ကိုဗစ္ကို အရႈံးေပးလိုက္ရတဲ့ လန္ဒန္ၿမိဳ႕ေတာ္ (ကာကြယ္ေဆးနဲ႔ ကိုဗစ္ပိုးတို႔ အားၿပိဳင္တဲ့ပြဲ)

လန်ဒန်မြို့တော်ဝန်က လန်ဒန်မြို့ ဟာ ကိုဗစ်ကို ထိန်းချုပ်လို့ မနိုင်တဲ့ အခြေအနေရောက်နေတယ်လို့ လန်ဒန်သားတွေကို အရေးတကြီးပြောပါတယ်။ လူ သုံးဆယ်မှာတယောက်နှုန်းဖြစ်နေတယ် လန်ဒန်ကို အရေးတကြီး တပ်လှန့်ရတဲ့ အဆင့် မှာ ထားပြီး အရေးပေါ်လူနာတင် ယာဥ်တွေ မောင်းဘို့ ယာဥ်မောင်းတွေလဲ မလောက်မငှ ဖြစ်နေလို့ မီးသတ်ကား မောင်းတဲ့ သူတွေက အရေးပေါ်လူနာတင်ကားတွေ မောင်းခိုင်း နေရသတဲ့ ။ ဆရာဝန်ဆရာမတွေဟာ သူတို့ ဆေးရုံကို အရေးပေါ်ကားတွေ ဆယ်စီးလောက်တပြိုင်နက် စု ပြုံရောက်လာတာကို ကြည့် အထိတ်တလန့်ဖြစ်ကြတယ် ၊

ဆေးရုံမှာ ကိုဗစ်လူနာ ပြည့်သထက်ပြည့်လာနေလို့ ကုတင်က အစ ခက်ခဲနေပုံ ၊ ဆရာဝန်ဆရာမ မလုံမလောက်ဖြစ်နေပုံကြတွေကို ဝန်ခံကြပါတယ်။ တနိုင်ငံလုံး အတိုင်းအတာမှာ တရက်ကို ပေါ့စတစ်တွေ့သူ ပေါင်းက ခြောက်သောင်း အထက်ကိုရောက်နေတယ်။ ဒါ လူနာ တွေ ဆက်တိုးနေမှာသေချာတယ်ဆိုတဲ့ အဓိပ္ပါယ် ပဲ ။လောလောဆယ် ဆေးရုံတွေမှာ ကိုဗစ်လူနာချည်း သုံးသောင်းကျော်( ၃၀,၃၇၀ ) ရှိတယ် ။ အသက်ရှူစက်ပေါ်ရောက်နေတဲ့ လူနာက ၂,၈၂၁ ။ တရက်အဖိတ်အစင်က ၁,၃၂၅ ( ဇန်နဝါရီ ၈ရက်နေ့စာရင်း) ။ ခုလို့ အဖိတ်အစင်တရက် တစ်ထောင်ကျော်တာ လေးရက်ရှိလာပြီ ။

အမေရိကားမှာလဲ ဇန်နဝါရီ ၇ ရက် နေ့ တရက်ထဲ ပေါ့စတစ် ၃၀၇,၆၀၇။ အဖိတ်အစင် ၄,၀၁၀ နဲ့ စံချိန်တင်တယ်။ ဆေးရုံပေါ်ရောက်နေတဲ့ ကိုဗစ်လူနာပေါင်းက ၁၃၂,၃၇၀ ။ အသက်ရှူစက်ပေါ်ရောက်နေတာ ၇,၉၀၀ ရှိသတဲ့ ။ Kent variants လို့ခေါ်တဲ့ လန်ဒန် နားက ကင့် အရပ်က စ သွား တဲ့ ဗီဇပြောင်း ဗိုင်းယပ်စ် ဟာ ခုန်ပျံကျော်လွှားသိုင်းသမားလို့ နိုင်ငံတကာကို ပျံ့ နှံ့ သွားပြီးဖြစ်တယ်။ဒိန်းမတ်၊ ဂျာမဏီ ၊အီတလီ ၊ နယ်သာလန် ၊ သြစတေးလျ၊ စပိန်၊ ဆွဇ်ဇာလန် ၊ ကနေဒါ၊ ဂျပန် ဆွီဒင် ၊ ပြင်သစ် စတဲ့နိုင်ငံတွေမှာ ဒီ ဗီဇပြောင်းကို တွေ့ရတဲ့ အကြောင်း ။ ဒီဗီဇပြောင်းပိုးကို ထိန်းချုပ် မရရင်တော့ အခု ဗြိတိန်မှာ ကူးစက်တဲ့ နှုန်းလို အဆ ၅၀ -နဲ့ ၇၀ ကြား ပို ကူးစက်လာဖို့ ရှိနေပါ တယ်။

