Capitol အၾကမ္းဖက္မႈ ျဖစ္စဥ္အတြက္ ထရမ့္ကို သ႐ုပ္ေဆာင္အာႏိုးလ္ ျပင္းျပင္းထန္ထန္ ေဝဖန္

အမေရိကန်လွတ်တော် Capitol Hill ကို ထရမ့်ထောက်ခံသူတွေ ဝင်စီးနင်းတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရီပက်ဘလစ်ကန်ပါတီကို အခိုင်အမာထောက်ခံသူ မင်းသားကြီးအာနိုးက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်အာနိုးလ်ဟာ ထရမ့်နဲ့အရမ်းရင်းနှီးတဲ့ မိတ်ဆွေတွေဖြစ်ပေမယ့် အခုတစ်ကြိမ်ရွေးကောက်ပွဲအရှုံးကို လက်မခံနိုင်ဘဲ အကြမ်းဖက်စီးနင်းမှုတွေဖြစ်အောင် လှုံ့ဆော်ခဲ့တဲ့ ထရမ့်လုပ်ရပ်က လက်ခံနိုင်စရာမရှိဘူးလို့ ပြောခဲ့တာပါ။

အာနိုးလ်က သူ့ရဲ့နာမည်ကြီး စက်ရုပ်လူသားရုပ်ရှင်ကားထဲက သတင်းမက်ဆေ့ချ်ဖြစ်တဲ့ Hasta la vista ဆိုတဲ့စကားနဲ့ ဝေဖန်လိုက်တာပါ။ (Hasta la vista မှာ နှုတ်ဆက်တံခါးဖွင့်ပေးလိုက်ခြင်းလို့ အဓိပ္ပါယ်ရ)“ဒီဖြစ်စဉ်ဟာ ဝမ်းနည်းစရာပါ။ ဒါကျွန်တော်တို့ရဲ့ အမေရိကမဟုတ်ဘူး။ ကျွန်တော့်ရဲ့အမေရိကလည်း မဟုတ်ဘူး။ လေးနှစ်တာရူးသွပ်ခဲ့မှုကြီးအတွက် ဂရင်းဖိုင်နယ်ပွဲ နဲ့သွားတူတယ်။ Hasta la vista ပါ ဒေါ်နယ်လ်။ အခုလိုပုံစံသူဖြစ်နေ တာမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ခင်ဗျားနဲ့ဇာတ်လမ်းဖြတ်လိုက်ပါပြီ။”လို့ အာနိုးလ်က ပြောဆိုခဲ့ပါတယ်။

ရီပက်ဘလစ်ကန်ပါတီဝင်တွေဟာလည်း ရွေးကောက်ပွဲရှုံးတာကို လက်မခံဘဲ မဲခိုးတယ်လို့ စွပ်စွဲ နေကြတာတွေရပ်တန့်ဖို့နဲ့ ဒီလိုစွပ်စွဲတာတွေက မကောင်းဆိုးဝါးဆန်လွန်းတယ်လို့ ဂျာမန် Bild သတင်းစာကို အာနိုးလ်က ပြောကြားခဲ့ပါတယ်။

Ref : RT
Photo : AFP
crd….Omedia #Trump #Arnold #TZ
zawgyi

အေမရိကန္လြတ္ေတာ္ Capitol Hill ကို ထရမ့္ေထာက္ခံသူေတြ ဝင္စီးနင္းတဲ့ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ ရီပက္ဘလစ္ကန္ပါတီကို အခိုင္အမာေထာက္ခံသူ မင္းသားႀကီးအာႏိုးက ျပင္းျပင္းထန္ထန္ ေဝဖန္လိုက္ပါတယ္အာႏိုးလ္ဟာ ထရမ့္နဲ႔အရမ္းရင္းႏွီးတဲ့ မိတ္ေဆြေတြျဖစ္ေပမယ့္ အခုတစ္ႀကိမ္ေ႐ြးေကာက္ပြဲအရႈံးကို လက္မခံႏိုင္ဘဲ အၾကမ္းဖက္စီးနင္းမႈေတြျဖစ္ေအာင္ လႈံ႕ေဆာ္ခဲ့တဲ့ ထရမ့္လုပ္ရပ္က လက္ခံႏိုင္စရာမရွိဘူးလို႔ ေျပာခဲ့တာပါ။

အာႏိုးလ္က သူ႔ရဲ႕နာမည္ႀကီး စက္႐ုပ္လူသား႐ုပ္ရွင္ကားထဲက သတင္းမက္ေဆ့ခ်္ျဖစ္တဲ့ Hasta la vista ဆိုတဲ့စကားနဲ႔ ေဝဖန္လိုက္တာပါ။ (Hasta la vista မွာ ႏႈတ္ဆက္တံခါးဖြင့္ေပးလိုက္ျခင္းလို႔ အဓိပၸါယ္ရ)“ဒီျဖစ္စဥ္ဟာ ဝမ္းနည္းစရာပါ။ ဒါကြၽန္ေတာ္တို႔ရဲ႕ အေမရိကမဟုတ္ဘူး။ ကြၽန္ေတာ့္ရဲ႕အေမရိကလည္း မဟုတ္ဘူး။ ေလးႏွစ္တာ႐ူးသြပ္ခဲ့မႈႀကီးအတြက္ ဂရင္းဖိုင္နယ္ပြဲ နဲ႔သြားတူတယ္။ Hasta la vista ပါ ေဒၚနယ္လ္။ အခုလိုပုံစံသူျဖစ္ေန တာမ်ိဳး တစ္ခါမွ မျမင္ဖူးဘူး။ ခင္ဗ်ားနဲ႔ဇာတ္လမ္းျဖတ္လိုက္ပါၿပီ။”လို႔ အာႏိုးလ္က ေျပာဆိုခဲ့ပါတယ္။

ရီပက္ဘလစ္ကန္ပါတီဝင္ေတြဟာလည္း ေ႐ြးေကာက္ပြဲရႈံးတာကို လက္မခံဘဲ မဲခိုးတယ္လို႔ စြပ္စြဲ ေနၾကတာေတြရပ္တန႔္ဖို႔နဲ႔ ဒီလိုစြပ္စြဲတာေတြက မေကာင္းဆိုးဝါးဆန္လြန္းတယ္လို႔ ဂ်ာမန္ Bild သတင္းစာကို အာႏိုးလ္က ေျပာၾကားခဲ့ပါတယ္။

Ref : RT
Photo : AFP
crd….Omedia #Trump #Arnold #TZ

Leave a Reply

Your email address will not be published. Required fields are marked *