ထရမ့်အား နျူကလီးယားလက်နက် ကုတ်နံပတ်မပေးရန် လွှတ်တော်ဥက္ကဌက တားမြစ်

သမ္မတထရမ့်အား နျူကလီးယားလက်နက် ကုတ်နံပတ်မပေးရေးအတွက် လွှတ်တော်ဥက္ကဌ Nancy Pelosi က ကာကွယ်ရေးဌာန ပူးတွဲဥက္ကဌဆီ တယ်လီဖုန်းဆက်ပြီး ပြောကြားခဲ့တယ်လို့ ဥက္ကဌက သတင်းထုတ်ပြန်ပါတယ်။

ပူးတွဲဥက္ကဌ ဗီုလ်ချုပ်ကြီး Mark Milley ဆီ ဖုန်းဆက်ပြီး စစ်ဆင်ရေးကိစ္စတွေ၊ နျူကလီးယားလက်နက် ကုတ်နံပတ်တွေ မတည်မငြိမ်ဖြစ်နေတဲ့ သမ္မတထံမရောက်အောက် တားမြစ်ရေးအတွက် ဆွေးနွေးခဲ့တယ်-လို့ လွှတ်တော်ဥက္ကဌရဲ့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။လွှတ်တော်ဥက္ကဌဟာ သောကြာနေ့မှာ ဒီမိုကရက်အမတ်တွေနဲ့တွေ့ဆုံပြီး ထရမ့်ကို ရာထူးက ဖယ်ရှားရေးအတွက် ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

သီးခြား သတင်းတပုဒ်မှာတော့ ထရမ့်က လာမယ့် ၂၀ ရက်နေ့ ဂျိုးဘိုင်ဒန်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာဆိုပွဲကို တက်မှာမဟုတ်ဘူးလို့ တွစ်တာကနေ ရေးတယ်လို့ ဖေါ်ပြထားပါတယ်။

Ref : CNN

zawgyi




Ref : CNN

Leave a Reply

Your email address will not be published. Required fields are marked *