INDIAN AIR FORCE အတြက္ C-295 သယ္ ယူပို႔ေဆာင္ေရးေလယာဥ္ ၅၆ စီးအား ၎ တို႔ကိုယ္တိုင္ထုတ္လုပ္ရန္ $ 2.5 BIL ျဖင့္ INDIA စာခ်ဳပ္ခ်ဳပ္ဆို

အိႏၵိယေလတပ္အတြက္ C-295 သယ္ယူပို႔ေဆာင္ေရးေလယာဥ္ ၅၆ စီးအားMade In India အစီအစဥ္ျဖင့္ ကိုယ္တိုင္ ထုတ္လုပ္ရန္ ကာကြယ္ေရးဝန္ႀကီးဌာနသည္Airbus TASL ႏွင့္ $ 2.5 Bil တန္ဖိုးရွိ သေဘာတူစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ပါတယ္။

အဆိုပါေလယာဥ္မ်ားအား လြန္ခဲ့ေသာႏွစ္အခ်ိဳ႕ကတည္းက ဝယ္ယူရန္ စီစဥ္ခဲ့ေသာ္လည္းစာခ်ဳပ္ပ်က္ျပယ္ခဲ့မႈမ်ားေၾကာင့္ ယခုအခါမွသာ အမွန္တကယ္ေရာင္းခ်ေပးမႈ ရွိလာခဲ့တာျဖစ္ပါတယ္။အိႏၵိယေလတပ္အေနျဖင့္ ယခု C-295 မ်ားအား ယခင္အသုံးျပဳေနသည့္သက္တမ္း ၆၀ နီးပါးရွိ Avro-748 သယ္ယူပို႔ေဆာင္ေရးေလယာဥ္မ်ားေနရာ၌အစားထိုးအသုံးျပဳသြားမွာ ျဖစ္ပါတယ္။

အဆိုပါေလယာဥ္မ်ားအား ၁၉၆၀ ျပည့္ႏွစ္ အေစာပိုင္းကာလကတည္းကအသုံးျပဳေနခဲ့တာ ျဖစ္ပါတယ္။ စာခ်ဳပ္အရ ၅၆ စီးတြင္ ပထမ ၁၆ စီးအားအသင့္ေမာင္းအေနအထားနဲ႔ ေပးအပ္မွာ ျဖစ္ၿပီး က်န္အစီး ၄၀ ကိုေတာ့TOT လႊဲေျပာင္းမႈျဖင့္ အိႏၵိယတို႔ ကိုယ္တိုင္တည္ေဆာက္သြားမွာ ျဖစ္တယ္လို႔သိရပါတယ္။

ယခုကဲ့သို႔ စာခ်ဳပ္ခ်ဳပ္ဆိုႏိုင္ျခင္းေၾကာင့္ ျပည္တြင္းေလေၾကာင္းကုမၸဏီမ်ားအတြက္ အဓိကအက်ိဳးအျမတ္ကို ရရွိေစမွာျဖစ္သလိုအနာဂတ္မွာလည္း အိႏၵိယတို႔အေနနဲ႔ C-295 ေလယာဥ္မ်ားအားအမ်ားအျပားထုတ္လုပ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

CRD – Expand Your Knowledge

Unicode

အိန္ဒိယလေတပ်အတွက် C-295 သယ်ယူပို့ဆောင်ရေးလေယာဉ် ၅၆ စီးအားMade In India အစီအစဉ်ဖြင့် ကိုယ်တိုင်ထုတ်လုပ်ရန် ကာကွယ်ရေးဝန်ကြီးဌာနသည်Airbus TASL နှင့် $ 2.5 Bil တန်ဖိုးရှိ သဘောတူစာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

အဆိုပါလေယာဉ်များအား လွန်ခဲ့သောနှစ်အချို့ကတည်းက ဝယ်ယူရန် စီစဉ်ခဲ့သော်လည်းစာချုပ်ပျက်ပြယ်ခဲ့မှုများကြောင့် ယခုအခါမှသာ အမှန်တကယ်ရောင်းချပေးမှု ရှိလာခဲ့တာဖြစ်ပါတယ်။အိန္ဒိယလေတပ်အနေဖြင့် ယခု C-295 များအား ယခင်အသုံးပြုနေသည့်သက်တမ်း ၆၀ နီးပါးရှိ Avro-748 သယ်ယူပို့ဆောင်ရေးလေယာဉ်များနေရာ၌အစားထိုးအသုံးပြုသွားမှာ ဖြစ်ပါတယ်။

အဆိုပါလေယာဉ်များအား ၁၉၆၀ ပြည့်နှစ် အစောပိုင်းကာလကတည်းကအသုံးပြုနေခဲ့တာ ဖြစ်ပါတယ်။ စာချုပ်အရ ၅၆ စီးတွင် ပထမ ၁၆ စီးအားအသင့်မောင်းအနေအထားနဲ့ ပေးအပ်မှာ ဖြစ်ပြီး ကျန်အစီး ၄၀ ကိုတော့TOT လွှဲပြောင်းမှုဖြင့် အိန္ဒိယတို့ ကိုယ်တိုင်တည်ဆောက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ယခုကဲ့သို့ စာချုပ်ချုပ်ဆိုနိုင်ခြင်းကြောင့် ပြည်တွင်းလေကြောင်းကုမ္ပဏီများအတွက် အဓိကအကျိုးအမြတ်ကို ရရှိစေမှာဖြစ်သလိုအနာဂတ်မှာလည်း အိန္ဒိယတို့အနေနဲ့ C-295 လေယာဉ်များအားအများအပြားထုတ်လုပ်နိုင်တော့မှာ ဖြစ်ပါတယ်။

CRD – Expand Your Knowledge

Leave a Reply

Your email address will not be published. Required fields are marked *