ပူပူနွေးနွေးအစားအသောက်များကို ရေကူးရင်းစားသုံးနိုင်မည့် ဟန်ကျိုးမြို့မှ ဟော့ပေါ့ရေကူးကန်…




source-CNN
CRD_WeMedia

unicode

နှစ်သစ်ကူးပွဲတော် (Lunar New Year) အကြိုအဖြစ် တရုတ်နိုင်ငံ၊ဟန်ကျိုးမြို့ရှိ ဟော်တယ်တစ်ခုတွင် အစားအသောက်များထဲရေကူးနိုင်မည့်အပြင် အဆိုပါအစားအသောက်များကိစားသုံးနိုင်မည့် (Spicy Hot-Pot Spring – ပူပူစပ်စပ်ဟော့ပေါ့ရေပူစမ်း) ကို မိတ်ဆက်ခဲ့သည်။အဆိုပါ ရေပူစမ်း(ရေကူးကန်)သည် အကန့်ကိုးကန့် ပါဝင်ပြီးအကန့်တစ်ခုချင်းစီတွင် မတူညီသော အစားအသောက်များ(ဥပမာ- အသား၊ အသီးအရွက်) တို့ကို ရေနွေးနွေးတွင် စိမ်ထားသည်။

ကန်၏ ဘေးဘက်တွင် ဟော့ပေါ့အိုးများကို ချပေးထားပြီးမတူညီသော အရသာရည်များကို အိုးထဲတွင် ထည့်သွင်းပေးထားသည်။ဧည့်သည်များအနေဖြင့် အစားအသောက်များမျောနေသောကန်ထဲတွင် ဝင်စိမ်ပြီး စားလိုရာအစားအသောက်တို့ကိုဟာ့ပေါ့အိုးထဲ ထည့်လိုက်ရုံသာဖြစ်သည်။ထို့ပြင် အသားငါးမစားလိုသူများအတွက် နှင့် အချိုတည်းလိုသူများအတွက်လည်Fresh Fruit Pool များကိုလည်း စီစဉ်ထားသည်။

ဟော့ပေါ့ကန်နှင့်မတူသည်မှာ အဆိုပါကန်များထဲတွင်လတ်ဆတ်သော အသီးအနှံများကို စိမ်ထားခြင်းဖြစ်သည်။ရေနွေးနွေးဖြင့်အစားအသောက်များကို စိမ်ရသည့်အတွက်အဆိုပါရေများမှာ အနွေးဓာတ်တစ်ခုတော့လိုအပ်မည်ဖြစ်သည်။ကောင်းမွန်သောရေသွင်းရေလှယ်စနစ်တစ်ခုရှိဖို့တော့ မျှော်လင့်ရမည်ဖြစ်သည်။

source-CNN
CRD_WeMedia

Leave a Reply

Your email address will not be published. Required fields are marked *