တစ္ေခတ္တစ္ခါ မဟာရန္ကုန္…ပန္းဆိုးတန္းလမ္းက ေသနတ္ေရာင္းတဲ့ဆိုင္မ်ား….

ဖယ္ယာလမ္း(phayre street) လို႔ အရင္က ေခၚတဲ့ ပန္းဆိုးတန္းလမ္းမွာ ထင္ရွားတဲ့ အေဆာက္အအုံ ေတြ အမ်ားႀကီးရွိပါတယ္။Sofaer အေဆာက္အအုံ ေတြ၊ ျမန္မာ့ဆိပ္ကမ္းအာဏာပိုင္၊ Irrawaddy Flotilla စတဲ့ အထင္ကရေနရာေတြ။

က်ယ္က်ယ္ လြန႔္လြန႔္ရွိၿပီး သာသာယာယာလမ္းေလွ်ာက္ႏိုင္တဲ့ပန္းဆိုးတန္းလမ္း။ လမ္းေလွ်ာက္ရင္းနဲ႔ ကိုယ့္ကိုကိုယ္သမိုင္းထဲမွာ ႏွစ္ျမႇဳပ္ ထားလို႔လည္း ရပါတယ္။

ပန္းဆိုးတန္းဆိုတဲ့လမ္းအမည္က သူ႔အနီးအနားမွာ ေန တဲ့ သူေတြရဲ႕ အလုပ္အကိုင္ေၾကာင့္ အဲဒီ အမည္ နာမ အသုံးတြင္လာခဲ့တာပါ။ျမန္မာစကားလုံး အဓိပၸါယ္အရ “ပန္းဆိုးတန္း” ဆိုတာ အဝတ္အစားေတြေဆးဆိုးပန္း႐ိုက္လုပ္တာကို ဆိုလို ပါတယ္။

ေဆးဆိုးပန္း႐ိုက္လုပ္ငန္း လုပ္ကိုင္သူေတြေန တဲ့လမ္း၊ ပန္းဆိုးတန္းလမ္းေပါ့။ ေနာက္ပိုင္းေတာ့ ဒီလမ္းကို ေအာက္ျမန္မာျပည္ ေကာ္မရွင္နာ မင္းႀကီး ဆာအာသာဖယ္ယာကို အစြဲ ျပဳၿပီး ဖယ္ယာလမ္း လို႔ အမည္ေျပာင္းခဲ့ပါတယ္။

လမ္းရဲ႕ အေပၚဘေလာက္မွာ ျပဇာတ္႐ုံေတြ ရွိလာေပမဲ့လို႔ လူေတြကလမ္းကို ပန္းဆိုးတန္း လို႔သာပိုၿပီး ေခၚဆိုခဲ့ၾကတယ္။အဲဒီ ပန္းဆိုးတန္းလမ္းေပၚမွာ လက္နက္နဲ႔ ခဲယမ္း မီးေက်ာက္ေတြ ေရာင္းတဲ့ဆိုင္ အနည္းဆုံး ႏွစ္ဆိုင္ ရွိခဲ့တယ္ဆိုတာ ယေန႔ေခတ္လူတို႔ သိပ္မသိၾက ပါဘူး။

အဲဒီဆိုင္ေတြကေတာ့ အမွတ္ ၁၄၆၊ ဖယ္ယာလမ္း က Messrs Burma Arms and Ammunition ဆိုင္နဲ႔ အမွတ္ ၁၂၈၊ ဖယ္ယာလမ္းက YE. Modan Bros Ltd (ဝိုင္အီး မိုဒန္း ဘရားသား ဆိုင္) တို႔ ျဖစ္ ပါတယ္။

အဲဒီေခတ္အခါက ၿဗိတိသွ်ေတြအတြက္ အမဲလိုက္တာ ဟာ အထူးအဆန္း မဟုတ္ပါဘူး။ အမဲလိုက္ႏိုင္ဖို႔ အတြက္ လက္နက္နဲ႔ ခဲယမ္းမီးေက်ာက္ေတြ ရွိဖို႔လို ပါတယ္။လက္နက္ဆိုင္ေတြက ပစၥတို၊ေျခာက္လုံးျပဴး၊ ႐ိုင္ဖယ္၊ ေျပာင္းေခ်ာေသနတ္၊ေလေသနတ္နဲ႔ က်ည္မ်ိဳးစုံ… စသျဖင့္ လက္နက္ခဲယမ္းမ်ိဳးစုံကိုေရာင္းခ်ေပးပါတယ္။

