တ ရုတ်ြ ပ ည်ယနေ့ ကိုဗ စ် အခြေ အနေ…
unicode
မနေ့က ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ်ပြန်ချက်အရ တစ်ရက်တည်းကူးစက်မှု ( ၈၅ ) ယောက်တွေ့ခဲ့ပါတယ်။Hebei ဟဲ့ဘေးပြည်မှာတင် ( ၈၂ ) ယောက်တွေ့ခဲ့တာဖြစ်ပါတယ်။ဒီအရေအတွက်မှာ symptomatic နဲ့ asymptomatic နှစ်ခုလုံးထည့်ရေတွက်မတွက်မသိပါ။ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၃၀ ရက်နေ့နောက်ပိုင်း အများဆုံးစံချိန်တင် တစ်ရက်တည်းတွေ့ရှိမှုဖြစ်ပါတယ်။ဟဲ့ဘေးပြည်နယ်ရဲ့မြို့တော် ရှိစ်ကျားကျွမ်း Shijiazhuang မှာ မြို့ထဲကလူရောယာဉ်တွေပါပေးမထွက်ပဲ လော့ဒေါင်းချထားပါတယ်။မြို့တွင်းမော်တော်ယာဉ်လိုင်းပြေးဆွဲခြင်းလည်းရပ်ဆိုင်ထားပါတယ်။
ရှိစ်ကျားကျွမ်း Shijiazhuang မှာ တစ်နေ့တည်း ( ၇၆ ) ယောက်တွေ့ခဲ့ပါတယ်။သတင်းပေးဆုငွေစနစ်Nangong မြို့အာဏာပိုင်တွေက ရောဂါပိုးရှိမရှိ swab test ယူတာကို တိမ်းရှောင်နေတဲ့လူရှိကြောင်းသတင်းပေးရင် ယွမ် ၅၀၀ (မြန်မာငွေ တစ်သိန်းကျော်) ဆုချီးမြှင့်မယ်လို့ ကြေညာချက်ထုတ်ထားပါတယ်Nangong ဆိုတာက Shijiazhuang ရဲ့အရှေ့တောင်ဘက်နားက မြို့လေးပါ။Shijiazhuang ဟာ ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်ကစားပွဲအချို့ကျင်းပဖို့စီစဉ်ထားတဲ့နေရာပါ။အခုလို ရောဂါပိုးတွေ့ရှိသူမထင်မှတ်ပဲများလာတဲ့အတွက် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်ကစားပွဲတွေထိခိုက်မှာကို စိုးရိမ်ကြပါတယ်။
အခုအချိန်အထိ ဟဲ့ဘေးပြည်နယ်မှာ ရောဂါပိုးတွေ့သူ လူ ( ၄၀၀ ) ကျော်လောက်ရှိပါပြီ။အတိအကျပြောဖို့က တရုတ်ဒေသအာဏာပိုင်တွေရဲ့ ရေတွက်ပုံကိုသိရမှဖြစ်ပါမယ်။အခုဟာက Shijiazhuang မြို့မှာသာမက အခြားမြို့တွေမှာပါတွေ့ရတာပါ။ပေကျင်းမြို့တော်မှာ အသစ် ၁ ယောက်ထပ်တွေ့တဲ့အတွက် ၃ ပတ်အတွင်းရောဂါလက္ခဏာပြသူ ( ၃၂ ) ယောက်ရှိပါပြီ။အများစုက မြို့တော်အရှေ့မြောက်ခြမ်းရှိ Shunyi အပိုင်းကဖြစ်ပါတယ်။Xingtai မြို့မှာလည်း ရောဂါရှိသူတွေတွေ့ရပါတယ🇨🇳 တရုတ်အစိုးရရဲ့ကိုင်တွယ်ပုံ။✅ အခုအချိန်မှာ လက်မြန်ခြေမြန် ပထမဦးစားပေးကိစ္စအဖြစ် သိသိခြင်းမြေလှန်ရှာပါတယ်။✅ ချက်ခြင်း မြို့တွင်းယာဉ်လိုင်းတွေပြေးဆွဲမှုပိတ်လိုက်ပါတယ✅ မြို့ထဲကနေမြို့ပြင်ကို လူရော၊ ယာဉ်ရော၊ ကြွက်တစ်ကောင်ကြောင်တစ်မြီးမျှပေးမထွက်ပဲ လော့ဒေါင်းချပါတယ်။✅ မြို့ထဲမှာ အရင်ဆုံး ၂ ပတ်အိမ်ထဲကအိမ်ပြင်ပေးမထွက်တဲ့အမိန့်ထုတ်ပါတယ်။✅ အကန့်အသတ်နဲ့ တစ်ပတ်မှ တစ်ယောက်လောက်အစားအစာဝယ်ဖို့ပေးထွက်ပါတယ်။ ဒါကအခြေအနေအရ တစ်နေရာနဲ့တစ်နေရာမတူပါ။
✅ မနက်အလုပ်သွားပြီး သတင်းကြားလို့အလုပ်ကနေအိမ်ပြန်ရောက်တာနဲ့ ကိုယ့်ရပ်ကွက်မှာ အားလုံးပြင်ဆင်အပြီး လူဝင်လူထွက်စစ်ဆေးနေတာကိုတွေ့ရပါမယ်။✅ အမိန့်မလိုက်နာသူတွေ့ရင် ပြင်းပြင်းထန်ထန်သတိပေးအရေးယူပါတယ်။✅ တစ်မြို့လုံးလူသန်းနဲ့ချီပြီးစစ်ချပါတယ်။✅ အစစ်အဆေးမခံပဲရှောင်တိမ်းရင် ဒဏ်ရိုက်ပါတယ်။✅ သတင်းပေးသူကိုဆုချီးမြှင့်ပါတယ်။✅ ဖြစ်တဲ့မြို့ကိုနီးစပ်ရာမြို့က ကျန်းမာရေးဝန်ထမ်းတွေသွားကူပါတယ်။✅ ဆရာဝန်၊ သူနာပြုတွေချည်းပဲအားမကိုးပဲ အခြားသူတွေကိုပါလေ့ကျင့်သင်ကြားပေးကာTest စစ်ရာမှာ လူများများနဲ့မြန်မြန်စစ်ဆေးကာ အပြတ်တိုက်ပွဲဝင်ပါတယ်။ယနေ့မနက်သိရသမျှပါခင်ဗျား။
Richard Myo Thant (ဆရာအား လေးစားစွာ ခရက်ဒစ် ပေးပါသည်)မနေ့က ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ်ပြန်ချက်အရ တစ်ရက်တည်းကူးစက်မှု ( ၈၅ ) ယောက်တွေ့ခဲ့ပါတယ်။Hebei ဟဲ့ဘေးပြည်မှာတင် ( ၈၂ ) ယောက်တွေ့ခဲ့တာဖြစ်ပါတယ်။ဒီအရေအတွက်မှာ symptomatic နဲ့ asymptomatic နှစ်ခုလုံးထည့်ရေတွက်မတွက်မသိပါ။ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ဇူလိုင်လ ၃၀ ရက်နေ့နောက်ပိုင်း အများဆုံးစံချိန်တင် တစ်ရက်တည်းတွေ့ရှိမှုဖြစ်ပါတယ်။ဟဲ့ဘေးပြည်နယ်ရဲ့မြို့တော် ရှိစ်ကျားကျွမ်း Shijiazhuang မှာ မြို့ထဲကလူရောယာဉ်တွေပါပေးမထွက်ပဲ လော့ဒေါင်းချထားပါတယ်။မြို့တွင်းမော်တော်ယာဉ်လိုင်းပြေးဆွဲခြင်းလည်းရပ်ဆိုင်ထားပါတယ်။
ရှိစ်ကျားကျွမ်း Shijiazhuang မှာ တစ်နေ့တည်း ( ၇၆ ) ယောက်တွေ့ခဲ့ပါတယ်။သတင်းပေးဆုငွေစနစ်Nangong မြို့အာဏာပိုင်တွေက ရောဂါပိုးရှိမရှိ swab test ယူတာကို တိမ်းရှောင်နေတဲ့လူရှိကြောင်းသတင်းပေးရင် ယွမ် ၅၀၀ (မြန်မာငွေ တစ်သိန်းကျော်) ဆုချီးမြှင့်မယ်လို့ ကြေညာချက်ထုတ်ထားပါတယ်Nangong ဆိုတာက Shijiazhuang ရဲ့အရှေ့တောင်ဘက်နားက မြို့လေးပါ။Shijiazhuang ဟာ ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်ကစားပွဲအချို့ကျင်းပဖို့စီစဉ်ထားတဲ့နေရာပါ။အခုလို ရောဂါပိုးတွေ့ရှိသူမထင်မှတ်ပဲများလာတဲ့အတွက် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်ပွဲတော်ကစားပွဲတွေထိခိုက်မှာကို စိုးရိမ်ကြပါတယ်။
အခုအချိန်အထိ ဟဲ့ဘေးပြည်နယ်မှာ ရောဂါပိုးတွေ့သူ လူ ( ၄၀၀ ) ကျော်လောက်ရှိပါပြီ။အတိအကျပြောဖို့က တရုတ်ဒေသအာဏာပိုင်တွေရဲ့ ရေတွက်ပုံကိုသိရမှဖြစ်ပါမယ်။အခုဟာက Shijiazhuang မြို့မှာသာမက အခြားမြို့တွေမှာပါတွေ့ရတာပါ။ပေကျင်းမြို့တော်မှာ အသစ် ၁ ယောက်ထပ်တွေ့တဲ့အတွက် ၃ ပတ်အတွင်းရောဂါလက္ခဏာပြသူ ( ၃၂ ) ယောက်ရှိပါပြီ။အများစုက မြို့တော်အရှေ့မြောက်ခြမ်းရှိ Shunyi အပိုင်းကဖြစ်ပါတယ်။Xingtai မြို့မှာလည်း ရောဂါရှိသူတွေတွေ့ရပါတယ🇨🇳 တရုတ်အစိုးရရဲ့ကိုင်တွယ်ပုံ။✅ အခုအချိန်မှာ လက်မြန်ခြေမြန် ပထမဦးစားပေးကိစ္စအဖြစ် သိသိခြင်းမြေလှန်ရှာပါတယ်။✅ ချက်ခြင်း မြို့တွင်းယာဉ်လိုင်းတွေပြေးဆွဲမှုပိတ်လိုက်ပါတယ✅ မြို့ထဲကနေမြို့ပြင်ကို လူရော၊ ယာဉ်ရော၊ ကြွက်တစ်ကောင်ကြောင်တစ်မြီးမျှပေးမထွက်ပဲ လော့ဒေါင်းချပါတယ်။✅ မြို့ထဲမှာ အရင်ဆုံး ၂ ပတ်အိမ်ထဲကအိမ်ပြင်ပေးမထွက်တဲ့အမိန့်ထုတ်ပါတယ်။✅ အကန့်အသတ်နဲ့ တစ်ပတ်မှ တစ်ယောက်လောက်အစားအစာဝယ်ဖို့ပေးထွက်ပါတယ်။ ဒါကအခြေအနေအရ တစ်နေရာနဲ့တစ်နေရာမတူပါ။
✅ မနက်အလုပ်သွားပြီး သတင်းကြားလို့အလုပ်ကနေအိမ်ပြန်ရောက်တာနဲ့ ကိုယ့်ရပ်ကွက်မှာ အားလုံးပြင်ဆင်အပြီး လူဝင်လူထွက်စစ်ဆေးနေတာကိုတွေ့ရပါမယ်။✅ အမိန့်မလိုက်နာသူတွေ့ရင် ပြင်းပြင်းထန်ထန်သတိပေးအရေးယူပါတယ်။✅ တစ်မြို့လုံးလူသန်းနဲ့ချီပြီးစစ်ချပါတယ်။✅ အစစ်အဆေးမခံပဲရှောင်တိမ်းရင် ဒဏ်ရိုက်ပါတယ်။✅ သတင်းပေးသူကိုဆုချီးမြှင့်ပါတယ်။✅ ဖြစ်တဲ့မြို့ကိုနီးစပ်ရာမြို့က ကျန်းမာရေးဝန်ထမ်းတွေသွားကူပါတယ်။✅ ဆရာဝန်၊ သူနာပြုတွေချည်းပဲအားမကိုးပဲ အခြားသူတွေကိုပါလေ့ကျင့်သင်ကြားပေးကာTest စစ်ရာမှာ လူများများနဲ့မြန်မြန်စစ်ဆေးကာ အပြတ်တိုက်ပွဲဝင်ပါတယ်။ယနေ့မနက်သိရသမျှပါခင်ဗျား။
Richard Myo Thant (ဆရာအား လေးစားစွာ ခရက်ဒစ် ပေးပါသည်)
Leave a Reply
Your email address will not be published. Required fields are marked *