အီရန္၊ အေမရိကန္ႏွင့္ ေတာင္ကိုရီးယား တို႔ ( ၃) ႏိုင္ငံ တို႔ ၾကားညႇပ္သြားတဲ့ ျမန္မာ

အမေရိကန်က အီရန်ကို စီးပွါးရေးအရ ပိတ်ဆို့အရေးယူဖို့ ဆုံးဖြတ်လိုက်တယ်။အီရန်ကတောင်ကိုရီးယားကို အဓိကရေနံတင်ပို့ရောင်းချတယ်။အမေရိကန်က မဆက်ဆံရဘူးပြောလို့ တောင်ကိုရီးယားက အီရန်ကသူ့ဘဏ်တွေမှာ စုဆောင်းထားတဲ့ ကန်ဒေါ်လာသန်းပေါင်း

၇၀၀၀ ကို ထုတ်ယူခွင့်မပြုသလို အတိုးလည်းမပေးဘဲ ထိန်းသိမ်းလိုက်ရတယ်။အီရန်က တောင်ကိုရီးယားရေနံတင်သင်္ဘောကို သူ့နယ်နိမိတ်ပင်လယ်ပြင်ကိုဖြတ်ရာမှာ တရားမဝင်ဓါတုထုတ်ကုန်တွေသယ်ယူမှုအကြောင်းပြကာ ဖမ်းဆီးလိုက်ပါတယ်။

သူ့ပိုက်ဆံတွေပြန်ထုတ်ပေးရင် သင်္ဘောကိုပြန်လွှတ်ပေးမယ်လို့ အရေးဆိုလာပါတယ်။ နိုင်ငံတကာဥပဒေမှာ Floating Island Theory အရပင်လယ်ကူးကုန်တင်သင်္ဘောတွေဟာ သူတို့မှတ်ပုံတင်ထားတဲ့နိုင်ငံကို ကိုယ်စားပြုနေပါတယ်။ တနည်း သက်ဆိုင်ရာနိုင်ငံတွေရဲ့ ရေပေါ်မှာရွေ့လျားနေတဲ့ အချုပ်အခြာအာဏာတစ်ခု ပါပဲ။

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းအထူးအဖွဲ့စေလွှတ်ကာ အီရန်တို့နဲ့ သင်္ဘောပြန်လွှတ်ရေးကိစ္စကို ဆွေးနွှေးနေရပါပြီ။ အီရန်တို့ဖက်ကတော့ မီဒီယာတွေမှာရေးသလို သူတို့စစ်တပ်က သင်္ဘောကို ဓါးစာခံလုပ်ကာ ပြန်ပေးဆွဲခဲ့တာမဟုတ်ပါဘူး။ ကျွန်တော်တို့ပိုက်ဆံတွေကို တရားမဝင်သိမ်းခံထားရတာတွေ ပြန်ထုတ်ပေးဖို့ပဲတောင်းဆိုနေတာပါ။

သင်္ဘောကို ခုလိုမဖမ်းထားရင် ကျွန်တော်တို့တောင်းဆိုတာတွေကို ကိုရီးယားအစိုးရဖက်က ခုလိုအရေးတယူနားထောင်ကာ မြန်မြန်လုပ်ပေးလိမ့်မယ်လို့ မထင်ပါဘူးလို့ ခုခံပြောကြားလိုက်ပါတယ်။တောင်ကိုရီးယားသင်္ဘောပေါ်မှာ ဝန်ထမ်း ၂၀ ပါပြီး၊ ကိုရီးယားလူမျိုးက ၅ ယောက်ပဲပါပါတယ်။ ကျန်တာက မြန်မာ ၁၁ ယောက်၊ အင်ဒိုနီးရှား ၂ ယောက်၊ ဗီယက်နမ် ၂ ယောက်တို့ပဲဖြစ်ပါတယ်။

ထရမ့်အစိုးရကစလိုက်တဲ့မီးစဟာ အီရန်တင်မကဘဲ၊ တောင်ကိုရီးယား၊ မြန်မာ၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံသားတွေကိုပါ သွားထိတဲ့သဘောပါပဲ။မြန်မာအစိုးရဟာ သူ့လူမျိုးတွေကိုပြန်လွှတ်ပေးဖို့ရာ အီရန်သံရုံးတွေကတဆင့် သံတမန်နည်းလမ်းအရ ကြိုးစားတောင်းဆိုနေပါပြီ။

Ref: AFP via MMTimes

zawgyi

အေမရိကန္က အီရန္ကို စီးပြါးေရးအရ ပိတ္ဆို႔အေရးယူဖို႔ ဆုံးျဖတ္လိုက္တယ္။အီရန္ကေတာင္ကိုရီးယားကို အဓိကေရနံတင္ပို႔ေရာင္းခ်တယ္။အေမရိကန္က မဆက္ဆံရဘူးေျပာလို႔ ေတာင္ကိုရီးယားက အီရန္ကသူ႔ဘဏ္ေတြမွာ စုေဆာင္းထားတဲ့ ကန္ေဒၚလာသန္းေပါင္း

၇၀၀၀ ကို ထုတ္ယူခြင့္မျပဳသလို အတိုးလည္းမေပးဘဲ ထိန္းသိမ္းလိုက္ရတယ္။အီရန္က ေတာင္ကိုရီးယားေရနံတင္သေဘၤာကို သူ႔နယ္နိမိတ္ပင္လယ္ျပင္ကိုျဖတ္ရာမွာ တရားမဝင္ဓါတုထုတ္ကုန္ေတြသယ္ယူမႈအေၾကာင္းျပကာ ဖမ္းဆီးလိုက္ပါတယ္။

သူ႔ပိုက္ဆံေတြျပန္ထုတ္ေပးရင္ သေဘၤာကိုျပန္လႊတ္ေပးမယ္လို႔ အေရးဆိုလာပါတယ္။ ႏိုင္ငံတကာဥပေဒမွာ Floating Island Theory အရပင္လယ္ကူးကုန္တင္သေဘၤာေတြဟာ သူတို႔မွတ္ပုံတင္ထားတဲ့ႏိုင္ငံကို ကိုယ္စားျပဳေနပါတယ္။ တနည္း သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ ေရေပၚမွာေ႐ြ႕လ်ားေနတဲ့ အခ်ဳပ္အျခာအာဏာတစ္ခု ပါပဲ။

ေတာင္ကိုရီးယားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ခ်က္ခ်င္းအထူးအဖြဲ႕ေစလႊတ္ကာ အီရန္တို႔နဲ႔ သေဘၤာျပန္လႊတ္ေရးကိစၥကို ေဆြးေႏႊးေနရပါၿပီ။ အီရန္တို႔ဖက္ကေတာ့ မီဒီယာေတြမွာေရးသလို သူတို႔စစ္တပ္က သေဘၤာကို ဓါးစာခံလုပ္ကာ ျပန္ေပးဆြဲခဲ့တာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ပိုက္ဆံေတြကို တရားမဝင္သိမ္းခံထားရတာေတြ ျပန္ထုတ္ေပးဖို႔ပဲေတာင္းဆိုေနတာပါ။

သေဘၤာကို ခုလိုမဖမ္းထားရင္ ကြၽန္ေတာ္တို႔ေတာင္းဆိုတာေတြကို ကိုရီးယားအစိုးရဖက္က ခုလိုအေရးတယူနားေထာင္ကာ ျမန္ျမန္လုပ္ေပးလိမ့္မယ္လို႔ မထင္ပါဘူးလို႔ ခုခံေျပာၾကားလိုက္ပါတယ္။ေတာင္ကိုရီးယားသေဘၤာေပၚမွာ ဝန္ထမ္း ၂၀ ပါၿပီး၊ ကိုရီးယားလူမ်ိဳးက ၅ ေယာက္ပဲပါပါတယ္။ က်န္တာက ျမန္မာ ၁၁ ေယာက္၊ အင္ဒိုနီးရွား ၂ ေယာက္၊ ဗီယက္နမ္ ၂ ေယာက္တို႔ပဲျဖစ္ပါတယ္။

ထရမ့္အစိုးရကစလိုက္တဲ့မီးစဟာ အီရန္တင္မကဘဲ၊ ေတာင္ကိုရီးယား၊ ျမန္မာ၊ အင္ဒိုနီးရွားနဲ႔ ဗီယက္နမ္ႏိုင္ငံသားေတြကိုပါ သြားထိတဲ့သေဘာပါပဲ။ျမန္မာအစိုးရဟာ သူ႔လူမ်ိဳးေတြကိုျပန္လႊတ္ေပးဖို႔ရာ အီရန္သံ႐ုံးေတြကတဆင့္ သံတမန္နည္းလမ္းအရ ႀကိဳးစားေတာင္းဆိုေနပါၿပီ။

Ref: AFP via MMTimes

Leave a Reply

Your email address will not be published. Required fields are marked *