LIBERAL လစ် ဘ ရယ် ဆို တာ ဒီ လို…
Thanks for reading.
UNICODE
Wisconsin ပြည်နယ်က ထောင်သားတစ်ဦးဖြစ်တဲ့ Mark Allen Campbell ဟာ မိန်းမ ဘဝအဖြစ်ကိုပြောင်းလဲချင်နေတာကြာပါပြီ။ဖြတ်ဖောက်ချုပ် လုပ်ချင်တယ်ပေါ့။သူ့ကို မိန်းမနာမည်ဖြစ်တဲ့ Nicole Rose Campbell လို့ ခေါ်မှကြိုက် တယ်ဆိုပဲ။သူဟာ 2007 ကတည်း က ထောင်ဒဏ် 34 နှစ် ချခံထားရသူဖြစ်ပါတယ်။2013 ကတည်းက မိန်းမဘဝကိုပြောင်း ဖို့ တောင်းဆိုခဲ့ပေမယ့် တရားရုံးက ငြင်းပယ်ခဲ့ပါတယ်။2016 မှာ နောက်တစ်ကြိမ် တောင်းဆိုတာဖြစ်ပြီး 2020 Nov လဆန်းမှာ Federal တရားသူကြီးဖြစ်တဲ့ James Pererson က ခွင့်ပြုလိုက်ပါပြီ။
ဒါ့အပြင် ကုန်ကျစားရိတ်အားလုံးကို ပြည်သူတွေထည့်ဝင်ထားတဲ့ အခွန်ငွေထဲက ပေးရမယ်ဆိုတဲ့ အမိန့်ပါချ လိုက်ပါတယ်။ဆက်ဖတ်ပါဦး။ ဖြတ်ဖောက်ချုပ်လုပ်ပြီးရင် မိန်းမအကျဉ်းထောင်သို့ ပြောင်းရွှေ့ပေးရမယ်လို့ တရားသူကြီးအမိန့်မှာပါသေးတယ်။ပိုဆိုးတာက၊ 2007 မှာ ဘာပြစ်မှုနဲ့ ထောင် 34 နှစ်ကျခဲ့တာလဲဆိုတော့…သမီးအရင်းဖြစ်သူကို မုဒိန်းကျင့်ကြောင်း ဝန်ခံခဲ့တဲ့ ပြစ်မှုပါတဲ့။အမေရိကားကြီး ဘယ်လိုဖြစ်နေတယ်ဆိုတာ သိစေချင်လို့ပါ။
သမီးအရင်းကိုမတရားကျင့်တဲ့ မုဒိန်းသမားရဲ့ ခွဲစိပ်ကုသရေးအတွက် ပြည်သူတွေက အကုန်အကျခံရတယ်။ဒီလိုထောင်ကျနေသူတွေရဲ့ ခံစားခွင့်ကိုအားပေးထောက်ခံနေတဲ့ သူတွေဟာ တဖက်မှာ မုဒိန်းကျင့်ခံရတဲ့၊ အနိုင်ကျင့်ခံရတဲ့ သားကောင် မိန်းခလေးတွေအတွက် အမှန်တရားကို လူတကာသိအောင် အော်ကြီးဟစ်ကျယ်နဲ့ တောင်းဆိုနေကြတဲ့ တက်ကြွတဲ့လစ်ဘရယ်ဆိုသူတွေပဲဖြစ်နေတာတွေ့ရပြန်ပါတယ်။တရားမျှတခြင်းနဲ့ ကိုယ်ကျင့်တရားအလေးထားသူတွေဖက်ကို ဦးစားပေးမယ်ဆိုတဲ့စိတ် မရှိကြတဲ့ တက်ကြွသူလစ်ဘရယ်တွေ (Liberal Actvist) တွေပါပဲ။အဲဒီ လစ်ဘရယ်တရားသူကြီးကို 2014 မှာ Wisconsin ပြည်နယ်အတွက် သမတ Obama ကရွေးချယ်ခန့်ထားခဲ့တာဖြစ်ပါတယ်။ရွေးကောက်ပွဲ မဲမသမာမှုတွေကို အမှုစစ်ဖို့ စိတ်မဝင်စားပဲ အားလုံးပယ်ချနေတဲ့ တရားသူကြီးတွေရှိနေတာ ဘာဆန်းသလဲနော်။
Thanks for reading.
Thein Lwin (ဆရာအား လေးစားစွာ ခရက်ဒစ် ပေးပါသည်)
Leave a Reply
Your email address will not be published. Required fields are marked *