Q ဝင္ေနသည့္ ဘုန္းႀကီးတပါးက Q စင္တာကို မီးရႈိ႕မႈ ျဖစ္ပြား

ပဲခူးတိုင္း၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္မွာ ဒီကေန႔မနက္ ၅ နာရီခြဲခန႔္က အ.ထ.က ႀကိဳ႕ပင္ေကာက္ ကြာရန္တင္းစင္တာမွာ ေစာင့္ၾကည့္မႈခံေနတဲ့ ဘုန္းႀကီးတစ္ပါးက ေနထိုင္ရာအေဆာင္ကို မီးနဲ႔ရႈိ႕ခဲ့တယ္လို႔ ႀကိဳ႕ပင္ေကာက္ၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ကိုမင္းက ေျပာပါတယ္။

“ကြာရန္တင္းဝင္ေနတဲ့ ဘုန္းႀကီးက မီးတင္ရႈိ႕တာ၊ ကိုယ္တိုင္ဝန္ခံထားတယ္။ မနက္ ၆ နာရိခြဲေလာက္မွာ မီးၿငိမ္းႏိုင္ခဲ့တယ္။ လူထိခိုက္ဒဏ္ရာ မရေပမယ့္ အေဆာင္တစ္ခု ပ်က္ဆီးတယ္၊ ဘုန္းႀကီးက စိတ္ပိုင္းဆိုင္ရာ က်န္မာေရးေကာင္းလွပုံမေပၚဘူး”လို႔ ဦးေအာင္ကိုမင္းက ေျပာပါတယ္။

မေန႔ ဇန္နဝါရီ ၉ ရက္ မနက္ပိုင္းက ရန္ကုန္တိုင္း‌ကေနျပန္လာတဲ့ သက္ေတာ္၄၃ ႏွစ္အ႐ြယ္ ဘုန္းႀကီးတစ္ပါးဟာ ကိုဗစ္ေကာ္မတီက စီစဥ္ေပးတဲ့ အ.ထ.ကႀကိဳ႕ပင္ေကာက္ ကြာရန္တင္းစင္တာမွာ ေခတၱ‌ေနထိုင္ခ်ိန္ အခုလိုျဖစ္ပြားခဲ့ပါတယ္။

မီးေလာင္မႈေၾကာင့္ အဲ့ဒီကြာရန္တင္းစင္တာမွာ ေစာင့္ၾကည့္မႈခံေနရတဲ့ အမ်ိဳးသား၊ အမ်ိဳးသမီး ၅၇ ဦးကေတာ့ ထိခိုက္ဒဏ္ရာမရခဲ့ဘူးလို႔ ႀကိဳ႕ပင္ေကာက္ၿမိဳ႕မရဲစခန္းကေန သိရပါတယ္။

ႀကိဳ႕ပင္ေကာက္ၿမိဳ႕မရဲစခန္းမႉး ဒု-ရဲမႉးေက်ာ္ေဇယ်က “မေန႔က လွည္းကူးကတဆင့္ ကယ္ရီနဲ႔ ျပန္လာေတာ့ ၿမိဳ႕အဝင္ဂိတ္က တာဝန္ရွိသူေတြက ဦးသာသနာေခတၱေနဖို႔ ေက်ာင္းေတြလိုက္ၿပီးေလွ်ာက္ေတာ့ လက္မခံလို႔ စခန္းမွာထားတာပါ။ မနက္က သူ႔ကိုလက္သင့္မခံတဲ့ကိစၥ စိတ္ဆိုးေပါက္ကြဲေနပုံရတယ္”လို႔ ေျပာပါတယ္။

ကြာရန္တင္းစင္တာကို မီးရႈိ႕ခဲ့တဲ့ဘုန္းႀကီးကို ႀကိဳ႕ပင္ေကာက္ၿမိဳ႕မရဲစခန္းမွ အမႈဖြင့္စစ္ေဆးေနတယ္လို႔ သိရပါတယ္။

Unicode

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ဒီကနေ့မနက် ၅ နာရီခွဲခန့်က အ.ထ.က ကြို့ပင်ကောက် ကွာရန်တင်းစင်တာမှာ စောင့်ကြည့်မှုခံနေတဲ့ ဘုန်းကြီးတစ်ပါးက နေထိုင်ရာအဆောင်ကို မီးနဲ့ရှို့ခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက ပြောပါတယ်။

“ကွာရန်တင်းဝင်နေတဲ့ ဘုန်းကြီးက မီးတင်ရှို့တာ၊ ကိုယ်တိုင်ဝန်ခံထားတယ်။ မနက် ၆ နာရိခွဲလောက်မှာ မီးငြိမ်းနိုင်ခဲ့တယ်။ လူထိခိုက်ဒဏ်ရာ မရပေမယ့် အဆောင်တစ်ခု ပျက်ဆီးတယ်၊ ဘုန်းကြီးက စိတ်ပိုင်းဆိုင်ရာ ကျန်မာရေးကောင်းလှပုံမပေါ်ဘူး”လို့ ဦးအောင်ကိုမင်းက ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း‌ကနေပြန်လာတဲ့ သက်တော်၄၃ နှစ်အရွယ် ဘုန်းကြီးတစ်ပါးဟာ ကိုဗစ်ကော်မတီက စီစဉ်ပေးတဲ့ အ.ထ.ကကြို့ပင်ကောက် ကွာရန်တင်းစင်တာမှာ ခေတ္တ‌နေထိုင်ချိန် အခုလိုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် အဲ့ဒီကွာရန်တင်းစင်တာမှာ စောင့်ကြည့်မှုခံနေရတဲ့ အမျိုးသား၊ အမျိုးသမီး ၅၇ ဦးကတော့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ကြို့ပင်ကောက်မြို့မရဲစခန်းကနေ သိရပါတယ်။

ကြို့ပင်ကောက်မြို့မရဲစခန်းမှူး ဒု-ရဲမှူးကျော်ဇေယျက “မနေ့က လှည်းကူးကတဆင့် ကယ်ရီနဲ့ ပြန်လာတော့ မြို့အဝင်ဂိတ်က တာဝန်ရှိသူတွေက ဦးသာသနာခေတ္တနေဖို့ ကျောင်းတွေလိုက်ပြီးလျှောက်တော့ လက်မခံလို့ စခန်းမှာထားတာပါ။ မနက်က သူ့ကိုလက်သင့်မခံတဲ့ကိစ္စ စိတ်ဆိုးပေါက်ကွဲနေပုံရတယ်”လို့ ပြောပါတယ်။

ကွာရန်တင်းစင်တာကို မီးရှို့ခဲ့တဲ့ဘုန်းကြီးကို ကြို့ပင်ကောက်မြို့မရဲစခန်းမှ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *