ရည္မွန္းခ်က္ သို႔ခပ္ျမန္ျမန္ ခ်ီ တက္ေနေ သာျမန္မာ့တပ္မေတာ္(ေရ)

၂၀၂၀ ပြည့်နှစ်၊ ဒီဇင် ဘာလ ၂၄ ရက်နေ့တွင်ရန်ကုန်၌ ကျင်းပပြုလုပ်ခဲ့သည့်(၇၃)နှစ်မြောက်၊တပ်မတော်(ရေ)နေ့အထိမ်းအ မှတ်စစ်ရေယာဉ်အသစ်များနှင့်ရေငုပ်သင်္ဘောတပ်တော်ဝင်ပွဲသို့မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်တက်ရောက်ခဲ့ပြီးဂုဏ်ပြုမိန့်ခွန်းပြောကြားခဲ့ပါသည်။

မြန်မာ့တပ်မတော်(ရေ)အနေဖြင့်အဆိုပါ(၇၃)နှစ်မြောက်တပ် မတော်(ရေ)နေ့တွင်မြန်မာ့ပထမဆုံးရေငုပ်သင်္ဘော ၁ စီး၊၆၃ မီတာ ASW ကော်ဗက်စစ်ရေယာဉ် ၂ စီး၊၄၉ မီတာကိုယ်ပျောက် FAC ၁ စီး၊၅၆ မီတာ LCU ၁ စီးနှင့် ပင်လယ်သွားတွဲဆွဲရေယာဉ် ၂ စီးတို့အားတပ်တော်ဝင်ခဲ့ခြင်းဖြစ်ပါသည်။

တပ်မတော်(ကြည်း)မှလွှမ်းမိုးထားသောမြန်မာစစ်ဘက်တွင် တပ်မတော်(ရေ)အနေဖြင့်နောက်ရံနေရာမှသာရှိနေခဲ့ရပြီး ၂၀၀၀ ပြည့်နှစ်မတိုင်မီအချိန်ထိခပ်လျှိုလျှိုအနေအထားသာရှိနေ ခဲ့သည်။ရေတပ်၏အဓိကတာဝန်မှာကြည်းတပ်၏ ပြည်တွင်း သောင်းကျန်းမှုနှိမ်နင်းရေးများတွင်အထောက်အကူပြုနိုင်မည့်မြစ်တွင်းစစ်ဆင်ရေးတာဝန်ထမ်းဆောင်ရန်သာဖြစ်သည်။

၁၉၉၀ ပြည့်နှစ်များတွင်တရုတ်နိုင်ငံမှ Hainan Class FAC စစ်ရေယာဉ်များသာရှိခဲ့ပြီးအဓိကတို က်စွမ်းအားအဖြစ်အသုံး ပြုခဲ့သည်မြန်မာ့တပ်မတော်(ရေ)အနေဖြင့်၂၀၀၁ ခုနှစ်တွင်စတင်တည်ဆောက်ခဲ့သော ၇၇ မီတာကော်ဗက်စစ်ရေယာဉ် (အနော်ရထာ)နှင့်၂၀၀၃ ခုနှစ်ထုတ်စစ်ရေယာဉ်(ဘုရင့်နောင်) တို့ဖြင့်ခေတ်မီရေတပ်တည်ဆောက်ရေးခြေလှမ်းများစတင် လာခဲ့သည်။

သို့ရာတွင်ရေတပ် ၏ခေတ်မီရေးအစီအစဉ်တစ်ရှိန်ထိုးကြိုးပမ်းလာမှုကို ၂၀၁၀ မှ ၂၀၂၀ ကာလအတွင်းတွေ့မြင်လာခဲ့ရသည်။အဆိုပါကာလတွင်းအဓိကလိုအပ်နေသောရေပြင်သွားစစ်ရေယာဉ်များ၊ရေငုပ်သင်္ဘော၊ဝေဟင်ပလတ်ဖောင်းများနှင့်ခေတ် မီပစ္စည်းကိရိယာများရယူပိုင်ဆိုင်လာခဲ့သည်။ရေယာဉ်စုကိုလည်းအဆမတန်တိုးချဲ့လျက်ရှိနေသ ည်။ပြည်တွင်းဖြစ်ရေယာဉ် တည်ဆောက်ရေးကိုဆက်တိုက်ဆောင်ရွက်နေပြီးအထူးသဖြင့် တန်ချိန် ၄၀၀၀ ရှိပြီးဒေါင်လိုက်ပစ်ဒုံးပျံများတပ်ဆင်မည့် ၁၃၅ မီတာဖရီးဂိတ်စစ်ရေယာဉ်တစ်စီးလည်းအပါအဝင်ဖြစ်သည်။

