အီရန္၊ အစၥေရး၊ အေမရိကန္ႏွင့္ န်ဴဗုံး ေျခာက္အိ ပ္မက္

ထရမ့္ပ္ ေ႐ြးေကာက္ပြဲရႈံးနိ မ့္ၿပီးေနာက္ ဝါရွင္တန္ဒီစီရွိ အၾကမ္းဖက္မႈကို ကမာၻႀကီးကို အာ႐ုံစို က္ေနစဥ္။ ဒီစီ၏ အေရွ႕ဘက္ကီလိုမီတာ ၁၀၀၀၀ တြင္ ကမာၻ႔ ၁၀ ခုေျမာက္ န်ဴကလီးယား လက္နက္ ပိုင္ဆိုင္သည့္ ႏိုင္ငံတစ္ခု ျဖစ္ရန္ ရန္ရည္႐ြယ္ခ်က္ျဖင့္ တိတ္တဆိတ္ ေနရာယူလုပ္ေဆာင္ေနသည့္ အီရန္၏ န်ဴကလီးယားအစီအစဥ္ကို ႐ိုက္ကူးထားသည့္ ၿဂိဳဟ္တု ဓာတ္ပုံမ်ား ထြက္ေပၚလာခဲ့သည္။

ရက္သတၱပတ္အနည္းငယ္အတြင္း အီရန္က ၎၏ အစီအစဥ္မ်ားကို ျမႇင့္တင္လိမ့္မည္ဟု လည္း ေႂကြးေၾကာ္ထားခဲ့သည္။ အေမရိကန္က န်ဴကလီးယားလက္နက္ တည္ေဆာက္ေရး လုပ္ငန္းခြင္ကို ၿခိမ္းေျခာက္သည့္ အေနျဖင့္ ပါရွန္းပင္လယ္ေကြ႕၌ ဗုံးႀကဲေလယာဥ္မ်ားကို ပ်ံသန္းျပေနခ်ိန္တြင္ အီရန္ကတည္း ကိုရီးယား ေရနံတင္သေဘၤာ တစ္စင္း ကိုဓားစာခံအျဖစ္ ဖမ္းဆီးျပလိုက္သည္။

ဤျဖစ္ရပ္မ်ားသည္ သမၼတဂ်ိဳးဘိုင္ဒင္ႏွင့္ ေစ့စပ္ညႇိႏႈိင္းခြင့္ ရလိမ့္မည္ဟု ေမွ်ာ္လင့္ ထားေသာ တီဟီရန္၏ အဏုျမဴစစ္တုရင္ ကစားနည္းတစ္ခုပင္ ။
ကာကြယ္ေရး ေလ့လာသုံးသပ္သူ တစ္ဦးက ယခု အခ်ိန္၌ အိမ္ျဖဴေတာ္တြင္ “ ခန႔္မွန္းရခက္သည့္ သမၼတ” ႏွင့္“ အႏၲရာယ္ရွိ ေနေသာအခ်ိန္” ဟု news.com.au သို႔္ ေျပာခဲ့သည္။

တစ္ဘက္တြင္လည္း အစၥေရးက အေရွ႕အလယ္ပိုင္းတြင္ ထင္ေပၚေက်ာ္ၾကားေသာ စစ္အင္အား ရွိေသာ ႏိုင္ငံအျဖစ္ ဆက္လက္ရွိေနေစခ်င္သည္။ ။
အေမရိကန္ႏွင့္ အစၥေရးတို႔အတြက္ အနာဂတ္ စိန္ေခၚမႈမ်ားမွာ အီရန္၏ န်ဴကလီးယား ရည္မွန္းခ်က္မ်ားကို ထိန္းခ်ဳပ္ႏိုင္ႏွင့္ အေမရိကန္သမၼ တ ဘားရက္အိုဘားမားႏွင့္ အျခားႏိုင္ငံမ်ားေပါင္းကာ လက္မွတ္ေရးထိုးခဲ့သည္ ၂၀၁၅ သေဘာတူညီခ်က္ကို ျပန္လည္ အသက္သြင္းႏိုင္ေရးတို႔ ျဖစ္ေနသည္။

တီဟီရန္ကို မယုံသကၤာျဖစ္ေနသည့္ သမၼတ ထရမ့္ပ္က ထိုသေဘာတူညီခ်က္ကို ဆုတ္ၿဖဲပစ္ လိုက္သည္။ အီရန္ကလည္း အစဥ္အဆက္ ကတည္းက ၎၏ကိုယ္ပိုင္ န်ဴအိပ္မက္ကို ဆက္လက္တိုးပြား အားထုတ္မႈကို ဖုံးကြယ္ရန္ ႀကိဳးစားေတာ့ေပ။

အီရန္ၿမိဳ႕ေတာ္ တီဟီရန္၏ ေတာင္ဘက္သို႔ ႏွစ္နာရီခန႔္ ကားေမာင္းသြားလွ်င္ ေရာက္ႏိုင္သည့္ Qom ၿမိဳ႕ နပ္စပ္က Hoz-e-Sultan တြင္ အီရန္န်ဴကလီးယား အစီအစဥ္အတြက္ ယူေရနီယမ္ ႂကြယ္ဝျပည့္စုံရာ Fordow န်ဴသန႔္စင္ စက္႐ုံ ရွိေနသည္။

ဒီဇင္ဘာလတြင္ အီရန္ႏိုင္ငံသည္ န်ဴေဆာက္လုပ္ေရးလုပ္ငန္းကို စတင္လုပ္ကိုင္ခဲ့သည္။ ထိုအခ်က္ကို ေအပီ၏ ၿဂိဳလ္တုပုံရိပ္မ်ားက အတည္ျပဳႏိုင္ခဲ့သည္။ အီရန္အာဏာပိုင္မ်ားက ထိုစက္႐ုံမ်ားအား အစၥေရး၏ ထပ္ခါတလဲလဲ ၿခိမ္းေျခာက္ မႈမ်ားေၾကာင့္ ေတာင္ၾကားတြင္ တည္ေဆာက္ထားျခင္း ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

ၾသစေၾတးလ် အမ်ိဳးသား စစ္တကၠသိုလ္ႏွင့္ စစ္ဘက္ဆိုင္ရာ လုံၿခဳံေရးဥပေဒမွ ကာကြယ္ေရး ေလ့လာသုံးသပ္သူ ကလစ္ဝိလ်ံက Fordow သည္ ၂၀၀၉ ခုႏွစ္ကတည္းက တည္ရွိခဲ့ေသာ္လည္း ၂၀၁၈ ခုႏွစ္မွစ၍ လုပ္ငန္းတိုးခ်ဲ႕ခဲ့သည္ဟု ဆိုသည္။

ဇန္နဝါရီလ ၁ ရက္ေန႔တြင္ တီဟီရန္သည္ န်ဴကလီးယားစက္႐ုံမ်ားအား စစ္ေဆးေသာ အျပည္ျပည္ဆိုင္ရာ အဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) သို႔အေၾကာင္းၾကားၿပီး ယူေရနီယမ္ကို ၂၀ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္လာမည္ဟု အတိအလင္း ေျပာၾကားခဲ့သည္။

၂၀% ဆိုသည္မွာ အီရန္အဖို႔ န်ဴကလီးယားလက္နက္ မထုတ္လုပ္ျဖစ္ရန္ မက္လုံးမ်ားေပးကာ ေႏွာင္ႀကိဳးတင္းထားသည့္၂၀၁၅ ပူးတြဲသေဘာတူညီခ်က္၌ ၃.၆၇ ရာခိုင္ႏႈန္းသာ အမ်ားဆုံးသန႔္စင္ခြင့္ေပးထားသည္ထက္ မ်ားစြာေက်ာ္လြန္သည္။

အီရန္၏ အရပ္ဘက္န်ဴကလီးယား စြမ္းအင္ အတြက္လိုအပ္သည့္ ပမာဏထက္ ပိုမိုျမင့္မားေသာ အဆင့္တြင္လည္း ရွိသည္။ န်ဴဗုံးအတြက္လိုအပ္သည့္ သန႔္စင္မႈ အဆင့္ႏွင့္လည္း အလြန္ နီးကပ္ေနသည္။

ထို႔အတြက္ ဝါရွင္တန္ႏွင့္ အစၥေရးတို႔က ယူေရနီယမ္သန႔္စင္မႈႏႈန္း ၂၀ ရာခိုင္ႏႈန္းအထိ တိုးျမႇင့္ျခင္းအေပၚ စိုးရိမ္ဖြယ္ရာအျဖစ္ရႈျမင္ၾကသည္။ လိုအပ္ခ်က္ျပည့္သြားလွ်င္ အခ်ိန္တို အတြင္း န်ဴဗုံးကို ထြင္ပစ္လိုက္ႏိုင္သည္။

ဇန္နဝါရီလ ၄ ရက္ေန႔တြင္ Fordow ၌ စတင္ တိုးတက္ခဲ့သည္။ Isfahan ၿမိဳ႕အနီးရွိ Natanz တြင္လည္း ဗုံးထုတ္လုပ္မႈကို လုပ္ေနသည္။

အီရန္ႏိုင္ငံျခားေရး ဝန္ႀကီးမိုဟာမက္ဂ်ာဗတ္ဇာရစ္ဖ္က န်ဴသန႔္စင္မႈကို စတင္လိုက္သည္ႏွင့္ မထင္သည့္ အခ်ိန္တြင္ ျပန္လည္ ရပ္ဆိုင္းသြားႏိုင္ေၾကာင္း ေျပာၾကားခဲ့သည္။ အနာဂတ္သည္ မေရရာသည့္အတြက္ ရသည့္အခ်ိန္ကို အျပည့္အဝ အသုံးခ်ေနသည္။

တစ္ခ်ိန္တည္းမွာပင္ တရပ္အုပ္ခ်ဳပ္ေရး၏ ႀကိဳးပမ္းမႈျဖင့္ အစၥေရးႏွင့္ အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စုကဲ့သို႔ေသာ အေရွ႕အလယ္ပိုင္းမွ အင္အားႀကီးႏိုင္ငံမ်ားအၾကား သေဘာတူညီမႈ မ်ား ရရွိလာျခင္းသည္ အီရန္ကို ပိုမိုအထီးက်န္ ဆန္လာသည္။

ယူေရနံယမ္ သန႔္စင္မႈ သတင္းမ်ားႏွင့္ ေရွ႕ဆင့္ေနာက္ဆင့္ဆိုသလို အီရန္န်ဴကလီးယားဗုံး အစီအစဥ္၏ ေခါင္းေဆာင္ျဖစ္သူ Mohsen Fakhrizadeh လုပ္ႀကံသတ္ျဖတ္ခံလိုက္ရသည္။

အေမရိကန္တြင္ မစၥတာဘိုင္ဒင္ အိမ္ျဖဴေတာ္သို႔ ေရာက္ရန္ ရက္အနည္းငယ္သာ လိုေတာ့သည္။ အီရန္အဖို႔ ယူေရနီယမ္သန႔္စင္မႈတိုးျမႇင့္ျခင္းအေပၚ အစၥေရးဒဏ္ ေၾကာက္၍ဟု ဆင္ေျခေပးလိမ့္မည္။

“ အစၥေရးဟာ အေရွ႕အလယ္ပိုင္းမွာ တစ္ခုတည္းေသာ န်ဴကလီးယားစြမ္းအင္ ရွိတဲ့ ႏိုင္ငံ ျဖစ္သလို ဒီပိုင္ဆိုင္မႈကိုလည္း သူတို႔က ဆက္လက္ထိန္းသိမ္းထားဖို႔ စိတ္ပိုင္းျဖတ္ထား တယ္” ဟု မစၥတာဝီလ်ံက The Conversation ဝက္ဘ္ဆိုက္တြင္ ေရးသား ခဲ့သည္။

“ဒီလဟာ အႏၲရာယ္ရွိတဲ့အခ်ိန္ပဲ။ ဘာလို႔လဲဆိုေတာ့ အေမရိကန္မွာခန႔္မွန္းရခက္တဲ့ သမၼတရွိေနၿပီး ဘိုင္ဒင္ဟာအီရန္နဲ႔ ပိုမိုေကာင္းမြန္ တဲ့ ဆက္ဆံေရးထူေထာင္ဖို႔ အခက္ေတြ႕စရာေတြ အခ်ိန္မေ႐ြး ထျဖစ္လာနိင္တယ္” ဟု သူက ဆိုသည္။