တောင်အာဖရိက ဗီဇပြောင်း ပိုး South African variant 501.V2 က ဗြိတိန်နဲ့ မတူပြန်ဘူးတဲ့ ။ သူ့မှာ ပရိုတိန်း အချိုးအစား ပြောင်းလဲမှု ပိုများနေ လို့ ပိုးအသစ်ဟာ ကာကွယ်ဆေး အာနိသင်ထက်မြက်မှု အပေါ် ဘယ်လိုသက်ရောက်မယ်ဆိုတာ ဆက်လေ့လာနေဖို့လိုမယ်လို့ ဗိုင်းယပ်စ်ပညာရှင်တွေက သတိထားလေ့လာနေကြပါတယ်။ဗြိတိန် ကာကွယ်ဆေး ဌါန( Immunization ) အကြီးအကဲ ပါမောက္ခဒေးဗစ်ဆေးလ်ဘူရီ ကတော့ ဗိုင်းယပ်စ် တွေ မျိုးဗီဇပြောင်းနေတာ သိတ် အထူးအဆန်းမဟုတ်ဘူး။ နှစ်တိုင်းလဲ တုတ်ကွေးကာကွယ်ဆေး ( Flu Vaccine ) ကို ပြောင်းလဲ ထုတ်လုပ်ပေးနေရသလို ပိုလီယို- ဝက်သက်ကာကွယ်ဆေးတွေ လဲ နှစ်စဥ် အမြဲပြောင်းလဲ ထုတ်လုပ်ပေးနေရတာပဲ ။ အခု ကိုဗစ်ကာကွယ်ဆေးလဲ လိုအပ်လာရင် ပြုပြင်ထုတ်လုပ်လို့ ရပါတယ်လို့ ပြောတယ်။

အမေရိကန် မိုဒါနားဆေးကို ဗြိတိန်က ထပ်အတည်ပြုလိုက်တော့ ဗြိတိန်မှာ ကြိုမှာထားပြီးသား တတိယ ကာကွယ်ဆေး အမျိုးအစား ၁၇ သန်းထပ်ရဖို့ သေချာသွားပြီ။ မိုဒါးနားကို မတ်လလောက်ကျမှ ရမယ် ဆိုပေမယ့် အက်စ်တျာဇင်နီကာဆေး က မှာထားတာ သန်း တစ်ရာ ။ ဖိုင်ဇာ ဘိုင်ရွန်းတက်က မှာထားတာ သန်း ၄၀ ။ ဆေးတွေကို စတင် လဲ ထိုးနှံနေပြီ ဆိုတော့ ဗြိတိန်ဟာ ကာကွယ် ဆေး လုံလောက်နေပြီလို့ ပြောလို့ ရတယ်။

အောက်စ်ဖို့ဆေးက သာမန်အပူချိန်မှာသိုလှောင်ဖြန့်ချိလို့ ရတော့ အခုတပြည်လုံး အကြီးအကျယ်ဖြန့်ကျက် ထိုးပေး နေပြီ။ တပတ်ကို လူ နှစ်သန်းနှုန်းနဲ့ ဖေဖော်ဝါရီ အကုန်မှာ လူ ၁၅ သန်းလောက် ထိုးပြီးသွားအောင် ကြိုးစားနေကြတယ်။ ဗြိတိန် စစ်တပ်ကလဲ လိုအပ်တဲ့ နေရာတွေကို ဝင်ကူညီပေးနေတယ် ။ အရင် ဖိုင်ဇာကာကွယ်ဆေး ထိုးထားပြီးသား လူတွေ ကို ၂၁ ရက် ရရင် ထပ်ထိုးဖို့ ရက်ချိန်းပေးထားတာတွေ ကို ၁၂ ပတ် အထိနောက်ဆုတ်လိုက်လို့ ဆရာဝန်တွေ အချင်းချင်း ပူညံပူညံ စကား များနေကြတာ တွေ့တယ်။