ဒီဇင်ဘာ ၂၅ ရက်နေ့တွင်ဖော်ပြခဲ့သည့်မြန်မာ့စစ်ဖက်လေ့လာ စော င့်ကြည့်ရေးအဖွဲ့ Myanmar Defence Review ၏အဆိုအရ ‘‘ မြန်မာရေတပ်၏လျင်မြန်သော တိုးတက်ပြောင်းလဲမှုသည်၂၀၀၈ ခုနှစ်ဘင်္ဂလားဒေ့ရှ်ရေတပ်နှင့်ပိုင်နက်ရေပြင်အငြင်းပွားမှုမှစတင်လာခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင်မြန်မာ့တပ်မတော်(ရေ)တွင်ရေပြင်ပစ်ဒုံးပျံများတပ်ဆင်ထားခြင်းမရှိသော ၇၇ မီတာကော်ဗက်စစ်ရေယာဉ်၂ စီး၊Houxin Class FAC(ဒုံးပျံ)စစ်ရေယာဉ် ၆ စီး၊အရွယ်အစားသေးငယ်သော FAC (အမြောက်)စစ်ရေယာဉ်များနှင့်အခြားစစ်ရေယာဉ်ငယ်များသာရှိနေခဲ့သည်။

အခြားတစ်ဖက်ရှိဘင်္ဂလားဒေ့ရှ်ရေတပ်တွင်မူ ဒုံးပျံတင်ဖရီးဂိတ်စစ်ရေယာဉ် BNS Osman အပါအဝင်ဖရီးဂိတ် ၄ စီးပိုင်ဆိုင်လျက်ရှိရာသာမန်အားဖြင့်ဘက်မညီအနေအ ထားဖြစ်နေ ခဲ့သည်။အဆိုပါကာလနောက်ပိုင်းမြန်မာ့တပ်မတော်(ရေ)အနေဖြင့်ခေတ်မီရေတပ်တည်ဆောက်ရေးအစီအစဉ်ကိုအစီအစဉ်တကျအကွက်ကျကျပြင်ဆင်ဆောင်ရွက်လာခဲ့သည်။

ရေတပ်ခေတ်မီတည်ဆောက်ရေးအစီအစဉ်များသည် ပြီးပြည့်စုံသည့်အနေအထား မရောက်ရှိသေးသော်လည်းဘင်္ဂလားဒေ့ရှ်နှင့်မြန်မာရေတပ်အကြားပါဝါဟန်ချက်(Naval Balance of Power)ကွာဟမှုကျဉ်းမြောင်းလာခဲ့ပြီး မြန်မာရေတပ်ဘက်သို့အလေးသာလာနေသည်။’’

Myanmar Defence Review ၏သုံးသပ်ချက်မှန်ကန်သည် ဟုဆိုနိုင်ပါသည်။၂၀၀၈ ခုနှစ်တွင်အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံအကြားပင်လယ်ပြင်ပဋိပက္ခဖြစ်ပွားခဲ့ပါသည်။ဘင်္ဂလားပင်လယ်အော်အတွင်း နှစ်နိုင်ငံစလုံးမှသူပိုင်ငါပိုင်တောင်းဆိုထားသောအငြင်းပွားရေပြင်တွင်မြန်မာဘက်မှတူးဖော်ရေးစီမံကိန်းဆောင်ရွက်မှုမှတစ်ဆင့်အငြင်းပွားမှုစတင်ခဲ့သည်။နှစ် နိုင်ငံရေတပ်စလုံးမှရေတပ်အင်အားပြသမှုများ(Naval Presence)အသီးသီးဆောင်ရွက်ခဲ့ကြသည်။သက်ဆိုင်ရာ ရေတပ်များရှိနေသည့်အတွက်ပြဿနာအား ငြိမ်းချမ်းစွာဖြေရှင်းရန်အခက်ကြုံနေခဲ့ရပြီးဘင်္ဂလားဒေ့ရှ်ဘက်မှ ပါးနပ်သောသံတမန်ရေးရာ(Subtle Diplomacy)အသုံးပြုရေးကိုပြင်ဆင် နေခဲ့သည်။

နှစ်နိုင်ငံရေတပ်များထိပ်တိုက်ရင်ဆိုင်သည့်အနေအထားမှတစ်ဆင့်ဘင်္ဂလားဒေ့ရှ်အစိုးရသည်မြန်မာနိုင်ငံနှင့်ရေကြောင်းဆိုင်ရာအငြင်းပွားမှုအပေါ်အိမ်နီးချင်းနှင့်အခင်မင်မပျက်စေရန် အလို့ငှာငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့်လမ်းကြောင်းကိုရွေးချယ် ခဲ့သည်။အိန္ဒိယနိုင်ငံနှင့်လည်းထိုနည်းတူဖြစ်ပါသည်။