အီရန္အေပၚ အေမရိကန္၏ မည္သည့္ စစ္ေရးတုံ႔ျပန္မႈမဆို ဘိုင္ဒင္အဖို႔ ၂၀၁၅ န်ဴကလီးယား သေဘာတူညီခ်က္အား ျပန္လည္ရွင္သန္ေစရန္မွာ ပိုမိုခက္ခဲေစလိမ့္မည္ ခ်ည္းသာ ျဖစ္ေနသည္။

မၾကာေသးမီရက္မ်ားအတြင္း တီဟီရန္၏ ေမွ်ာ္လင့္မထားေသာ တန္ျပန္လုပ္ေဆာင္မႈအျဖစ္ ပင္လယ္ေကြ႕တစ္ေလွ်ာက္ ခုတ္ေမာင္းလာေသာ ေတာင္ကိုရီးယားေရနံတင္သေဘၤာ Hankuk Chemi ကို ရန္ႏိုင္ငံ Bandar Abbas ဆိပ္ကမ္းသို႔ အတင္းအၾကပ္ ေမာင္းခ်ကာ သိမ္းဆည္းထားသည္။

တီဟီရန္အဖို႔ အျခားႏိုင္ငံ၏ ေရယာဥ္မ်ားကို သိမ္းယူသည္မွာ ပထမဆုံးအႀကိမ္ မဟုတ္ပါ။ အီရန္ႏိုင္ငံသည္ ေရနံတင္သေဘၤာအား အီရန္ေရျပင္အမား အား ညစ္ညမ္းေစသည္ဟု စြပ္စြဲကာ ထိန္းသိမ္းခဲ့သည္။

အီရန္ႏိုင္ငံအေနျဖင့္ ၎အားဖ်က္ဆီးရန္ ႀကိဳးပမ္းေနသူမ်ား၏ ၿခိမ္းေျခာက္မႈကို ခံေနရသည္ဟု မွတ္ယူထားသသျဖင့္ န်ဴကလီးယားလက္နက္ရွိမွသာ ႏိုင္ငံ၏ အမ်ိဳးသားလုံၿခဳံေရးကို အာမခံႏိုင္လိမ့္မည္ဟု ယုံၾကည္ထားသည္။ တစ္ဘက္တြင္လည္း တီဟီရန္သည္ ပိုမို အထီးက်န္လာသည့္အတြက္ ေနာက္ထပ္ န်ဴဗုံးပိုင္ဆိုင္ခြင့္ အိပ္မက္ကို အေကာင္အထည္ ေဖာ္မည္မွာ ေသခ်ာသေလာက္ ျဖစ္ေနသည္။

အေမရိကန္ ၊ အစၥေရးႏွင့္ အီရန္တို႔ကို ေက်နပ္ေစမည့္ မဟာဗ်ဴဟာေျမာက္ ထြက္ေပါက္မ်ိဳးကို ယခုအခ်ိန္ တြင္ ရွာေဖြရန္ ခက္ခဲလြန္းလွသည္။ ထို႔အတြက္ ကမာၻႀကီးသည္ န်ဴေျခာက္အိပ္မက္မ်ားႏွင့္ ရတက္မေအးႏိုင္ေအာင္ ပိုျဖစ္လာမည္မွာ ေသခ်ာေနေတာ့သည္။

သုညျဖဴ

Ref; news.com.au
၁၀.၀၁.၂၀၂၁
CRD_ChannelKeyMyanmar

Unicode

ထရမ့်ပ် ရွေးကောက်ပွဲရှုံးနိမ့်ပြီးနောက် ဝါရှင်တန်ဒီစီရှိ အကြမ်းဖက်မှုကို ကမ္ဘာကြီးကို အာရုံစိုက်နေစဉ်။ ဒီစီ၏ အရှေ့ဘက်ကီလိုမီတာ ၁၀၀၀၀ တွင် ကမ္ဘာ့ ၁၀ ခုမြောက် နျူကလီးယား လက်နက် ပိုင်ဆိုင်သည့် နိုင်ငံတစ်ခု ဖြစ်ရန် ရန်ရည်ရွယ်ချက်ဖြင့် တိတ်တဆိတ် နေရာယူလုပ်ဆောင်နေသည့် အီရန်၏ နျူကလီးယားအစီအစဉ်ကို ရိုက်ကူးထားသည့် ဂြိုဟ်တု ဓာတ်ပုံများ ထွက်ပေါ်လာခဲ့သည်။

