မနေ့ကပဲ ကမ္ဘာတဝှမ်းလုံးကို ကိုင်လှုပ်ခဲ့တဲ့ သတင်းဆိုးတစ်ခု အင်ဒိုနီးရှားကို ဗဟိုပြုပြီး ထွက်ပေါ်လာခဲ့ပါတယ်။ ဂျာကာတာလေဆိပ်ကနေ ပျံသန်းထွက်ခွာသွားတဲ့ Sriwijaya Air လေကြောင်းလိုင်းပိုင် Boeing 737 လေကြောင်းနံပါတ် Flight SJ 182 လေယာဉ်ဟာ (၄)မိနစ်လောက်အကြာမှာ ပင်လယ်အတွင်းကို ထိုးဆင်းပျက်ကျခဲ့တာပါ။
လက်ရှိယူဆချက်အတွေအတော့ လေယာဉ်ပေါ်ပါ ခရီးသည်နဲ့ လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်ကျန်ရစ်ဖို့ မရှိဘူးလို့ သိရပါတယ်။ လေယာဉ်ပေါ်မှာ လိုက်ပါသူ (၆၂)ဦးအထိ လိုက်ပါသွားခဲ့ပြီး၊ ဒီအထဲမှာ ကလေးငယ် (၇)ဦးလည်း အပါအဝင်ဖြစ်ပါတယ်။ လေယာဉ်ဟာ ထွက်ခွာပြီး(၄)မိနစ်ခန့်အကြာ၊ အမြင့်ပေ (၁၀၀၀၀)ကျော်ကနေ ပျက်ကျခဲ့တာပါ။
ပျက်ကျချိန်ဟာ တစ်မိနစ်ခန့်အတွင်းသာ ဖြစ်ပြီး၊ အခုဆိုရင် ရေအနက် (၇၅)ပေလောက်မှာ လေယာဉ်အပိုင်းအစတချို့ကို ဆယ်ယူရရှိခဲ့တယ်လို့ သိရပါတယ်။ လိုက်ပါသွားတဲ့ ခရီးသည်(၅၀)ဦးအနက် (၄၃)ဦးဟာ အရွယ်ရောက်ပြီးသူတွေ ဖြစ်ပြီး၊ ကျန်(၇)ဦးကတော့ ကလေးတွေသာ ဖြစ်ပါတယ်။ (၁၂)ဦးမှာ လေယာဉ်အမှုထမ်းတွေ ဖြစ်ပါတယ်။အခု အဲဒီလေယာဉ်ပေါ်မှာ လိုက်ပါခဲ့တဲ့ အင်ဒိုကလေးမိခင် Windania ကတော့ လေယာဉ်ပျက်မကျမီ မိနစ်အနည်းငယ်အလိုမှာ သူမရဲ့အင်စတာဂရမ်မှာ နောက်ဆုံးပို့စ်တွေ တင်ခဲ့ပါတယ်။ သားသားမီးမီးတိုနဲ့အတူ ပျက်ကျမယ့်လေယာဉ်ပေါ်မှာ ပျော်ပျော်ပါးပါး နောက်ဆုံးဓာတ်ပုံရိုက်ကူးခဲ့တာဖြစ်ပြီး၊ ဒီပုံလေးကိုကြည့်ကာ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေခမျာ ပိုခံစားနေရရှာပါတယ်။
ပို့စ်မှာရေးထားတဲ့စာကလည်း နောက်ဆုံးအပြီးနှုတ်ဆက်တဲ့ စာမှန်း ကနဦးက ဘယ်သူမှ တင်ကြိုတွေးမိကြမှာ မဟုတ်ပါဘူး။ ရေးထားတဲ့စာကတော့ ” မိသားစုဝင်တွေကို နှုတ်ဆက်ပါတယ် … အခု အိမ်ကို ပြန်တော့မှာပါ “လို့ ရေးထားတာပါ။ လေယာဉ်ပျက်ကျတယ်ဆိုတဲ့ သတင်း ကြားကြားချင်း Windania ရဲ့ မောင်လေးဖြစ်သူက အဆိုပါပုံကို သူ့ရဲ့အင်စတာဂရမ်မှာ ပြန်တင်ပြီး-”သူတို့အတွက် ဆုမွန်ကောင်းလေးတွေ တောင်းပေးကြပါဦးဗျာ“လို့ ဆို့နင့်စွာ ရေးခဲ့ပါတယ်။ အခုတော့ မိသားစုဝင်(၃)ဦးစလုံးရဲ့ ကံကြမ္မာဟာ တခြားဘဝတူတွေနဲ့အတူ မပြန်လမ်းကို မြန်းရရှာပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ စစ်သင်္ဘော(၄)စင်းနဲ့အတူ ကယ်ဆယ်ရေးသင်္ဘောနဲ့ စက်လှေပေါင်း ဒါဇင်နဲ့ချီက ကယ်ဆယ်ရေးတွေ ဆက်လုပ်နေဆဲပါ။
Sriwijaya Airlines လေကြောင်းလိုင်းမှ CEO ဖြစ်တဲ့ Jefferson ကတော့ လေယာဉ်မထွက်ခွာမီ သတင်းပို့ချက်အရ မည်သည့်ချို့ယွင်းချက်မှ မရှိဘူးလို့ ပြောခဲ့ပါတယ်။ မျက်မြင်သက်သေ ကမ်းရိုးတမ်းရွာသားတစ်ချို့တော့ ကောင်းကင်မှာ ပေါက်ကွဲမှုတစ်ခုလို့ ယူဆရတဲ့ မီးလုံးကြီးတစ်ခု ထွက်ပေါ်ခဲ့တယ်လို့လည်း ဆိုနေကြပါတယ်။
crd….
zawgyi
မေန႔ကပဲ ကမာၻတဝွမ္းလုံးကို ကိုင္လႈပ္ခဲ့တဲ့ သတင္းဆိုးတစ္ခု အင္ဒိုနီးရွားကို ဗဟိုျပဳၿပီး ထြက္ေပၚလာခဲ့ပါတယ္။ ဂ်ာကာတာေလဆိပ္ကေန ပ်ံသန္းထြက္ခြာသြားတဲ့ Sriwijaya Air ေလေၾကာင္းလိုင္းပိုင္ Boeing 737 ေလေၾကာင္းနံပါတ္ Flight SJ 182 ေလယာဥ္ဟာ (၄)မိနစ္ေလာက္အၾကာမွာ ပင္လယ္အတြင္းကို ထိုးဆင္းပ်က္က်ခဲ့တာပါ။
လက္ရွိယူဆခ်က္အေတြအေတာ့ ေလယာဥ္ေပၚပါ ခရီးသည္နဲ႔ ေလယာဥ္အမႈထမ္းအားလုံး အသက္ရွင္က်န္ရစ္ဖို႔ မရွိဘူးလို႔ သိရပါတယ္။ ေလယာဥ္ေပၚမွာ လိုက္ပါသူ (၆၂)ဦးအထိ လိုက္ပါသြားခဲ့ၿပီး၊ ဒီအထဲမွာ ကေလးငယ္ (၇)ဦးလည္း အပါအဝင္ျဖစ္ပါတယ္။ ေလယာဥ္ဟာ ထြက္ခြာၿပီး(၄)မိနစ္ခန႔္အၾကာ၊ အျမင့္ေပ (၁၀၀၀၀)ေက်ာ္ကေန ပ်က္က်ခဲ့တာပါ။
ပ်က္က်ခ်ိန္ဟာ တစ္မိနစ္ခန႔္အတြင္းသာ ျဖစ္ၿပီး၊ အခုဆိုရင္ ေရအနက္ (၇၅)ေပေလာက္မွာ ေလယာဥ္အပိုင္းအစတခ်ိဳ႕ကို ဆယ္ယူရရွိခဲ့တယ္လို႔ သိရပါတယ္။ လိုက္ပါသြားတဲ့ ခရီးသည္(၅၀)ဦးအနက္ (၄၃)ဦးဟာ အ႐ြယ္ေရာက္ၿပီးသူေတြ ျဖစ္ၿပီး၊ က်န္(၇)ဦးကေတာ့ ကေလးေတြသာ ျဖစ္ပါတယ္။ (၁၂)ဦးမွာ ေလယာဥ္အမႈထမ္းေတြ ျဖစ္ပါတယ္။အခု အဲဒီေလယာဥ္ေပၚမွာ လိုက္ပါခဲ့တဲ့ အင္ဒိုကေလးမိခင္ Windania ကေတာ့ ေလယာဥ္ပ်က္မက်မီ မိနစ္အနည္းငယ္အလိုမွာ သူမရဲ႕အင္စတာဂရမ္မွာ ေနာက္ဆုံးပို႔စ္ေတြ တင္ခဲ့ပါတယ္။ သားသားမီးမီးတိုနဲ႔အတူ ပ်က္က်မယ့္ေလယာဥ္ေပၚမွာ ေပ်ာ္ေပ်ာ္ပါးပါး ေနာက္ဆုံးဓာတ္ပုံ႐ိုက္ကူးခဲ့တာျဖစ္ၿပီး၊ ဒီပုံေလးကိုၾကည့္ကာ မိသားစုဝင္ေတြနဲ႔ မိတ္ေဆြသူငယ္ခ်င္းေတြခမ်ာ ပိုခံစားေနရရွာပါတယ္။
ပို႔စ္မွာေရးထားတဲ့စာကလည္း ေနာက္ဆုံးအၿပီးႏႈတ္ဆက္တဲ့ စာမွန္း ကနဦးက ဘယ္သူမွ တင္ႀကိဳေတြးမိၾကမွာ မဟုတ္ပါဘူး။ ေရးထားတဲ့စာကေတာ့ ” မိသားစုဝင္ေတြကို ႏႈတ္ဆက္ပါတယ္ … အခု အိမ္ကို ျပန္ေတာ့မွာပါ “လို႔ ေရးထားတာပါ။ ေလယာဥ္ပ်က္က်တယ္ဆိုတဲ့ သတင္း ၾကားၾကားခ်င္း Windania ရဲ႕ ေမာင္ေလးျဖစ္သူက အဆိုပါပုံကို သူ႔ရဲ႕အင္စတာဂရမ္မွာ ျပန္တင္ၿပီး-”သူတို႔အတြက္ ဆုမြန္ေကာင္းေလးေတြ ေတာင္းေပးၾကပါဦးဗ်ာ“လို႔ ဆို႔နင့္စြာ ေရးခဲ့ပါတယ္။ အခုေတာ့ မိသားစုဝင္(၃)ဦးစလုံးရဲ႕ ကံၾကမၼာဟာ တျခားဘဝတူေတြနဲ႔အတူ မျပန္လမ္းကို ျမန္းရရွာၿပီ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ စစ္သေဘၤာ(၄)စင္းနဲ႔အတူ ကယ္ဆယ္ေရးသေဘၤာနဲ႔ စက္ေလွေပါင္း ဒါဇင္နဲ႔ခ်ီက ကယ္ဆယ္ေရးေတြ ဆက္လုပ္ေနဆဲပါ။
Sriwijaya Airlines ေလေၾကာင္းလိုင္းမွ CEO ျဖစ္တဲ့ Jefferson ကေတာ့ ေလယာဥ္မထြက္ခြာမီ သတင္းပို႔ခ်က္အရ မည္သည့္ခ်ိဳ႕ယြင္းခ်က္မွ မရွိဘူးလို႔ ေျပာခဲ့ပါတယ္။ မ်က္ျမင္သက္ေသ ကမ္း႐ိုးတမ္း႐ြာသားတစ္ခ်ိဳ႕ေတာ့ ေကာင္းကင္မွာ ေပါက္ကြဲမႈတစ္ခုလို႔ ယူဆရတဲ့ မီးလုံးႀကီးတစ္ခု ထြက္ေပၚခဲ့တယ္လို႔လည္း ဆိုေနၾကပါတယ္။
crd….