လက္နက္ေရာင္းခ်တဲ့လုပ္ငန္းဟာ အခ်ိန္တိုအတြင္း ရန္ကုန္နဲ႔ ျမန္မာႏိုင္ငံ တျခားအရပ္ေဒသေတြက ေဖာက္သည္ေကာင္းေတြ အမ်ားအျပားရခဲ့ပါတယ္။

၂၀ ရာစု အေစာပိုင္းမွာ ေမာ္လၿမိဳင္နဲ႔ရန္ကုန္ၿမိဳ႕ေတြ က ပင္လယ္ဆိပ္ကမ္းၿမိဳ႕ေတြျဖစ္လာခဲ့ၿပီး အမဲလိုက္သူေတြ နဲ႔ တျခားေသနတ္အသုံးျပဳသူေတြ ရဲ႕ လိုအပ္ခ်က္ကို ျဖည့္ဖို႔ လက္နက္ဆိုင္တစ္ဆိုင္ကို ဖြင့္လွစ္ခဲ့ပါတယ္။

အဲဒီတုန္းက YE. Modan Bros က ရန္ကုန္မွာ လူသိ မ်ားတဲ့ လက္နက္အေရာင္းဆိုင္ျဖစ္ပါတယ္။အခု အခါ ဒီေလးထပ္အေဆာက္အအုံရဲ႕ ေျမညီထပ္မွာ OS စာအုပ္ အေဟာင္းဆိုင္နဲ႔ GEC သမဝါယမလက္လီအေရာင္း ဆိုင္ေတြ ဖြင့္လွစ္ထားပါတယ္။

အေဆာက္အအုံရဲ႕ အဝင္မွာ စက်င္ေက်ာက္သားနဲ႔ လုပ္ထားတဲ့ ေလွကားထစ္ေတြရွိၿပီး စာအုပ္အေဟာင္း ဆိုင္ရဲ႕ ေျမညီထပ္ခန္းမမွာေတာ့ ေႂကြျပားေတြ မူလ လက္ရာမပ်က္ဘဲရွိပါေသးတယ္။

အေဆာက္အအုံမွာ အသုံးျပဳလို႔ မရေတာ့တဲ့ ဓါတ္ေလွကား တစ္ခုရွိၿပီး ဒီအေဆာက္အအုံႀကီးရဲ႕ တစ္ခ်ိန္က ထည္ဝါမႈျပယုဂ္ တစ္ခုအျဖစ္ က်န္ရွိေန ပါေသးတယ္။

အဲဒီေခတ္မွာေတာင္ ရန္ကုန္မွာ ေသနတ္ဆိုင္ဖြင့္ဖို႔ ဆိုတာက စြန႔္စားရတဲ့ အလုပ္တစ္ခုျဖစ္ခဲ့ပါတယ္။ဘာျဖစ္လို႔လဲဆိုေတာ့ ရန္ကုန္မွာ အမ်ားဆုံးလုပ္ကိုင္ ၾကတာက ကုန္သြယ္ေရး၊ ဘဏ္လုပ္ငန္း၊ ေရေၾကာင္း ပို႔ေဆာင္ေရးနဲ႔ အာမခံလုပ္ငန္းေတြသာ ျဖစ္လို႔ပါ။

ဒါေပမဲ့ ကိုလိုနီအရာရွိႀကီးေတြနဲ႔ အုပ္ခ်ဳပ္ေရးမႉးေတြ ကိုေတာ့ ဖြင့္ခြင့္ေပးခဲ့ပါတယ္။ဒီလိုလူေတြအတြက္ ေသနတ္တစ္လက္ရွိထားျခင္းဟာ မိမိကိုယ္ကိုယ္ ကာကြယ္ဖို႔၊ ဒါမွမဟုတ္ ႏိုင္ငံ အတြင္း လွည့္လည္ခရီးသြားၾကတဲ့အခါ က်ား၊ ကြၽဲ၊ သမင္ စတဲ့ တိရစာၦန္ေတြကို အမဲလိုက္ဖို႔အတြက္ ျဖစ္ပါတယ္။

အဂၤလိပ္လို ထုတ္ေဝတဲ့ သတင္းစာအေဟာင္းေတြကို ဖတ္ၾကည့္မယ္ဆိုရင္ ပန္းဆိုးတန္းလမ္းတေလွ်ာက္က ေသနတ္ဆိုင္ေတြရဲ႕ ေၾကာ္ျငာေတြကို စာဖတ္သူေတြ ျမင္ေတြ႕ႏိုင္ပါတယ္။

လက္နက္ေတြကို အလြယ္တကူ ဝယ္ယူရရွိႏိုင္ရာက တစ္ဆင့္ ရာဇဝတ္မႈေတြ က်ဴးလြန္ႏိုင္တာေၾကာင့္ မလိုလားအပ္တဲ့ အေျခအေနေတြကို ကာကြယ္ႏိုင္ဖို႔ အတြက္ ေသနတ္နဲ႔ခဲယမ္းမီးေက်ာက္ေတြ ေရာင္းခ်မႈ ကို အစိုးရက ေဈးႏႈန္းျမႇင့္တင္ျခင္းျဖင့္ ထိန္းခ်ဳပ္ဖို႔ဆိုၿပီး ဗမာကုန္သည္ႀကီးမ်ားအသင္းက ေပးပို႔တဲ့ အႀကံျပဳစာ တစ္ေစာင္ကို ၁၉၁၃ ခုႏွစ္၊ ဒီဇင္ဘာ ၉ ရက္ေန႔ထုတ္ သူရိယသတင္းစာမွာ ေဖာ္ျပခဲ့ ပါတယ္။

YE. Modan Bros လက္နက္တိုက္ႀကီးကို ျမန္မာႏိုင္ငံ လြတ္လပ္ေရးမရခင္ အခ်ိန္ကာလအထိ ဖြင့္ခဲ့ပါတယ္။

အဲဒီေနာက္မွာေတာ့ ေဈးကြက္က်ဆင္းၿပီး လက္နက္ ပိုင္ဆိုင္မႈအေပၚ ကန႔္သတ္ခ်က္ေတြ တိုးျမႇင့္လိုက္တာ ေၾကာင့္ ပိတ္လိုက္ရပါတယ္။ဒီေခတ္ လူေတာ္ေတာ္မ်ားမ်ားကေတာ့ YE. Modan Bros လက္နက္တိုက္ႀကီး ပန္းဆိုးတန္းလမ္းမွာတည္ရွိ ခဲ့တာကို မသိၾကေတာ့ပါဘူး။

ေရွးေခတ္လူႀကီးေတြကေတာ့ အမ်ိဳးသားေတြက ေနာက္ေဖးလမ္းၾကားေတြမွာ ငွက္ပစ္ထြက္တဲ့အခါ အထူးသျဖင့္ ခိုေတြကို ေလေသနတ္ကိုင္ၿပီး ပစ္ခြင့္ရခဲ့ တဲ့တစ္ခ်ိန္က ရန္ကုန္ၿမိဳ႕ႀကီးကို သတိရေကာင္း ရေန ပါလိမ့္မယ္။ေလာက္ေလးခြကိုင္ၿပီး ငွက္ပစ္ၾကတဲ့ လူငယ္ေတြကေတာ့ သူတို႔ေတြကို အားက်ၿပီးၾကည့္ေန ခဲ့ၾကမွာပါ။

၁၉၅၁ ခုႏွစ္မွာ ထုတ္ျပန္ခဲ့တဲ့ ဥပေဒက လက္နက္နဲ႔ ေပါက္ကြဲေစတတ္တဲ့ ပစၥည္းမ်ား ပိုင္ဆိုင္မႈကို တားျမစ္ ခဲ့ၿပီး ႏိုင္ငံအတြင္း ကိုယ္ပိုင္ေသနတ္ကိုင္ေဆာင္ျခင္းကို အဆုံးသတ္ေစခဲ့ပါတယ္။

အက်ိဳးဆက္ကေတာ့ ပန္းဆိုးတန္းလမ္းမွာရွိတဲ့ ေသနတ္ဆိုင္ကို ပိတ္ပစ္ လိုက္ရျခင္းပဲ ျဖစ္ပါတယ္။မူရင္း ေရးသားသူ_ဆန္းလင္းထြန္း အားေလးစားစြာ ခရက္ဒစ္ ေပးပါသည္။

(ဆန္းလင္းထြန္းသည္ ေဆာင္းပါး၊ ကဗ်ာ၊ ဝတၳဳတို ႏွင့္ ဝတၳဳရွည္မ်ားကို အဂၤလိပ္-ျမန္မာ ႏွစ္ဘာသာျဖင့္ ေရးသား ေသာ အလြတ္တန္းစာေရးဆရာတစ္ေယာက္ ျဖစ္သည္။)

CRD_ThawZinAung

ဖယ်ယာလမ်း(phayre street) လို့ အရင်က ခေါ်တဲ့ ပန်းဆိုးတန်းလမ်းမှာ ထင်ရှားတဲ့ အဆောက်အအုံ တွေ အများကြီးရှိပါတယ်။Sofaer အဆောက်အအုံ တွေ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ Irrawaddy Flotilla စတဲ့ အထင်ကရနေရာတွေ။

ကျယ်ကျယ် လွန့်လွန့်ရှိပြီး သာသာယာယာလမ်းလျှောက်နိုင်တဲ့ပန်းဆိုးတန်းလမ်း။ လမ်းလျှောက်ရင်းနဲ့ ကိုယ့်ကိုကိုယ်သမိုင်းထဲမှာ နှစ်မြှုပ် ထားလို့လည်း ရပါတယ်။

ပန်းဆိုးတန်းဆိုတဲ့လမ်းအမည်က သူ့အနီးအနားမှာ နေ တဲ့ သူတွေရဲ့ အလုပ်အကိုင်ကြောင့် အဲဒီ အမည် နာမ အသုံးတွင်လာခဲ့တာပါ။မြန်မာစကားလုံး အဓိပ္ပါယ်အရ “ပန်းဆိုးတန်း” ဆိုတာ အဝတ်အစားတွေဆေးဆိုးပန်းရိုက်လုပ်တာကို ဆိုလို ပါတယ်။

ဆေးဆိုးပန်းရိုက်လုပ်ငန်း လုပ်ကိုင်သူတွေနေ တဲ့လမ်း၊ ပန်းဆိုးတန်းလမ်းပေါ့။ နောက်ပိုင်းတော့ ဒီလမ်းကို အောက်မြန်မာပြည် ကော်မရှင်နာ မင်းကြီး ဆာအာသာဖယ်ယာကို အစွဲ ပြုပြီး ဖယ်ယာလမ်း လို့ အမည်ပြောင်းခဲ့ပါတယ်။

လမ်းရဲ့ အပေါ်ဘလောက်မှာ ပြဇာတ်ရုံတွေ ရှိလာပေမဲ့လို့ လူတွေကလမ်းကို ပန်းဆိုးတန်း လို့သာပိုပြီး ခေါ်ဆိုခဲ့ကြတယ်။အဲဒီ ပန်းဆိုးတန်းလမ်းပေါ်မှာ လက်နက်နဲ့ ခဲယမ်း မီးကျောက်တွေ ရောင်းတဲ့ဆိုင် အနည်းဆုံး နှစ်ဆိုင် ရှိခဲ့တယ်ဆိုတာ ယနေ့ခေတ်လူတို့ သိပ်မသိကြ ပါဘူး။

အဲဒီဆိုင်တွေကတော့ အမှတ် ၁၄၆၊ ဖယ်ယာလမ်း က Messrs Burma Arms and Ammunition ဆိုင်နဲ့ အမှတ် ၁၂၈၊ ဖယ်ယာလမ်းက YE. Modan Bros Ltd (ဝိုင်အီး မိုဒန်း ဘရားသား ဆိုင်) တို့ ဖြစ် ပါတယ်။

အဲဒီခေတ်အခါက ဗြိတိသျှတွေအတွက် အမဲလိုက်တာ ဟာ အထူးအဆန်း မဟုတ်ပါဘူး။ အမဲလိုက်နိုင်ဖို့ အတွက် လက်နက်နဲ့ ခဲယမ်းမီးကျောက်တွေ ရှိဖို့လို ပါတယ်။လက်နက်ဆိုင်တွေက ပစ္စတို၊ခြောက်လုံးပြူး၊ ရိုင်ဖယ်၊ ပြောင်းချောသေနတ်၊လေသေနတ်နဲ့ ကျည်မျိုးစုံ… စသဖြင့် လက်နက်ခဲယမ်းမျိုးစုံကိုရောင်းချပေးပါတယ်။

လက်နက်ရောင်းချတဲ့လုပ်ငန်းဟာ အချိန်တိုအတွင်း ရန်ကုန်နဲ့ မြန်မာနိုင်ငံ တခြားအရပ်ဒေသတွေက ဖောက်သည်ကောင်းတွေ အများအပြားရခဲ့ပါတယ်။

၂၀ ရာစု အစောပိုင်းမှာ မော်လမြိုင်နဲ့ရန်ကုန်မြို့တွေ က ပင်လယ်ဆိပ်ကမ်းမြို့တွေဖြစ်လာခဲ့ပြီး အမဲလိုက်သူတွေ နဲ့ တခြားသေနတ်အသုံးပြုသူတွေ ရဲ့ လိုအပ်ချက်ကို ဖြည့်ဖို့ လက်နက်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။

အဲဒီတုန်းက YE. Modan Bros က ရန်ကုန်မှာ လူသိ များတဲ့ လက်နက်အရောင်းဆိုင်ဖြစ်ပါတယ်။အခု အခါ ဒီလေးထပ်အဆောက်အအုံရဲ့ မြေညီထပ်မှာ OS စာအုပ် အဟောင်းဆိုင်နဲ့ GEC သမဝါယမလက်လီအရောင်း ဆိုင်တွေ ဖွင့်လှစ်ထားပါတယ်။

အဆောက်အအုံရဲ့ အဝင်မှာ စကျင်ကျောက်သားနဲ့ လုပ်ထားတဲ့ လှေကားထစ်တွေရှိပြီး စာအုပ်အဟောင်း ဆိုင်ရဲ့ မြေညီထပ်ခန်းမမှာတော့ ကြွေပြားတွေ မူလ လက်ရာမပျက်ဘဲရှိပါသေးတယ်။

အဆောက်အအုံမှာ အသုံးပြုလို့ မရတော့တဲ့ ဓါတ်လှေကား တစ်ခုရှိပြီး ဒီအဆောက်အအုံကြီးရဲ့ တစ်ချိန်က ထည်ဝါမှုပြယုဂ် တစ်ခုအဖြစ် ကျန်ရှိနေ ပါသေးတယ်။

အဲဒီခေတ်မှာတောင် ရန်ကုန်မှာ သေနတ်ဆိုင်ဖွင့်ဖို့ ဆိုတာက စွန့်စားရတဲ့ အလုပ်တစ်ခုဖြစ်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်မှာ အများဆုံးလုပ်ကိုင် ကြတာက ကုန်သွယ်ရေး၊ ဘဏ်လုပ်ငန်း၊ ရေကြောင်း ပို့ဆောင်ရေးနဲ့ အာမခံလုပ်ငန်းတွေသာ ဖြစ်လို့ပါ။

ဒါပေမဲ့ ကိုလိုနီအရာရှိကြီးတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ကိုတော့ ဖွင့်ခွင့်ပေးခဲ့ပါတယ်။ဒီလိုလူတွေအတွက် သေနတ်တစ်လက်ရှိထားခြင်းဟာ မိမိကိုယ်ကိုယ် ကာကွယ်ဖို့၊ ဒါမှမဟုတ် နိုင်ငံ အတွင်း လှည့်လည်ခရီးသွားကြတဲ့အခါ ကျား၊ ကျွဲ၊ သမင် စတဲ့ တိရစ္ဆာန်တွေကို အမဲလိုက်ဖို့အတွက် ဖြစ်ပါတယ်။

