အင္ဒိုနီးရွား ခရီးသည္ေလယာဥ္နဲ႔ အဆက္အသြယ္ျပတ္ေတာက္၊ ပ်က္က်သြားေၾကာင္း သတင္းထြက္ေပၚ

အင်ဒိုနီးရှားလေကြောင်းလိုင်း Sriwijaya Air ရဲ့ ခရီးသည်တင်လေယာဉ်တစ်စီးနဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း သိရပါတယ်။

အင်ဒိုနီးရှားမြို့တော် ဂျကာတာမြို့မှ West Kalimantan ပြည်နယ် Pontianak မြို့သို့ ယနေ့ (ဇန်နဝါရီ ၉ ရက်) လေကြောင်းခရီးစဉ် ပျံသန်းသွားတဲ့ Boeing 737 ခရီးသည်တင်လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။ လေယာဉ်ပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် Flightradar24 က ဖော်ပြထားမှုအရ လေကြောင်းခရီးစဉ်အမှတ် SJ182 လေယာဉ်ဟာ ဂျကာတာမြောက်ဘက် ကမ်းလွန်နေရာ အမြင့်ပေ ၁၀,၀၀၀ အထက်မှာ ပျံသန်းမှုစောင့်ကြည့်စနစ်ကနေ ပျောက်သွားခဲ့တယ်လို့ သိရပါတယ်။

ခရီးသည်တင်လေယာဉ်နဲ့ အဆက်အသွယ် ပြတ်တောက်သွားမှုအပေါ် အသေးစိတ် အချက်အလက်များ စုဆောင်းနေဆဲဖြစ်ကြောင်း Sriwijaya Air လေကြောင်းလိုင်းရဲ့ ကနဦး ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ အဆိုပါ လေယာဉ်ပေါ်မှာ ကလေးခုနစ်ဦး အပါအဝင် ခရီးသည် ၅၆ ဦးနဲ့ ‌လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါသွားကြောင်း Metro TV သတင်းက ဖော်ပြပါတယ်။ China Daily သတင်းကတော့ ခရီးသည်တင်လေယာဉ်ဟာ ဂျကာတာကမ်းလွန် ရေပြင်ထဲသို့ ပျက်ကျသွားခဲ့ကြောင်း ပြောထားပါတယ်။

(လတ်တလော သတင်းဖြစ်ရပ်ဖြစ်ပြီး နောက်ဆက်တွဲသတင်း ဆက်လက် ဖော်ပြသွားပါမည်)crd

zawgyi

အင္ဒိုနီးရွားေလေၾကာင္းလိုင္း Sriwijaya Air ရဲ႕ ခရီးသည္တင္ေလယာဥ္တစ္စီးနဲ႔ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့ေၾကာင္း သိရပါတယ္။

အင္ဒိုနီးရွားၿမိဳ႕ေတာ္ ဂ်ကာတာၿမိဳ႕မွ West Kalimantan ျပည္နယ္ Pontianak ၿမိဳ႕သို႔ ယေန႔ (ဇန္နဝါရီ ၉ ရက္) ေလေၾကာင္းခရီးစဥ္ ပ်ံသန္းသြားတဲ့ Boeing 737 ခရီးသည္တင္ေလယာဥ္နဲ႔ အဆက္အသြယ္ ျပတ္ေတာက္သြားခဲ့တာ ျဖစ္ပါတယ္။ ေလယာဥ္ပ်ံသန္းမႈ ေစာင့္ၾကည့္ဝက္ဘ္ဆိုက္ Flightradar24 က ေဖာ္ျပထားမႈအရ ေလေၾကာင္းခရီးစဥ္အမွတ္ SJ182 ေလယာဥ္ဟာ ဂ်ကာတာေျမာက္ဘက္ ကမ္းလြန္ေနရာ အျမင့္ေပ ၁၀,၀၀၀ အထက္မွာ ပ်ံသန္းမႈေစာင့္ၾကည့္စနစ္ကေန ေပ်ာက္သြားခဲ့တယ္လို႔ သိရပါတယ္။

ခရီးသည္တင္ေလယာဥ္နဲ႔ အဆက္အသြယ္ ျပတ္ေတာက္သြားမႈအေပၚ အေသးစိတ္ အခ်က္အလက္မ်ား စုေဆာင္းေနဆဲျဖစ္ေၾကာင္း Sriwijaya Air ေလေၾကာင္းလိုင္းရဲ႕ ကနဦး ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။ အဆိုပါ ေလယာဥ္ေပၚမွာ ကေလးခုနစ္ဦး အပါအဝင္ ခရီးသည္ ၅၆ ဦးနဲ႔ ‌ေလယာဥ္အမႈထမ္း ၆ ဦး လိုက္ပါသြားေၾကာင္း Metro TV သတင္းက ေဖာ္ျပပါတယ္။ China Daily သတင္းကေတာ့ ခရီးသည္တင္ေလယာဥ္ဟာ ဂ်ကာတာကမ္းလြန္ ေရျပင္ထဲသို႔ ပ်က္က်သြားခဲ့ေၾကာင္း ေျပာထားပါတယ္။

(လတ္တေလာ သတင္းျဖစ္ရပ္ျဖစ္ၿပီး ေနာက္ဆက္တြဲသတင္း ဆက္လက္ ေဖာ္ျပသြားပါမည္)crd

Leave a Reply

Your email address will not be published. Required fields are marked *