ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအြန္ကို အလုပ္သမားပါတီအတြင္းေရးမွဴးခ်ဳပ္အျဖစ္ခန္႔အပ္

ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ံဳအြန္ကို အာဏာရအလုပ္သမားပါတီအတြင္းေရးမွဴးခ်ဳပ္အျဖစ္ ေ႐ြး ေကာက္တင္ေႁမွာက္လိုက္ေၾကာင္း အစိုးရပိုင္ KCNA သတင္းေအဂ်င္စီက တနလၤာေန႔တြင္ေဖာ္ျပသည္။ ထို႔ေၾကာင့္ ကြယ္လြန္သူဖခင္ ကင္ဂ်ံဳအီ ၏ရာထူးကိုလႊဲေျပာင္းရယူၿပီး အာဏာပိုတည္ၿမဲလာမည္ျဖစ္သည္။
တနဂၤေႏြေန႔တြင္ျပဳလုပ္ခဲ့သည့္ပါတီညီလာခံတြင္ ေ႐ြးေကာက္တင္ေႁမွာက္ခဲ့ျခင္းျဖစ္ၿပီး ကင္အေနျဖင့္ သံတမန္ ေရး၊ စစ္ေရးႏွင့္ စီးပြားေရးအေျခခံမူဝါဒမ်ားကို ေနာက္ထပ္ ၅ ႏွစ္တာအတြက္ ထပ္မံေရးဆြဲႏိုင္မည့္အျပင္ အဓိကဆံုးျဖတ္ခ်က္မ်ားကိုလည္း ခ်မွတ္ခြင့္ျပဳလိုက္ျခင္းျဖစ္သည္။

ပါတီအေထြေထြအတြင္းေရးမွဴးအျဖစ္ရာထူးတိုးေပးရန္အဆိုကို ပါတီညီလာခံတြင္ အျပည့္အ၀ေထာက္ခံခဲ့ၿပီး ကင္ရ႐ွိသည့္ေနရာသည္ ေတာ္လွန္ေရးဦးေဆာင္ႏွင့္ ထိန္းေၾကာင္းမႈႏွင့္ညီၫြတ္မႈဗဟိုေနရာျဖစ္ေၾကာင္း KCNA ကေဖာ္ျပသည္။ ကင္သည္ ၂၀၁၁ ခုႏွစ္တြင္ ဖခင္ ကင္ဂ်ံဳအီေသဆံုးခဲ့ၿပီးေနာက္ မ်ိဳး႐ိုးအလိုက္အုပ္ခ်ဳပ္ခဲ့သည့္ ေျမာက္ကိုရီး ယားႏိုင္ငံအတြက္ ေခါင္းေဆာင္အျဖစ္အာဏာကုန္ဆုပ္ကိုင္ထားသည္။

၂၀၁၂ ခုႏွစ္တြင္ ကင္ဂ်ံဳအီကို ထာ၀ရအေထြအေထြအတြင္းေရးမွဴးအျဖစ္ ပါတီကသတ္မွတ္ခဲ့ၿပီး ကင္ကို ဒုတိ ယအတြင္းေရးမွဴးအျဖစ္သတ္မွတ္ခဲ့သည္။ အင္အားေကာင္းေသာေပၚလစ္ဗ်ဴ႐ိုပါ၀င္ေသာ အုပ္ခ်ဳပ္ေရးအဖြဲ႔ျဖစ္သည့္ ဗဟိုေကာ္မတီ၀င္မ်ားအတြက္လည္း ေ႐ြးေကာက္ခဲ့ၿပီး ေပၚလစ္ဗ်ဴ႐ို၀င္ျဖစ္လာႏိုင္သူဟုခန္႔မွန္းေနၾကသည့္ ကင္၏ညီမျဖစ္သူ ကင္ယိုဂၽြန္း စာရင္း တြင္မပါ၀င္ခဲ့သည့္အတြက္ ေလ့လာေစာင့္ၾကည့္သူမ်ားမွန္းခ်က္ႏွင့္မကိုက္ညီခဲ့ေခ်။

Ref : North Korea says leader Kim elected as general secretary of ruling party: KCNA
#PeopleMedia

unicode

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်ကို အာဏာရအလုပ်သမားပါတီအတွင်းရေးမှူးချုပ်အဖြစ် ရွေး ကောက်တင်မြှောက်လိုက်ကြောင်း အစိုးရပိုင် KCNA သတင်းအေဂျင်စီက တနင်္လာနေ့တွင်ဖော်ပြသည်။ ထို့ကြောင့် ကွယ်လွန်သူဖခင် ကင်ဂျုံအီ ၏ရာထူးကိုလွှဲပြောင်းရယူပြီး အာဏာပိုတည်မြဲလာမည်ဖြစ်သည်။
တနင်္ဂနွေနေ့တွင်ပြုလုပ်ခဲ့သည့်ပါတီညီလာခံတွင် ရွေးကောက်တင်မြှောက်ခဲ့ခြင်းဖြစ်ပြီး ကင်အနေဖြင့် သံတမန် ရေး၊ စစ်ရေးနှင့် စီးပွားရေးအခြေခံမူဝါဒများကို နောက်ထပ် ၅ နှစ်တာအတွက် ထပ်မံရေးဆွဲနိုင်မည့်အပြင် အဓိကဆုံးဖြတ်ချက်များကိုလည်း ချမှတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

ပါတီအထွေထွေအတွင်းရေးမှူးအဖြစ်ရာထူးတိုးပေးရန်အဆိုကို ပါတီညီလာခံတွင် အပြည့်အဝထောက်ခံခဲ့ပြီး ကင်ရရှိသည့်နေရာသည် တော်လှန်ရေးဦးဆောင်နှင့် ထိန်းကြောင်းမှုနှင့်ညီညွတ်မှုဗဟိုနေရာဖြစ်ကြောင်း KCNA ကဖော်ပြသည်။ ကင်သည် ၂၀၁၁ ခုနှစ်တွင် ဖခင် ကင်ဂျုံအီသေဆုံးခဲ့ပြီးနောက် မျိုးရိုးအလိုက်အုပ်ချုပ်ခဲ့သည့် မြောက်ကိုရီး ယားနိုင်ငံအတွက် ခေါင်းဆောင်အဖြစ်အာဏာကုန်ဆုပ်ကိုင်ထားသည်။

၂၀၁၂ ခုနှစ်တွင် ကင်ဂျုံအီကို ထာဝရအထွေအထွေအတွင်းရေးမှူးအဖြစ် ပါတီကသတ်မှတ်ခဲ့ပြီး ကင်ကို ဒုတိ ယအတွင်းရေးမှူးအဖြစ်သတ်မှတ်ခဲ့သည်။ အင်အားကောင်းသောပေါ်လစ်ဗျူရိုပါဝင်သော အုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ဗဟိုကော်မတီဝင်များအတွက်လည်း ရွေးကောက်ခဲ့ပြီး ပေါ်လစ်ဗျူရိုဝင်ဖြစ်လာနိုင်သူဟုခန့်မှန်းနေကြသည့် ကင်၏ညီမဖြစ်သူ ကင်ယိုဂျွန်း စာရင်း တွင်မပါဝင်ခဲ့သည့်အတွက် လေ့လာစောင့်ကြည့်သူများမှန်းချက်နှင့်မကိုက်ညီခဲ့ချေ။

Ref : North Korea says leader Kim elected as general secretary of ruling party: KCNA
#PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *