ဗီဇေျပာင္းကိုဗစ္ပိုး ရွိသူတဦး ႏိုင္ငံထဲ ေရာက္လာရင္ေတာင္ အေျခအေနဆိုးႏိုင္ဟု က်န္းမာေရးဝန္ႀကီးေျပာ

ကူးစက်မြန်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲသစ် ရှိသူတစ်ဦး လွတ်ထွက်သွားလျှင် မြန်မာနိုင်ငံတွင် ကိုဗစ် ကူးစက်မှု ပိုများလာနိုင် ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက သတိပေး ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အလွန်ကူးစက်မြန်သည့် မျိုးဗီဇပြောင်းလဲမှု ဖြစ်နေတဲ့ ဗိုင်းရပ်စ်မျိုးကွဲသစ်ရှိသူတစ်ဦး လွတ်ထွက်သွား ပါက နိုင်ငံတွင်း ကိုဗစ် ကူးစက်မှု ပိုမိုများလာနိုင်သည့်အတွက် Covid-19 ကာကွယ်ရေးစည်းကမ်း များကို အထူးအလေးထားလိုက်နာဖို့ လွန်စွာအရေးကြီးကြောင်း ပြောကြား ခဲ့ပါတယ်။

ထို့ပြင်ပြည်သူများ အနေ ဖြင့်လည်း တရားမဝင် ပြည်ပက ဝင်ရောက်လာသူများကို တွေ့ရှိပါက သက်ဆိုင်ရာကို သတင်းပေးပို့စေလို ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးကဆိုပါတယ်။

လက်ရှိတွင် ဗြိတိန်၌စတွေ့ ခဲ့သော မျိုးကွဲဗိုင်းရပ်စ်သည် ကမ္ဘာ့ နိုင်ငံ (၃၃) ခုခန့်တွင် ကူးစက်ပြန့်ပွား နေပြန်ပြီဖြစ်ကြောင်း သိရပါတယ်။

လက်ရှိကူးစက်နေသော ကူးစက်မြန်မျိုးဗီဇပြောင်း ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်မှုမှာ အလွန်ကူးစက်မှု မြန်ဆန်သည့် အတွက် မိမိတို့မှာအထူးသတိထားရ မည့်ကာလဖြစ်ပြီး ဝန်ကြီးဌာနအနေ ဖြင့် လေဆိပ်မှဝင်ရောက်လာသူများကို (၂)ပတ်တာ အသွားအလာကန့်သတ်ပြီး RTPCR နည်းလမ်းဖြင့် (၂)ကြိမ်ဓာတ်ခွဲကာ ရောဂါစစ်ဆေး ခြင်းများ ပြုလုပ်နေကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် လလယ်ခန့်အထိ ကိုဗစ်ကူးစက်မှု ထောင်နှင့်ချီ ရှိခဲ့သော်လည်း လက်ရှိ တွင် ၅၀၀ အောက်နှင့် ၆၀၀အကြား တွင်သာ တွေ့ရတော့သည့်အတွက် ယခင်ထက်စာလျှင် ကိုဗစ်ကိုထိန်း ချုပ်နိုင်ပြီဖြစ်သော်လည်း ကူးစက် မြန် ဗီဇပြောင်းပိုးကို အထူးစိုးရိမ်ရ ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက သတိပေးထားပါတယ်။
crd

zawgyi

ကူးစက္ျမန္မ်ိဳးဗီဇေျပာင္း ဗိုင္းရပ္စ္မ်ိဳးကြဲသစ္ ရွိသူတစ္ဦး လြတ္ထြက္သြားလွ်င္ ျမန္မာႏိုင္ငံတြင္ ကိုဗစ္ ကူးစက္မႈ ပိုမ်ားလာႏိုင္ ေၾကာင္း က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက သတိေပး ေျပာၾကားလိုက္ပါတယ္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက အလြန္ကူးစက္ျမန္သည့္ မ်ိဳးဗီဇေျပာင္းလဲမႈ ျဖစ္ေနတဲ့ ဗိုင္းရပ္စ္မ်ိဳးကြဲသစ္ရွိသူတစ္ဦး လြတ္ထြက္သြား ပါက ႏိုင္ငံတြင္း ကိုဗစ္ ကူးစက္မႈ ပိုမိုမ်ားလာႏိုင္သည့္အတြက္ Covid-19 ကာကြယ္ေရးစည္းကမ္း မ်ားကို အထူးအေလးထားလိုက္နာဖို႔ လြန္စြာအေရးႀကီးေၾကာင္း ေျပာၾကား ခဲ့ပါတယ္။

ထို႔ျပင္ျပည္သူမ်ား အေန ျဖင့္လည္း တရားမဝင္ ျပည္ပက ဝင္ေရာက္လာသူမ်ားကို ေတြ႕ရွိပါက သက္ဆိုင္ရာကို သတင္းေပးပို႔ေစလို ေၾကာင္း ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးကဆိုပါတယ္။

လက္ရွိတြင္ ၿဗိတိန္၌စေတြ႕ ခဲ့ေသာ မ်ိဳးကြဲဗိုင္းရပ္စ္သည္ ကမာၻ႔ ႏိုင္ငံ (၃၃) ခုခန္႔တြင္ ကူးစက္ျပန္႔ပြား ေနျပန္ၿပီျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိကူးစက္ေနေသာ ကူးစက္ျမန္မ်ိဳးဗီဇေျပာင္း ဗိုင္းရပ္စ္မ်ိဳးကြဲသစ္ကူးစက္မႈမွာ အလြန္ကူးစက္မႈ ျမန္ဆန္သည့္ အတြက္ မိမိတို႔မွာအထူးသတိထားရ မည့္ကာလျဖစ္ၿပီး ဝန္ႀကီးဌာနအေန ျဖင့္ ေလဆိပ္မွဝင္ေရာက္လာသူမ်ားကို (၂)ပတ္တာ အသြားအလာကန္႔သတ္ၿပီး RTPCR နည္းလမ္းျဖင့္ (၂)ႀကိမ္ဓာတ္ခြဲကာ ေရာဂါစစ္ေဆး ျခင္းမ်ား ျပဳလုပ္ေနေၾကာင္းလည္း ျပည္ေထာင္စုဝန္ႀကီးက ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံတြင္ ၿပီးခဲ့သည့္ လလယ္ခန္႔အထိ ကိုဗစ္ကူးစက္မႈ ေထာင္ႏွင့္ခ်ီ ရွိခဲ့ေသာ္လည္း လက္ရွိ တြင္ ၅၀၀ ေအာက္ႏွင့္ ၆၀၀အၾကား တြင္သာ ေတြ႕ရေတာ့သည့္အတြက္ ယခင္ထက္စာလွ်င္ ကိုဗစ္ကိုထိန္း ခ်ဳပ္ႏိုင္ၿပီျဖစ္ေသာ္လည္း ကူးစက္ ျမန္ ဗီဇေျပာင္းပိုးကို အထူးစိုးရိမ္ရ ေၾကာင္း ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီးက သတိေပးထားပါတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *