျဖစ္လာတယ္ ” လို႔ ကာကြယ္ေရး ဌာန ဒုဝန္ႀကီးYasuhide Nakayama က႐ိုက္တာကိုေျပာျပခဲ့ပါတယ္ ႐ိုက္တာနဲ႔ အင္တာျဗဴးတစ္ခုမွာ Yasuhide Nakayama က ထရမ့္လက္ထက္ကလိုပဲ ထိုင္ဝမ္အေပၚမွာစည္းျခားထားဖို႔ ဘိုင္ဒင္ကို တိုက္တြန္းလိုပါတယ္လို႔ ေျပာခဲ့တယ္ ထရမ့္ဟာဆိုရင္ တ႐ုပ္ေတြကသူတို႔လက္ေအာက္ခံလို႔ေျပာေနတဲ့ ထိုင္ဝမ္ကို လက္နက္ေတြ ေရာင္းေပးတယ္ ထိေတြ႕ဆက္ဆံမႈေတြပိုလုပ္ခဲ့တယ္လို႔ ဆိုပါတယ္

ထိုင္ဝမ္ဂ်ပန္ဆက္ဆံေရးဟာ ခုႏွစ္ပိုင္းေတြအတြင္းမွာ ပိုေခ်ာေမြ႕ေနၿပီး အစိုးရခ်င္းမပတ္သက္တဲ့ ဆက္ဆံမႈေတြမွာ ပိုၿပီးႀကီးထြားခဲ့ပါတယ္ တိုက်ိဳအေနနဲ႔ one china ေပၚလစီကိုလက္ခံထားပါတယ္ ဂ်ပန္ဟာ သူ႔ရဲ႕အိမ္နီးခ်င္းတ႐ုပ္နဲ႔ဆက္ဆံေရးကို ညင္သာစြာထိန္းညႇိထားသလို စစ္ေရးမဟာမိတ္ ဝါရွင္တန္နဲ႔လည္း မိတ္မပ်က္စတမ္းလက္တြဲထား ႏိုင္ခဲ့ပါတယ္

ဂ်ပန္ဟာသူ႔ရဲ႕ မဟာဗ်ဴဟာ အက်ိဳးစီးပြားနဲ႔ ပတ္သက္ေနတဲ့ ထိုင္ဝမ္ကိုမပစ္ပယ္ႏိုင္ပါဘူး ဂ်ပန္တို႔ရဲ႕ ကုန္သြယ္ေရးနဲ႔ စြမ္းအင္ျဖည့္တင္းေရး ပင္လယ္ေရေၾကာင္းလမ္းေပၚက ထိုင္ဝမ္ကြၽန္းကို ဂ်ပန္တို႔ မပစ္ပယ္ႏိုင္တာဟာ သိပ္မထူးဆန္းပါဘူး ” ခုထိေတာ့ ဂ်ိဳးဘိုင္ဒင္ရဲ႕ ထိုင္ဝမ္အေပၚ ရွင္းလင္းတဲ့ ေပၚလစီနဲ႔ရပ္တည္မႈေၾကညာခ်က္ကိုမေတြ႕ရေသးဘူး ၾကားခ်င္ပါတယ္ ခုကိုၾကားခ်င္ပါတယ္ဒါမွ ကြၽန္ေတာ္တို႔လည္း ထိုင္ဝမ္အေပၚဘယ္လို ဆက္သြားရမယ္ ဆိုတာျပင္ဆင္ႏိုင္မယ္ ” လို႔ Yasuhide Nakayama ကေျပာပါတယ္ ေ႐ြးေကာက္ပြဲယွဥ္ၿပိဳင္ေနတုန္းက ဘိုင္ဒင္က ထိုင္ဝမ္နဲ႔ အပါအဝင္ စိတ္တူသေဘာတူဒီမိုကေရစီႏိုင္ငံေတြနဲ႔ဆက္ဆံေရးပိုမိုေကာင္းေအာင္ ျမႇင့္တင္သြားမယ္လို႔ ေႂကြးေၾကာ္ခဲ့ဖူးပါတယ္

