အျမန္လမ္းေပၚတြင္အဆိုေတာ္ထြန္းထြန္း ေမာင္းလာေသာကားအား သစ္လုံးႏွင့္ကန္႔လန္႔ပိတ္မႈအႏၲရာယ္ျပဳခံရ(အျမန္လမ္းေပၚက ရည္႐ြယ္ခ်က္ရွိရွိနဲ႔ကို လူ သ တ္ေနၾကသူမ်ား …)

အျမန္လမ္းမိုင္တိုင္ (226)ဝန္းက်င္ မေန႔က 9.1.2021ရက္ည(10:30)အခ်ိန္တြင္ ရန္ကုန္ဘက္မွ မႏၲေလးဘက္သို႔ နာမည္ႀကီး အဆိုေတာ္ သ႐ုပ္ေဆာင္ အမ်ိဳးသားတစ္ဦး (အကယ္ဒမီ ထြန္းထြန္း ဟု သိရ)

ေမာင္းႏွင္လာေသာ Alphard အျဖဴေရာင္ယာဥ္သည္အျမန္လမ္းမိုင္တိုင္ 226အေရာက္ အတက္အဆင္း
လမ္းေပ်ာက္သည့္ေနရာတြင္ (​ခန္႔မွန္း) အရွည္ ေျခာက္ေပအခ်င္း ငါးလက္မ ေျခာက္လက္မ ရွိေသာ သစ္လုံးတစ္လုံးအားအျမန္လမ္း လမ္းအလယ္တြင္ ကန္႔လန္႔ ပိတ္ထားမႈအား႐ုတ္တစ္ရပ္ေတြ႕ရွိလိုက္ရသျဖင့္ ကီလို ၁၀၀အရွိန္ျဖင့္ေမာင္းႏွင္လာေသာယာဥ္မွာ သစ္လုံးကို ရသေလာက္ေရွာင္တိမ္းရင္းကားဘယ္ဘက္ဘီး ကားဝမ္းဗိုက္တို႔ႏွင့္ တိုက္မိသျဖင့္ကားဘီးေပါက္ ဂီယာေဘာက္ကြဲ တိုက္ေလာက္ေကြး ကားေအာက္ပိုင္းတစ္ခုလုံး သစ္လုံးျဖင့္ ပြတ္တိုက္မိခဲ့ပါသည္။

ထိုအခ်ိန္ ကားမရပ္ဘဲ ေရွ႕ဘီးအေပါက္ျဖင့္ ေလးဖာလုံေလာက္ဆက္ေမာင္းႏွင္ၿပီးမွ ကားရပ္ကာ ေရွ႕ဘီး ျမန္ျမန္လဲၿပီးကားဆက္ေမာင္းလာခဲ့ပါတယ္ကားေပၚစီးနင္းလိုက္ပါလာတဲ့ အမ်ိဳးသား(၂)ေယာက္လုံး ဒဏ္ရာရရွိမႈမရွိခဲ့ေပမဲ့ အျမန္လမ္း မိုင္တိုင္ 230 အေရာက္တြင္ ကားမွာ ေမာင္းမရေတာ့ပဲစက္ေသသြားခဲ့ပါသည္။

ည(10.55)မိနစ္တြင္ ကြၽန္ေတာ္တို႔ထံ ဖုန္းဝင္လာၿပီး မနက္အေရးႀကီးအလုပ္ ကိစၥတစ္ခုရွိေၾကာင္းႏွင့္ လမ္းမွသစ္လုံးအားအရွိန္ႏွင့္ တက္နင္းမိေၾကာင္း ဖုန္းဆက္အကူအညီေတာင္းလာပါသျဖင့္အသင္းမွ အေရးေပၚ ကယ္ဆယ္ေရးယာဥ္ တစ္စီးျဖင့္ ခ်က္ခ်င္းထြက္ခြါ၍အေရးေပၚ သြားေရာက္ကူညီခဲ့ရပါသည္။

ည(12:00)နာရီအခ်ိန္တြင္ ကားပ်က္ေနသည့္ အျမန္လမ္း မိုင္တိုင္(230)သို႔ေရာက္ရွိၿပီး ေမာင္းမရေတာ့သည့္ယာဥ္အား ကရိန္းျဖင့္ေ႐ႊ႕ေျပာင္းသယ္ေဆာင္ၿပီး အမ်ိဳးသားႏွစ္ဦး ကိုေတာ့မ်ိဳးဆက္သစ္ျမတ္ပါရမီအသင္းမွ ကယ္ဆယ္ေရးယာဥ္ျဖင့္မႏၲေလးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ရပါသည္။

လူႀကီး မိဘမ်ားအေနျဖင့္လည္း အျမန္လမ္းေပၚတြင္ လူသားခ်င္းကိုယ္ခ်င္းစာစိတ္မရွိပဲ ဝမ္းတစ္ထြာအတြက္ အစုလိုက္ အၿပဳံလိုက္မိသားစုလိုက္ သတ္ဖို႔ ဝန္မေလးတဲ့သူေတြ အသင့္ရွိေနၾကတယ္ဆိုတာသတိေပးရင္း အျမန္လမ္းေပၚမွ ခရီးသြားလာေနၾကေသာမိဘျပည္သူမ်ားအားလုံး အႏၲရာယ္ကင္းစြာျဖင့္ လိုရာခရီးကိုေခ်ာေခ်ာမြန္မြန္ ေရာက္ရွိၾကပါေစလို႔ ဆုေတာင္းေမတၱာပို႔ သလိုက္ရပါသည္။