ဆေးမှူးချုပ်ခရစ်ဝစ်တီအယူအဆက လူ များများ ကို အရင်ဆုံး ဆေးတလုံး ပြီးအောင် ထိုးထားနိုင်ဘို့ ရည်ရွယ်တယ်လို့ ပြောတယ်။ ဒါမှမြန်မြန် ကာကွယ်နိုင်မှာ တဲ့ ။ ဆရာဝန်များအသင်းကတော့ ဆေးကုမ္ပဏီက ၂၁ ရက် ခြား ထိုးရမယ်ဆိုတဲ့ ညွှန်ကြားချက် အတိုင်း ထိုးစေချင်ကြတယ်။ ကာကွယ်ဆေးတွေ ထိုးပြီးသွား ရင် မျက်နှာကာတွေ ၊ နှာခေါင်းစည်းတွေ လိုဦးမလားဆိုတဲ့ အမေးကို တော့ ကူးစက်ရောဂါဗေဒ ဆရာဝန်မတယောက် ဒီနေ့ ဖြေသွား တာ ဆက် လိုနေဦးမယ်တဲ့ ။

နှာခေါင်းစည်း၊ လက်ဆေး၊ ခပ်ခွါခွါနေတာတွေက အခြေခံအကျဆုံး အကာအကွယ်တွေလို့ ပြောတယ်။ လူဦးရေ ၈၀ ရာခိုင်နှုန်းလောက် ဆေး အကာအကွယ်ရပြီးသွား မှ စိတ်ချရတဲ့ အနေအထားရောက်မယ်လို့ ပြောတယ်။ လူထု အသိတရားရှိရှိ ဝိုင်းထိမ်းသိမ်းကြလို့ မြန်မာပြည်က ဒုတိယကိုဗစ် လှိုင်းလဲ သိသိသာသာ အားပျော့လာတယ်လို့ ကျွန်တော်ထင်မိတယ်။ ကမ္ဘာ့ ကိုဗစ်နံပါတ်စဥ် ၆၈ ကနေ ၇၁ အထိ ပြန်ဆင်းလာပြီး မလေးရှားက ကိုယ့် အထက်ကို ပြန်ကျော်တက်သွား တာတွေ့မိတယ်။

ခွန်ဆိုင်း

zawgyi

လန္ဒန္ၿမိဳ႕ေတာ္ဝန္က လန္ဒန္ၿမိဳ႕ ဟာ ကိုဗစ္ကို ထိန္းခ်ဳပ္လို႔ မႏိုင္တဲ့ အေျခအေနေရာက္ေနတယ္လို႔ လန္ဒန္သားေတြကို အေရးတႀကီးေျပာပါတယ္။ လူ သုံးဆယ္မွာတေယာက္ႏႈန္းျဖစ္ေနတယ္ လန္ဒန္ကို အေရးတႀကီး တပ္လွန္႔ရတဲ့ အဆင့္ မွာ ထားၿပီး အေရးေပၚလူနာတင္ ယာဥ္ေတြ ေမာင္းဘို႔ ယာဥ္ေမာင္းေတြလဲ မေလာက္မငွ ျဖစ္ေနလို႔ မီးသတ္ကား ေမာင္းတဲ့ သူေတြက အေရးေပၚလူနာတင္ကားေတြ ေမာင္းခိုင္း ေနရသတဲ့ ။ ဆရာဝန္ဆရာမေတြဟာ သူတို႔ ေဆး႐ုံကို အေရးေပၚကားေတြ ဆယ္စီးေလာက္တၿပိဳင္နက္ စု ၿပဳံေရာက္လာတာကို ၾကည့္ အထိတ္တလန္႔ျဖစ္ၾကတယ္ ၊

ေဆး႐ုံမွာ ကိုဗစ္လူနာ ျပည့္သထက္ျပည့္လာေနလို႔ ကုတင္က အစ ခက္ခဲေနပုံ ၊ ဆရာဝန္ဆရာမ မလုံမေလာက္ျဖစ္ေနပုံၾကေတြကို ဝန္ခံၾကပါတယ္။ တႏိုင္ငံလုံး အတိုင္းအတာမွာ တရက္ကို ေပါ့စတစ္ေတြ႕သူ ေပါင္းက ေျခာက္ေသာင္း အထက္ကိုေရာက္ေနတယ္။ ဒါ လူနာ ေတြ ဆက္တိုးေနမွာေသခ်ာတယ္ဆိုတဲ့ အဓိပၸါယ္ ပဲ ။ေလာေလာဆယ္ ေဆး႐ုံေတြမွာ ကိုဗစ္လူနာခ်ည္း သုံးေသာင္းေက်ာ္( ၃၀,၃၇၀ ) ရွိတယ္ ။ အသက္ရႉစက္ေပၚေရာက္ေနတဲ့ လူနာက ၂,၈၂၁ ။ တရက္အဖိတ္အစင္က ၁,၃၂၅ ( ဇန္နဝါရီ ၈ရက္ေန႔စာရင္း) ။ ခုလို႔ အဖိတ္အစင္တရက္ တစ္ေထာင္ေက်ာ္တာ ေလးရက္ရွိလာၿပီ ။

အေမရိကားမွာလဲ ဇန္နဝါရီ ၇ ရက္ ေန႔ တရက္ထဲ ေပါ့စတစ္ ၃၀၇,၆၀၇။ အဖိတ္အစင္ ၄,၀၁၀ နဲ႔ စံခ်ိန္တင္တယ္။ ေဆး႐ုံေပၚေရာက္ေနတဲ့ ကိုဗစ္လူနာေပါင္းက ၁၃၂,၃၇၀ ။ အသက္ရႉစက္ေပၚေရာက္ေနတာ ၇,၉၀၀ ရွိသတဲ့ ။ Kent variants လို႔ေခၚတဲ့ လန္ဒန္ နားက ကင့္ အရပ္က စ သြား တဲ့ ဗီဇေျပာင္း ဗိုင္းယပ္စ္ ဟာ ခုန္ပ်ံေက်ာ္လႊားသိုင္းသမားလို႔ ႏိုင္ငံတကာကို ပ်ံ႕ ႏွံ႔ သြားၿပီးျဖစ္တယ္။ဒိန္းမတ္၊ ဂ်ာမဏီ ၊အီတလီ ၊ နယ္သာလန္ ၊ ၾသစေတးလ်၊ စပိန္၊ ဆြဇ္ဇာလန္ ၊ ကေနဒါ၊ ဂ်ပန္ ဆြီဒင္ ၊ ျပင္သစ္ စတဲ့ႏိုင္ငံေတြမွာ ဒီ ဗီဇေျပာင္းကို ေတြ႕ရတဲ့ အေၾကာင္း ။ ဒီဗီဇေျပာင္းပိုးကို ထိန္းခ်ဳပ္ မရရင္ေတာ့ အခု ၿဗိတိန္မွာ ကူးစက္တဲ့ ႏႈန္းလို အဆ ၅၀ -နဲ႔ ၇၀ ၾကား ပို ကူးစက္လာဖို႔ ရွိေနပါ တယ္။

ေတာင္အာဖရိက ဗီဇေျပာင္း ပိုး South African variant 501.V2 က ၿဗိတိန္နဲ႔ မတူျပန္ဘူးတဲ့ ။ သူ႔မွာ ပ႐ိုတိန္း အခ်ိဳးအစား ေျပာင္းလဲမႈ ပိုမ်ားေန လို႔ ပိုးအသစ္ဟာ ကာကြယ္ေဆး အာနိသင္ထက္ျမက္မႈ အေပၚ ဘယ္လိုသက္ေရာက္မယ္ဆိုတာ ဆက္ေလ့လာေနဖို႔လိုမယ္လို႔ ဗိုင္းယပ္စ္ပညာရွင္ေတြက သတိထားေလ့လာေနၾကပါတယ္။ၿဗိတိန္ ကာကြယ္ေဆး ဌါန( Immunization ) အႀကီးအကဲ ပါေမာကၡေဒးဗစ္ေဆးလ္ဘူရီ ကေတာ့ ဗိုင္းယပ္စ္ ေတြ မ်ိဳးဗီဇေျပာင္းေနတာ သိတ္ အထူးအဆန္းမဟုတ္ဘူး။ ႏွစ္တိုင္းလဲ တုတ္ေကြးကာကြယ္ေဆး ( Flu Vaccine ) ကို ေျပာင္းလဲ ထုတ္လုပ္ေပးေနရသလို ပိုလီယို- ဝက္သက္ကာကြယ္ေဆးေတြ လဲ ႏွစ္စဥ္ အၿမဲေျပာင္းလဲ ထုတ္လုပ္ေပးေနရတာပဲ ။ အခု ကိုဗစ္ကာကြယ္ေဆးလဲ လိုအပ္လာရင္ ျပဳျပင္ထုတ္လုပ္လို႔ ရပါတယ္လို႔ ေျပာတယ္။

အေမရိကန္ မိုဒါနားေဆးကို ၿဗိတိန္က ထပ္အတည္ျပဳလိုက္ေတာ့ ၿဗိတိန္မွာ ႀကိဳမွာထားၿပီးသား တတိယ ကာကြယ္ေဆး အမ်ိဳးအစား ၁၇ သန္းထပ္ရဖို႔ ေသခ်ာသြားၿပီ။ မိုဒါးနားကို မတ္လေလာက္က်မွ ရမယ္ ဆိုေပမယ့္ အက္စ္တ်ာဇင္နီကာေဆး က မွာထားတာ သန္း တစ္ရာ ။ ဖိုင္ဇာ ဘိုင္႐ြန္းတက္က မွာထားတာ သန္း ၄၀ ။ ေဆးေတြကို စတင္ လဲ ထိုးႏွံေနၿပီ ဆိုေတာ့ ၿဗိတိန္ဟာ ကာကြယ္ ေဆး လုံေလာက္ေနၿပီလို႔ ေျပာလို႔ ရတယ္။

ေအာက္စ္ဖို႔ေဆးက သာမန္အပူခ်ိန္မွာသိုေလွာင္ျဖန္႔ခ်ိလို႔ ရေတာ့ အခုတျပည္လုံး အႀကီးအက်ယ္ျဖန္႔က်က္ ထိုးေပး ေနၿပီ။ တပတ္ကို လူ ႏွစ္သန္းႏႈန္းနဲ႔ ေဖေဖာ္ဝါရီ အကုန္မွာ လူ ၁၅ သန္းေလာက္ ထိုးၿပီးသြားေအာင္ ႀကိဳးစားေနၾကတယ္။ ၿဗိတိန္ စစ္တပ္ကလဲ လိုအပ္တဲ့ ေနရာေတြကို ဝင္ကူညီေပးေနတယ္ ။ အရင္ ဖိုင္ဇာကာကြယ္ေဆး ထိုးထားၿပီးသား လူေတြ ကို ၂၁ ရက္ ရရင္ ထပ္ထိုးဖို႔ ရက္ခ်ိန္းေပးထားတာေတြ ကို ၁၂ ပတ္ အထိေနာက္ဆုတ္လိုက္လို႔ ဆရာဝန္ေတြ အခ်င္းခ်င္း ပူညံပူညံ စကား မ်ားေနၾကတာ ေတြ႕တယ္။

ေဆးမႉးခ်ဳပ္ခရစ္ဝစ္တီအယူအဆက လူ မ်ားမ်ား ကို အရင္ဆုံး ေဆးတလုံး ၿပီးေအာင္ ထိုးထားႏိုင္ဘို႔ ရည္႐ြယ္တယ္လို႔ ေျပာတယ္။ ဒါမွျမန္ျမန္ ကာကြယ္ႏိုင္မွာ တဲ့ ။ ဆရာဝန္မ်ားအသင္းကေတာ့ ေဆးကုမၸဏီက ၂၁ ရက္ ျခား ထိုးရမယ္ဆိုတဲ့ ၫႊန္ၾကားခ်က္ အတိုင္း ထိုးေစခ်င္ၾကတယ္။ ကာကြယ္ေဆးေတြ ထိုးၿပီးသြား ရင္ မ်က္ႏွာကာေတြ ၊ ႏွာေခါင္းစည္းေတြ လိုဦးမလားဆိုတဲ့ အေမးကို ေတာ့ ကူးစက္ေရာဂါေဗဒ ဆရာဝန္မတေယာက္ ဒီေန႔ ေျဖသြား တာ ဆက္ လိုေနဦးမယ္တဲ့ ။

ႏွာေခါင္းစည္း၊ လက္ေဆး၊ ခပ္ခြါခြါေနတာေတြက အေျခခံအက်ဆုံး အကာအကြယ္ေတြလို႔ ေျပာတယ္။ လူဦးေရ ၈၀ ရာခိုင္ႏႈန္းေလာက္ ေဆး အကာအကြယ္ရၿပီးသြား မွ စိတ္ခ်ရတဲ့ အေနအထားေရာက္မယ္လို႔ ေျပာတယ္။ လူထု အသိတရားရွိရွိ ဝိုင္းထိမ္းသိမ္းၾကလို႔ ျမန္မာျပည္က ဒုတိယကိုဗစ္ လႈိင္းလဲ သိသိသာသာ အားေပ်ာ့လာတယ္လို႔ ကြၽန္ေတာ္ထင္မိတယ္။ ကမာၻ႔ ကိုဗစ္နံပါတ္စဥ္ ၆၈ ကေန ၇၁ အထိ ျပန္ဆင္းလာၿပီး မေလးရွားက ကိုယ့္ အထက္ကို ျပန္ေက်ာ္တက္သြား တာေတြ႕မိတယ္။

ခြန္ဆိုင္း

Leave a Reply

Your email address will not be published. Required fields are marked *