ၿပီးခဲ့တဲ့ဆယ္စုႏွစ္ကာလေတြမွာဘိုင္ဒင္ဟာ ဆီးနိတ္အမတ္ဘဝမွာ US အေနနဲ႔ထိုင္ဝမ္ကိုကာကြယ္ေပးဖို႔တာဝန္ရွိမရွိ ေမးခြန္းထုတ္ခဲ့ဖူး ပါတယ္ ဘိုင္ဒင္ရဲ႕ သမၼတတာဝန္လႊဲေျပာင္းေရး အဖြဲ႕ ဝင္ တစ္ေယာက္က ေတာ့ အေမရိကန္ရဲ႕ထိုင္ဝမ္အေပၚ ေထာက္ခံမႈဟာ ခိုင္မာတယ္ မူဝါဒရွိတယ္ ႏွစ္ဖက္သေဘာမွ်တယ္လို႔ ေျပာခဲ့ပါတယ္တ႐ုပ္ဟာ ထိုင္ဝမ္ကိုလက္နက္ေရာင္းခ်မႈနဲ႔ပတ္သက္ၿပီး US ကိုမေက်နပ္တဲ့အျပင္ အဆင့္ျမင့္ အရာရွိႀကီးေတြတရားဝင္သြားေရာက္လည္ပတ္ဆက္ဆံေနမႈေတြအေပၚ ကန႔္ကြက္ေနခဲ့ပါတယ္ တ႐ုပ္ဟာ ဒီမိုကေရစီစနစ္က်င့္သုံးေနတဲ့ထိုင္ဝမ္ကို သူ႔ရဲ႕ အစိတ္အပိုင္းျပည္နယ္တစ္ခုအျဖစ္ သတ္မွတ္သေဘာထားတာျဖစ္ပါတယ္ ဒီသေဘာထားအတြက္ ထိုင္ဝမ္ကို ျပည္မႀကီး လက္ေအာက္ျပန္ေရာက္ေစဖို႔ အင္အားမသုံးပါဘူးလို႔ အာမမခံထားပါဘူး

‘RED LINE’ ” ထိုင္ဝမ္ဟာတ႐ုပ္ျပည္ရဲ႕ျပည္တြင္းအေရး ျဖစ္တယ္” လို႔ တ႐ုပ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရသူ Wang Wenbin က ေသာၾကာေန႔ကေျပာပါတယ္ ” ဘယ္ႏိုင္ငံမဆို ဘယ္သူမဆို တ႐ုပ္ျပည္ရဲ႕ ျပည္တြင္းအေရးဝင္စြက္ဖက္မႈေတြကို ျပင္းျပင္းထန္ထန္ဆန႔္က်င္ပါတယ္ ” လို႔ Wang Wenbin ကေျပာခဲ့ပါတယ္ ထိုင္ဝမ္ရဲ႕ ႏိုင္ငံျခားေရးက ေျပာခြင့္ရသူ Joanne Ou က အေမရိကန္ရဲ႕ freedom and democracy ဆိုတဲ့စကားရပ္အေပၚတူညီတဲ့အျမင္ရွိၿပီး ေထာက္ခံမႈေပးေနတဲ့အေပၚကိုးကားၿပီး ” ထိုင္ဝမ္အေနနဲ႔ ဘိုင္ဒင္အစိုးရနဲ႔ အတူလက္တြဲၿပီးေရွ႕ဆက္ဖို႔ေမွ်ာ္လင့္ပါတယ္

ထိုင္ဝမ္အေမရိကန္ ဆက္ဆံေရး ပိုမိုတိုးတက္လာေစဖို႔ လက္ရွိဆက္ဆံေရးကို ပိုခိုင္မာေအာင္လုပ္ေဆာင္သြားမယ္” လို႔ေျပာခဲ့ပါတယ္ တိုက်ိဳက အေမရိကန္သံ႐ုံး အရာရွိေတြကို ဂ်ပန္ကာကြယ္ေရးက ေျပာလိုက္တဲ့အေပၚ မွတ္ခ်က္ေပးဖို႔ရာ ဆက္သြယ္ခဲ့ေပမယ့္ ခရစ္မတ္ကာလနီးေနလို႔ ေမးခြင့္မရခဲ့ပါဘူး ” တ႐ုပ္နဲ႔ထိုင္ဝမ္အၾကားမွာ အနီေရာင္မ်ဥ္းကေလး ျခားေနတယ္ ” လို နာကာရာမ ကေျပာခဲ့ပါတယ္

ဒီစကားဟာ အေမရိကန္သမၼတ အိုဘားမား က ဆီးရီးယား ရဲ႕ ဓါတုလက္နက္အသုံးျပဳမႈ ကိစၥမွာေျပာခဲ့တဲ့စကားပါ ဒမတ္စကပ္ဟာမ်ဥ္းကေလးကိုေက်ာ္ခဲ့တယ္ ဆိုတဲ့စကားရပ္ပါပဲ အဲ့သည္အခ်ိန္က ဘိုင္ဒင္ဟာ ဒုသမၼတျဖစ္ခဲ့ပါတယ္ တ႐ုပ္ေတြသာ ဒီစည္းအနီေရာင္ကိုေက်ာ္ခဲ့ရင္ ဂ်ိဳးဘိုင္ဒင္ဘာလုပ္မလဲ လို႔ နာကာရာမကေမးလိုက္ပါတယ္

“အေမရိကန္ေတြဟာ ဒီမိုကေရစီႏိုင္ငံေတြရဲ႕ ေခါင္းေဆာင္ပါ ကြၽန္ေတာ့္ရင္ထဲကေျပာခ်င္ေနတာရွိတယ္ ( အေမရိက မာမာထန္ထန္ေနျပစမ္းပါ ) လို႔ဆိုတာပါပဲ ” တ႐ုပ္တိုက္ေလယာဥ္ေတြဟာ ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္ျပေနတာမ်ားၿပီ ထိုင္ဝမ္ရဲ႕ သည္းခံႏိုင္မႈကိုေသြးတိုးစမ္းေနတယ္လို႔ အေမရိကန္နဲ႔ထိုင္ဝမ္ စစ္တပ္အရာရွိေတြက ေျပာကုန္ပါၿပီ တ႐ုပ္ေလယာဥ္တင္သေဘၤာအုပ္စု ထိုင္ဝမ္ေရလက္ၾကားကို ျဖတ္သန္းလာတဲ့အတြက္ ထိုင္ဝမ္ဟာသူ႔ရဲ႕ေနဗီနဲ႔ ေလတပ္ကို တနဂၤေႏြေန႔ကတပ္ျဖန႔္ထားခဲ့ရၿပီးျဖစ္ပါတယ္

ဂ်ပန္ကာကြယ္ေရးဌာနက ဒီစကားမ်ိဳးအလကားေျပာတယ္လို႔ ကမာၻက မထင္ၾကပါဘူး ဘိုင္ဒင္ဟာ က်မ္းမက်ိန္ခင္မွာပဲ ဖိအားေပးခံေနရပါၿပီ

CRD_pi lon

UNICODE

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာန က ဂျိုးဘိုင်ဒင် ကို ထိုင်ဝမ်နဲ့ ပတ်သက်ပြီး မာမာထန်ထန်နေစမ်းပါလို့ သောကြာနေ့က သတိပေးလိုက်ပါတယ်တရုပ်ဟာ ထိုင်ဝမ်အရေးမှာ ရန်လိုလာတဲ့ပုံစံရှိလာတဲ့အတွက် ထိုင်ဝမ်ကျွန်းအန္တရာယ်ကင်းဖို့အရေးဟာ အနီရောင်မျဉ်းပါးပါးလေး the thin red line ဖြစ်လာတယ် စည်းကျော်တာနဲ့အန္တရာယ်ရှိလာ မယ်လို့ သတိပေးလိုက်တာပါပဲ ” ကျွန်တော်တို့စိုးရိမ်နေတယ် တရုပ်ဟာ ထိုင်ဝမ်အပေါ် သူ့ရဲ့ရန်လိုမှုတွေကိုပိုပိုပြီး ထုတ်ပြလာတယ် ဟောင်ကောင်ကိစ္စနဲ့တောင်မတူဘူး

နောက်ထပ်ပစ်မှတ်တစ်ခုဟာ လူတိုင်းစိတ်ပူနေကြတဲ့ ထိုင်ဝမ်အရေးဖြစ်လာတယ် ” လို့ ကာကွယ်ရေး ဌာန ဒုဝန်ကြီးYasuhide Nakayama ကရိုက်တာကိုပြောပြခဲ့ပါတယ် ရိုက်တာနဲ့ အင်တာဗြူးတစ်ခုမှာ Yasuhide Nakayama က ထရမ့်လက်ထက်ကလိုပဲ ထိုင်ဝမ်အပေါ်မှာစည်းခြားထားဖို့ ဘိုင်ဒင်ကို တိုက်တွန်းလိုပါတယ်လို့ ပြောခဲ့တယ် ထရမ့်ဟာဆိုရင် တရုပ်တွေကသူတို့လက်အောက်ခံလို့ပြောနေတဲ့ ထိုင်ဝမ်ကို လက်နက်တွေ ရောင်းပေးတယ် ထိတွေ့ဆက်ဆံမှုတွေပိုလုပ်ခဲ့တယ်လို့ ဆိုပါတယ်

