










Unicode

အိန္ဒိယ-တရုတ်တင်းမာမှုများဖြစ်ပွားနေစဉ်အတွင်း USN မှ 127 MM အမြောက်များအား အိန္ဒိယရေတပ်သို့ လွှဲပြောင်း

US Navy က အိန္ဒိယရေတပ်သို့ ၎င်းတို့ ကိုယ်ပိုင်အသုံးပြုနေသောစာရင်းထဲမှ 127 mm အမြောက် ၃လက်အား လွှဲပြောင်းပေးတော့မှာ ဖြစ်ပါတယ်။

အဆိုပါ အမြောက်များအား အိန္ဒိယက ၎င်းတို့၏ Vishakhaptnam Class ဖျက်သင်္ဘောအပါအဝင်

ရေယာဉ်ကြီးများတွင် တပ်ဆင်အသုံးပြုရန် Rs ကုဋေ ၃၈၀၀ ဖြင့် ၁၁ လက် မှာယူထားရာ တရုတ်-အိန္ဒိယ Ladakh အရေးဖြစ်ပွားနေစဉ်တွင်

ယခုကဲ့သို့ ၃လက်အား စောလျင်စွာ ပေးအပ်လာတော့မှာ ဖြစ်ပါတယ်။

အဆိုပါ 5 in(127mm) 62-caliber Mk 45 Mod 4 သည် အကွာအဝေး ရေမိုင် ၂၀ ကျော်ထိ ပစ်ခတ်နိုင်ပြီး

USN ၏ Cargo Projectile အသစ်နဲ့ အဆင့်မြင့် အားမြှင့်ယမ်းအား အသုံးပြုထားသော လက်နက်တစ်မျိုးလည်း ဖြစ်ပါတယ်။

အိန္ဒိယရေတပ်အနေနဲ့ ယခင်ရုရှားမှ လက်နက်စနစ်များသာမက Seaking ရဟတ်ယာဉ်များကိုပါ MH 60 Remeo များနဲ့

အစားထိုးပြောင်းလဲအသုံးပြုမှုများ ပြုလုပ်လာခဲ့တာပါ။မကြာမီတွင်လည်း US လုပ် Predator Drome များ ပိုင်ဆိုင်တော့မှာ ဖြစ်ပါတယ်။

CRD_Expand Your Knowledge

Leave a Reply

Your email address will not be published. Required fields are marked *