ရက်သတ္တပတ်အနည်းငယ်အတွင်း အီရန်က ၎င်း၏ အစီအစဉ်များကို မြှင့်တင်လိမ့်မည်ဟု လည်း ကြွေးကြော်ထားခဲ့သည်။ အမေရိကန်က နျူကလီးယားလက်နက် တည်ဆောက်ရေး လုပ်ငန်းခွင်ကို ခြိမ်းခြောက်သည့် အနေဖြင့် ပါရှန်းပင်လယ်ကွေ့၌ ဗုံးကြဲလေယာဉ်များကို ပျံသန်းပြနေချိန်တွင် အီရန်ကတည်း ကိုရီးယား ရေနံတင်သင်္ဘော တစ်စင်း ကိုဓားစာခံအဖြစ် ဖမ်းဆီးပြလိုက်သည်။

ဤဖြစ်ရပ်များသည် သမ္မတဂျိုးဘိုင်ဒင်နှင့် စေ့စပ်ညှိနှိုင်းခွင့် ရလိမ့်မည်ဟု မျှော်လင့် ထားသော တီဟီရန်၏ အဏုမြူစစ်တုရင် ကစားနည်းတစ်ခုပင် ။
ကာကွယ်ရေး လေ့လာသုံးသပ်သူ တစ်ဦးက ယခု အချိန်၌ အိမ်ဖြူတော်တွင် “ ခန့်မှန်းရခက်သည့် သမ္မတ” နှင့်“ အန္တရာယ်ရှိ နေသောအချိန်” ဟု news.com.au သို့် ပြောခဲ့သည်။

တစ်ဘက်တွင်လည်း အစ္စရေးက အရှေ့အလယ်ပိုင်းတွင် ထင်ပေါ်ကျော်ကြားသော စစ်အင်အား ရှိသော နိုင်ငံအဖြစ် ဆက်လက်ရှိနေစေချင်သည်။ ။
အမေရိကန်နှင့် အစ္စရေးတို့အတွက် အနာဂတ် စိန်ခေါ်မှုများမှာ အီရန်၏ နျူကလီးယား ရည်မှန်းချက်များကို ထိန်းချုပ်နိုင်နှင့် အမေရိကန်သမ္မ တ ဘားရက်အိုဘားမားနှင့် အခြားနိုင်ငံများပေါင်းကာ လက်မှတ်ရေးထိုးခဲ့သည် ၂၀၁၅ သဘောတူညီချက်ကို ပြန်လည် အသက်သွင်းနိုင်ရေးတို့ ဖြစ်နေသည်။

တီဟီရန်ကို မယုံသင်္ကာဖြစ်နေသည့် သမ္မတ ထရမ့်ပ်က ထိုသဘောတူညီချက်ကို ဆုတ်ဖြဲပစ် လိုက်သည်။ အီရန်ကလည်း အစဉ်အဆက် ကတည်းက ၎င်း၏ကိုယ်ပိုင် နျူအိပ်မက်ကို ဆက်လက်တိုးပွား အားထုတ်မှုကို ဖုံးကွယ်ရန် ကြိုးစားတော့ပေ။

အီရန်မြို့တော် တီဟီရန်၏ တောင်ဘက်သို့ နှစ်နာရီခန့် ကားမောင်းသွားလျှင် ရောက်နိုင်သည့် Qom မြို့ နပ်စပ်က Hoz-e-Sultan တွင် အီရန်နျူကလီးယား အစီအစဉ်အတွက် ယူရေနီယမ် ကြွယ်ဝပြည့်စုံရာ Fordow နျူသန့်စင် စက်ရုံ ရှိနေသည်။

ဒီဇင်ဘာလတွင် အီရန်နိုင်ငံသည် နျူဆောက်လုပ်ရေးလုပ်ငန်းကို စတင်လုပ်ကိုင်ခဲ့သည်။ ထိုအချက်ကို အေပီ၏ ဂြိုလ်တုပုံရိပ်များက အတည်ပြုနိုင်ခဲ့သည်။ အီရန်အာဏာပိုင်များက ထိုစက်ရုံများအား အစ္စရေး၏ ထပ်ခါတလဲလဲ ခြိမ်းခြောက် မှုများကြောင့် တောင်ကြားတွင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သြစတြေးလျ အမျိုးသား စစ်တက္ကသိုလ်နှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးဥပဒေမှ ကာကွယ်ရေး လေ့လာသုံးသပ်သူ ကလစ်ဝိလျံက Fordow သည် ၂၀၀၉ ခုနှစ်ကတည်းက တည်ရှိခဲ့သော်လည်း ၂၀၁၈ ခုနှစ်မှစ၍ လုပ်ငန်းတိုးချဲ့ခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ ၁ ရက်နေ့တွင် တီဟီရန်သည် နျူကလီးယားစက်ရုံများအား စစ်ဆေးသော အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) သို့အကြောင်းကြားပြီး ယူရေနီယမ်ကို ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်လာမည်ဟု အတိအလင်း ပြောကြားခဲ့သည်။

၂၀% ဆိုသည်မှာ အီရန်အဖို့ နျူကလီးယားလက်နက် မထုတ်လုပ်ဖြစ်ရန် မက်လုံးများပေးကာ နှောင်ကြိုးတင်းထားသည့်၂၀၁၅ ပူးတွဲသဘောတူညီချက်၌ ၃.၆၇ ရာခိုင်နှုန်းသာ အများဆုံးသန့်စင်ခွင့်ပေးထားသည်ထက် များစွာကျော်လွန်သည်။

အီရန်၏ အရပ်ဘက်နျူကလီးယား စွမ်းအင် အတွက်လိုအပ်သည့် ပမာဏထက် ပိုမိုမြင့်မားသော အဆင့်တွင်လည်း ရှိသည်။ နျူဗုံးအတွက်လိုအပ်သည့် သန့်စင်မှု အဆင့်နှင့်လည်း အလွန် နီးကပ်နေသည်။

ထို့အတွက် ဝါရှင်တန်နှင့် အစ္စရေးတို့က ယူရေနီယမ်သန့်စင်မှုနှုန်း ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ခြင်းအပေါ် စိုးရိမ်ဖွယ်ရာအဖြစ်ရှုမြင်ကြသည်။ လိုအပ်ချက်ပြည့်သွားလျှင် အချိန်တို အတွင်း နျူဗုံးကို ထွင်ပစ်လိုက်နိုင်သည်။

ဇန်နဝါရီလ ၄ ရက်နေ့တွင် Fordow ၌ စတင် တိုးတက်ခဲ့သည်။ Isfahan မြို့အနီးရှိ Natanz တွင်လည်း ဗုံးထုတ်လုပ်မှုကို လုပ်နေသည်။

အီရန်နိုင်ငံခြားရေး ဝန်ကြီးမိုဟာမက်ဂျာဗတ်ဇာရစ်ဖ်က နျူသန့်စင်မှုကို စတင်လိုက်သည်နှင့် မထင်သည့် အချိန်တွင် ပြန်လည် ရပ်ဆိုင်းသွားနိုင်ကြောင်း ပြောကြားခဲ့သည်။ အနာဂတ်သည် မရေရာသည့်အတွက် ရသည့်အချိန်ကို အပြည့်အဝ အသုံးချနေသည်။

တစ်ချိန်တည်းမှာပင် တရပ်အုပ်ချုပ်ရေး၏ ကြိုးပမ်းမှုဖြင့် အစ္စရေးနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုကဲ့သို့သော အရှေ့အလယ်ပိုင်းမှ အင်အားကြီးနိုင်ငံများအကြား သဘောတူညီမှု များ ရရှိလာခြင်းသည် အီရန်ကို ပိုမိုအထီးကျန် ဆန်လာသည်။

ယူရေနံယမ် သန့်စင်မှု သတင်းများနှင့် ရှေ့ဆင့်နောက်ဆင့်ဆိုသလို အီရန်နျူကလီးယားဗုံး အစီအစဉ်၏ ခေါင်းဆောင်ဖြစ်သူ Mohsen Fakhrizadeh လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။

အမေရိကန်တွင် မစ္စတာဘိုင်ဒင် အိမ်ဖြူတော်သို့ ရောက်ရန် ရက်အနည်းငယ်သာ လိုတော့သည်။ အီရန်အဖို့ ယူရေနီယမ်သန့်စင်မှုတိုးမြှင့်ခြင်းအပေါ် အစ္စရေးဒဏ် ကြောက်၍ဟု ဆင်ခြေပေးလိမ့်မည်။

