ထရမ့္၏ကိုယ္ပိုင္ႏွင့္ စည္း႐ံုးေရးတြစ္တာအေကာင့္မ်ား အၿမဲတမ္းပိတ္သိမ္းခံရ

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ ပုဂ္ဂလိကတွစ်တာအကောင့်ကို အမြဲတမ်းပိတ်သိမ်းလိုက်ကြောင်း တွစ်တာကုမ္ပဏီက သောကြာနေ့တွင်ပြောသည်။ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်လွှတ်တော်ကိုစီးနင်းမှုဖြစ်ပြီးနောက်ပိုင်း နောက်ထပ်အကြမ်းဖက်မှုများဖြစ်စေရန် လှုံ့ဆော်မှုအန္တရာယ်ရှိသဖြင့် ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်းပြောသည်။

Follower ၈၈ သန်းကျော်ရှိသည့်အကောင့်ကိုပိတ်သိမ်းလိုက်သောဖြစ်ရပ်သည် သမ္မတသက်တမ်းနောက်ဆုံး နေ့ရက်များမတိုင်မီ မစ္စတာ ထရမ့်၏အဓိကပြောဆိုသည့်ပလက်ဖောင်းကို ပိတ်သိမ်းလိုက်ခြင်းဖြစ်ပြီး လူမှု ကွန်ရက်ကုမ္ပဏီများက အင်အားကြီးကမ္ဘာ့ခေါင်းဆောင်များ၏အကောင့်များကို မည်သို့ချိန်ညှိသင့်ကြောင်း ဆွေးနွေးငြင်းခုံမှုများနောက်ပိုင်း ဖြစ်လာခြင်းလည်းဖြစ်သည်။

ယခုဖြစ်ရပ်သည် နိုင်ငံခေါင်းဆောင်တယောက်ကို ပထမဆုံးအကြိမ်အသုံးပြုခွင့်ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း တွစ်တာကအတည်ပြုသည်။ သမ္မတသက်တမ်းကုန်သည်အထိ ပုဂ္ဂလိကစာမျက်နှာကို ယာယီပိတ်သိမ်းထားမည်ဟုလည်း ကြာသပတေးနေ့ တွင် ဖေ့စ်ဘွတ်ကုမ္ပဏီကကြေညာခဲ့သည်။

ဇန်နဝါရီ ၂၀ ရက်တွင် ရီပတ်ဘလစ်ကန်သမ္မတသည် သမ္မတရာထူးကို ရွေးကောက်ခံဒီမိုကရတ်အမတ် ဂျိုး ဘိုင်ဒန်ကို လွှဲပေးရမည်ဖြစ်သည်။ တွစ်တာသည် ထရမ့်၏ပုဂ္ဂလိကအကောင့်အပြင် ရွေးကောက်ပွဲစည်းရုံးရေးအကောင့်ကိုလည်း အလားတူ အကြောင်းပြချက်ဖြင့် ပိတ်သိမ်းလိုက်သည်။

source : PeopleMedia

zawgyi

အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္၏ ပုဂၢလိကတြစ္တာအေကာင့္ကို အၿမဲတမ္းပိတ္သိမ္းလိုက္ေၾကာင္း တြစ္တာကုမၸဏီက ေသာၾကာေန႔တြင္ေျပာသည္။ ဗုဒၶဟူးေန႔တြင္ အေမရိကန္လႊတ္ေတာ္ကိုစီးနင္းမႈျဖစ္ၿပီးေနာက္ပိုင္း ေနာက္ထပ္အၾကမ္းဖက္မႈမ်ားျဖစ္ေစရန္ လႈံ႕ေဆာ္မႈအႏၲရာယ္႐ွိသျဖင့္ ပိတ္သိမ္းခဲ့ျခင္းျဖစ္ေၾကာင္းေျပာသည္။

Follower ၈၈ သန္းေက်ာ္႐ွိသည့္အေကာင့္ကိုပိတ္သိမ္းလိုက္ေသာျဖစ္ရပ္သည္ သမၼတသက္တမ္းေနာက္ဆံုး ေန႔ရက္မ်ားမတိုင္မီ မစၥတာ ထရမ့္၏အဓိကေျပာဆိုသည့္ပလက္ေဖာင္းကို ပိတ္သိမ္းလိုက္ျခင္းျဖစ္ၿပီး လူမႈ ကြန္ရက္ကုမၸဏီမ်ားက အင္အားႀကီးကမာၻ႔ေခါင္းေဆာင္မ်ား၏အေကာင့္မ်ားကို မည္သို႔ခ်ိန္ၫွိသင့္ေၾကာင္း ေဆြးေႏြးျငင္းခံုမႈမ်ားေနာက္ပိုင္း ျဖစ္လာျခင္းလည္းျဖစ္သည္။

ယခုျဖစ္ရပ္သည္ ႏိုင္ငံေခါင္းေဆာင္တေယာက္ကို ပထမဆံုးအႀကိမ္အသံုးျပဳခြင့္ပိတ္ပင္လိုက္ျခင္းျဖစ္ေၾကာင္း တြစ္တာကအတည္ျပဳသည္။ သမၼတသက္တမ္းကုန္သည္အထိ ပုဂၢလိကစာမ်က္ႏွာကို ယာယီပိတ္သိမ္းထားမည္ဟုလည္း ၾကာသပေတးေန႔ တြင္ ေဖ့စ္ဘြတ္ကုမၸဏီကေၾကညာခဲ့သည္။

ဇန္နဝါရီ ၂၀ ရက္တြင္ ရီပတ္ဘလစ္ကန္သမၼတသည္ သမၼတရာထူးကို ေ႐ြးေကာက္ခံဒီမိုကရတ္အမတ္ ဂ်ိဳး ဘိုင္ဒန္ကို လႊဲေပးရမည္ျဖစ္သည္။ တြစ္တာသည္ ထရမ့္၏ပုဂၢလိကအေကာင့္အျပင္ ေ႐ြးေကာက္ပြဲစည္း႐ံုးေရးအေကာင့္ကိုလည္း အလားတူ အေၾကာင္းျပခ်က္ျဖင့္ ပိတ္သိမ္းလိုက္သည္။

source : PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *