ဗြိ တိ န် က သန္ဓေပြော င်းကို ဗစ်ပိုး ဥရောပ နိုင်ငံေ တွအြ ပင် ကေ နဒါနဲ့ ဂျ ပန် နိုင်ငံ အထိပါ ရောက်ရှိ

ဗြိ တိ န်နိုင် ငံမှ ာ ပြီးခဲ့ တဲ့တစ် လလောက် က တွေ့ရှိ ခဲ့တဲ့ ပို မိုကူး စက်မြန် ကိုဗစ် သန္ဓေပြေ ာင်းပိုးဟာ အချိန်တိုအတွ င်း ဥရောပနိုင်ငံ အနှံအပြားအပြင် ကနေဒါနဲ့ အာရှတိုက်က စင်ကာပူနဲ့ ဂျပန်နိုင်ငံတွေကိုပါ ပျံ့နှံ့ရောက်ရှိသွားခဲ့ပြီလို့ သိရပါတယ်။ဗြိတိန်ရဲ့ သန္ဓေပြောင်းကိုဗစ်ဗိုင်းရပ်စ်ဟ ာ စပိ န်၊ ဆွစ်ဇ ာလန်၊ ဆွီ ဒင်နဲ့ ပြင်သ စ်စတဲ့ ဥရေ ာပနို င်ငံတွေကို ရော က်ရှိသွ ားခဲ့ တာကို သက် ဆိုင်ရာနိုင်ငံအသီ းသီး က အတည် ပြုခဲ့ ကြပ ါတယ်။

စင်ကာပူနိုင်ငံကလည်း ဗြိတိန်မှာ ကျောင်းတက်ရာကပြန်လာတဲ့ မိန်းကလေးငယ်တစ်ယောက်မှာ အဲဒီဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရတယ်လို့ ပြီးခဲ့ရက်ပိုင်းအတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။အဲဒီဗိုင်းရပ်စ်ဟာ ကနေဒါနိုင်ငံ၊ အွန်တေရီယိုမြို့က ဇနီးမောင်နှံ နှစ်ယောက်ဆီ ကူးစက်ခဲ့တာကို စစ်ဆေးသိရှိခဲ့ပြီး သူတို့ဟာ ခရီးသွားရာဇဝင်မရှိသလို ကူးစက်နိုင်ခြေမြင့်မားတဲ့ ထိတွေ့မှုလည်းမရှိဘဲ ကူးစက်ခံနေရတာဖြစ်တယ်လို့ တာဝန်ရှိသူတွေက အတည်ပြုခဲ့ပါတယ်။

ဒါ့အပြင် ဗြိတိန်ကပြန်လာတဲ့ ခရီးသည်ငါးယောက်မှာ ဒီသန္ဓေပြောင်း ကိုဗစ်ပိုးရှိတာကို စစ်ဆေးသိရှိရပြီး ပြည်တွင်းကူးစက်မှုအဖြစ် နောက်ထပ်နှစ်ယောက်မှာပါ ပိုးတွေ့ခဲ့ရတယ်လို့ ဂျပန်အာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဂျပန်နိုင်ငံဟာ လာမယ့် ဒီဇင်ဘာလ (၂၈) ရက်နေ့ကစပြီး နိုင်ငံသားမဟုတ်တဲ့ ပြည်ပသားတွေကို တစ်လတိတိ ပြည်ဝင်ခွင့်ပိတ်ပင်တယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။

“အခုထိတ်လန့်နေကြတဲ့ ကူးစက်မြန် ကိုဗစ်သန္ဓေပြောင်းပိုးဟာ ဗြိတိန်မှာစတွေ့တာလို့ အများကသိထားကြတာပါ။ ဒါပေမဲ့ ဗြိတိန်ရဲ့ အထူးကောင်းမွန်တဲ့စောင့်ကြည့်ရေး စနစ်တွေကြောင့်တွေ့ခဲ့တာဖြစ်ပြီး အရင်ကတည်းက တခြားနိုင်ငံတွေမှာ အများအပြား ကူးစက်နေပြီး ဖြစ်လောက်တယ်လို့။” ဥရောပ ကော်မရှင်အကြီးအကဲ အာဆူလာဗွန်ဒါလီယန်က ထင်ကြေးပေး ပြောဆိုခဲ့ပါတယ်။

အခုအချိန်မှာတော့ နိုင်ငံတော်တော်များများဟာ အခြေအနေအကောင်းဆုံး Pfizer-BioNtech ကာကွယ်ဆေးတွေကို မှာယူရရှိထားပြီး နောက်ထပ်ပိုဆိုးလာနိုင်တဲ့ ကိုဗစ်ပိုးတွေမပျံ့နှံ့မီ အချိန်မဆိုင်းတော့ဘဲ ကာကွယ်ဆေးထိုးဖို့ လုပ်ဆောင်နေပါပြီ။

Ref : BBC
Photo : AFP
CRD…..Omedia #Covid19 #UK #TZ

ZAWGYI





Ref : BBC
Photo : AFP

Leave a Reply

Your email address will not be published. Required fields are marked *