အိန္ဒိယအစိုးရဟာ ဒီဘက်နှစ်ကာလတွေမှာ မြန်မာအစိုးရနဲ့ နိုင်ငံရေး စစ်ရေးတွေ ပိုပြီးနီးနီးကပ်ကပ်ဆက်ဆံရေးတိုးချဲ့လာတာ တွေ့ရပါတယ်၊ ဒါကလည်း သူ့အိမ်ဘေးက ဘင်္ဂလားဒေ့ရှ်တွေ တရုတ်ကြီးနဲ့ ဆက်ဆံရေးပိုနီးကပ်လာတဲ့အတွက် တန်ပြန်မှုအနေနဲ့ မြန်မာကိုပိုမိုချည်းကပ်လာတယ်လို့ ယူဆကြပါတယ်။ မြန်မာပြည်မှာ လတ်တလော လူတွေသိလာတဲ့ အိန္ဒိယနဲ့ ပက်သတ်တဲ့ အကြောင်းအရာတွေထဲမှာ အထင်ရှားဆုံးကတော့ ရေငုပ်သင်္ဘောကိစ္စပဲဖြစ်ပါတယ်၊
ဒီလိုစစ်ရေးဆိုင်ရာ ပူးပေါင်းမှုတွေအပြင် စီးပွားရေးနဲ့ပက်သတ်တဲ့ ကိစ္စတွေမှာလည်း အိန္ဒိယဟာ မြန်မာပြည်ကို ခြေလှမ်းကြဲကြဲနဲ့ ဝင်လာတာကို တွေ့ရပါတယ်၊ ယခင်လုပ်နေတဲ့ ကုလားတန် ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်းအပြင် ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာမှာ မြန်မာပြည်ကို လာရောက်ခဲ့တဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ်တို့ရဲ့ ခရီးအတွင်းမှာ နောက်ထပ်ရင်းနှီးမြှုပ်နှံမှုလုပ်မဲ့ သတင်းတစ်ခုထွက်ပေါ်လာပါတယ်။အဲဒါကတော့ အမေရိကန်ဒေါ်လာ ၆ ဘီလီလျံ တန်ဖိုးရှိတဲ့သန်လျင်ရေနံချက်စက်ရုံ စီမံကိန်းပဲဖြစ်ပါတယ်၊ မြန်မာဖက်ကတော့ အသေးစိတ်ညှိုနှိုင်းမှုတွေ မပြီးပြတ်သေးတဲ့အတွက် ဒီစီမံကိန်းသတင်းကို တရားဝင်အတည်ပြုမပြောကြားသေးပေမဲ့ စီမံကိန်းဖြစ်မြောက်ဖို့ သေချာသလောက်နီးနီးရှိနေပါတယ်။
အထူးသဖြင့် ကျနော်စိတ်ဝင်စားတာက ဒီစီမံကိန်းဟာ သီးသန့်စီမံကိန်းအသစ်လား ဒါမှမဟုတ် ယခင်သန်လျင်ရေနံချက်စက်ရုံအဟောင်းကို ပြန်လည်တည်ဆောက်လည်ပတ်မဲ့ စီမံကိန်းလား ဒါမှမဟုတ် နှစ်ခုစလုံးလား ဆိုတာပဲ ဖြစ်ပါတယ်။အဲဒီ အမှတ်(၁)သန်လျင်ရေနံချက်စက်ရုံကို စွမ်းအင်ဝန်ကြီးဌာနက အစုရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ ကုမ္ပဏီများဘက်က ၄၉ ရာ ခိုင်နှုန်းနဲ့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် ဦးသိန်းစိန်လက်ထက် ၂၀၁၄ ဇူလိုင်က နိုင်ငံပိုင် သတင်းစာများမှာ တင်ဒါ စတင်ခေါ်ယူခဲ့ပါတယ်။ အဲဒီလို ပြည်တွင်းပြည်ပကုမ္ပဏီတွေကို စတင် တင်ဒါခေါ်ယူခဲ့ပြီး ၂၀၁၅ မှာ အစိုးရသစ်တက်လာတော့ တင်ဒါတင်သွင်းခဲ့တဲ့ အချက်အလက်များကို ပြန်လည်စီစစ်ခဲ့ပါတယ်။
