လာမည့်အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်ကိုစိန်ခေါ်သည့်အနေဖြင့် အမေရိကန်သည် မြောက်ကိုရီးယား၏ အကြီးဆုံးရန်သူဖြစ်ပြီး မည်သူသမ္မတဖြစ်သည်ဖြစ်စေ အမေရိကန်၏မြောက်ကိုရီးယားဆိုင်ရာမူဝါဒပြောင်း လဲမည်ဟုမမျှော်လင့်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကပြောသည်။
မြောက်ကိုရီးယားအလုပ်သမားပါတီရှားပါးညီလာခံတွင် မြောက်ကိုရီးယားနိုင်ငံ၏နျူကလီးယားလက် နက်ပိုင်ဆိုင်မှုနှင့် စစ်စွမ်းရည်ကို ထပ်မံချဲ့ထွင်သွားမည်ဟုလည်း မစ္စတာ ကင်က ကတိပြုသည်။ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောအတွက် အစီအစဉ်များလည်း ပြီးပြည့်စုံလုနီးပါးရှိနေသည်ဟုလည်း ပြောသည်။
ရွေးကောက်ခံဒီမိုကရတ်သမ္မတ ဂျိုး ဘိုင်ဒန်က တာဝန်လွှဲပြောင်းယူရန်ပြင်ဆင်နေချိန်တွင် မစ္စတာကင်က မှတ်ချက်ပြုခြင်းဖြစ်သည်။ မစ္စတာ ကင်၏မှတ်ချက်သည် လာမည့်အစိုးရသစ်ကို ဖိအားပေးရန်ကြိုးစားခြင်းဖြစ်ကြောင်း အကဲခတ်များက အကြံပြုသည်။
မြောက်ကိုရီးယား၏နျူကလီးယားလက်နက်များအရေးဆွေးနွေးညှိနှိုင်းမှုများတွင် တိုးတက်မှုမရှိသလောက်သာ ဖြစ်သော်လည်း မစ္စတာ ကင်နှင့် လက်ရှိအမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်တို့ကြား နွေးထွေးသည့်ဆက်ဆံရေး ရှိသည်။
source : PeopleMedia
zawgyi
လာမည့္အေမရိကန္သမၼတ ဂ်ိဳး ဘိုင္ဒန္ကိုစိန္ေခၚသည့္အေနျဖင့္ အေမရိကန္သည္ ေျမာက္ကိုရီးယား၏ အႀကီးဆံုးရန္သူျဖစ္ၿပီး မည္သူသမၼတျဖစ္သည္ျဖစ္ေစ အေမရိကန္၏ေျမာက္ကိုရီးယားဆိုင္ရာမူဝါဒေျပာင္း လဲမည္ဟုမေမွ်ာ္လင့္ေၾကာင္း ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအြန္ကေျပာသည္။
ေျမာက္ကိုရီးယားအလုပ္သမားပါတီ႐ွားပါးညီလာခံတြင္ ေျမာက္ကိုရီးယားႏိုင္ငံ၏ႏ်ဴကလီးယားလက္ နက္ပိုင္ဆိုင္မႈႏွင့္ စစ္စြမ္းရည္ကို ထပ္မံခ်ဲ႕ထြင္သြားမည္ဟုလည္း မစၥတာ ကင္က ကတိျပဳသည္။ ႏ်ဴကလီးယားစြမ္းအင္သံုးေရငုပ္သေဘၤာအတြက္ အစီအစဥ္မ်ားလည္း ၿပီးျပည့္စံုလုနီးပါး႐ွိေနသည္ဟုလည္း ေျပာသည္။
ေ႐ြးေကာက္ခံဒီမိုကရတ္သမၼတ ဂ်ိဳး ဘိုင္ဒန္က တာ၀န္လႊဲေျပာင္းယူရန္ျပင္ဆင္ေနခ်ိန္တြင္ မစၥတာကင္က မွတ္ခ်က္ျပဳျခင္းျဖစ္သည္။ မစၥတာ ကင္၏မွတ္ခ်က္သည္ လာမည့္အစိုးရသစ္ကို ဖိအားေပးရန္ႀကိဳးစားျခင္းျဖစ္ေၾကာင္း အကဲခတ္မ်ားက အႀကံျပဳသည္။
ေျမာက္ကိုရီးယား၏ႏ်ဴကလီးယားလက္နက္မ်ားအေရးေဆြးေႏြးၫွိႏႈိင္းမႈမ်ားတြင္ တိုးတက္မႈမ႐ွိသေလာက္သာ ျဖစ္ေသာ္လည္း မစၥတာ ကင္ႏွင့္ လက္႐ွိအေမရိကန္သမၼတ ေဒၚနယ္ ထရမ့္တို႔ၾကား ေႏြးေထြးသည့္ဆက္ဆံေရး ႐ွိသည္။
source : PeopleMedia