အေရွ႕ေတာင္ အာရွထဲ ေျခပိုမိုဆန႔္လာေန သည့္ တူရကီက ဖိလစ္ပိုင္ သို႔ AACE ယာဥ္ မ်ားေပးပို႔မႈကို ၂၀၂၃ ခုႏွစ္အတြင္းအၿပီးသတ္ေဆာင္႐ြက္မည္ဟုဆုိ

တူရကီကာကွယ် ရေးကုမ္ပဏီ FNSS က ကုန်းရေနှစ်သွယ်သံချပ်ကာ တိုက်ခိုက် ရေး (AACE) မော်တော်ယာဉ်များနှင့် ဖိလစ်ပိုင်ကြည်းတပ်အတွက် ထောက်ပံ့မှုများကို ပေးမည်ဟု တနင်္လာနေ့ ကကြေညာခဲ့သည်။

FNSS နှင့် ဖိလစ်ပိုင်အမျိုးသားကာကွယ်ရေးဦးစီးဌာန (DND) တို့အကြား လက်မှ တ်ရေးထိုးထားသော စာချုပ်အရ ၂၀၂၃ ခုနှစ်၊ မတ်လအကုန်တွင် မော်တော် ယာဉ်များကို ပို့ဆောင်ခြင်းနှင့် လေ့ကျင့်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုများ ဆောင်ရွက်ပေးမည် ဖြစ်သည် ဟု ကာကွယ်ရေးကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ယခုစီမံကိန်း၏ ရည်ရွယ်ချက်သည် ဖိလစ်ပိုင်တပ်မတော်၏ အဆင့်မြှင့် တင်ခြင်းဆိုင်ရာမှ တိုက်စွမ်းရည်တိုးတက်စေရန် ဆောင်ရွက်မှုလည်း ဖြစ်သည်ဟုဆိုသည်။

ယာဉ်များကို တူရကီ၌ပင်ထုတ်လုပ်မည်ဖြစ်ပြီး လေ့ကျင့်ပေးမှုကိုလည်း ၎င် း၌ပင် ဆောင်ရွက်ပေးမည်ဖြစ်သည်ဟုသိရှိရသည်။

AACE သည် ကုန်းရေနှစ်သွယ်သွားနိုင်သည့် ပထမဆုံးတိုက်ခိုက်ရေးဒိုဇာ အမျိုးအစားဖြစ်သည်။ ၎င်းကို တူရကီက အသုံးပြုနေခြင်းဖြစ်ပြီး ယခုမှသာ နိုင်ငံခြားသို့ ပထမဆုံးတင်ပို့ရောင်းချပေးခဲ့ခြင်းလည်းဖြစ်သည်။

နောက်ထပ်စီမံကိန်းအနေဖြင့် FNSS သည် ဖိလစ်ပိုင်အတွက် ကျည်ကာ ယာဉ်များကိုလည်း ထောက်ပံ့ပေးမည်ဖြစ်သည်ဟု သိရှိရသည်။

CRD_Myanmarnews24

zawgyi

တူရကီကာကြယ္ေရးကုမၸဏီ FNSS က ကုန္းေရႏွစ္သြယ္သံခ်ပ္ကာ တိုက္ခိုက္ ေရး (AACE) ေမာ္ေတာ္ယာဥ္မ်ားႏွင့္ ဖိလစ္ပိုင္ၾကည္းတပ္အတြက္ ေထာက္ပံ့မႈမ်ားကို ေပးမည္ဟု တနလၤာေန႔ ကေၾကညာခဲ့သည္။

FNSS ႏွင့္ ဖိလစ္ပိုင္အ မ်ိဳးသားကာကြယ္ေရးဦးစီးဌာန (DND) တို႔အၾကား လက္မွတ္ေရးထိုးထားေသာ စာခ်ဳပ္အရ ၂၀၂၃ ခုႏွစ္၊ မတ္လအကုန္တြင္ ေမာ္ေတာ္ယာဥ္မ်ားကို ပို႔ေဆာင္ျခင္းႏွင့္ ေလ့က်င့္ေရးႏွင့္ ေထာက္ပံ့ပို႔ေဆာင္ေရး ၀န္ေဆာင္မႈမ်ား ေဆာင္႐ြက္ေပးမည္ ျဖစ္သည္ ဟု ကာကြယ္ေရးကုမၸဏီ၏ ထုတ္ျပန္ခ်က္တြင္ေဖာ္ျပထားသည္။

ယခုစီမံကိန္း၏ ရည္႐ြယ္ခ်က္သည္ ဖိလစ္ပိုင္တပ္မေတာ္၏ အဆ င့္ျမႇင့္ တင္ျခင္းဆိုင္ရာမွ တိုက္စြမ္းရည္တိုးတက္ေစရန္ ေဆာင္႐ြက္မႈလည္း ျဖစ္သည္ဟုဆိုသည္။

ယာဥ္မ်ားကို တူရကီ၌ပင္ထုတ္လုပ္မည္ျဖစ္ၿပီး ေလ့က်င့္ေပးမႈကိုလည္း ၎၌ပင္ ေဆာင္ ႐ြက္ေပးမည္ျဖစ္သည္ဟုသိရွိရသည္။

AACE သည္ ကုန္းေရႏွစ္သြယ္သြားႏိုင္သည့္ ပထမဆုံးတိုက္ခိုက္ေရးဒိုဇာ အမ်ိဳးအစားျဖစ္သည္။ ၎ကို တူရကီက အသုံးျပဳေနျခင္းျဖစ္ၿပီး ယခုမွသာ ႏိုင္ငံျခားသို႔ ပထမဆုံးတင္ပို႔ေရာင္းခ်ေပးခဲ့ျခင္းလည္းျဖစ္သည္။

ေနာက္ထပ္စီမံကိန္း အေနျဖင့္ FNSS သည္ ဖိလစ္ပိုင္အတြက္ က်ည္ကာ ယာဥ္မ်ားကိုလည္း ေထာက္ ပံ့ေပးမည္ျဖစ္သည္ဟု သိရွိရသည္။

CRD_Myanmarnews24

Leave a Reply

Your email address will not be published. Required fields are marked *