ဖိလစ်ပိုင်ရေတပ်သည် ဖိလစ်ပိုင်မရိန်းတပ်ဖွဲ့ အတွက် ၅.၅၆ မီလီမီတာSquad Automatic Weapon (SAW) စနစ်များကို ဝယ်ယူရန်ပြင်ဆင်လျက်ရှိသည်ဟု သိရှိရသည်။ အသေးစိတ်အချက်အလက်ကိုမှု သိရှိရခြင်းမရှိသေးသော်လည်း ၎င်းသည် အသေးသုံးစရိတ်များထဲမှ ရည်ရွယ်ထားခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါဝယ်ယူမှုသည် အနည်းဆုံး အလက်ရေ ၁၈၀ မှ ၂၀၀ အတွင်း ရှိလိမ့်မည်ဖြစ်ကာ IWI Negev သို့မဟုတ် S&T Motiv K3 ထဲမှ ရွေးချယ်မည်ဖြစ်သည်ဟု သိရှိရသည်။အသစ်ဝယ်ယူမည့်စနစ်အနေဖြင့် ပုံမှန်မရိန်းတပ်ဖွဲ့များအတွက်၊သို့မဟုတ် အထူးမရိန်းတပ်ဖွဲ့များအတွက် ဆိုသည်ကိုတော့ သိရှိရ
ခြင်းမရှိပေ။ လက်ရှိအချိန်၌ အဆိုပါတပ် ဖွဲ့များတွင် M60 7.62mm GPMG စနစ်များကို အသုံးပြုလျက်ရှိသည်။ သို့သော် ယခုဝယ်ယူမှုသည် အဆင့်မြှင့်တင်ခြင်းစီမံကိန်းများထဲမှ မဟုတ်ဘဲ သီးသန့်ဝယ်ယူခြင်းဖြစ်သည်ဟု သိရှိရသည်။
Ref-MDP
crd….Myanmarnews24
zawgyi
Ref-MDP
#Myanmarnews24