ဘန္ေကာက္သို႔ ခိုး၀င္လာသည့္ဘဂၤါလီ ၁၉ ေယာက္ကို ဖမ္းဆီးရမိ

ဘန္ေကာက္၊ ဇန္နဝါရီ ၁၁ထိုင္းႏိုင္ငံသို႔တရားမ၀င္၀င္ေရာက္ခဲ့သည့္ ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာဟုေဖာ္ျပ)ဒုကၡသည္ ၁၉ ေယာက္ႏွင့္ သူတို႔ကို ေနရာေပးထားသည့္ထိုင္းအမ်ိဳးသမီးတေယာက္ကို ဖမ္းဆီးရမိသည္ဟု စေနေန႔တြင္ ထိုင္းရဲတပ္ဖြဲ႕ ကေျပာသည္။

တရားမ၀င္ေ႐ႊ႕ေျပာင္းလုပ္သားမ်ားႏွင့္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈဒုတိယလႈိင္းတို႔ၾကား ဆက္စပ္ေနခ်ိန္တြင္ ျမန္မာႏိုင္ငံမွထြက္ေျပးလာသည့္မြတ္ဆလ
င္လူနည္းစုမ်ား၏ လူကုန္ကူးခံရမႈလမ္းေၾကာင္းမ်ားအေပၚ စိုးရိမ္မႈမ်ားျမင့္တက္ေစသည္။ဘဂၤါလီမ်ားကို ဇန္နဝါရီ ၃ ရက္က ဘန္ေကာက္ၿမိဳ႕႐ွိ ဒြန္ေမာင္းတြင္ေတြ႕႐ွိခဲ့ၿပီးေနာက္ လူကုန္ကူးမႈျဖစ္စဥ္ကို ႐ွာေဖြေတြ႕႐ွိခဲ့ေၾကာင္း ရဲမ်ားကေျပာသည္။ရခိုင္ျပည္နယ္မွတဆင့္ထိုင္းႏိုင္ငံသို႔လူကုန္ကူးခံခဲ့ရၿပီး မေလး႐ွားႏိုင္ငံသို႔ဦးတည္ထြက္ခြာေနေၾကာင္း အမည္မ ေဖာ္လိုေသာလူ၀င္မႈႀကီးၾကပ္ေရးအရာ႐ွိတေယာက္ကေျပာသည္။

ထို ၁၉ ေယာက္အနက္ ၇ ေယာက္တြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ေၾကာင္းေတြ႕႐ွိထားၿပီး ကုသမႈေပးေနကာ က်န္သူမ်ားကို အသြားအလာကန္႔သတ္ေစာင့္ၾကည့္ထားသည္ဟုလည္း ထိုအရာ႐ွိကေျပာသည္။

ၿပီးခဲ့သည့္တပတ္အတြင္း မေလး႐ွားႏိုင္ငံသို႔ ထြက္ခြာမည့္ဘဂၤါလီ ၁၀၀ နီးပါးကို ရန္ကုန္ၿမိဳ႕တြင္ဖမ္းဆီးရမိခဲ့ၿပီး လူကုန္ကူးသူမ်ားသည္ ပိုမိုက်ယ္ျပန္သည့္ကြန္ရက္တခု၏အစိတ္အပိုင္းမ်ားဟုတ္၊ မဟုတ္ကို အာဏာ ပိုင္မ်ားက စံုစမ္းစစ္ေဆးေနသည္။
Ref : 19 Rohingya held in Bangkok for illegal entry
#PeopleMedia

unicode

ဘန်ကောက်၊ ဇန်နဝါရီ ၁၁ထိုင်းနိုင်ငံသို့တရားမဝင်ဝင်ရောက်ခဲ့သည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)ဒုက္ခသည် ၁၉ ယောက်နှင့် သူတို့ကို နေရာပေးထားသည့်ထိုင်းအမျိုးသမီးတယောက်ကို ဖမ်းဆီးရမိသည်ဟု စနေနေ့တွင် ထိုင်းရဲတပ်ဖွဲ့ ကပြောသည်။

တရားမဝင်ရွှေ့ပြောင်းလုပ်သားများနှင့် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဒုတိယလှိုင်းတို့ကြား ဆက်စပ်နေချိန်တွင် မြန်မာနိုင်ငံမှထွက်ပြေးလာသည့်မွတ်ဆလ
င်လူနည်းစုများ၏ လူကုန်ကူးခံရမှုလမ်းကြောင်းများအပေါ် စိုးရိမ်မှုများမြင့်တက်စေသည်။ဘင်္ဂါလီများကို ဇန်နဝါရီ ၃ ရက်က ဘန်ကောက်မြို့ရှိ ဒွန်မောင်းတွင်တွေ့ရှိခဲ့ပြီးနောက် လူကုန်ကူးမှုဖြစ်စဉ်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရဲများကပြောသည်။ရခိုင်ပြည်နယ်မှတဆင့်ထိုင်းနိုင်ငံသို့လူကုန်ကူးခံခဲ့ရပြီး မလေးရှားနိုင်ငံသို့ဦးတည်ထွက်ခွာနေကြောင်း အမည်မ ဖော်လိုသောလူဝင်မှုကြီးကြပ်ရေးအရာရှိတယောက်ကပြောသည်။

ထို ၁၉ ယောက်အနက် ၇ ယောက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ကြောင်းတွေ့ရှိထားပြီး ကုသမှုပေးနေကာ ကျန်သူများကို အသွားအလာကန့်သတ်စောင့်ကြည့်ထားသည်ဟုလည်း ထိုအရာရှိကပြောသည်။

ပြီးခဲ့သည့်တပတ်အတွင်း မလေးရှားနိုင်ငံသို့ ထွက်ခွာမည့်ဘင်္ဂါလီ ၁၀၀ နီးပါးကို ရန်ကုန်မြို့တွင်ဖမ်းဆီးရမိခဲ့ပြီး လူကုန်ကူးသူများသည် ပိုမိုကျယ်ပြန်သည့်ကွန်ရက်တခု၏အစိတ်အပိုင်းများဟုတ်၊ မဟုတ်ကို အာဏာ ပိုင်များက စုံစမ်းစစ်ဆေးနေသည်။
Ref : 19 Rohingya held in Bangkok for illegal entry
#PeopleMedia

Leave a Reply

Your email address will not be published. Required fields are marked *