မြန်မာတပ်မတော်အစိုးရသည်၂၀၀၀ ပြည့်နှစ်အစောပိုင်းကတည်းကစတင်လာခဲ့သည့် ရေတပ်အင်အားတိုးချဲ့ရေးအစီအစဉ်ကိုအရှိန်မြှင့်တင်လာခဲ့ပြီးပင်လယ်ပြင်တွင်အင်အားဖြန့်ကျက်ရေးအတွက်ရည်မှန်းခဲ့ပုံရပါသည်။ဘင်္ဂလားဒေ့ရှ်အနေဖြင့်မူမြန်မာနိုင်ငံနှင့်ပိုင်နက်ပင်လယ်အငြင်းပွားမှုအပေါ်၂၀၁၂ ခုနှစ် က ITLOS (International Tribunal for the Law of the Sea)မှတစ်ဆင့်ငြိမ်းချမ်းစွာဖြေရှင်းခဲ့ပြီး၂၀၁၄ ခုနှစ်တွင်လည်း အိန္ဒိယနှင့်ဖြေရှင်းနိုင်ခဲ့သည်။

အဆိုပါအခြေအနေများကိုကြည့်ခြင်းဖြင့်ဘင်္ဂလားဒေ့ရှ်၏ရေပိုင်နက်အငြင်းပွားမှုများအပေါ်ငြိမ်းချမ်းစွာဖြေရှင်းရေးဆောင်ရွက်မှုကိုအထင်အရှားတွေ့မြင်နေရပါသည်။မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံစလုံးအနေဖြင့်ပိုင်နက်နယ်နိမိတ်ဘောင်ခတ်သတ်မှတ် ရန်အတွက်ငြိမ်းချမ်းစွာဖြေရှင်းခြင်းဖြင့်အကူအညီပေးခဲ့သောဘင်္ဂလားဒေ့ရှ်အား နှစ်နိုင်ငံစလုံးမှကျေးဇူးတင်သင့်ပေသည်။

မြန်မာရေတပ်၏ခေတ်မီရေးနှင့်ရေတပ်အင်အားတိုးချဲ့ရေးအ စီအစဉ်သည်အခြားရည်ရွယ်ချက်များလည်းရှိနေသည်။ခေတ် မီ LPD ရေယာဉ်၊ရေငုပ်သင်္ဘော၊အရွယ်အစားကြီးမားသောဖရီးဂိတ်စစ်ရေယာဉ်နှင့်ရေကြောင်းဆိုင်ရာလေကြောင်းကင်းထောက်စွမ်းရည်များအလျင်အမြန်ပိုင်ဆိုင်လာမှုသည်ပင် လယ်ပြင်အတွင်းရေတပ်အင်အားပြသ နိုင်ရေးအတွက်ပြောင်းလဲလာသော ရေတပ်စစ်မဟာဗျူဟာ(Naval Doctrinal Strategy) အခင်းအကျင်းအရဖြစ်နိုင်ပြီးပင်လယ်ပြင်ငြင်းပယ်မှု(Sea Denial)အပေါ်အလျင်အမြန်အာရုံစိုက်လာမှုအ ခြေအနေတစ်ရပ်လည်းဖြစ်သည်။

“အဆိုပါအခင်းအကျင်းများအရဘင်္ဂလားပင်လယ်အော်၏ရေ ကြောင်းဆိုင်ရာလုံခြုံရေးအနေအထားပြောင်းလဲနိုင်မှုဖြစ်လာနိုင်ချေရှိ၊မရှိကိုလေ့လာဆန်းစစ်ရမည်ဖြစ်သည်။”

ဘင်္ဂလားပင်လယ်အော်နိုင်ငံများအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံသည်မြန်မာ၊အိန္ဒိယတို့နှင့်ရေပြင်ချင် းဆက်စပ်နေသည်။မြန်မာနိုင်ငံအနေဖြင့်အိန္ဒိယနှင့်ထိစပ်နေပြီး၊အိန္ဒိယအနေဖြင့်သီရိလင်္ကာနိုင်ငံနှင့်ထိစပ်နေသည်။အဆိုပါနိုင်ငံအားလုံးအနေဖြင့်ဘုံရေပြင်ပိုင်နက်နယ်နိမိတ်တည်ရှိမှုအပေါ်စောဒကတက်ရန်အ ခြေအနေမရှိသော်လည်းအိန္ဒိယနိုင်ငံအနေဖြင့်မူပင်လယ်ရပ် ခြားရည်မှန်းချက်ကြီးကြီးမားမားရှိနေသည်။

လတ်ရှိအချိန်အ ထိပင်လယ်ပြင်တွင်ထူးထူးခြားခြားကျူးကျော်ရန်စမှုများမတွေ့ရှိသေးသော်လည်းကုန်းမြေပေါ်တွင်မူဆန့်ကျင်ဘက်အ နေအထားများကိုတွေ့မြင်နေရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်မြန်မာနိုင်ငံအကြားနယ်နိမိတ်အရေးအ ခင်းသည်၁၉၇၈ ခုနှစ်တွင်မြန်မာစစ်ဘက်အစိုးရ၏တစ်ဖက် သတ်ရန်စလုပ်ဆောင်မှုများမှတစ်ဆင့်စတင်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်အစိုးရ အနေဖြင့်နယ်နိမိတ်ပြဿနာများအပေါ်ငြိမ်းချမ်းစွာဖြေရှင်းရေးမူကိုအစဉ်တစိုက်လုပ်ဆောင်နေခဲ့သည်။ထိုကဲ့သို့ ပြဿနာအားငြိမ်းချမ်းစွာဖြေရှင်းမှုသည်မိမိအင်အားနည်းသဖြင့်အလျှော့ပေးခြင်းမဟုတ်၊သံတမန်ရေးရာအားကောင်းမှုအခြေအနေတစ်ရပ်ကိုညွှန်းဆိုနေခြင်းဖြစ်ပြီးနိုင်ငံတကာ၏ အသိအမှတ်ပြုခံရမှုနှင့်နိုင်ငံရေးအရကျောထောက်နောက်ခံကြီးကြီးမားမားရရှိမှုစသည့်အကျိုးကျေးဇူးများရရှိစေရေးကြိုးပမ်းမှုဟုဆိုနိုင်ပါသည်။

၁၉၇၈ ခုနှစ်ကတည်းကစတင်ခဲ့သည့်မြန်မာဘက်မှတစ်ဖက် သတ်လုပ်ဆောင်မှုများ၏ကွင်းဆက်ဖြစ်သောဘင်္ဂါလီ(သူတို့အခေါ်ရိုဟင်ဂျာ)အရေးအခင်းအား၂၀၁၇ ခုနှစ်တွင်ပြန်လည် အသက်သွင်းလာခဲ့ပါသည်။၂၀၁၇ ခုနှစ်ဘင်္ဂါလီများအားနှင်ထုတ်မှုအဖြစ်အပျက်သည်နယ်စပ်တွင်စစ်ဘက်ပါဝင်ပတ်သက် နေသည့်ကြိုတင်စီစဉ်မှုတစ်ရပ်ဖြစ်သည်။
လုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုင်တွယ်ဖြေရှင်းရာတွင်အရပ်သားအစိုးရအပေါ်လွှမ်းမိုးထားသည့်စစ်ဘက်၏လားရာအမှန်အားခန့်မှန်းရခက်နေသည်။

မည်သို့ပင်ဖြစ်စေအတိတ်ကာလမည်သို့သောအခြေအနေများရှိခဲ့စေကာမူယနေ့မြန်မာ့တပ်မတော်(ရေ)၏ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအပေါ်အကောင်းဖက်ဖြင့်ရှုမြင်နိုင်ပါသည်။စွမ်းဆောင်ရည်မြင့်မားပြီးတာဝန်ယူနိုင်စွမ်းရှိသည့်ရေတပ်တစ်ခုအနေဖြင့်ပင်လယ်ပြင်အတွင်းငြိမ်းချမ်းသောဝန်းကျင်တစ်ခုကိုသာတည်ဆောက်သွားရမည်ဖြစ်ပါကြောင်းဖြင့်ရေး သားဖော်ပြအပ်ပါသည်။

((4 January 2021 ရက်နေ့ထုတ် www.newagebd.net တွင် Mohammad Abdur Razzak ရေးသားသော ‘‘Myanmar Navy’s quick march’’ဆောင်းပါးအားဆီလျော်အောင်ကောက်နှုတ်ဘာသာပြန်ဆိုထားပါသည်။မူရင်းစာရေးသူ၏အာဘော်အတိုင်းသာဘာသာပြန်ဆိုထားခြင်းဖြစ် ပါသည်။Mohammad Abdur Razzak သည်ဘင်္ဂလားဒေ့ရှ် ရေတပ်မှအငြိမ်းစားဗိုလ်မှူးချုပ်တစ်ဦးဖြစ်ပြီးစ စ်ရေးလေ့လာသုံးသပ်ရေးအကြောင်းအရာများရေးသားလျက်ရှိနေသူတစ်ဦးဖြစ်ပါသည်။)) ဘာသာပြန်ဆိုသူ

CRD_နိုင်ငံတကာရေးရာ သတင်း/ဆောင်းပါးများ

zawgyi

၂၀၂၀ ျပည့္ႏွစ္၊ ဒီဇင္ဘာလ ၂၄ ရက္ေန႔တြင္ရန္ကုန္၌ က်င္းပျပဳလုပ္ခဲ့သည့္(၇၃)ႏွစ္ေျမာက္၊တပ္ မေတာ္(ေရ)ေန႔အထိမ္းအ မွတ္စစ္ေရယာဥ္အသစ္မ်ားႏွင့္ေရငုပ္သေဘၤာတပ္ေတာ္ဝင္ပြဲသို႔ျမန္မာ့တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကိုယ္တိုင္တက္ေရာက္ခဲ့ၿပီးဂုဏ္ျပဳမိန႔္ခြန္းေျပာၾကားခဲ့ပါသည္။

ျမန္မာ့တပ္မေတာ္(ေရ)အေနျဖင့္အဆိုပါ(၇၃)ႏွစ္ေျမာက္တပ္ မေတာ္(ေရ)ေန႔တြင္ျမန္မာ့ပထမဆုံးေရငုပ္သေဘၤာ ၁ စီး၊၆၃ မီတာ ASW ေကာ္ဗက္စစ္ေရယာဥ္ ၂ စီး၊၄၉ မီတာကိုယ္ေပ်ာက္ FAC ၁ စီး၊၅၆ မီတာ LCU ၁ စီးႏွင့္ ပင္လယ္သြားတြဲဆြဲေရယာဥ္ ၂ စီးတို႔အားတပ္ေတာ္ဝင္ခဲ့ျခင္းျဖစ္ပါသည္။

တပ္မေတာ္ (ၾကည္း)မွလႊမ္းမိုးထားေသာျမန္မာစစ္ဘက္တြင္ တပ္မေတာ္(ေရ)အေနျဖင့္ေနာက္ရံေနရာမွသာရွိေနခဲ့ရၿပီး ၂၀၀၀ ျပည့္ႏွစ္မတိုင္မီအခ်ိန္ထိခပ္လွ်ိဳလွ်ိဳအေနအထားသာရွိေနခဲ့သည္။ေရတပ္၏အဓိကတာဝန္မွာၾကည္းတပ္၏ ျပည္တြင္းေသာင္းက်န္းမႈႏွိမ္နင္းေရးမ်ားတြင္အေထာက္အကူျပဳႏိုင္မည့္ျမစ္တြင္းစစ္ဆင္ေရးတာဝန္ထမ္းေဆာင္ရန္သာျဖစ္သည္။

၁၉၉၀ ျပည့္ႏွစ္မ်ားတြင္တ႐ုတ္ႏိုင္ငံမွ Hainan Class FAC စစ္ေရယာဥ္မ်ာ းသာရွိခဲ့ၿပီးအဓိကတိုက္စြမ္းအားအျဖစ္အသုံး ျပဳခဲ့သည္ျမန္မာ့တပ္မေတာ္(ေရ)အေနျဖင့္၂၀၀၁ ခုႏွစ္တြင္စတင္တည္ေဆာက္ခဲ့ေသာ ၇၇ မီတာေကာ္ဗက္စစ္ေရယာဥ္ (အေနာ္ရထာ)ႏွင့္၂၀၀၃ ခုႏွစ္ထုတ္စစ္ေရယာဥ္(ဘုရင့္ေနာင္) တို႔ျဖင့္ေခတ္မီေရတပ္တည္ေဆာက္ေရးေျခလွမ္းမ်ားစတင္ လာခဲ့သည္။

သို႔ရာတြင္ေရတပ္၏ေခတ္မီေရးအစီအစဥ္တစ္ရွိန္ထိုးႀကိဳးပမ္းလာမႈကို ၂၀၁၀ မွ ၂၀၂၀ ကာလအတြင္းေတြ႕ျမင္လာခဲ့ရသည္။အဆိုပါကာလတြင္းအဓိကလိုအပ္ေနေသာေရျပင္သြားစစ္ေရယာဥ္မ်ား၊ေရငုပ္သေဘၤာ၊ေဝဟင္ပလတ္ေဖာင္းမ်ားႏွင့္ေခတ္ မီပစၥည္းကိရိယာမ်ားရ ယူပိုင္ဆိုင္လာခဲ့သည္။ေရယာဥ္စုကိုလည္းအဆမတန္တိုးခ်ဲ႕လ်က္ရွိေနသည္။ျပည္တြင္းျဖစ္ေရယာဥ္ တည္ေဆာက္ေရးကိုဆက္တိုက္ေဆာင္႐ြက္ေနၿပီးအထူးသျဖင့္ တန္ခ်ိန္ ၄၀၀၀ ရွိၿပီးေဒါင္လိုက္ပစ္ဒုံးပ်ံမ်ားတပ္ဆင္မည့္ ၁၃၅ မီတာဖရီးဂိတ္စစ္ေရယာဥ္တစ္စီးလည္းအပါအဝင္ျဖစ္သည္။

ဒီဇင္ဘာ ၂၅ ရက္ေန႔တြင္ေဖာ္ျပခဲ့သည့္ျမန္မာ့စစ္ဖက္ေလ့လာ ေစာင့္ၾကည့္ေရးအဖြဲ႕ Myanmar Defence Review ၏အဆိုအရ ‘‘ ျမန္မာေရတပ္၏လ်င္ျမန္ေသာ တိုးတက္ေျပာင္းလဲမႈသည္၂၀၀၈ ခုႏွစ္ဘဂၤလားေဒ့ရွ္ေရတပ္ႏွင့္ပိုင္နက္ေရျပင္အျငင္းပြားမႈမွစတင္လာခဲ့သည္။