အင်္ဂလိပ်လို ထုတ်ဝေတဲ့ သတင်းစာအဟောင်းတွေကို ဖတ်ကြည့်မယ်ဆိုရင် ပန်းဆိုးတန်းလမ်းတလျှောက်က သေနတ်ဆိုင်တွေရဲ့ ကြော်ငြာတွေကို စာဖတ်သူတွေ မြင်တွေ့နိုင်ပါတယ်။

လက်နက်တွေကို အလွယ်တကူ ဝယ်ယူရရှိနိုင်ရာက တစ်ဆင့် ရာဇဝတ်မှုတွေ ကျူးလွန်နိုင်တာကြောင့် မလိုလားအပ်တဲ့ အခြေအနေတွေကို ကာကွယ်နိုင်ဖို့ အတွက် သေနတ်နဲ့ခဲယမ်းမီးကျောက်တွေ ရောင်းချမှု ကို အစိုးရက ဈေးနှုန်းမြှင့်တင်ခြင်းဖြင့် ထိန်းချုပ်ဖို့ဆိုပြီး ဗမာကုန်သည်ကြီးများအသင်းက ပေးပို့တဲ့ အကြံပြုစာ တစ်စောင်ကို ၁၉၁၃ ခုနှစ်၊ ဒီဇင်ဘာ ၉ ရက်နေ့ထုတ် သူရိယသတင်းစာမှာ ဖော်ပြခဲ့ ပါတယ်။

YE. Modan Bros လက်နက်တိုက်ကြီးကို မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် အချိန်ကာလအထိ ဖွင့်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ဈေးကွက်ကျဆင်းပြီး လက်နက် ပိုင်ဆိုင်မှုအပေါ် ကန့်သတ်ချက်တွေ တိုးမြှင့်လိုက်တာ ကြောင့် ပိတ်လိုက်ရပါတယ်။ဒီခေတ် လူတော်တော်များများကတော့ YE. Modan Bros လက်နက်တိုက်ကြီး ပန်းဆိုးတန်းလမ်းမှာတည်ရှိ ခဲ့တာကို မသိကြတော့ပါဘူး။

ရှေးခေတ်လူကြီးတွေကတော့ အမျိုးသားတွေက နောက်ဖေးလမ်းကြားတွေမှာ ငှက်ပစ်ထွက်တဲ့အခါ အထူးသဖြင့် ခိုတွေကို လေသေနတ်ကိုင်ပြီး ပစ်ခွင့်ရခဲ့ တဲ့တစ်ချိန်က ရန်ကုန်မြို့ကြီးကို သတိရကောင်း ရနေ ပါလိမ့်မယ်။လောက်လေးခွကိုင်ပြီး ငှက်ပစ်ကြတဲ့ လူငယ်တွေကတော့ သူတို့တွေကို အားကျပြီးကြည့်နေ ခဲ့ကြမှာပါ။

၁၉၅၁ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ဥပဒေက လက်နက်နဲ့ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းများ ပိုင်ဆိုင်မှုကို တားမြစ် ခဲ့ပြီး နိုင်ငံအတွင်း ကိုယ်ပိုင်သေနတ်ကိုင်ဆောင်ခြင်းကို အဆုံးသတ်စေခဲ့ပါတယ်။

အကျိုးဆက်ကတော့ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ သေနတ်ဆိုင်ကို ပိတ်ပစ် လိုက်ရခြင်းပဲ ဖြစ်ပါတယ်။မူရင်း ရေးသားသူ_ဆန်းလင်းထွန်း အားလေးစားစွာ ခရက်ဒစ် ပေးပါသည်။

(ဆန်းလင်းထွန်းသည် ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို နှင့် ဝတ္ထုရှည်များကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ရေးသား သော အလွတ်တန်းစာရေးဆရာတစ်ယောက် ဖြစ်သည်။)

CRD_ThawZinAung.

Leave a Reply

Your email address will not be published. Required fields are marked *