ႀကိဳ႕ပင္ေကာက္က Quarantine Center ကို မီးရႈိ႕ခဲ့တဲ့ဘုန္းႀကီးကို လူဝတ္လဲၿပီးအမႈဖြင့္ထား

ပဲခူးတိုင်း ကြို့ပင်ကောက်မြို့က Quarantine Center ကို ဇန်နဝါရီလ (၁၀) ရက် မနက်ပိုင်းမှာ ဘုန်ကြီးတစ်ပါးက မီးရှို့ခဲ့တဲ့အတွက် ဖမ်းဆီးအရေးယူထားတယ်လို့ ကြို့ပင်ကောက်မြို့မရဲစခန်းက သိရပါတယ်။“ကျွန်တော်တို့အခု ရဲလုပ်ငန်းတွေဆောင်ရွက်နေပါပြီ သူ့ကို လူဝတ်လဲပေးလိုက်ပြီးတော့ တရားစွဲထားပါတယ်။”လို့ ကြို့ပင်ကောက်မြို့မရဲစခန်းက တာဝန်မှူးက ကို ပြောပါတယ်။

မီးရှို့ခဲ့တဲ့ ဘုန်းကြီးဟာ ရန်ကုန်မြို့က လာတာဖြစ်ပြီး မြို့ဝင်ဂိတ်ကတာဝန်ရှိသူတွေက မြို့နယ်မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ထားဖို့စီစဉ်ခဲ့ပေမဲ့ဘုန်းကြီးကျောင်းတွေက လက်မခံလို့ ကြို့ပင်ကောက် အ.ထ.က Quarantine Center ကို ပို့ဆောင်ပေးခဲ့တာလို့ သိရပါတယ်။ရဲတပ်ဖွဲ့ရဲ့ကနဦး စစ်ဆေးချက်တွေအရတော့ မီးရှို့ခဲ့တဲ့ဘုန်းကြီးဟာ စိတ်မနှံ့သူတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ကြို့ပင်ကောက် အ.ထ.က Quarantine Center မှာ လူအယောက်(၅၀)ကျော်ရှိပြီး မီးလောင်မှုကြောင့်ထိခိုက် ဒဏ်ရာရရှိသူမရှိဘူးလို့ သိရပါတယ်။
Quarantine Center ကိုမီးရှို့ခဲ့တဲ့ သံဃာကို ကြို့ပင်ကောက်မြို့မ ရဲစခန်းက (ပ) ၁၃/ ၂၀၂၁ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၃၆ နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ- ကိုထက်(လက်ပံတန်း)
crd…Omedia #Covid19 #Myanmar #QCenter #Gyobingauk #TH

zawgyi

ပဲခူးတိုင္း ႀကိဳ႕ပင္ေကာက္ၿမိဳ႕က Quarantine Center ကို ဇန္နဝါရီလ (၁၀) ရက္ မနက္ပိုင္းမွာ ဘုန္ႀကီးတစ္ပါးက မီးရႈိ႕ခဲ့တဲ့အတြက္ ဖမ္းဆီးအေရးယူထားတယ္လို႔ ႀကိဳ႕ပင္ေကာက္ၿမိဳ႕မရဲစခန္းက သိရပါတယ္။“ကြၽန္ေတာ္တို႔အခု ရဲလုပ္ငန္းေတြေဆာင္႐ြက္ေနပါၿပီ သူ႔ကို လူဝတ္လဲေပးလိုက္ၿပီးေတာ့ တရားစြဲထားပါတယ္။”လို႔ ႀကိဳ႕ပင္ေကာက္ၿမိဳ႕မရဲစခန္းက တာဝန္မႉးက ကို ေျပာပါတယ္။

မီးရႈိ႕ခဲ့တဲ့ ဘုန္းႀကီးဟာ ရန္ကုန္ၿမိဳ႕က လာတာျဖစ္ၿပီး ၿမိဳ႕ဝင္ဂိတ္ကတာဝန္ရွိသူေတြက ၿမိဳ႕နယ္မွာရွိတဲ့ ဘုန္းႀကီးေက်ာင္းေတြမွာ ထားဖို႔စီစဥ္ခဲ့ေပမဲ့ဘုန္းႀကီးေက်ာင္းေတြက လက္မခံလို႔ ႀကိဳ႕ပင္ေကာက္ အ.ထ.က Quarantine Center ကို ပို႔ေဆာင္ေပးခဲ့တာလို႔ သိရပါတယ္။ရဲတပ္ဖြဲ႕ရဲ႕ကနဦး စစ္ေဆးခ်က္ေတြအရေတာ့ မီးရႈိ႕ခဲ့တဲ့ဘုန္းႀကီးဟာ စိတ္မႏွံ႔သူတစ္ေယာက္ျဖစ္တယ္လို႔ သိရပါတယ္။

ႀကိဳ႕ပင္ေကာက္ အ.ထ.က Quarantine Center မွာ လူအေယာက္(၅၀)ေက်ာ္ရွိၿပီး မီးေလာင္မႈေၾကာင့္ထိခိုက္ ဒဏ္ရာရရွိသူမရွိဘူးလို႔ သိရပါတယ္။
Quarantine Center ကိုမီးရႈိ႕ခဲ့တဲ့ သံဃာကို ႀကိဳ႕ပင္ေကာက္ၿမိဳ႕မ ရဲစခန္းက (ပ) ၁၃/ ၂၀၂၁ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၄၃၆ နဲ႔ အမႈဖြင့္အေရးယူထားတယ္လို႔ ဆိုပါတယ္။

ဓာတ္ပုံ- ကိုထက္(လက္ပံတန္း)
crd…Omedia #Covid19 #Myanmar #QCenter #Gyobingauk #TH

Leave a Reply

Your email address will not be published. Required fields are marked *