ထိုင်ဝမ်ဂျပန်ဆက်ဆံရေးဟာ ခုနှစ်ပိုင်းတွေအတွင်းမှာ ပိုချောမွေ့နေပြီး အစိုးရချင်းမပတ်သက်တဲ့ ဆက်ဆံမှုတွေမှာ ပိုပြီးကြီးထွားခဲ့ပါတယ် တိုကျိုအနေနဲ့ one china ပေါ်လစီကိုလက်ခံထားပါတယ် ဂျပန်ဟာ သူ့ရဲ့အိမ်နီးချင်းတရုပ်နဲ့ဆက်ဆံရေးကို ညင်သာစွာထိန်းညှိထားသလို စစ်ရေးမဟာမိတ် ဝါရှင်တန်နဲ့လည်း မိတ်မပျက်စတမ်းလက်တွဲထား နိုင်ခဲ့ပါတယ်

ဂျပန်ဟာသူ့ရဲ့ မဟာဗျူဟာ အကျိုးစီးပွားနဲ့ ပတ်သက်နေတဲ့ ထိုင်ဝမ်ကိုမပစ်ပယ်နိုင်ပါဘူး ဂျပန်တို့ရဲ့ ကုန်သွယ်ရေးနဲ့ စွမ်းအင်ဖြည့်တင်းရေး ပင်လယ်ရေကြောင်းလမ်းပေါ်က ထိုင်ဝမ်ကျွန်းကို ဂျပန်တို့ မပစ်ပယ်နိုင်တာဟာ သိပ်မထူးဆန်းပါဘူး ” ခုထိတော့ ဂျိုးဘိုင်ဒင်ရဲ့ ထိုင်ဝမ်အပေါ် ရှင်းလင်းတဲ့ ပေါ်လစီနဲ့ရပ်တည်မှုကြေညာချက်ကိုမတွေ့ရသေးဘူး ကြားချင်ပါတယ် ခုကိုကြားချင်ပါတယ်ဒါမှ ကျွန်တော်တို့လည်း ထိုင်ဝမ်အပေါ်ဘယ်လို ဆက်သွားရမယ် ဆိုတာပြင်ဆင်နိုင်မယ် ” လို့ Yasuhide Nakayama ကပြောပါတယ် ရွေးကောက်ပွဲယှဉ်ပြိုင်နေတုန်းက ဘိုင်ဒင်က ထိုင်ဝမ်နဲ့ အပါအဝင် စိတ်တူသဘောတူဒီမိုကရေစီနိုင်ငံတွေနဲ့ဆက်ဆံရေးပိုမိုကောင်းအောင် မြှင့်တင်သွားမယ်လို့ ကြွေးကြော်ခဲ့ဖူးပါတယ်

ပြီးခဲ့တဲ့ဆယ်စုနှစ်ကာလတွေမှာဘိုင်ဒင်ဟာ ဆီးနိတ်အမတ်ဘဝမှာ US အနေနဲ့ထိုင်ဝမ်ကိုကာကွယ်ပေးဖို့တာဝန်ရှိမရှိ မေးခွန်းထုတ်ခဲ့ဖူး ပါတယ် ဘိုင်ဒင်ရဲ့ သမ္မတတာဝန်လွှဲပြောင်းရေး အဖွဲ့ ဝင် တစ်ယောက်က တော့ အမေရိကန်ရဲ့ထိုင်ဝမ်အပေါ် ထောက်ခံမှုဟာ ခိုင်မာတယ် မူဝါဒရှိတယ် နှစ်ဖက်သဘောမျှတယ်လို့ ပြောခဲ့ပါတယ်တရုပ်ဟာ ထိုင်ဝမ်ကိုလက်နက်ရောင်းချမှုနဲ့ပတ်သက်ပြီး US ကိုမကျေနပ်တဲ့အပြင် အဆင့်မြင့် အရာရှိကြီးတွေတရားဝင်သွားရောက်လည်ပတ်ဆက်ဆံနေမှုတွေအပေါ် ကန့်ကွက်နေခဲ့ပါတယ် တရုပ်ဟာ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ထိုင်ဝမ်ကို သူ့ရဲ့ အစိတ်အပိုင်းပြည်နယ်တစ်ခုအဖြစ် သတ်မှတ်သဘောထားတာဖြစ်ပါတယ် ဒီသဘောထားအတွက် ထိုင်ဝမ်ကို ပြည်မကြီး လက်အောက်ပြန်ရောက်စေဖို့ အင်အားမသုံးပါဘူးလို့ အာမမခံထားပါဘူး