ကုမ္ပဏီ ၄ ခုကနေ တင်ဒါ အဆိုပြုလွှာများကို လက်ခံရရှိခဲ့ပေမဲ့ လိုအပ်တဲ့ စံသတ်မှတ်ချက် ပြည့်မှီခြင်း မရှိခဲ့တာကြောင့် တင်ဒါအောင်မြင်တဲ့ ကုမ္ပဏီမရှိခဲ့ပါဘူး ၊ တင်ဒါမအောင်မြင်ခဲ့တဲ့ ကုမ္ပဏီ ၄ ခုကတော့ ဂျပန်နိုင်ငံမှ Idemitsu Kosan Co.,Ltd၊ ထိုင်းနိုင်ငံမှ PTT Public Co., Ltd / Thai Oil Public Co., Ltd၊ စင်ကာပူနိုင်ငံ အခြေစိုက် PUMA Energy Group Pte., Ltd နဲ့ ြ မန်မာနိုင်ငံမှ အေးနေဝင်းတို့ပိုင်တဲ့ Omni Focus Co., Ltd တွေဖြစ်တယ်လို့ သိရပါတယ်။
ဘာဖြစ်လို့ တင်ဒါမအောင်ရတာလဲဆိုတော့ ကုမ္ပဏီများဘက်က ရေနံစက်ရုံအတွင်းရှိ စက်ရုံများအားလုံးပြုပြင်ဖို့ အဆိုပြုမှုမရှိဘဲ စက်ရုံအစိတ်အပိုင်းအချို့ကိုပဲ ပြင်ဆင်ဖို့ အဆိုပြုထားခြင်း၊ စက်ရုံအသစ် တည်ဆောက်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနက စီးပွားရေးတွက်ခြေကိုက်မှု အရွယ်အစား ဖော်ပြထားသော်လည်းကုမ္ပဏီများဘက်မှ စီးပွားရေးတွက်ခြေကိုက်အရွယ်အစား မဖြစ်ခြင်း၊ စက်ရုံအသစ်တည်ဆောက်ခြင်း ဖြစ်နိုင်ခြေရှိ၊ မရှိ လေ့လာဆန်းစစ်ပြီးမှသာ ဆောင် ရွက်မည်ဟု အဆိုပြုထားသည့်အတွက် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမရှိခဲ့ကြောင်း ရေနံဓာတုဗေဒလုပ်ငန်းစီမံညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။
တရုတ်ဘက်ကလည်း မြန်မာပြည်တွင်းမှာ ရေနံချက်စက်ရုံကြီးများတည်ဆောက်ဖို့ အဆိုပြုထားတာတွေရှိပါတယ်၊ အထူးသဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ တရုတ်စွမ်းအင်လုပ်ငန်းကြီးများဖြစ်တဲ့ Yunnan Indo Pacific Group နဲ့ Zhongan and CNPC East China Design Institute (CEI) တို့က တစ်နှစ်လျှင် မက်ထရစ်တန်ချိန်ပေါင်း ၈ သန်းချက်လုပ်နိုင်မည့် အကြီးစား ရေနံချက်စက်ရုံစီမံကိန်းအတွက် မြေပြင်လေ့လာရေးစမ်းစစ်မှုများ ပြုလုပ်နိုင်ရန် အဆိုပြုထားကြပါတယ်။
ဒါကြောင့် အခုပုံစံအနေအထားကိုကြည့်မယ်ဆို မြန်မာပြည်ဟာ အိန္ဒိယနဲ့ တရုတ်တို့အကြား အပြိုင်အဆိုင် ရင်းနှီးမြှုပ်နှံမှုပြုနေတဲ့ အားပြိုင်မှုမှာ ကိုယ့်အတွက် တွက်ခြေကိုက်ပြီး အကျိုးအမြတ်ရှိမဲ့ စီမံကိန်းတွေကို သေချာစိစစ်ပြီး ရွေးချယ်နေတယ်ဆိုတာကို သွားတွေ့ရပါတယ်၊ ဒါတောင် ဂျပန်နဲ့ ဥရောပနိုင်ငံတွေရဲ့ စီမံကိန်းတွေ ကျန်နေပါသေးတယ်
လောလောဆယ်တော့ ဒီလောက်ပဲ ကျွန်တော်သိသလောက် အနေအထားတွေကို ဖော်ပြပေးလိုက်ပါတယ်။
CRD_Zaw Myint Thein
zawgyi
အိႏၵိယအစိုးရဟာ ဒီဘက္ႏွစ္ကာလေတြမွာ ျမန္မာအစိုးရနဲ႔ ႏိုင္ငံေရး စစ္ေရးေတြ ပိုၿပီးနီးနီးကပ္ကပ္ဆက္ဆံေရးတိုးခ်ဲ႕လာတာ ေတြ႕ရပါတယ္၊ ဒါကလည္း သူ႔အိမ္ေဘးက ဘဂၤလားေဒ့ရွ္ေတြ တ႐ုတ္ႀကီးနဲ႔ ဆက္ဆံေရးပိုနီးကပ္လာတဲ့အတြက္ တန္ျပန္မႈအေနနဲ႔ ျမန္မာကိုပိုမိုခ်ည္းကပ္လာတယ္လို႔ ယူဆၾကပါတယ္။ ျမန္မာျပည္မွာ လတ္တေလာ လူေတြသိလာတဲ့ အိႏၵိယနဲ႔ ပက္သတ္တဲ့ အေၾကာင္းအရာေတြထဲမွာ အထင္ရွားဆုံးကေတာ့ ေရငုပ္သေဘၤာကိစၥပဲျဖစ္ပါတယ္၊
ဒီလိုစစ္ေရးဆိုင္ရာ ပူးေပါင္းမႈေတြအျပင္ စီးပြားေရးနဲ႔ပက္သတ္တဲ့ ကိစၥေတြမွာလည္း အိႏၵိယဟာ ျမန္မာျပည္ကို ေျခလွမ္းႀကဲႀကဲနဲ႔ ဝင္လာတာကို ေတြ႕ရပါတယ္၊ ယခင္လုပ္ေနတဲ့ ကုလားတန္ ဘက္စုံသယ္ယူပို႔ေဆာင္ေရး စီမံကိန္းအျပင္ ၿပီးခဲ့တဲ့ ၂၀၂၀ ေအာက္တိုဘာမွာ ျမန္မာျပည္ကို လာေရာက္ခဲ့တဲ့ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးနဲ႔ အိႏၵိယတပ္မေတာ္ ၾကည္းတပ္ဦးစီးခ်ဳပ္တို႔ရဲ႕ ခရီးအတြင္းမွာ ေနာက္ထပ္ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္မဲ့ သတင္းတစ္ခုထြက္ေပၚလာပါတယ္။အဲဒါကေတာ့ အေမရိကန္ေဒၚလာ ၆ ဘီလီလ်ံ တန္ဖိုးရွိတဲ့သန္လ်င္ေရနံခ်က္စက္႐ုံ စီမံကိန္းပဲျဖစ္ပါတယ္၊ ျမန္မာဖက္ကေတာ့ အေသးစိတ္ညႇိဳႏႈိင္းမႈေတြ မၿပီးျပတ္ေသးတဲ့အတြက္ ဒီစီမံကိန္းသတင္းကို တရားဝင္အတည္ျပဳမေျပာၾကားေသးေပမဲ့ စီမံကိန္းျဖစ္ေျမာက္ဖို႔ ေသခ်ာသေလာက္နီးနီးရွိေနပါတယ္။
အထူးသျဖင့္ က်ေနာ္စိတ္ဝင္စားတာက ဒီစီမံကိန္းဟာ သီးသန႔္စီမံကိန္းအသစ္လား ဒါမွမဟုတ္ ယခင္သန္လ်င္ေရနံခ်က္စက္႐ုံအေဟာင္းကို ျပန္လည္တည္ေဆာက္လည္ပတ္မဲ့ စီမံကိန္းလား ဒါမွမဟုတ္ ႏွစ္ခုစလုံးလား ဆိုတာပဲ ျဖစ္ပါတယ္။အဲဒီ အမွတ္(၁)သန္လ်င္ေရနံခ်က္စက္႐ုံကို စြမ္းအင္ဝန္ႀကီးဌာနက အစုရွယ္ယာ ၅၁ ရာခိုင္ႏႈန္း၊ ကုမၸဏီမ်ားဘက္က ၄၉ ရာ ခိုင္ႏႈန္းနဲ႔ အက်ိဳးတူပူးေပါင္း ေဆာင္႐ြက္ရန္ ဦးသိန္းစိန္လက္ထက္ ၂၀၁၄ ဇူလိုင္က ႏိုင္ငံပိုင္ သတင္းစာမ်ားမွာ တင္ဒါ စတင္ေခၚယူခဲ့ပါတယ္။ အဲဒီလို ျပည္တြင္းျပည္ပကုမၸဏီေတြကို စတင္ တင္ဒါေခၚယူခဲ့ၿပီး ၂၀၁၅ မွာ အစိုးရသစ္တက္လာေတာ့ တင္ဒါတင္သြင္းခဲ့တဲ့ အခ်က္အလက္မ်ားကို ျပန္လည္စီစစ္ခဲ့ပါတယ္။
