တောင်ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သော Hyundai Rotem က တောင်ကိုရီးယား ကြည်းတပ်၏ ပင်မတိုက်ပွဲဝင်တင့်နှင့် ဟောင်ဝဇ္ဇာအမြောက်တင်ဆောင်ထား သည့်မောင်းသူမဲ့ကားများကို ထုတ်လုပ်ပေးရန် တင်ဒါ ၂ ခုကို လက်ခံရရှိခဲ့သည် ဟု ဒီဇင်ဘာလကုန်ခါနီးအချိန်ခန့်က ထုတ်ပြန်ကြေညာခဲ့သည်။
ကုမ္ပဏီအနေဖြင့် တန်ကြေး အမေရိကန်ဒေါ်လာ ၁၃.၉၈ သန်း လက်ခံရရှိခဲ့ပြီး အပိုင်း ၂ ပိုင်းဖြင့် ဆောင်ရွက်မည်ဖြစ်သည်ဟုဆိုသည်။ ပထမအပိုင်းတွင် ကုမ္ပဏီအနေဖြင့် တောင်ကိုရီးယားကြည်းတပ်၏ တိုက်ခိုက်ရေးတပ်ဖွဲ့အတွက် အဝေးထိန်းနှင့် မောင်းသူမဲ့ဆိုင်ရာ ဘုံနည်းပညာများကို တီထွင်ထုတ်လုပ်မည်ဖြစ်သည်။
ဒုတိယအပိုင်းတွင်မူ အဆိုပါနည်းပညာများကို K1 ပင်မတိုက်ပွဲဝင်တင့်ကား အပေါ်၌ တပ်ဆင်အသုံးပြုမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၌ စတင်စမ်းသပ်ရန် စီစဉ်ထားပေသည်။K1 စနစ်ကို အဆိုပါကုမ္ပဏီကပင် တီထွင်ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်သလို K1A1 အဖြစ် အဆင့်မြှင့်တင်မှုအတွက် ဆောင်ရွက်ပေးမှု၌လည်း ၎င်းပင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး တောင်ကိုရီးယားကြည်းတပ်နှင့် မရိမ်းတပ်ဖွဲ့အတွက် အစီးရေ ထောင်ကျော် ဆောင်ရွက်ပေးခဲ့ခြင်းလည်းဖြစ်သည်။
စီမံကိန်းရရှိကြောင်းကို ဒီဇင်ဘာ ၃၁ က ကြေညာခဲ့ခြင်းဖြစ်ပြီး မောင်းသူမဲ့စနစ်များအတွက် နည်းပညာများဖွံ့ဖြိုးတိုးတက်ရေးနှင့် အနာဂတ်စီးပွားရေးလုပ်ငန်းများ တိုးချဲ့ရန်အုတ်မြစ်ချလိမ့်မည်ဟု ပြောကြားခဲ့သည်။
ကုမ္ပဏီအနေဖြင့် စစ်သည်များ၏ အသက်ဘေးအန္တရာယ်ကို လျှော့ချပေးနိုင်ရန် အတွက် မောင်းသူမဲ့စနစ်များကို တင့်ကားများနှင့် ကျည်ကာယာဉ်စနစ်များ တွင်အသုံးပြုနိုင်ရန် နိုင်ငံအများအပြားနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိနေသည်ဟု ဆိုသည်။
လက်ရှိအချိန်တွင် ၂ တန်ခန့်ရှိသော မောင်းသူမဲ့ယာဉ်ကို ဝန်၊ လူနာသယ်မှုအတွက် တီထွင်ထုတ်လုပ်ထားပြီး ၎င်း၌ အဝေးထိန်းလက်နက်စနစ်များကိုလည်း တပ်ဆင်ထားကြောင်း သိရှိရသည်။
source : Myanmarnews24
zawgyi
ေတာင္ကိုရီးယားကုမၸဏီတစ္ခုျဖစ္ေသာ Hyundai Rotem က ေတာင္ကိုရီးယား ၾကည္းတပ္၏ ပင္မတိုက္ပြဲဝင္တင့္ႏွင့္ ေဟာင္ဝဇၨာအေျမာက္တင္ေဆာင္ထား သည့္ေမာင္းသူမဲ့ကားမ်ားကို ထုတ္လုပ္ေပးရန္ တင္ဒါ ၂ ခုကို လက္ခံရရွိခဲ့သည္ ဟု ဒီဇင္ဘာလကုန္ခါနီးအခ်ိန္ခန႔္က ထုတ္ျပန္ေၾကညာခဲ့သည္။
ကုမၸဏီအေနျဖင့္ တန္ေၾကး အေမရိကန္ေဒၚလာ ၁၃.၉၈ သန္း လက္ခံရရွိခဲ့ၿပီး အပိုင္း ၂ ပိုင္းျဖင့္ ေဆာင္႐ြက္မည္ျဖစ္သည္ဟုဆိုသည္။ ပထမအပိုင္းတြင္ ကုမၸဏီအေနျဖင့္ ေတာင္ကိုရီးယားၾကည္းတပ္၏ တိုက္ခိုက္ေရးတပ္ဖြဲ႕အတြက္ အေဝးထိန္းႏွင့္ ေမာင္းသူမဲ့ဆိုင္ရာ ဘုံနည္းပညာမ်ားကို တီထြင္ထုတ္လုပ္မည္ျဖစ္သည္။
ဒုတိယအပိုင္းတြင္မူ အဆိုပါနည္းပညာမ်ားကို K1 ပင္မတိုက္ပြဲဝင္တင့္ကား အေပၚ၌ တပ္ဆင္အသုံးျပဳမည္ျဖစ္ၿပီး ၂၀၂၄ ခုႏွစ္၌ စတင္စမ္းသပ္ရန္ စီစဥ္ထားေပသည္။K1 စနစ္ကို အဆိုပါကုမၸဏီကပင္ တီထြင္ထုတ္လုပ္ေပးခဲ့ျခင္းျဖစ္သလို K1A1 အျဖစ္ အဆင့္ျမႇင့္တင္မႈအတြက္ ေဆာင္႐ြက္ေပးမႈ၌လည္း ၎ပင္ လုပ္ေဆာင္ခဲ့ျခင္း ျဖစ္ၿပီး ေတာင္ကိုရီးယားၾကည္းတပ္ႏွင့္ မရိမ္းတပ္ဖြဲ႕အတြက္ အစီးေရ ေထာင္ေက်ာ္ ေဆာင္႐ြက္ေပးခဲ့ျခင္းလည္းျဖစ္သည္။
စီမံကိန္းရရွိေၾကာင္းကို ဒီဇင္ဘာ ၃၁ က ေၾကညာခဲ့ျခင္းျဖစ္ၿပီး ေမာင္းသူမဲ့စနစ္မ်ားအတြက္ နည္းပညာမ်ားဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ အနာဂတ္စီးပြားေရးလုပ္ငန္းမ်ား တိုးခ်ဲ႕ရန္အုတ္ျမစ္ခ်လိမ့္မည္ဟု ေျပာၾကားခဲ့သည္။
ကုမၸဏီအေနျဖင့္ စစ္သည္မ်ား၏ အသက္ေဘးအႏၲရာယ္ကို ေလွ်ာ့ခ်ေပးႏိုင္ရန္ အတြက္ ေမာင္းသူမဲ့စနစ္မ်ားကို တင့္ကားမ်ားႏွင့္ က်ည္ကာယာဥ္စနစ္မ်ား တြင္အသုံးျပဳႏိုင္ရန္ ႏိုင္ငံအမ်ားအျပားႏွင့္ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိေနသည္ဟု ဆိုသည္။
လက္ရွိအခ်ိန္တြင္ ၂ တန္ခန႔္ရွိေသာ ေမာင္းသူမဲ့ယာဥ္ကို ဝန္၊ လူနာသယ္မႈအတြက္ တီထြင္ထုတ္လုပ္ထားၿပီး ၎၌ အေဝးထိန္းလက္နက္စနစ္မ်ားကိုလည္း တပ္ဆင္ထားေၾကာင္း သိရွိရသည္။
source : Myanmarnews24