ထိန္းသိမ္းခံထားရတဲ့ ျမန္မာသေဘၤာသား ၁၁ ဦးကို အျမန္ဆုံးျပန္လည္လႊတ္ေပးဖို႔ ျမန္မာႏိုင္ငံဘက္က အီရန္အစိုးရကို ေမတၱာရပ္ခံ

ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကိုေထာက္႐ူၿပီး ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျမန္မာသေဘၤာသား ၁၁ ဦးကို အျမန္ဆုံးျပန္လည္လႊတ္ေပးဖို႔ ျမန္မာႏိုင္ငံဘက္က အီရန္အစိုးရကို ေမတၱာရပ္ခံလိုက္ပါတယ္။

ျမန္မာ သေဘာသၤား ၁၁ ဦးကိုျပန္လႊတ္ေပးဖို႔ လက္ရွိမွာ အီရန္ႏိုင္ငံကိုပါ ပူးတြဲ တာဝန္ယူထားတဲ့ အိႏၵိယႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးက အိႏၵိယ ႏိုင္ငံအေျခစိုက္ အီရန္သံအမတ္ႀကီးနဲ႔ ေတြ႕ဆုံညႇိႏႈိင္းတာ၊ ထိုင္းႏိုင္ငံဆိုင္ရာ ျမန္မာသံ အမတ္ႀကီးကလည္း ထိုင္းႏိုင္ငံဆိုင္ရာ အီရန္သံအမတ္ႀကီးေတြနဲ႔ေတြ႕ဆုံညႇိႏႈိင္းတာေတြ လုပ္ေဆာင္ထားပါတယ္။

ဒီလိုေတြ႕ဆုံညႇိႏႈိင္းမႈေတြအရလည္း ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကိုေထာက္႐ူၿပီး ဖမ္းဆီးထိန္းသိမ္းထားရတဲ့ ျမန္မာသေဘာသၤား ၁၁ ဦးကို အျမန္ဆုံးျပန္လည္လႊတ္ေပးဖို႔ အီရန္ႏိုင္ငံအစိုးရကို ေမတၱာရပ္ခံထားတယ္လို႔ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဇန္နဝါရီ ၁၀ ရက္ေန႔မွာ ထုတ္ျပန္ထားပါတယ္။

လက္ရွိမွာ ဖမ္းဆီးထိန္းသိမ္းခံထားရတဲ့ ျမန္မာသေဘၤာသား ၁၁ ဦးရဲ႕ လုံၿခဳံေရးကို အီရန္ႏိုင္ငံဘက္က အျပည့္အဝ တာဝန္ယူေပးထားၿပီး ေကာင္းမြန္စြာ ထိန္းသိမ္းထားသလို သူတို႔ရဲ႕မိသားစုဝင္ေတြနဲ႔လည္း ဆက္သြယ္ခြင့္ျပဳထားပါတယ္။

အရင္က ဖမ္းဆီးခံရတဲ့ ျမန္မာသေဘၤာသားအမ်ားစုက တရားမဝင္သေဘၤာလိုင္းေတြေၾကာင့္ အျဖစ္မ်ားခဲ့တာမို႔ လုပ္ကိုင္ရခက္ခဲတဲ့အေန အထားေတြ ရွိခဲ့ေပမဲ့ အခုျဖစ္ရပ္ကေတာ့ တရားဝင္ သေဘၤာလိုင္းျဖစ္တဲ့အတြက္ သိပ္မၾကာခင္မွာ ျပန္လြတ္ႏိုင္မဲ့ အေနအထားရွိတယ္လို႔ ဆိုပါတယ္။

အီရန္သံအမတ္ႀကီးေတြကလည္း ႏွစ္ႏိုင္ငံခ်စ္ၾကည္ရင္းႏွီးမႈကို အေျခခံၿပီး ျမန္မာသေဘၤာသား ၁၁ ဦးအား ျပန္လႊတ္ေပးဖို႔ ျမန္မာႏိုင္ငံအစိုးရရဲ႕ ေမတၱာရပ္ခံခ်က္ကို အီရန္အစိုးရဆီ ေဆာလ်င္စြာ တင္ျပေပးမယ္လို႔လည္း ေတြ႕ဆုံေဆြးေႏြးမႈမွာ တုံ႔ျပန္ေျပာဆိုထားပါတယ္။

ကိုရီးယားသမၼတႏိုင္ငံ အေျခစိုက္ DM Shipping Co., Ltd ကုမၸဏီပိုင္ ေရနံတင္သေဘၤာကို ဇန္နဝါရီ ၄ ရက္ေန႔က အီရန္ေဟာ္မုဇ္ ေရလက္ၾကားမွာ အီရန္လက္နက္ကိုင္ေတာ္လွန္ေရး အေစာင့္တပ္ေတြက ဖမ္းဆီးခဲ့တာပါ။ဒီေရနံတင္သေဘၤာေပၚမွာ ကိုရီးယား၊ အင္ဒိုနီးရွား၊ ဗီယက္နမ္ စတဲ့သေဘၤာသားေတြနဲ႔ အတူ ျမန္မာသေဘၤာသား ၁၁ ဦးပါ ဖမ္းဆီးထိန္းသိမ္းခံထားရပါတယ္။
ဇာျခည္
DVB

Unicode

နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုထောက်ရူပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၁၁ ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ မြန်မာနိုင်ငံဘက်က အီရန်အစိုးရကို မေတ္တာရပ်ခံလိုက်ပါတယ်။

မြန်မာ သဘောင်္သား ၁၁ ဦးကိုပြန်လွှတ်ပေးဖို့ လက်ရှိမှာ အီရန်နိုင်ငံကိုပါ ပူးတွဲ တာဝန်ယူထားတဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက အိန္ဒိယ နိုင်ငံအခြေစိုက် အီရန်သံအမတ်ကြီးနဲ့ တွေ့ဆုံညှိနှိုင်းတာ၊ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံ အမတ်ကြီးကလည်း ထိုင်းနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးတွေနဲ့တွေ့ဆုံညှိနှိုင်းတာတွေ လုပ်ဆောင်ထားပါတယ်။

ဒီလိုတွေ့ဆုံညှိနှိုင်းမှုတွေအရလည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုထောက်ရူပြီး ဖမ်းဆီးထိန်းသိမ်းထားရတဲ့ မြန်မာသဘောင်္သား ၁၁ ဦးကို အမြန်ဆုံးပြန်လည်လွှတ်ပေးဖို့ အီရန်နိုင်ငံအစိုးရကို မေတ္တာရပ်ခံထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသင်္ဘောသား ၁၁ ဦးရဲ့ လုံခြုံရေးကို အီရန်နိုင်ငံဘက်က အပြည့်အဝ တာဝန်ယူပေးထားပြီး ကောင်းမွန်စွာ ထိန်းသိမ်းထားသလို သူတို့ရဲ့မိသားစုဝင်တွေနဲ့လည်း ဆက်သွယ်ခွင့်ပြုထားပါတယ်။

အရင်က ဖမ်းဆီးခံရတဲ့ မြန်မာသင်္ဘောသားအများစုက တရားမဝင်သင်္ဘောလိုင်းတွေကြောင့် အဖြစ်များခဲ့တာမို့ လုပ်ကိုင်ရခက်ခဲတဲ့အနေ အထားတွေ ရှိခဲ့ပေမဲ့ အခုဖြစ်ရပ်ကတော့ တရားဝင် သင်္ဘောလိုင်းဖြစ်တဲ့အတွက် သိပ်မကြာခင်မှာ ပြန်လွတ်နိုင်မဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။

အီရန်သံအမတ်ကြီးတွေကလည်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး မြန်မာသင်္ဘောသား ၁၁ ဦးအား ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံအစိုးရရဲ့ မေတ္တာရပ်ခံချက်ကို အီရန်အစိုးရဆီ ဆောလျင်စွာ တင်ပြပေးမယ်လို့လည်း တွေ့ဆုံဆွေးနွေးမှုမှာ တုံ့ပြန်ပြောဆိုထားပါတယ်။

ကိုရီးယားသမ္မတနိုင်ငံ အခြေစိုက် DM Shipping Co., Ltd ကုမ္ပဏီပိုင် ရေနံတင်သင်္ဘောကို ဇန်နဝါရီ ၄ ရက်နေ့က အီရန်ဟော်မုဇ် ရေလက်ကြားမှာ အီရန်လက်နက်ကိုင်တော်လှန်ရေး အစောင့်တပ်တွေက ဖမ်းဆီးခဲ့တာပါ။ဒီရေနံတင်သင်္ဘောပေါ်မှာ ကိုရီးယား၊ အင်ဒိုနီးရှား၊ ဗီယက်နမ် စတဲ့သင်္ဘောသားတွေနဲ့ အတူ မြန်မာသင်္ဘောသား ၁၁ ဦးပါ ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
ဇာခြည်
DVB

Leave a Reply

Your email address will not be published. Required fields are marked *