ေရျပာေရတပ္(Blue-Water Navy) တည္ေဆာက္မည္ဆိုရာဝယ္

အရှေ့အာရှတွင် ဂျပန်၊တရုတ်၊တောင်ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့သည် ရေပြာ တပ်ဖွဲ့များကို အသီးသီးပိုင်ဆိုင်ထားကြပြီလား ဒါမှမဟုတ် ရေပြာတပ်ဖွဲ့များပိုင် ဆိုင်နိုင် ရေးအတွက် အလျင်အမြန်ရွေ့လျားလုပ်ဆောင်နေကြပြီလား။ ဩစတြေးလျနိုင်ငံမှာတော့ Collins-class ရေငုပ်သင်္ဘောတွေနေရာမှာ မဟာဗျူဟာမြောက်အစားထိုးအသုံးပြုနိုင်ရန် လိုအပ်ချက်ရှိနေပေမယ့်လည်း ရေပြာတပ်ဖွဲ့အဆင့်ထဲ ထည့်သွင်းတွက်ချက်နိုင်ပါလိမ့် မယ်။ခပ်လှမ်းလှမ်းကြည့်လိုက်မယ်ဆိုရင်တော့ ဘရာဇီးရေတပ်ပါ။ ဘရာဇီးနိုင်ငံ ရေတပ် မှာလည်း ငွေကြေးရင်းနှီးမြှပ်နှံမှုတွေ သိသိသာသာ လိုအပ်နေပြီး မဟာဗျူဟာ မြောက်ပြောင်းလဲတိုးတက်မှုအပိုင်းမှာ အာရုံစိုက်လုပ်ဆောင်မှုတွေတော့ လိုအပ်ချက်ရှိ နေဆဲပါ။

လေ့လာသုံးသပ်အကဲခတ်သူများနှင့် နိုင်ငံရေးသမားများက ရေပြာရေတပ် ဟူသော ဝေါဟာရကို ပုံသေအဓိပ္ပါယ်တစ်ခုတည်းအဖြစ် လွယ်လွယ်ကူကူ သုံးနှုန်းတတ်ကြပါတယ်။ တကယ်တမ်းကျတော့ ကျယ်ပြန့်နက်ရှိုင်းလှပါတယ်။ရေပြာရေတပ်တစ်ခု ပိုင်ဆိုင်ထား ခြင်းဆိုသည်မှာ သမုဒ္ဒရာကိုဖြတ်သန်း၍ သင်္ဘောများ တပ်ဖြန့်ခုတ်မောင်းသွားလာ နိုင်စွမ်းရှိခြင်းကို ဆိုလိုခြင်းဖြစ်ပါတယ်။ဒါ့အပြင် ၎င်းတို့ရဲ့အခြေစိုက်စခန်းတေွကနေ အလှမ်းဝေးကွားစွာ ထောက်ပံ့မှုများပေးနိုင်ခြင်း စွမ်းရည်လည်းပါဝင်နေပါတယ်။ ရေပြာ ရေတပ်ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ရင်ပေါင်တန်းလျက် နိုင်ငံတကာစင်မြင့်ပေါ်မှာ အသိအမှတ်ပြုထိုက်တဲ့ အခန်းကဏ္ဍတစ်ရပ်အနေနဲ့ ပါဝင် လာနိုင်ဖို့ အလားအလာရှိသော အဓိပ္ပါယ်ကိုလည်း ဖော်ဆောင်နိုင်ပါတယ်။လက်တွေ့မှာ ရေပြာရေတပ်တစ်ခုတည်ဆောက်နိုင်ဖို့ဆိုရာဝယ် နျူကလီးယားလက်နက်တစ်ခု တီထွင် ထုတ်လုပ်ဖို့ထက် ပိုမို နက်နဲခက်ခဲ၊ရှုပ်ထွေး၊ကုန်ကျစရိတ်များပြားပြီး အသုံးဝင် အကျိုး များလှပါတယ်။

၁၉ ရာစုမှာကျော်ကြားခဲ့တဲ့ အမေရိကန်ရေတပ်မဟာဗျူဟာပညာရှင် ဗိုလ်ချုပ်ကြီး Mahan ခေတ်များတွင် ရေပြာရေတပ်ပိုင်ဆိုင်ထားခြင်းသည် စစ်ပွဲအတွင်း စစ်ဆင်ရေး ဆင်နွဲနိုင်ရန် ကျောက်မီးသွေးဖိုများ အများအပြားပိုင်ဆိုင်ထားခြင်းကို ရေတွက်ကြသည့် ခေတ်ဖြစ်ပါတယ်။ဤသည်မှာ ကိုလိုနီနိုင်ငံများ၊မဟာမိတ်တိုင်းပြည်များနှင့် အားကောင်း သည့် ဘဏ္ဍာရေးစာရင်းများကို ဆိုလိုခြင်းလည်းဖြစ်နိုင်ပါတယ်။ အချိန်ကာလများ ရွေ့လျားပြောင်းလဲခဲ့ကြသော်လည်း ရေပြာရေတပ်၏ အခြေခံယုတ္တိဗေဒအများစုမှာ မပြောင်းမလဲရှိနေဆဲဖြစ်ပါတယ်။
#ရေအောက်

ရေပြာရေတပ်သည် ရန်သူရေငုပ်သင်္ဘောများရန်မှ ကာကွယ်ရန်လိုအပ်ပါတယ်။ ဒီလိုကာကွယ်နိုင်ဖို့ဆိုတာ ကိုယ်ပိုင်ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ထားခြင်းဟာ အဆင်ပြေ ဆုံးနည်းလမ်းဖြစ်ပါတယ်။တာဝေးမောင်းနှင်သွားလာနိုင်တဲ့ ဒီဇယ်-လျှပ်စစ် ရေငုပ် သင်္ဘောတွေဖြစ်စေ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေဖြစ်စေ ပိုင်ဆိုင်ထားရပါ့ မယ်။နျူကလီးယားရေငုပ်သင်္ဘောတွေကတော့ အရေးကြီးဆုံးသော ရည်မှန်းချက်တာဝန် တွေကို ထမ်းဆောင်ရမည့် စွမ်းဆောင်ရည်မြင့်တပ်ဖွဲ့တွေရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင် ထမ်းဆောင်နိုင်ပြီး ပြန်လည်ဖြည့်တင်းရေးလုပ်ဆောင်ရန်မလိုအပ်သည့် အားသာချက်ရှိ မှာဖြစ်ပါတယ်။ရေငုပ်သင်္ဘောတွေဟာ စစ်ရေယာဉ်စုအတွက် မျက်လုံးများ ဖြစ်ပါတယ်။ ၎င်းတို့တွင် တပ်ဆင်သယ်ဆောင်ထားသော မြေပြင်တိုက်ခိုက်ရေး ခရုဇ် ဒုံးကျည်များဖြင့် တိုက်ခိုက်ရေးရည်မှန်းချက်တာဝန်တွေကို အောင်မြင်စွာထမ်းဆောင်နိုင်ပါတယ်။

#အုပ်ချုပ်ထောက်ပံ့မှု
အိမ်ခြံမြေလုပ်ငန်းအတွက် အကြီးမားဆုံး အချက်(၃)ချက်က တည်နေရာ၊ တည် နေရာ၊တည်နေရာပါပဲ။ရေပြာရေတပ်အတွက် အရေးအကြီးဆုံး (၃) ချက်ကတော့ Logistics, logistics, ပြီးတော့ logistics လို့ဆိုရပါမယ်။ရေပြာရေတပ်များအတွက် အခြေစိုက်ရေတပ်စခန်းတွေကနေ အလှမ်းခွာစစ်ဆင်နိုင်စွမ်းမြင့်မားစေဖို့ ၎င်းတို့ရဲ့ ထောက်ပံ့ရေးနှင့်ပြန်လည်ဖြည့်တင်းရေး လိုအပ်ချက်များကို စီမံခန့်ခွဲနိုင်စွမ်းရှိရမှာဖြစ်ပါ တယ်။ထောက်ပံ့ရေးနှင့်ပြန်လည်ဖြည့်တင်းရေးမှာ ဘာတွေပါမလဲ။ အစားအစာ၊ လောင် စာ၊အပိုပစ္စည်းများ၊ခဲယမ်းများနှင့် တပ်ဖွဲ့ဝင်များလဲလှယ်တာဝန်ထမ်းဆောင်နိုင်ရေး စတာ တွေပါဝင်ပါတယ်။

အဆိုပါထောက်ပံ့ရေးနှင့် ပြန်လည်ဖြည့်တင်းရေး အခြေစိုက်စခန်းများ တည် ဆောက်ရာတွင် နည်းပညာပိုင်းသာမက သံတမန်ရေးရာ ဆက်ဆံမှုများလည်း လိုအပ် မှာဖြစ်ပါတယ်။နည်းပညာပိုင်းတွင် ပင်လယ်ပြင်ထောက်ပံ့ရေးအတွက် ပြန်လည်ဖြည့် တင်းရေးသင်္ဘောများ၊လေယာဉ်များအပြင် သင်္ဘောများပေါ်တွင် တစ်ပါတည်းထည့်သွင်း တည်ဆောက်ပေးထားသော ကြံ့ခိုင်ထိန်း သိမ်းရေးလုပ်ဆောင်ရန်စနစ်များ(maintenance facilities) လည်း လိုအပ်ပါတယ်။သံတမန်ရေးရာအပိုင်းတွင် နိုင်ငံရပ်ခြား၌ ရေတပ် စခန်းများတိုးချဲ့ဖွင့်လှစ်မှုမပြုလုပ်နိုင်လျှင်ပင် ဒေသန္တရဆိပ်ကမ်းများနှင့် ဆက်ဆံရေး ကောင်းများရှိထားရန် လိုအပ်မည်ဖြစ်ပါတယ်။
#လေကြောင်း