“ အစ္စရေးဟာ အရှေ့အလယ်ပိုင်းမှာ တစ်ခုတည်းသော နျူကလီးယားစွမ်းအင် ရှိတဲ့ နိုင်ငံ ဖြစ်သလို ဒီပိုင်ဆိုင်မှုကိုလည်း သူတို့က ဆက်လက်ထိန်းသိမ်းထားဖို့ စိတ်ပိုင်းဖြတ်ထား တယ်” ဟု မစ္စတာဝီလျံက The Conversation ဝက်ဘ်ဆိုက်တွင် ရေးသား ခဲ့သည်။

“ဒီလဟာ အန္တရာယ်ရှိတဲ့အချိန်ပဲ။ ဘာလို့လဲဆိုတော့ အမေရိကန်မှာခန့်မှန်းရခက်တဲ့ သမ္မတရှိနေပြီး ဘိုင်ဒင်ဟာအီရန်နဲ့ ပိုမိုကောင်းမွန် တဲ့ ဆက်ဆံရေးထူထောင်ဖို့ အခက်တွေ့စရာတွေ အချိန်မရွေး ထဖြစ်လာနိင်တယ်” ဟု သူက ဆိုသည်။

အီရန်အပေါ် အမေရိကန်၏ မည်သည့် စစ်ရေးတုံ့ပြန်မှုမဆို ဘိုင်ဒင်အဖို့ ၂၀၁၅ နျူကလီးယား သဘောတူညီချက်အား ပြန်လည်ရှင်သန်စေရန်မှာ ပိုမိုခက်ခဲစေလိမ့်မည် ချည်းသာ ဖြစ်နေသည်။

မကြာသေးမီရက်များအတွင်း တီဟီရန်၏ မျှော်လင့်မထားသော တန်ပြန်လုပ်ဆောင်မှုအဖြစ် ပင်လယ်ကွေ့တစ်လျှောက် ခုတ်မောင်းလာသော တောင်ကိုရီးယားရေနံတင်သင်္ဘော Hankuk Chemi ကို ရန်နိုင်ငံ Bandar Abbas ဆိပ်ကမ်းသို့ အတင်းအကြပ် မောင်းချကာ သိမ်းဆည်းထားသည်။

တီဟီရန်အဖို့ အခြားနိုင်ငံ၏ ရေယာဉ်များကို သိမ်းယူသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပါ။ အီရန်နိုင်ငံသည် ရေနံတင်သင်္ဘောအား အီရန်ရေပြင်အမား အား ညစ်ညမ်းစေသည်ဟု စွပ်စွဲကာ ထိန်းသိမ်းခဲ့သည်။

အီရန်နိုင်ငံအနေဖြင့် ၎င်းအားဖျက်ဆီးရန် ကြိုးပမ်းနေသူများ၏ ခြိမ်းခြောက်မှုကို ခံနေရသည်ဟု မှတ်ယူထားသသဖြင့် နျူကလီးယားလက်နက်ရှိမှသာ နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အာမခံနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ တစ်ဘက်တွင်လည်း တီဟီရန်သည် ပိုမို အထီးကျန်လာသည့်အတွက် နောက်ထပ် နျူဗုံးပိုင်ဆိုင်ခွင့် အိပ်မက်ကို အကောင်အထည် ဖော်မည်မှာ သေချာသလောက် ဖြစ်နေသည်။

အမေရိကန် ၊ အစ္စရေးနှင့် အီရန်တို့ကို ကျေနပ်စေမည့် မဟာဗျူဟာမြောက် ထွက်ပေါက်မျိုးကို ယခုအချိန် တွင် ရှာဖွေရန် ခက်ခဲလွန်းလှသည်။ ထို့အတွက် ကမ္ဘာကြီးသည် နျူခြောက်အိပ်မက်များနှင့် ရတက်မအေးနိုင်အောင် ပိုဖြစ်လာမည်မှာ သေချာနေတော့သည်။

သုညဖြူ

Ref; news.com.au
၁၀.၀၁.၂၀၂၁
CRD_ChannelKeyMyanmar

Leave a Reply

Your email address will not be published. Required fields are marked *