၂၀၁၀ ျပည့္ႏွစ္တြင္ျမန္မာ့တပ္မေတာ္(ေရ)တြင္ေရျပင္ပစ္ဒုံးပ်ံမ်ားတပ္ဆင္ထားျခင္းမရွိေသာ ၇၇ မီတာေကာ္ဗက္စစ္ေရယာဥ္၂ စီး၊Houxin Class FAC(ဒုံးပ်ံ)စစ္ေရယာဥ္ ၆ စီး၊အ႐ြယ္အစားေသးငယ္ေသာ FAC (အေျမာက္)စစ္ေရယာဥ္မ်ားႏွင့္အျခားစစ္ေရယာဥ္ငယ္မ်ားသာရွိေနခဲ့သည္။

အျခားတစ္ဖက္ရွိဘဂၤလားေဒ့ရွ္ေရတပ္တြင္မူ ဒုံးပ်ံတင္ဖရီးဂိတ္စစ္ေရယာဥ္ BNS Osman အပါအဝင္ဖရီးဂိတ္ ၄ စီးပိုင္ဆိုင္လ်က္ရွိရာသာမန္အားျဖင့္ဘက္မညီအေနအ ထားျဖစ္ေနခဲ့သည္။အဆိုပါကာလေနာက္ပိုင္းျမန္မာ့တပ္မေတာ္(ေရ)အေနျဖင့္ေခတ္မီေရတပ္တည္ေဆာက္ေရးအစီအစဥ္ကိုအစီအစဥ္တက်အကြက္က်က်ျပင္ဆင္ေဆာင္႐ြက္လာခဲ့သည္။

ေရတပ္ေခတ္မီတည္ေဆာက္ေရးအစီအစဥ္မ်ားသည္ ၿပီးျပည့္စုံသည့္အေနအထားမေရာက္ရွိေသးေသာ္လည္းဘဂၤလားေဒ့ရွ္ႏွင့္ျမန္မာေရတပ္အၾကားပါဝါဟန္ခ်က္(Naval Balance of Power)ကြာဟမႈက်ဥ္းေျမာင္းလာခဲ့ၿပီး ျမန္မာေရတပ္ဘက္သို႔အေလးသာလာေနသည္။’’

Myanmar Defence Review ၏သုံးသပ္ခ်က္မွန္ကန္သည္ ဟုဆိုႏိုင္ပါသည္။၂၀၀၈ ခုႏွစ္တြင္အိမ္နီးခ်င္းဘဂၤလားေဒ့ရွ္ႏွင့္ ျမန္မာႏိုင္ငံအၾကားပင္လယ္ျပင္ပဋိပကၡျဖစ္ပြားခဲ့ပါသည္။ဘဂၤလား ပင္လယ္ေအာ္အတြင္း ႏွစ္ႏိုင္ငံစလုံးမွသူပိုင္ငါပိုင္ေတာင္းဆိုထားေသာအျငင္းပြားေရျပင္တြင္ျမန္မာဘက္မွတူးေဖာ္ေရးစီမံကိန္းေဆာင္႐ြက္မႈမွတစ္ဆင့္အျငင္းပြားမႈစတင္ခဲ့သည္။ႏွစ္ ႏိုင္ငံေရတပ္စလုံးမွေရတပ္အင္အားျပသမႈမ်ား(Naval Presence)အသီးသီးေဆာင္႐ြက္ခဲ့ၾကသည္။သက္ဆိုင္ရာေရတပ္မ်ားရွိေနသည့္အတြက္ျပႆနာအား ၿငိမ္းခ်မ္းစြာေျဖရွင္းရန္အခက္ႀကဳံေနခဲ့ရၿပီးဘဂၤလားေဒ့ရွ္ ဘက္မွ ပါးနပ္ေသာသံတမန္ေရးရာ(Subtle Diplomacy)အသုံးျပဳေရးကိုျပင္ဆင္ ေနခဲ့သည္။

ႏွစ္ႏိုင္ငံေရတပ္မ်ားထိပ္တိုက္ရင္ဆိုင္သည့္အေနအထားမွတစ္ဆင့္ဘဂၤလားေဒ့ရွ္အစိုးရသည္ျမန္မာႏိုင္ငံႏွင့္ေရေၾကာင္းဆိုင္ရာအျငင္းပြားမႈအေပၚအိမ္နီးခ်င္းႏွင့္အခင္မင္မပ်က္ေစရန္ အလို႔ငွာၿငိမ္းခ်မ္းစြာေျဖရွင္းႏိုင္မည့္လမ္းေၾကာင္းကိုေ႐ြးခ်ယ္ ခဲ့သည္။အိႏၵိယႏိုင္ငံႏွင့္လည္းထိုနည္းတူျဖစ္ပါသည္။

ျမန္မာတပ္မေတာ္အစိုးရသည္၂၀၀၀ ျပည့္ႏွစ္အေစာပိုင္းကတည္းကစတင္လာခဲ့သည့္ေရတပ္အင္အားတိုးခ်ဲ႕ေရးအစီအစဥ္ကိုအရွိန္ျမႇင့္တင္လာခဲ့ၿပီးပင္လယ္ျပင္တြင္အင္အားျဖန႔္က်က္ေရးအတြက္ရည္မွန္းခဲ့ပုံရပါသည္။ဘဂၤလားေဒ့ရွ္အေနျဖင့္မူျမန္မာႏိုင္ငံႏွင့္ပိုင္နက္ပင္လယ္အျငင္းပြားမႈအေပၚ၂၀၁၂ ခုႏွစ္ က ITLOS (International Tribunal for the Law of the Sea)မွတစ္ဆင့္ၿငိမ္းခ်မ္းစြာေျဖရွင္းခဲ့ၿပီး၂၀၁၄ ခုႏွစ္တြင္လည္း အိႏၵိယႏွင့္ေျဖရွင္းႏိုင္ခဲ့သည္။

အဆိုပါအေျခအေနမ်ားကိုၾကည့္ျခင္းျဖင့္ဘဂၤလားေဒ့ရွ္၏ေရပိုင္နက္အျငင္းပြားမႈမ်ားအေပၚၿငိမ္းခ်မ္းစြာေျဖရွင္းေရးေဆာင္႐ြက္မႈကိုအထင္အရွားေတြ႕ျမင္ေနရပါသည္။ျမန္မာႏွင့္အိႏၵိယႏွစ္ႏိုင္ငံစလုံးအေနျဖင့္ပိုင္နက္နယ္နိမိတ္ေဘာင္ခတ္သတ္မွတ္ ရန္အတြက္ၿငိမ္းခ်မ္းစြာေျဖရွင္းျခင္းျဖင့္ အကူအညီေပးခဲ့ေသာဘဂၤလားေဒ့ရွ္အား ႏွစ္ႏိုင္ငံစလုံးမွေက်းဇူးတင္သင့္ေပသည္။

ျမန္မာေရတပ္၏ေခတ္မီေရးႏွင့္ေရတပ္အင္အားတိုးခ်ဲ႕ေရးအ စီအစဥ္သည္အျခားရည္႐ြယ္ခ်က္မ်ားလည္းရွိေနသည္။ေခတ္ မီ LPD ေရယာဥ္၊ေရငုပ္သေဘၤာ၊အ႐ြယ္အစားႀကီးမားေသာဖရီးဂိတ္စစ္ေရယာဥ္ႏွင့္ေရေၾကာင္းဆိုင္ရာေလေၾကာင္းကင္းေထာက္စြမ္းရည္မ်ားအလ်င္အျမန္ပိုင္ဆိုင္လာမႈသည္ပင္ လယ္ျပင္အတြင္းေရတပ္အင္အားျပသႏိုင္ေရးအတြက္ေျပာင္းလဲလာေသာ ေရတပ္စစ္မဟာဗ်ဴဟာ(Naval Doctrinal Strategy) အခင္းအက်င္းအရျဖစ္ႏိုင္ၿပီးပင္လယ္ျပင္ျငင္းပယ္မႈ(Sea Denial)အေပၚအလ်င္အျမန္အာ႐ုံစိုက္လာမႈအ ေျခအေနတစ္ရပ္လည္းျဖစ္သည္။

“အဆိုပါအခင္းအက်င္းမ်ားအရဘဂၤလားပင္လယ္ေအာ္၏ေရ ေၾကာင္းဆိုင္ရာလုံၿခဳံေရးအေနအထားေျပာင္းလဲႏိုင္မႈျဖစ္လာႏိုင္ေခ်ရွိ၊မရွိကိုေလ့လာဆန္းစစ္ရမည္ျဖစ္သည္။”

ဘဂၤလားပင္လယ္ေအာ္ႏိုင္ငံမ်ားအတြင္းဘဂၤလားေဒ့ရွ္ႏိုင္ငံသည္ျမန္မာ၊အိႏၵိယတို႔ႏွင့္ေရျပင္ခ်င္းဆက္စပ္ေနသည္။ျမန္မာႏိုင္ငံအေနျဖင့္အိႏၵိယႏွင့္ထိစပ္ေနၿပီး၊အိႏၵိယအေနျဖင့္သီရိလကၤာႏိုင္ငံႏွင့္ထိစပ္ေနသည္။အဆိုပါႏိုင္ငံအားလုံးအေနျဖင့္ဘုံေရျပင္ပိုင္နက္နယ္နိမိတ္တည္ရွိမႈအေပၚေစာဒကတက္ရန္အ ေျခအေနမရွိေသာ္လည္းအိႏၵိယႏိုင္ငံအေနျဖင့္မူပင္လယ္ရပ္ ျခားရည္မွန္းခ်က္ႀကီးႀကီးမားမားရွိေနသည္။

လတ္ရွိအခ်ိန္အ ထိပင္လယ္ျပင္တြင္ထူးထူးျခားျခားက်ဴးေက်ာ္ရန္စမႈမ်ားမေတြ႕ရွိေသးေသာ္လည္းကုန္းေျမေပၚတြင္မူဆန႔္က်င္ဘက္အ ေနအထားမ်ားကိုေတြ႕ျမင္ေနရသည္။

ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္ျမန္မာႏိုင္ငံအၾကားနယ္နိမိတ္အေရးအ ခင္းသည္၁၉၇၈ ခုႏွစ္တြင္ျမန္မာစစ္ဘက္အစိုးရ၏တစ္ဖက္ သတ္ရန္စလုပ္ေဆာင္မႈမ်ားမွတစ္ဆင့္စတင္ခဲ့သည္။

ဘဂၤလားေဒ့ရွ္အစိုးရ အေနျဖင့္နယ္နိမိတ္ျပႆနာမ်ားအေပၚၿငိမ္းခ်မ္းစြာေျဖရွင္းေရးမူကိုအစဥ္တစိုက္လုပ္ေဆာင္ေနခဲ့သည္။ထိုကဲ့သို႔ ျပႆနာအားၿငိမ္းခ်မ္းစြာေျဖရွင္းမႈသည္မိမိအင္အားနည္းသျဖင့္အေလွ်ာ့ေပးျခင္းမဟုတ္၊သံတမန္ေရးရာအားေကာင္းမႈအေျခအေနတစ္ရပ္ကိုၫႊန္းဆိုေနျခင္းျဖစ္ၿပီးႏိုင္ငံတကာ၏ အသိအမွတ္ျပဳခံရမႈႏွင့္ႏိုင္ငံေရးအရေက်ာေထာက္ေနာက္ခံႀကီးႀကီးမားမားရရွိမႈစသည့္အက်ိဳးေက်းဇူးမ်ားရရွိေစေရးႀကိဳးပမ္းမႈဟုဆိုႏိုင္ပါသည္။

၁၉၇၈ ခုႏွစ္ကတည္းကစတင္ခဲ့သည့္ျမန္မာဘက္မွတစ္ဖက္ သတ္လုပ္ေဆာင္မႈမ်ား၏ကြင္းဆက္ျဖစ္ေသာဘဂၤါလီ(သူတို႔အေခၚ႐ိုဟင္ဂ်ာ)အေရးအခင္းအား၂၀၁၇ ခုႏွစ္တြင္ျပန္လည္ အသက္သြင္းလာခဲ့ပါသည္။၂၀၁၇ ခုႏွစ္ဘဂၤါလီမ်ားအားႏွင္ထုတ္မႈအျဖစ္အပ်က္သည္နယ္စပ္တြင္စစ္ဘက္ပါဝင္ပတ္သက္ ေနသည့္ႀကိဳတင္စီစဥ္မႈတစ္ရပ္ျဖစ္သည္။
လုံၿခဳံေရးဆိုင္ရာကိစၥရပ္မ်ားကိုင္ တြယ္ေျဖရွင္းရာတြင္အရပ္သားအစိုးရအေပၚလႊမ္းမိုးထားသည့္စစ္ဘက္၏လားရာအမွန္အားခန႔္မွန္းရခက္ေနသည္။

မည္သို႔ပင္ျဖစ္ေစအတိတ္ကာလမည္သို႔ေသာအေျခအေနမ်ားရွိခဲ့ေစကာမူယေန႔ျမန္မာ့တပ္မေတာ္(ေရ)၏ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေရးအစီအစဥ္မ်ားအေပၚအေကာင္းဖက္ျဖင့္ရႈျမင္ႏိုင္ပါသည္။စြမ္းေဆာင္ရည္ျမင့္မားၿပီးတာဝန္ယူႏိုင္စြမ္းရွိသည့္ေရတပ္တစ္ခုအေနျဖင့္ပင္လယ္ျပင္အတြင္းၿငိမ္းခ်မ္းေသာဝန္းက်င္တစ္ခုကိုသာတည္ေဆာက္သြားရမည္ျဖစ္ပါေၾကာင္းျဖင့္ေရး သားေဖာ္ျပအပ္ပါသည္။

((4 January 2021 ရက္ေန႔ထုတ္ www.newagebd.net တြင္ Mohammad Abdur Razzak ေရးသားေသာ ‘‘Myanmar Navy’s quick march’’ေဆာင္းပါးအားဆီေလ်ာ္ေအာင္ေကာက္ႏႈတ္ဘာသာျပန္ဆိုထားပါသည္။မူရင္းစာေရးသူ၏အာေဘာ္အတိုင္းသာဘာသာျပန္ဆိုထားျခင္းျဖစ္ ပါသည္။Mohammad Abdur Razzak သည္ဘဂၤလားေဒ့ရွ္ ေရတပ္မွအၿငိမ္းစားဗိုလ္မႉး ခ်ဳပ္တစ္ဦးျဖစ္ၿပီးစစ္ေရးေလ့လာသုံးသပ္ေရးအေၾကာင္းအရာမ်ားေရးသားလ်က္ရွိေနသူတစ္ဦးျဖစ္ပါသည္။)) ဘာသာျပန္ဆိုသူ

CRD_ႏိုင္ငံတကာေရးရာ သတင္း/ေဆာင္းပါးမ်ား

Leave a Reply

Your email address will not be published. Required fields are marked *