ကုမၸဏီ ၄ ခုကေန တင္ဒါ အဆိုျပဳလႊာမ်ားကို လက္ခံရရွိခဲ့ေပမဲ့ လိုအပ္တဲ့ စံသတ္မွတ္ခ်က္ ျပည့္မွီျခင္း မရွိခဲ့တာေၾကာင့္ တင္ဒါေအာင္ျမင္တဲ့ ကုမၸဏီမရွိခဲ့ပါဘူး ၊ တင္ဒါမေအာင္ျမင္ခဲ့တဲ့ ကုမၸဏီ ၄ ခုကေတာ့ ဂ်ပန္ႏိုင္ငံမွ Idemitsu Kosan Co.,Ltd၊ ထိုင္းႏိုင္ငံမွ PTT Public Co., Ltd / Thai Oil Public Co., Ltd၊ စင္ကာပူႏိုင္ငံ အေျခစိုက္ PUMA Energy Group Pte., Ltd နဲ႔ ျ မန္မာႏိုင္ငံမွ ေအးေနဝင္းတို႔ပိုင္တဲ့ Omni Focus Co., Ltd ေတြျဖစ္တယ္လို႔ သိရပါတယ္။
ဘာျဖစ္လို႔ တင္ဒါမေအာင္ရတာလဲဆိုေတာ့ ကုမၸဏီမ်ားဘက္က ေရနံစက္႐ုံအတြင္းရွိ စက္႐ုံမ်ားအားလုံးျပဳျပင္ဖို႔ အဆိုျပဳမႈမရွိဘဲ စက္႐ုံအစိတ္အပိုင္းအခ်ိဳ႕ကိုပဲ ျပင္ဆင္ဖို႔ အဆိုျပဳထားျခင္း၊ စက္႐ုံအသစ္ တည္ေဆာက္ေရးအတြက္ စြမ္းအင္ဝန္ႀကီးဌာနက စီးပြားေရးတြက္ေျခကိုက္မႈ အ႐ြယ္အစား ေဖာ္ျပထားေသာ္လည္းကုမၸဏီမ်ားဘက္မွ စီးပြားေရးတြက္ေျခကိုက္အ႐ြယ္အစား မျဖစ္ျခင္း၊ စက္႐ုံအသစ္တည္ေဆာက္ျခင္း ျဖစ္ႏိုင္ေျခရွိ၊ မရွိ ေလ့လာဆန္းစစ္ၿပီးမွသာ ေဆာင္ ႐ြက္မည္ဟု အဆိုျပဳထားသည့္အတြက္ တင္ဒါေအာင္ျမင္သည့္ ကုမၸဏီမရွိခဲ့ေၾကာင္း ေရနံဓာတုေဗဒလုပ္ငန္းစီမံၫႊန္ၾကားေရးမႉး ဦးေက်ာ္စိုးဝင္းက သတင္းစာရွင္းလင္းပြဲမွာ ေျဖၾကားခဲ့ပါတယ္။
တ႐ုတ္ဘက္ကလည္း ျမန္မာျပည္တြင္းမွာ ေရနံခ်က္စက္႐ုံႀကီးမ်ားတည္ေဆာက္ဖို႔ အဆိုျပဳထားတာေတြရွိပါတယ္၊ အထူးသျဖင့္ ထားဝယ္ေရနက္ဆိပ္ကမ္းစီမံကိန္းမွာ တ႐ုတ္စြမ္းအင္လုပ္ငန္းႀကီးမ်ားျဖစ္တဲ့ Yunnan Indo Pacific Group နဲ႔ Zhongan and CNPC East China Design Institute (CEI) တို႔က တစ္ႏွစ္လွ်င္ မက္ထရစ္တန္ခ်ိန္ေပါင္း ၈ သန္းခ်က္လုပ္ႏိုင္မည့္ အႀကီးစား ေရနံခ်က္စက္႐ုံစီမံကိန္းအတြက္ ေျမျပင္ေလ့လာေရးစမ္းစစ္မႈမ်ား ျပဳလုပ္ႏိုင္ရန္ အဆိုျပဳထားၾကပါတယ္။
ဒါေၾကာင့္ အခုပုံစံအေနအထားကိုၾကည့္မယ္ဆို ျမန္မာျပည္ဟာ အိႏၵိယနဲ႔ တ႐ုတ္တို႔အၾကား အၿပိဳင္အဆိုင္ ရင္းႏွီးျမႇဳပ္ႏွံမႈျပဳေနတဲ့ အားၿပိဳင္မႈမွာ ကိုယ့္အတြက္ တြက္ေျခကိုက္ၿပီး အက်ိဳးအျမတ္ရွိမဲ့ စီမံကိန္းေတြကို ေသခ်ာစိစစ္ၿပီး ေ႐ြးခ်ယ္ေနတယ္ဆိုတာကို သြားေတြ႕ရပါတယ္၊ ဒါေတာင္ ဂ်ပန္နဲ႔ ဥေရာပႏိုင္ငံေတြရဲ႕ စီမံကိန္းေတြ က်န္ေနပါေသးတယ္လာေလာဆယ္ေတာ့ ဒီေလာက္ပဲ ကြၽန္ေတာ္သိသေလာက္ အေနအထားေတြကို ေဖာ္ျပေပးလိုက္ပါတယ္။
CRD_Zaw Myint Thein