ဂ်ပန္ကိုလာတဲ့ ဘရာဇီး ခရီးသြား (၄) ေယာက္မွာ ကိုဗစ္ဗီဇကြဲ မ်ိဳးစိတ္သစ္ ေတြ႕ရွိ

အခုတွေ့ရှိတဲ့ ဗိုင်းရပ်စ်ဗီဇကွဲသစ်ဟာ ဘရာဇီးမှ ရောက်ရှိလာတဲ့ ခရီးသွားလေးယောက်ဆီက တွေ့တာဖြစ်ပါတယ်။ အရင်တွေ့ထားတဲ့ ယူကေနဲ့ တောင်အာဖရိကက ဗီဇကွဲသစ်တွေနဲ့ မတူဘူးလို့ ဆိုပါတယ်။အခုတွေ့တဲ့ ဗီဇကွဲအသစ်မှာ ကွဲပြားတဲ့နေရာ ၁၂ နေရာရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲက ၁ နေရာက ယူကေနဲ့ တောင်အဖရိကကဗီဇကွဲတွေမှာ တွေ့ရတဲ့ နေရာတစ်ခုနဲ့ တူပါတယ်တဲ့။

အခုအသစ်တွေ့ရတဲ့ မျိုးဗီဇကွဲအသစ်ဟာ ပိုမို ကူးစက်လွယ်လား မလွယ်လားမသိသေးပါ။ ဖြစ်စဉ်ကတော့ ဇန်နဝါရီလ ၂ ရက်နေ့မှာ တိုကျို Haneda လေဆိပ်ကို ဘရာဇီး ခရီးသွား လေးယောက်ရောက်လာပါတယ်။အဲ့ဒီထဲက အသက် ၄၀ ကျော်အမျိုးသားမှာ အသက်ရှုရခက်တဲ့ ရောဂါလက္ခဏာ ပြပါတယ်။ အသက် ၃၀ ကျော်အမျိုးသမီးမှာ ခေါင်းကိုက်ပြီး လည်ချောင်းနာတဲ့ ရောဂါလက္ခဏာတွေ ပြပါတယ်။

ဆယ်ကျော်သက်ရွယ်ယောကျ်ားလေးက ကိုယ်ပူတက်ပါတယ်။ ဆယ်ကျော်သက်ရွယ် မိန်းကလေးမှာ ဘာရောဂါလက္ခဏာမှ မပြပါတဲ့။ အားလုံးကို တိုကျိုလေဆိပ်မှာ သီးသန့်ခွဲကာ Quarantine ဝင်ခိုင်းထားပါတယ်။ အခုထိ သိရသလောက်ပါခင်ဗျား။

Richard Myo Thant

zawgyi

အခုေတြ႕ရွိတဲ့ ဗိုင္းရပ္စ္ဗီဇကြဲသစ္ဟာ ဘရာဇီးမွ ေရာက္ရွိလာတဲ့ ခရီးသြားေလးေယာက္ဆီက ေတြ႕တာျဖစ္ပါတယ္။ အရင္ေတြ႕ထားတဲ့ ယူေကနဲ႔ ေတာင္အာဖရိကက ဗီဇကြဲသစ္ေတြနဲ႔ မတူဘူးလို႔ ဆိုပါတယ္။အခုေတြ႕တဲ့ ဗီဇကြဲအသစ္မွာ ကြဲျပားတဲ့ေနရာ ၁၂ ေနရာရွိတယ္လို႔ ဆိုပါတယ္။ အဲဒီထဲက ၁ ေနရာက ယူေကနဲ႔ ေတာင္အဖရိကကဗီဇကြဲေတြမွာ ေတြ႕ရတဲ့ ေနရာတစ္ခုနဲ႔ တူပါတယ္တဲ့။

အခုအသစ္ေတြ႕ရတဲ့ မ်ိဳးဗီဇကြဲအသစ္ဟာ ပိုမို ကူးစက္လြယ္လား မလြယ္လားမသိေသးပါ။ ျဖစ္စဥ္ကေတာ့ ဇန္နဝါရီလ ၂ ရက္ေန႔မွာ တိုက်ိဳ Haneda ေလဆိပ္ကို ဘရာဇီး ခရီးသြား ေလးေယာက္ေရာက္လာပါတယ္။အဲ့ဒီထဲက အသက္ ၄၀ ေက်ာ္အမ်ိဳးသားမွာ အသက္ရႈရခက္တဲ့ ေရာဂါလကၡဏာ ျပပါတယ္။ အသက္ ၃၀ ေက်ာ္အမ်ိဳးသမီးမွာ ေခါင္းကိုက္ၿပီး လည္ေခ်ာင္းနာတဲ့ ေရာဂါလကၡဏာေတြ ျပပါတယ္။

ဆယ္ေက်ာ္သက္႐ြယ္ေယာက်္ားေလးက ကိုယ္ပူတက္ပါတယ္။ ဆယ္ေက်ာ္သက္႐ြယ္ မိန္းကေလးမွာ ဘာေရာဂါလကၡဏာမွ မျပပါတဲ့။ အားလုံးကို တိုက်ိဳေလဆိပ္မွာ သီးသန႔္ခြဲကာ Quarantine ဝင္ခိုင္းထားပါတယ္။ အခုထိ သိရသေလာက္ပါခင္ဗ်ား။

Richard Myo Thant

Leave a Reply

Your email address will not be published. Required fields are marked *