‘RED LINE’ ” ထိုင်ဝမ်ဟာတရုပ်ပြည်ရဲ့ပြည်တွင်းအရေး ဖြစ်တယ်” လို့ တရုပ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ Wang Wenbin က သောကြာနေ့ကပြောပါတယ် ” ဘယ်နိုင်ငံမဆို ဘယ်သူမဆို တရုပ်ပြည်ရဲ့ ပြည်တွင်းအရေးဝင်စွက်ဖက်မှုတွေကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ပါတယ် ” လို့ Wang Wenbin ကပြောခဲ့ပါတယ် ထိုင်ဝမ်ရဲ့ နိုင်ငံခြားရေးက ပြောခွင့်ရသူ Joanne Ou က အမေရိကန်ရဲ့ freedom and democracy ဆိုတဲ့စကားရပ်အပေါ်တူညီတဲ့အမြင်ရှိပြီး ထောက်ခံမှုပေးနေတဲ့အပေါ်ကိုးကားပြီး ” ထိုင်ဝမ်အနေနဲ့ ဘိုင်ဒင်အစိုးရနဲ့ အတူလက်တွဲပြီးရှေ့ဆက်ဖို့မျှော်လင့်ပါတယ်

ထိုင်ဝမ်အမေရိကန် ဆက်ဆံရေး ပိုမိုတိုးတက်လာစေဖို့ လက်ရှိဆက်ဆံရေးကို ပိုခိုင်မာအောင်လုပ်ဆောင်သွားမယ်” လို့ပြောခဲ့ပါတယ် တိုကျိုက အမေရိကန်သံရုံး အရာရှိတွေကို ဂျပန်ကာကွယ်ရေးက ပြောလိုက်တဲ့အပေါ် မှတ်ချက်ပေးဖို့ရာ ဆက်သွယ်ခဲ့ပေမယ့် ခရစ်မတ်ကာလနီးနေလို့ မေးခွင့်မရခဲ့ပါဘူး ” တရုပ်နဲ့ထိုင်ဝမ်အကြားမှာ အနီရောင်မျဉ်းကလေး ခြားနေတယ် ” လို နာကာရာမ ကပြောခဲ့ပါတယ်

ဒီစကားဟာ အမေရိကန်သမ္မတ အိုဘားမား က ဆီးရီးယား ရဲ့ ဓါတုလက်နက်အသုံးပြုမှု ကိစ္စမှာပြောခဲ့တဲ့စကားပါ ဒမတ်စကပ်ဟာမျဉ်းကလေးကိုကျော်ခဲ့တယ် ဆိုတဲ့စကားရပ်ပါပဲ အဲ့သည်အချိန်က ဘိုင်ဒင်ဟာ ဒုသမ္မတဖြစ်ခဲ့ပါတယ် တရုပ်တွေသာ ဒီစည်းအနီရောင်ကိုကျော်ခဲ့ရင် ဂျိုးဘိုင်ဒင်ဘာလုပ်မလဲ လို့ နာကာရာမကမေးလိုက်ပါတယ်

“အမေရိကန်တွေဟာ ဒီမိုကရေစီနိုင်ငံတွေရဲ့ ခေါင်းဆောင်ပါ ကျွန်တော့်ရင်ထဲကပြောချင်နေတာရှိတယ် ( အမေရိက မာမာထန်ထန်နေပြစမ်းပါ ) လို့ဆိုတာပါပဲ ” တရုပ်တိုက်လေယာဉ်တွေဟာ ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြနေတာများပြီ ထိုင်ဝမ်ရဲ့ သည်းခံနိုင်မှုကိုသွေးတိုးစမ်းနေတယ်လို့ အမေရိကန်နဲ့ထိုင်ဝမ် စစ်တပ်အရာရှိတွေက ပြောကုန်ပါပြီ တရုပ်လေယာဉ်တင်သင်္ဘောအုပ်စု ထိုင်ဝမ်ရေလက်ကြားကို ဖြတ်သန်းလာတဲ့အတွက် ထိုင်ဝမ်ဟာသူ့ရဲ့နေဗီနဲ့ လေတပ်ကို တနင်္ဂနွေနေ့ကတပ်ဖြန့်ထားခဲ့ရပြီးဖြစ်ပါတယ်

ဂျပန်ကာကွယ်ရေးဌာနက ဒီစကားမျိုးအလကားပြောတယ်လို့ ကမ္ဘာက မထင်ကြပါဘူး ဘိုင်ဒင်ဟာ ကျမ်းမကျိန်ခင်မှာပဲ ဖိအားပေးခံနေရပါပြီ

CRD_pi lon

Leave a Reply

Your email address will not be published. Required fields are marked *