မိတၳီလာၿမိဳ႕ ၊ ျမန္မာႏိုင္ငံလူမႈကယ္ဆယ္ေရးအဖြဲ႕မ်ိဳးဆက္သစ္ျမတ္ပါရမီအသင္း မွ မွ်ေဝေဖာ္ျပပါသည္။

Unicode

အမြန်လမ်းမိုင်တိုင် (226)ဝန်းကျင် မနေ့က 9.1.2021ရက်ည(10:30)အချိန်တွင် ရန်ကုန်ဘက်မှ မန္တလေးဘက်သို့ နာမည်ကြီး အဆိုတော် သရုပ်ဆောင် အမျိုးသားတစ်ဦး (အကယ်ဒမီ ထွန်းထွန်း ဟု သိရ)

မောင်းနှင်လာသော Alphard အဖြူရောင်ယာဉ်သည်အမြန်လမ်းမိုင်တိုင် 226အရောက် အတက်အဆင်း
လမ်းပျောက်သည့်နေရာတွင် (ခန့်မှန်း) အရှည် ခြောက်ပေအချင်း ငါးလက်မ ခြောက်လက်မ ရှိသော သစ်လုံးတစ်လုံးအားအမြန်လမ်း လမ်းအလယ်တွင် ကန့်လန့် ပိတ်ထားမှုအားရုတ်တစ်ရပ်တွေ့ရှိလိုက်ရသဖြင့် ကီလို ၁၀၀အရှိန်ဖြင့်မောင်းနှင်လာသောယာဉ်မှာ သစ်လုံးကို ရသလောက်ရှောင်တိမ်းရင်းကားဘယ်ဘက်ဘီး ကားဝမ်းဗိုက်တို့နှင့် တိုက်မိသဖြင့်ကားဘီးပေါက် ဂီယာဘောက်ကွဲ တိုက်လောက်ကွေး ကားအောက်ပိုင်းတစ်ခုလုံး သစ်လုံးဖြင့် ပွတ်တိုက်မိခဲ့ပါသည်။

ထိုအချိန် ကားမရပ်ဘဲ ရှေ့ဘီးအပေါက်ဖြင့် လေးဖာလုံလောက်ဆက်မောင်းနှင်ပြီးမှ ကားရပ်ကာ ရှေ့ဘီး မြန်မြန်လဲပြီးကားဆက်မောင်းလာခဲ့ပါတယ်ကားပေါ်စီးနင်းလိုက်ပါလာတဲ့ အမျိုးသား(၂)ယောက်လုံး ဒဏ်ရာရရှိမှုမရှိခဲ့ပေမဲ့ အမြန်လမ်း မိုင်တိုင် 230 အရောက်တွင် ကားမှာ မောင်းမရတော့ပဲစက်သေသွားခဲ့ပါသည်။

ည(10.55)မိနစ်တွင် ကျွန်တော်တို့ထံ ဖုန်းဝင်လာပြီး မနက်အရေးကြီးအလုပ် ကိစ္စတစ်ခုရှိကြောင်းနှင့် လမ်းမှသစ်လုံးအားအရှိန်နှင့် တက်နင်းမိကြောင်း ဖုန်းဆက်အကူအညီတောင်းလာပါသဖြင့်အသင်းမှ အရေးပေါ် ကယ်ဆယ်ရေးယာဉ် တစ်စီးဖြင့် ချက်ချင်းထွက်ခွါ၍အရေးပေါ် သွားရောက်ကူညီခဲ့ရပါသည်။

ည(12:00)နာရီအချိန်တွင် ကားပျက်နေသည့် အမြန်လမ်း မိုင်တိုင်(230)သို့ရောက်ရှိပြီး မောင်းမရတော့သည့်ယာဉ်အား ကရိန်းဖြင့်ရွှေ့ပြောင်းသယ်ဆောင်ပြီး အမျိုးသားနှစ်ဦး ကိုတော့မျိုးဆက်သစ်မြတ်ပါရမီအသင်းမှ ကယ်ဆယ်ရေးယာဉ်ဖြင့်မန္တလေးသို့ ပို့ဆောင်ကူညီပေးခဲ့ရပါသည်။

လူကြီး မိဘများအနေဖြင့်လည်း အမြန်လမ်းပေါ်တွင် လူသားချင်းကိုယ်ချင်းစာစိတ်မရှိပဲ ဝမ်းတစ်ထွာအတွက် အစုလိုက် အပြုံလိုက်မိသားစုလိုက် သတ်ဖို့ ဝန်မလေးတဲ့သူတွေ အသင့်ရှိနေကြတယ်ဆိုတာသတိပေးရင်း အမြန်လမ်းပေါ်မှ ခရီးသွားလာနေကြသောမိဘပြည်သူများအားလုံး အန္တရာယ်ကင်းစွာဖြင့် လိုရာခရီးကိုချောချောမွန်မွန် ရောက်ရှိကြပါစေလို့ ဆုတောင်းမေတ္တာပို့ သလိုက်ရပါသည်။

မိတ္ထီလာမြို့ ၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မျိုးဆက်သစ်မြတ်ပါရမီအသင်း မှ မျှဝေဖော်ပြပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *