ျပည္သူအားလုံးကို ကိုဗစ္ကာကြယ္ေဆး အခမဲ့ ထိုး ႏွံေပးမည္ဟု ေတာင္ကိုရီးယားသမၼတ မြန္ေဂ်အင္း ေျပာ

အစိုးရက တောင်ကိုရီးယားပြည်သူအားလုံးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အခမဲ့ ထိုးနှံပေး မည်ဟု သမ္မတ မွန်ဂျေအင်က ယနေ့ ပြောကြားလိုက်သည်။“ဦးစားပေးသတ်မှတ်ချက်တွေနဲ့အညီ ပြည်သူအားလုံးကို အခမဲ့ ကာကွယ်ဆေးထိုးနှံပေးဖို့ အစိုးရက လုပ်ဆောင်မှာဖြစ်ပါတယ်။ ဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဖေဖော်ဝါရီလမှာ စတင်မှာဖြစ်ပါတယ်” ဟု နှစ်သစ်ကူးမိန့်ခွန်းအတွင်း ၎င်းက ပြောသည်။

ဂျိုးဘိုင်ဒင်ဦးဆောင်သော အစိုးရလက်ထက်တွင် တောင်ကိုရီး ယား-အမေရိကန် မဟာမိတ်ပြုမှု တိုးမြှင့် မည်ဟု သူက ဆိုသည်။ ရပ်တန့်နေသော မြောက်ကိုရီးယား-အမေရိကန် ဆွေးနွေးမှုနှင့် ကိုရီးယားနှစ်နိုင်ငံကြား ဆွေးနွေးမှု ပြန်လည်စတင်ရန် ကြိုးပမ်းမည်ဟု မွန်ဂျေအင်းက ပြောသည်။

“ကိုရီးယားကျွန်းဆွယ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက မောင်းနှင်အားက တွေ့ဆုံဆွေးနွေးမှုနဲ့ နှစ်ဦး နှစ်ဖက်အကျိုးရှိတဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။တောင်ကိုရီးယားနိုင်ငံက ပစိဖိတ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်ရေး ဘက်စုံပါဝင်သော သဘောတူညီ ချက် (CPTPP) တွင်ပါဝင်ရေး စဉ်းစားမည် ဖြစ်သလို ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ ဥဇဘတ်ကစ္စတန်နိုင်ငံတို့နှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူညီ ချက်များရရှိစေရန် တွန်းအားပေးလုပ်ဆောင်မည်ဟု ၎င်းက ပြော သည်။

ယခုနှစ်က တောင်ကိုရီးယားနိုင်ငံအတွက် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းမှ ပြန်လည် ထူထောင်ပြီး ဦးဆောင်နိုင်ငံတစ်ခု ဖြစ်လာစေရန် ကြိုးပမ်းရမည့်နှစ်တစ်နှစ်ဟု သူက ဆိုသည်။
crd

zawgyi

အစိုးရက ေတာင္ကိုရီးယားျပည္သူအားလုံးကို ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးမ်ား အခမဲ့ ထိုးႏွံေပး မည္ဟု သမၼတ မြန္ေဂ်အင္က ယေန႔ ေျပာၾကားလိုက္သည္။“ဦးစားေပးသတ္မွတ္ခ်က္ေတြနဲ႔အညီ ျပည္သူအားလုံးကို အခမဲ့ ကာကြယ္ေဆးထိုးႏွံေပးဖို႔ အစိုးရက လုပ္ေဆာင္မွာျဖစ္ပါတယ္။ ဗိုင္းရပ္စ္ကာကြယ္ေဆးထိုးႏွံမႈ အစီအစဥ္ကို ေဖေဖာ္ဝါရီလမွာ စတင္မွာျဖစ္ပါတယ္” ဟု ႏွစ္သစ္ကူးမိန္႔ခြန္းအတြင္း ၄င္းက ေျပာသည္။

ဂ်ိဳးဘိုင္ဒင္ဦးေဆာင္ေသာ အစိုးရလက္ထက္တြင္ ေတာင္ကိုရီး ယား-အေမရိကန္ မဟာမိတ္ျပဳမႈ တိုးျမႇင့္ မည္ဟု သူက ဆိုသည္။ ရပ္တန္႔ေနေသာ ေျမာက္ကိုရီးယား-အေမရိကန္ ေဆြးေႏြးမႈႏွင့္ ကိုရီးယားႏွစ္ႏိုင္ငံၾကား ေဆြးေႏြးမႈ ျပန္လည္စတင္ရန္ ႀကိဳးပမ္းမည္ဟု မြန္ေဂ်အင္းက ေျပာသည္။

“ကိုရီးယားကြၽန္းဆြယ္ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မွာ အဓိက ေမာင္းႏွင္အားက ေတြ႕ဆုံေဆြးေႏြးမႈနဲ႔ ႏွစ္ဦး ႏွစ္ဖက္အက်ိဳးရွိတဲ့ ပူးေပါင္းေဆာင္႐ြက္မႈ ျဖစ္ပါတယ္” ဟု ၄င္းက ဆိုသည္။ေတာင္ကိုရီးယားႏိုင္ငံက ပစိဖိတ္ျဖတ္ေက်ာ္ ပူးေပါင္းေဆာင္႐ြက္ေရး ဘက္စုံပါဝင္ေသာ သေဘာတူညီ ခ်က္ (CPTPP) တြင္ပါဝင္ေရး စဥ္းစားမည္ ျဖစ္သလို ဖိလစ္ပိုင္၊ ကေမာၻဒီးယား၊ ဥဇဘတ္ကစၥတန္ႏိုင္ငံတို႔ႏွင့္ လြတ္လပ္ေသာ ကုန္သြယ္ေရး သေဘာတူညီ ခ်က္မ်ားရရွိေစရန္ တြန္းအားေပးလုပ္ေဆာင္မည္ဟု ၄င္းက ေျပာ သည္။

ယခုႏွစ္က ေတာင္ကိုရီးယားႏိုင္ငံအတြက္ ကို႐ိုနာဗိုင္းရပ္စ္ အက်ပ္အတည္းမွ ျပန္လည္ ထူေထာင္ၿပီး ဦးေဆာင္ႏိုင္ငံတစ္ခု ျဖစ္လာေစရန္ ႀကိဳးပမ္းရမည့္ႏွစ္တစ္ႏွစ္ဟု သူက ဆိုသည္။
crd

Leave a Reply

Your email address will not be published. Required fields are marked *