၁၉၂၀ ပြည့်နှစ်များကတည်းက ရေတပ်ဟာ လေတပ်နှင့် နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်သွားနိုင်ဖို့ လိုအပ်ကြောင်းကို ကောင်းကောင်းသဘောပေါက် ခဲ့ကြတာဖြစ်ပါတယ်။မျက်မှောက်ခေတ် ရေပြာရေတပ်များမှာ လေကြောင်းဆိုင်ရာ စွမ်းဆောင်ရည်အချို့ပါဝင်လာဖို့ မဖြစ်မနေလိုအပ်လာပါပြီ။ဒီလိုဆိုလိုက်လို့ လေယာဉ်တင် သင်္ဘောတစ်စီးလို လေယာဉ်တွေ အတက်အဆင်းလုပ်/ကြံ့ခိုင်ထိန်းသိမ်းရေး လုပ်ဆောင် နိုင်တဲ့ CATOBAR စနစ် ပြည့်ပြည့်စုံစုံကြီးကို ပြောတာမဟုတ်ပါ။စစ်ရေယာဉ်စုရဲ့ လေကြောင်းရန်ကာကွယ်ရေး၊တန်ပြန်ရေငုပ်သင်္ဘောစစ်ဆင်ရေး၊ရှာဖွေရေးနှင့်ကယ်ဆယ်ရေး၊ထောက်လှမ်းရေးနှင့်စောင့်ကြည့်ရေးစတဲ့ ရည်မှန်းချက်တာဝန်များ စီမံခန့်ခွဲလုပ် ဆောင်နိုင်ရန်အတွက် လေယာဉ်တင်ဆောင်နိုင်စွမ်းတော့ လိုအပ်မှာဖြစ်ပါတယ်။ (ရေပြာ ရေတပ်တွေအတွက် လေယာဉ်တင်သင်္ဘောကိုတော့ ၂ စီးထိသတ်မှတ်ထားတာတွေ့ရပါ တယ်။)အကျိုးဆက်အားဖြင့်တော့ ရေပြာရေတပ်များတွင် တာဝေးစစ်ဆင်မယ့် တပ်ဖွဲ့ဝင် တွေကို သယ်ယူပို့ဆောင်ရေးနှင့်ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေဖို့ အနည်း ဆုံး ပေါ့ပေါ့ပါးပါးလေယာဉ်တင်သင်္ဘောတွေ လိုအပ်ပါတယ်။ ဗြိတိသျှတို့ရဲ့ ဖောက်ကလန်စစ်ပွဲအတွေ့အကြုံအရ ရဟတ်ယာဉ်များနဲ့ ဒေါင်လိုက်အတက် အဆင်း လုပ်နိုင်တဲ့ လေယာဉ်များဟာ စစ်ဆင်ရေးတပ်ဖွဲ့ကို မိမိကိုယ်ကိုကာကွယ်နိုင်စွမ်းနှင့် စွမ်းဆောင်ရည်ဖြန့်ကျက် စစ်ကစားနိုင်စွမ်းတွေမှာ များစွာအထောက် အကူပေးနိုင်တယ် ဆိုတာ တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။မှန်ပါတယ်။ရေပြာရေတပ်များအတွက် ပေါ်ပေါက်လာ နိုင်တဲ့ ခြိမ်းခြောက်မှုများကို ထောက်လှမ်း၊စိစစ်ခွဲခြား၊ဖျက်ဆီးတိုက်ဖျက်နိုင်စွမ်းရှိတဲ့ ရေပြင်မှဝေဟင်ပစ် လေကြောင်းရန်ကာကွယ်ရေးစနစ်အပါအဝင် စစ်ရေယာဉ်စု လေကြောင်းရန်ကာကွယ်ရေးအပိုင်းကို ဂရုပြုအာရုံစိုက်ထားဖို့လည်း လိုအပ်လှပါတယ်။တိုက်စစ်ဆင်မှု

ရေတပ်များသည် ၎င်းတို့သွားရောက်သည့်နေရာကို ရောက်ရှိသည့်အခါ တစ်ခုခု လုပ်ဆောင်ရန်လိုအပ်ပါတယ်။မေးစရာမေးခွန်းရှိပါတယ်။တစ်ခြားသူတွေ သတိမထား မိတာကိုဘာကြောင့် ထလုပ်ဖို့လိုအပ်သလဲပေါ့။များသောအားဖြင့်တော့ မြေပြင်ပစ်မှတ် များကို တိုက်ခိုက်ခြင်းအတွက် ဒီအချက်တွေကိုလိုအပ်တယ် လို့ဆိုလိုတာဖြစ်ပါတယ်။ ရေတပ်များသည် အဆိုပါပြဿနာကိုဖြေရှင်းရန် လေယာဉ်တွေအသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် တစ်ခြားရွေးချယ်စရာနည်းလမ်းတွေထဲကတစ်ချို့ထက်စာရင် လေယာဉ်သုံး ဖြေရှင်းတာက ကုန်ကျစရိတ်ထောင်းလှပါတယ်။တိုက်စစ်ဆင်ဖို့အတွက် (လူတွေအာရုံ စိုက်မှုအရရှိဆုံး)အထိရောက်ဆုံးရွေးချယ်မှုကတော့ လက်ရှိခေတ်မှာ မြေပြင်တိုက်ခိုက် ရေးခရုဇ်ဒုံးကျည်တေွပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်နှစ်ခုကျော်ကတည်းက ကမ္ဘာမှာ ရေငုပ်သင်္ဘောနှင့်စစ်ရေယာဉ်တွေကနေ ပစ်လွှတ်တိုက်ခိုက်တဲ့ လက်နက်တွေထဲမှာ Tomahawk missile ဒုံးကျည်ကတော့ နာမည်ကျော် မြေပြင်တိုက်ခိုက်ရေးလက်နက် ကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ပြိုင်ဘက်ဒုံးကျည်တွေနှင့် အတူ ဝေစုများရရှိခဲ့ပြီး တာဝေးမြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်ဖျက်ဆီးနိုင်စွမ်းအား ရေတပ်အတော်များများကို ပေးစွမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
#အတွေ့အကြုံ

နောက်ဆုံးတစ်ချက်ကတော့ အတွေ့အကြုံပါ။ရေပြာရေတပ်များအနေနဲ့ မိမိတို့တပ် စခန်းချရာကနေ ခရီးမိုင်ထောင်ချီ ကာလကြာ စစ်ဆင်ရေးထွက်ရာမှာ မမျှော်လင့်တဲ့ ပြဿနာများကြုံတွေ့လာနိုင်ပါတယ်။တာဝေးတပ်ဖြန့်ရန်အတွက် အခြေခံတည်ဆောက် ဖွဲ့စည်းပုံရှိပေမယ့် အတွေ့အကြုံမရှိလို့ အခက်အခဲတွေရင်ဆိုင်ခဲ့ကြတာဆိုရင် ၁၉၀၅ ခုနှစ် ရုရှားဘောလ်တစ်စစ်ရေယာဉ်စုနှင့် အမေရိကန်ရေတပ်ရဲ့ Great White Fleet စစ်ရေယာဉ်စုတို့က အကောင်းဆုံး သာဓကတွေပဲဖြစ်ပါတယ်။ ဆိုဗီယက်ရေတပ်ဟာ ရေပြာရေတပ်ကို တည်ဆောက်ပုံဖော်နိုင်ခဲ့ပြီးမှ တာဝေးရေပြာရေတပ်စစ်ဆင်ရေးများ ဆောင်ရွက်တဲ့ အတွေ့အကြုံကိုရရှိခဲ့ကြတာပါ။ တရုတ်ရေတပ်လည်း ဆယ်စုနှစ်တစ်ခု အကြာ တာဝေး၊ရေပြာရေတပ်စစ်ဆင်ရေးများနှင့် ပတ်သက်ပြီး အတွေ့အကြုံ ဗဟုသုတ ရရှိစေဖို့ အခွင့်အရေးတွေိကိုဖန်တီးတည်ဆောက်ခဲ့ကြရပါတယ်။ လိုအပ်တဲ့အတွေ့အကြုံ နှင့် တပ်ဖွဲ့ဝင်များရဲ့ကျွမ်းကျင်မှု အဆင့်များကို ထိန်းသိမ်းနိုင်ဖို့ လိုအပ်တဲ့စစ်ရေးအဟုန်ကို ထိန်းသိမ်းနိုင်ဖို့ပျက်ကွက်မယ်ဆိုရင်တော့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုများတွေ့ကြုံလာရ နိုင်ပါတယ်။
#နိဂုံး

အမေရိကန်ပြည်ထောင်စုနိုင်ငံအနေဖြင့် ရေပြာရေတပ် ပိုင်ဆိုင်ထားသည်ကို သံသယဖြစ်ဖွယ်မရှိပါ။ပြင်သစ်နိုင်ငံကိုလည်းစာရင်းထည့်သွင်းနိုင်ပါတယ်။ဗြိတိန်တော်ဝင်ရေတပ်မဖြစ်နိုင်သေးပါ။၊ Invincible class အတန်းအစားနောက်ဆုံး အနားယူသွား ပြီးနောက် HMS QueenElizabethလေယာဉ်တင်သင်္ဘော တပ်တော်မဝင်ခင်အထိ ဆယ်စုနှစ်တစ်ခုကြာ လေယာဉ်တင်သင်္ဘောပိုင်ဆိုင်နိုင်ခဲ့ခြင်းမရှိပေ။စပိန်နှင့်အီတလီနိုင်ငံ ရေတပ်များတွင်လည်း လိုအပ်ချက်များစွာရှိနေသေးသည်။ တာဝေးတပ်ဖြန့်နေရာချထား မှုများလည်း အများအားဖြင့် လုပ်ဆောင်ခဲ့ခြင်းမရှိပါဘူး။ရုရှားရေတပ်ရဲ့ Admiral Kuznetsov ကို လေယာဉ်တင်သင်္ဘောအဖြစ် အသုံးပြုနိုင်ပေမယ့် အနိမ့်ဆုံးစံသတ်မှတ် ချက်နှင့်တော့ ကိုက်ညီတယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။

အရှေ့အာရှမှာတော့ ဂျပန်၊တောင်ကိုရီးယား၊တရုတ်နှင့်အိန္ဒိယနိုင်ငံတို့ဟာ ရေပြာ ရေတပ်တွေပိုင်ဆိုင်ဖို့ အလျင်အမြန်ကြိုးပမ်းအားထုတ်နေကြပါပြီ။ ဩစတြေးလျနှင့် ဘရာဇီးလည်းပါလာနိုင်ဖို့ ကြိုးစားနေကြပါတယ်။ဩစတြေးလျနိုင်ငံဟာ Collins-class အတန်းအစား ရေငုပ်သင်္ဘောတွေကို မဟာဗျူဟာမြောက်အစားထိုးဖို့လိုအပ်နေသလို ဘရာဇီးရေတပ်ဟာလည်း မဟာဗျူဟာမြောက် ထူးခြားပြောင်းလဲမှုများအတွက်ကို ဘဏ္ဍာရေးပိုင်းဆိုင်ရာမှာ ရင်းနှီးမြှပ်နှံမှု သိသိသာသာပြောင်းလဲလုပ်ဆောင်ဖို့ လိုအပ်ချက် များရှိနေသေးကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

စာရေးသူ Robert Farley ၏ This is How Any Nation Can Build a Blue-Water Navy အား ဘာသာပြန်ဆိုထားခြင်းဖြစ်ပါသည်။
မူရင်းလင့်ခ်
https://nationalinterest.org/…/how-any-nation-can-build…
Credit.#သက်ထူးခန့်ပိုင်

zawgyi

အေရွ႕အာရွတြင္ ဂ်ပန္၊တ႐ုတ္၊ေတာင္ကိုရီးယားႏွင့္ အိႏၵိယႏိုင္ငံတို႔သည္ ေရျပာ တပ္ဖြဲ႕မ်ားကို အသီးသီးပိုင္ဆိုင္ထားၾကၿပီလား ဒါမွမဟုတ္ ေရျပာတပ္ဖြဲ႕မ်ားပိုင္ ဆိုင္ႏိုင္ ေရးအတြက္ အလ်င္အျမန္ေ႐ြ႕လ်ားလုပ္ေဆာင္ေနၾကၿပီလား။ ဩစေၾတးလ်ႏိုင္ငံမွာေတာ့ Collins-class ေရငုပ္သေဘၤာေတြေနရာမွာ မဟာဗ်ဴဟာေျမာက္အစားထိုးအသုံးျပဳႏိုင္ရန္ လိုအပ္ခ်က္ရွိေနေပမယ့္လည္း ေရျပာတပ္ဖြဲ႕အဆင့္ထဲ ထည့္သြင္းတြက္ခ်က္ႏိုင္ပါလိမ့္ မယ္။ခပ္လွမ္းလွမ္းၾကည့္လိုက္မယ္ဆိုရင္ေတာ့ ဘရာဇီးေရတပ္ပါ။ ဘရာဇီးႏိုင္ငံ ေရတပ္ မွာလည္း ေငြေၾကးရင္းႏွီးျမႇပ္ႏွံမႈေတြ သိသိသာသာ လိုအပ္ေနၿပီး မဟာဗ်ဴဟာ ေျမာက္ေျပာင္းလဲတိုးတက္မႈအပိုင္းမွာ အာ႐ုံစိုက္လုပ္ေဆာင္မႈေတြေတာ့ လိုအပ္ခ်က္ရွိ ေနဆဲပါ။

ေလ့လာသုံးသပ္အကဲခတ္သူမ်ားႏွင့္ ႏိုင္ငံေရးသမားမ်ားက ေရျပာေရတပ္ ဟူေသာ ေဝါဟာရကို ပုံေသအဓိပၸါယ္တစ္ခုတည္းအျဖစ္ လြယ္လြယ္ကူကူ သုံးႏႈန္းတတ္ၾကပါတယ္။ တကယ္တမ္းက်ေတာ့ က်ယ္ျပန႔္နက္ရႈိင္းလွပါတယ္။ေရျပာေရတပ္တစ္ခု ပိုင္ဆိုင္ထား ျခင္းဆိုသည္မွာ သမုဒၵရာကိုျဖတ္သန္း၍ သေဘၤာမ်ား တပ္ျဖန႔္ခုတ္ေမာင္းသြားလာ ႏိုင္စြမ္းရွိျခင္းကို ဆိုလိုျခင္းျဖစ္ပါတယ္။ဒါ့အျပင္ ၎တို႔ရဲ႕အေျခစိုက္စခန္းေတြကေန အလွမ္းေဝးကြားစြာ ေထာက္ပံ့မႈမ်ားေပးႏိုင္ျခင္း စြမ္းရည္လည္းပါဝင္ေနပါတယ္။ ေရျပာ ေရတပ္ပိုင္ဆိုင္ထားေသာ ႏိုင္ငံတစ္ႏိုင္ငံအေနနဲ႔ ႏိုင္ငံတကာနဲ႔ရင္ေပါင္တန္းလ်က္ ႏိုင္ငံတကာစင္ျမင့္ေပၚမွာ အသိအမွတ္ျပဳထိုက္တဲ့ အခန္းက႑တစ္ရပ္အေနနဲ႔ ပါဝင္ လာႏိုင္ဖို႔ အလားအလာရွိေသာ အဓိပၸါယ္ကိုလည္း ေဖာ္ေဆာင္ႏိုင္ပါတယ္။လက္ေတြ႕မွာ ေရျပာေရတပ္တစ္ခုတည္ေဆာက္ႏိုင္ဖို႔ဆိုရာဝယ္ န်ဴကလီးယားလက္နက္တစ္ခု တီထြင္ ထုတ္လုပ္ဖို႔ထက္ ပိုမို နက္နဲခက္ခဲ၊ရႈပ္ေထြး၊ကုန္က်စရိတ္မ်ားျပားၿပီး အသုံးဝင္ အက်ိဳး မ်ားလွပါတယ္။

၁၉ ရာစုမွာေက်ာ္ၾကားခဲ့တဲ့ အေမရိကန္ေရတပ္မဟာဗ်ဴဟာပညာရွင္ ဗိုလ္ခ်ဳပ္ႀကီး Mahan ေခတ္မ်ားတြင္ ေရျပာေရတပ္ပိုင္ဆိုင္ထားျခင္းသည္ စစ္ပြဲအတြင္း စစ္ဆင္ေရး ဆင္ႏြဲႏိုင္ရန္ ေက်ာက္မီးေသြးဖိုမ်ား အမ်ားအျပားပိုင္ဆိုင္ထားျခင္းကို ေရတြက္ၾကသည့္ ေခတ္ျဖစ္ပါတယ္။ဤသည္မွာ ကိုလိုနီႏိုင္ငံမ်ား၊မဟာမိတ္တိုင္းျပည္မ်ားႏွင့္ အားေကာင္း သည့္ ဘ႑ာေရးစာရင္းမ်ားကို ဆိုလိုျခင္းလည္းျဖစ္ႏိုင္ပါတယ္။ အခ်ိန္ကာလမ်ား ေ႐ြ႕လ်ားေျပာင္းလဲခဲ့ၾကေသာ္လည္း ေရျပာေရတပ္၏ အေျခခံယုတၱိေဗဒအမ်ားစုမွာ မေျပာင္းမလဲရွိေနဆဲျဖစ္ပါတယ္။
#ေရေအာက္

ေရျပာေရတပ္သည္ ရန္သူေရငုပ္သေဘၤာမ်ားရန္မွ ကာကြယ္ရန္လိုအပ္ပါတယ္။ ဒီလိုကာကြယ္ႏိုင္ဖို႔ဆိုတာ ကိုယ္ပိုင္ေရငုပ္သေဘၤာေတြ ပိုင္ဆိုင္ထားျခင္းဟာ အဆင္ေျပ ဆုံးနည္းလမ္းျဖစ္ပါတယ္။တာေဝးေမာင္းႏွင္သြားလာႏိုင္တဲ့ ဒီဇယ္-လွ်ပ္စစ္ ေရငုပ္ သေဘၤာေတြျဖစ္ေစ န်ဴကလီးယားစြမ္းအင္သုံးေရငုပ္သေဘၤာေတြျဖစ္ေစ ပိုင္ဆိုင္ထားရပါ့ မယ္။န်ဴကလီးယားေရငုပ္သေဘၤာေတြကေတာ့ အေရးႀကီးဆုံးေသာ ရည္မွန္းခ်က္တာဝန္ ေတြကို ထမ္းေဆာင္ရမည့္ စြမ္းေဆာင္ရည္ျမင့္တပ္ဖြဲ႕ေတြရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ ပါဝင္ ထမ္းေဆာင္ႏိုင္ၿပီး ျပန္လည္ျဖည့္တင္းေရးလုပ္ေဆာင္ရန္မလိုအပ္သည့္ အားသာခ်က္ရွိ မွာျဖစ္ပါတယ္။ေရငုပ္သေဘၤာေတြဟာ စစ္ေရယာဥ္စုအတြက္ မ်က္လုံးမ်ား ျဖစ္ပါတယ္။ ၎တို႔တြင္ တပ္ဆင္သယ္ေဆာင္ထားေသာ ေျမျပင္တိုက္ခိုက္ေရး ခ႐ုဇ္ ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္ေရးရည္မွန္းခ်က္တာဝန္ေတြကို ေအာင္ျမင္စြာထမ္းေဆာင္ႏိုင္ပါတယ္။

#အုပ္ခ်ဳပ္ေထာက္ပံ့မႈ
အိမ္ၿခံေျမလုပ္ငန္းအတြက္ အႀကီးမားဆုံး အခ်က္(၃)ခ်က္က တည္ေနရာ၊ တည္ ေနရာ၊တည္ေနရာပါပဲ။ေရျပာေရတပ္အတြက္ အေရးအႀကီးဆုံး (၃) ခ်က္ကေတာ့ Logistics, logistics, ၿပီးေတာ့ logistics လို႔ဆိုရပါမယ္။ေရျပာေရတပ္မ်ားအတြက္ အေျခစိုက္ေရတပ္စခန္းေတြကေန အလွမ္းခြာစစ္ဆင္ႏိုင္စြမ္းျမင့္မားေစဖို႔ ၎တို႔ရဲ႕ ေထာက္ပံ့ေရးႏွင့္ျပန္လည္ျဖည့္တင္းေရး လိုအပ္ခ်က္မ်ားကို စီမံခန႔္ခြဲႏိုင္စြမ္းရွိရမွာျဖစ္ပါ တယ္။ေထာက္ပံ့ေရးႏွင့္ျပန္လည္ျဖည့္တင္းေရးမွာ ဘာေတြပါမလဲ။ အစားအစာ၊ ေလာင္ စာ၊အပိုပစၥည္းမ်ား၊ခဲယမ္းမ်ားႏွင့္ တပ္ဖြဲ႕ဝင္မ်ားလဲလွယ္တာဝန္ထမ္းေဆာင္ႏိုင္ေရး စတာ ေတြပါဝင္ပါတယ္။

အဆိုပါေထာက္ပံ့ေရးႏွင့္ ျပန္လည္ျဖည့္တင္းေရး အေျခစိုက္စခန္းမ်ား တည္ ေဆာက္ရာတြင္ နည္းပညာပိုင္းသာမက သံတမန္ေရးရာ ဆက္ဆံမႈမ်ားလည္း လိုအပ္ မွာျဖစ္ပါတယ္။နည္းပညာပိုင္းတြင္ ပင္လယ္ျပင္ေထာက္ပံ့ေရးအတြက္ ျပန္လည္ျဖည့္ တင္းေရးသေဘၤာမ်ား၊ေလယာဥ္မ်ားအျပင္ သေဘၤာမ်ားေပၚတြင္ တစ္ပါတည္းထည့္သြင္း တည္ေဆာက္ေပးထားေသာ ႀကံ့ခိုင္ထိန္း သိမ္းေရးလုပ္ေဆာင္ရန္စနစ္မ်ား(maintenance facilities) လည္း လိုအပ္ပါတယ္။သံတမန္ေရးရာအပိုင္းတြင္ ႏိုင္ငံရပ္ျခား၌ ေရတပ္ စခန္းမ်ားတိုးခ်ဲ႕ဖြင့္လွစ္မႈမျပဳလုပ္ႏိုင္လွ်င္ပင္ ေဒသႏၲရဆိပ္ကမ္းမ်ားႏွင့္ ဆက္ဆံေရး ေကာင္းမ်ားရွိထားရန္ လိုအပ္မည္ျဖစ္ပါတယ္။
#ေလေၾကာင္း

၁၉၂၀ ျပည့္ႏွစ္မ်ားကတည္းက ေရတပ္ဟာ ေလတပ္ႏွင့္ နားလည္မႈရွိရွိ ပူးေပါင္းေဆာင္႐ြက္သြားႏိုင္ဖို႔ လိုအပ္ေၾကာင္းကို ေကာင္းေကာင္းသေဘာေပါက္ ခဲ့ၾကတာျဖစ္ပါတယ္။မ်က္ေမွာက္ေခတ္ ေရျပာေရတပ္မ်ားမွာ ေလေၾကာင္းဆိုင္ရာ စြမ္းေဆာင္ရည္အခ်ိဳ႕ပါဝင္လာဖို႔ မျဖစ္မေနလိုအပ္လာပါၿပီ။ဒီလိုဆိုလိုက္လို႔ ေလယာဥ္တင္ သေဘၤာတစ္စီးလို ေလယာဥ္ေတြ အတက္အဆင္းလုပ္/ႀကံ့ခိုင္ထိန္းသိမ္းေရး လုပ္ေဆာင္ ႏိုင္တဲ့ CATOBAR စနစ္ ျပည့္ျပည့္စုံစုံႀကီးကို ေျပာတာမဟုတ္ပါ။စစ္ေရယာဥ္စုရဲ႕ ေလေၾကာင္းရန္ကာကြယ္ေရး၊တန္ျပန္ေရငုပ္သေဘၤာစစ္ဆင္ေရး၊ရွာေဖြေရးႏွင့္ကယ္ဆယ္ေရး၊ေထာက္လွမ္းေရးႏွင့္ေစာင့္ၾကည့္ေရးစတဲ့ ရည္မွန္းခ်က္တာဝန္မ်ား စီမံခန႔္ခြဲလုပ္ ေဆာင္ႏိုင္ရန္အတြက္ ေလယာဥ္တင္ေဆာင္ႏိုင္စြမ္းေတာ့ လိုအပ္မွာျဖစ္ပါတယ္။ (ေရျပာ ေရတပ္ေတြအတြက္ ေလယာဥ္တင္သေဘၤာကိုေတာ့ ၂ စီးထိသတ္မွတ္ထားတာေတြ႕ရပါ တယ္။)အက်ိဳးဆက္အားျဖင့္ေတာ့ ေရျပာေရတပ္မ်ားတြင္ တာေဝးစစ္ဆင္မယ့္ တပ္ဖြဲ႕ဝင္ ေတြကို သယ္ယူပို႔ေဆာင္ေရးႏွင့္ေထာက္ပံ့ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေစဖို႔ အနည္း ဆုံး ေပါ့ေပါ့ပါးပါးေလယာဥ္တင္သေဘၤာေတြ လိုအပ္ပါတယ္။ ၿဗိတိသွ်တို႔ရဲ႕ ေဖာက္ကလန္စစ္ပြဲအေတြ႕အႀကဳံအရ ရဟတ္ယာဥ္မ်ားနဲ႔ ေဒါင္လိုက္အတက္ အဆင္း လုပ္ႏိုင္တဲ့ ေလယာဥ္မ်ားဟာ စစ္ဆင္ေရးတပ္ဖြဲ႕ကို မိမိကိုယ္ကိုကာကြယ္ႏိုင္စြမ္းႏွင့္ စြမ္းေဆာင္ရည္ျဖန႔္က်က္ စစ္ကစားႏိုင္စြမ္းေတြမွာ မ်ားစြာအေထာက္ အကူေပးႏိုင္တယ္ ဆိုတာ ေတြ႕ရွိခဲ့ၾကတာျဖစ္ပါတယ္။မွန္ပါတယ္။ေရျပာေရတပ္မ်ားအတြက္ ေပၚေပါက္လာ ႏိုင္တဲ့ ၿခိမ္းေျခာက္မႈမ်ားကို ေထာက္လွမ္း၊စိစစ္ခြဲျခား၊ဖ်က္ဆီးတိုက္ဖ်က္ႏိုင္စြမ္းရွိတဲ့ ေရျပင္မွေဝဟင္ပစ္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္အပါအဝင္ စစ္ေရယာဥ္စု ေလေၾကာင္းရန္ကာကြယ္ေရးအပိုင္းကို ဂ႐ုျပဳအာ႐ုံစိုက္ထားဖို႔လည္း လိုအပ္လွပါတယ္။တိုက္စစ္ဆင္မႈ

ေရတပ္မ်ားသည္ ၎တို႔သြားေရာက္သည့္ေနရာကို ေရာက္ရွိသည့္အခါ တစ္ခုခု လုပ္ေဆာင္ရန္လိုအပ္ပါတယ္။ေမးစရာေမးခြန္းရွိပါတယ္။တစ္ျခားသူေတြ သတိမထား မိတာကိုဘာေၾကာင့္ ထလုပ္ဖို႔လိုအပ္သလဲေပါ့။မ်ားေသာအားျဖင့္ေတာ့ ေျမျပင္ပစ္မွတ္ မ်ားကို တိုက္ခိုက္ျခင္းအတြက္ ဒီအခ်က္ေတြကိုလိုအပ္တယ္ လို႔ဆိုလိုတာျဖစ္ပါတယ္။ ေရတပ္မ်ားသည္ အဆိုပါျပႆနာကိုေျဖရွင္းရန္ ေလယာဥ္ေတြအသုံးျပဳႏိုင္ပါတယ္။ ဒါေပမယ့္ တစ္ျခားေ႐ြးခ်ယ္စရာနည္းလမ္းေတြထဲကတစ္ခ်ိဳ႕ထက္စာရင္ ေလယာဥ္သုံး ေျဖရွင္းတာက ကုန္က်စရိတ္ေထာင္းလွပါတယ္။တိုက္စစ္ဆင္ဖို႔အတြက္ (လူေတြအာ႐ုံ စိုက္မႈအရရွိဆုံး)အထိေရာက္ဆုံးေ႐ြးခ်ယ္မႈကေတာ့ လက္ရွိေခတ္မွာ ေျမျပင္တိုက္ခိုက္ ေရးခ႐ုဇ္ဒုံးက်ည္ေတြပဲျဖစ္ပါတယ္။လြန္ခဲ့တဲ့ဆယ္စုႏွစ္ႏွစ္ခုေက်ာ္ကတည္းက ကမာၻမွာ ေရငုပ္သေဘၤာႏွင့္စစ္ေရယာဥ္ေတြကေန ပစ္လႊတ္တိုက္ခိုက္တဲ့ လက္နက္ေတြထဲမွာ Tomahawk missile ဒုံးက်ည္ကေတာ့ နာမည္ေက်ာ္ ေျမျပင္တိုက္ခိုက္ေရးလက္နက္ ေကာင္းတစ္ခုျဖစ္ခဲ့ပါတယ္။လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာ ၿပိဳင္ဘက္ဒုံးက်ည္ေတြႏွင့္ အတူ ေဝစုမ်ားရရွိခဲ့ၿပီး တာေဝးေျမျပင္ပစ္မွတ္ေတြကို တိုက္ခိုက္ဖ်က္ဆီးႏိုင္စြမ္းအား ေရတပ္အေတာ္မ်ားမ်ားကို ေပးစြမ္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။
#အေတြ႕အႀကဳံ

ေနာက္ဆုံးတစ္ခ်က္ကေတာ့ အေတြ႕အႀကဳံပါ။ေရျပာေရတပ္မ်ားအေနနဲ႔ မိမိတို႔တပ္ စခန္းခ်ရာကေန ခရီးမိုင္ေထာင္ခ်ီ ကာလၾကာ စစ္ဆင္ေရးထြက္ရာမွာ မေမွ်ာ္လင့္တဲ့ ျပႆနာမ်ားႀကဳံေတြ႕လာႏိုင္ပါတယ္။တာေဝးတပ္ျဖန႔္ရန္အတြက္ အေျခခံတည္ေဆာက္ ဖြဲ႕စည္းပုံရွိေပမယ့္ အေတြ႕အႀကဳံမရွိလို႔ အခက္အခဲေတြရင္ဆိုင္ခဲ့ၾကတာဆိုရင္ ၁၉၀၅ ခုႏွစ္ ႐ုရွားေဘာလ္တစ္စစ္ေရယာဥ္စုႏွင့္ အေမရိကန္ေရတပ္ရဲ႕ Great White Fleet စစ္ေရယာဥ္စုတို႔က အေကာင္းဆုံး သာဓကေတြပဲျဖစ္ပါတယ္။ ဆိုဗီယက္ေရတပ္ဟာ ေရျပာေရတပ္ကို တည္ေဆာက္ပုံေဖာ္ႏိုင္ခဲ့ၿပီးမွ တာေဝးေရျပာေရတပ္စစ္ဆင္ေရးမ်ား ေဆာင္႐ြက္တဲ့ အေတြ႕အႀကဳံကိုရရွိခဲ့ၾကတာပါ။ တ႐ုတ္ေရတပ္လည္း ဆယ္စုႏွစ္တစ္ခု အၾကာ တာေဝး၊ေရျပာေရတပ္စစ္ဆင္ေရးမ်ားႏွင့္ ပတ္သက္ၿပီး အေတြ႕အႀကဳံ ဗဟုသုတ ရရွိေစဖို႔ အခြင့္အေရးေတြိကိုဖန္တီးတည္ေဆာက္ခဲ့ၾကရပါတယ္။ လိုအပ္တဲ့အေတြ႕အႀကဳံ ႏွင့္ တပ္ဖြဲ႕ဝင္မ်ားရဲ႕ကြၽမ္းက်င္မႈ အဆင့္မ်ားကို ထိန္းသိမ္းႏိုင္ဖို႔ လိုအပ္တဲ့စစ္ေရးအဟုန္ကို ထိန္းသိမ္းႏိုင္ဖို႔ပ်က္ကြက္မယ္ဆိုရင္ေတာ့ မလိုလားအပ္တဲ့ ဆုံးရႈံးမႈမ်ားေတြ႕ႀကဳံလာရ ႏိုင္ပါတယ္။
#နိဂုံး

အေမရိကန္ျပည္ေထာင္စုႏိုင္ငံအေနျဖင့္ ေရျပာေရတပ္ ပိုင္ဆိုင္ထားသည္ကို သံသယျဖစ္ဖြယ္မရွိပါ။ျပင္သစ္ႏိုင္ငံကိုလည္းစာရင္းထည့္သြင္းႏိုင္ပါတယ္။ၿဗိတိန္ေတာ္ဝင္ေရတပ္မျဖစ္ႏိုင္ေသးပါ။၊ Invincible class အတန္းအစားေနာက္ဆုံး အနားယူသြား ၿပီးေနာက္ HMS QueenElizabethေလယာဥ္တင္သေဘၤာ တပ္ေတာ္မဝင္ခင္အထိ ဆယ္စုႏွစ္တစ္ခုၾကာ ေလယာဥ္တင္သေဘၤာပိုင္ဆိုင္ႏိုင္ခဲ့ျခင္းမရွိေပ။စပိန္ႏွင့္အီတလီႏိုင္ငံ ေရတပ္မ်ားတြင္လည္း လိုအပ္ခ်က္မ်ားစြာရွိေနေသးသည္။ တာေဝးတပ္ျဖန႔္ေနရာခ်ထား မႈမ်ားလည္း အမ်ားအားျဖင့္ လုပ္ေဆာင္ခဲ့ျခင္းမရွိပါဘူး။႐ုရွားေရတပ္ရဲ႕ Admiral Kuznetsov ကို ေလယာဥ္တင္သေဘၤာအျဖစ္ အသုံးျပဳႏိုင္ေပမယ့္ အနိမ့္ဆုံးစံသတ္မွတ္ ခ်က္ႏွင့္ေတာ့ ကိုက္ညီတယ္လို႔ ဆိုႏိုင္မွာျဖစ္ပါတယ္။

အေရွ႕အာရွမွာေတာ့ ဂ်ပန္၊ေတာင္ကိုရီးယား၊တ႐ုတ္ႏွင့္အိႏၵိယႏိုင္ငံတို႔ဟာ ေရျပာ ေရတပ္ေတြပိုင္ဆိုင္ဖို႔ အလ်င္အျမန္ႀကိဳးပမ္းအားထုတ္ေနၾကပါၿပီ။ ဩစေၾတးလ်ႏွင့္ ဘရာဇီးလည္းပါလာႏိုင္ဖို႔ ႀကိဳးစားေနၾကပါတယ္။ဩစေၾတးလ်ႏိုင္ငံဟာ Collins-class အတန္းအစား ေရငုပ္သေဘၤာေတြကို မဟာဗ်ဴဟာေျမာက္အစားထိုးဖို႔လိုအပ္ေနသလို ဘရာဇီးေရတပ္ဟာလည္း မဟာဗ်ဴဟာေျမာက္ ထူးျခားေျပာင္းလဲမႈမ်ားအတြက္ကို ဘ႑ာေရးပိုင္းဆိုင္ရာမွာ ရင္းႏွီးျမႇပ္ႏွံမႈ သိသိသာသာေျပာင္းလဲလုပ္ေဆာင္ဖို႔ လိုအပ္ခ်က္ မ်ားရွိေနေသးေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္။

စာေရးသူ Robert Farley ၏ This is How Any Nation Can Build a Blue-Water Navy အား ဘာသာျပန္ဆိုထားျခင္းျဖစ္ပါသည္။
မူရင္းလင့္ခ္
https://nationalinterest.org/…/how-any-nation-can-build…
Credit.#သက္ထူးခန႔္ပိုင္

Leave a Reply

Your email address will not be published. Required fields are marked *