ကမာၻထိပ္တန္းနုိင္ငံမ်ားနွင့္ အခ်ိန္မေ႐ြးျဖစ္လာႏိုင္ေသာ စစ္ပြဲအတြက္ အသင့္ျပင္ထားရန္ တ႐ုတ္စစ္တပ္အား သမၼတရွီက်င့္ဖ်င္အမိန႔္ေပး

နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များအတွက် နှစ်သစ်၏ပထမဦးဆုံးအမိန့်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က “အချိန်ပြည့်တိုက်ခိုက်နိုင်ရေးအဆင်သင့်”ရှိရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏ စွမ်းရည်မြှင့်တင်ရန် ရှေ့တန်းတွင်ကြုံနေရသောပဋိပက္ခကို အသုံးချရမည်ဟုဆိုသည်။

ထို့အပြင် ထိပ်တန်းညွှန်ကြားရေးအဖွဲ့ဖြစ်သော တရုတ်၏ ဗဟိုစစ်ရေးကော်မရှင် (CMC) ဥက္ကဌဖြစ်သော ရှီကျင့်ဖျင်က PLA အနေဖြင့် ယခုနှစ် စစ်ရေးလေ့ကျင့်မှုနှင့် လေ့ကျင့်ရေးများကို “အချိန်မရွေးလုပ်ဆောင်ရန်” အသင့်ရှိရမည်ဟု ပြောကြားခဲ့သည်။

PLA ၏လေ့ကျင့်ရေးများတွင် နည်းပညာအသုံးပြုမှုကို သိသိသာသာတိုးမြှင့်ရန်နှင့် စစ်တပ်နှင့် အဆင့်မြင့်နည်းပညာဗဟုသုတများ၏ နောက်ဆုံးတိုးတက်မှုများနှင့် ခေတ်နှင့်အမှီလိုက်ရန်လည်း အမိန့်ပေးခဲ့သည်။

လေ့ကျင့်မှုများတွင် ကွန်ပျူတာ ပုံရိပ်ယောင်များနှင့် အွန်လိုင်းတိုက်ခိုက်မှုများ အသုံးပြုခြင်းအပြင် လေ့ကျင့်ခြင်းတွေင် နည်းပညာ+ နှင့် ဝက်ဘ်+ဟု သိကြသော အဆင့်မြင့် နည်းပညာများနှင့် အင်တာနက်ကို ထည့်သွင်းရန် အခွင့်အလမ်းများ ပိုမိုရှာဖွေခြင်းတို့ပါဝင်သည်။

“PLAက လေ့ကျင့်ရေးနဲ့ တိုက်ခိုက်ရေးစနစ်တွေမှာ ကိရိယာအသစ်တွေ၊ တပ်ဖွဲ့အသစ်တွေနဲ့ တိုက်ခိုက်ရေးနယ်ပယ်အသစ်တွေ ပေါင်းစပ်ထည့်သွင်းတာကို တိုးမြှင့်သွားရမယ်”ဟု သူက ဆိုသည်။အထူးသဖြင့် PLA၏ လက်ရှိ “ရှေ့တန်းစစ်တပ်ရုန်းကန်မှုများ”အတွက် ရှီ၏ မှတ်ချက်များသည် ၂၀၂၀ခုနှစ်အပါအဝင် ပြီးခဲ့သောနှစ်များက လက်နက်ကိုင်တပ်ဖွဲ့များအား “အကြပ်အတည်းများကို စီမံခန့်ခွဲရန်နှင့် စစ်ကိုဟန့်တားရန်” ညွှန်ကြားခဲ့သော အမိန့်များနှင့် လွန်စွာ ကွာခြားနေသည်။

သူက ရှေ့တန်းပဋိပက္ခများနှင့်ပတ်သက်၍ အသေးစိတ်မဖော်ပြသော်လည်း ၂၀၂၀ ခုနှစ်တွင်း အိန္ဒိယနှင့် အနောက်တောင်ဘက်နယ်စပ်ဒေသတွင် ဆယ်စုနှစ်များအတွင်း အဆိုးဆုံး ပဋိပက္ခ ဖြစ်ပွားခဲ့ကာအိန္ဒိယဘက်မှ သေဆုံးသူ ၂၀ ကျော်နှင့် တရုတ်ဘက်တွင်လည်း အတိအကျမဖော်ပြသော လူအသေအပျောက်များစွာရှိခဲ့သည်။ နှစ်ဖက်စလုံးသည် ရေခဲနေသော ဟိမဝန္တာတောင်တန်းများတွင် ကြာရှည်စွာတပ်စွဲထားဆဲဖြစ်သည်။

PLA သည် ပေကျင်းနှင့် ဝါရှင်တန်အကြား တင်းမာမှု အဆင့်တစ်ခုထိ မြှင့်လာခဲ့ချိန်တွင် တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်ရေတပ် ကင်းလှည့်ယာဉ်များအား ဆက်လက်တန်ပြန်နေကာ ၂၀၂၀ ခုနှစ်အတွင်း ထိုင်ဝမ်ကို ပစ်မှတ်ထားသော စစ်ရေးလေ့ကျင့်မှုများနှင့် လေတပ်ပျံသန်းမှုဆိုင်ရာ စစ်ဆင်ရေးများကို တိုးမြှင့်ခဲ့သည်။

၂၀၁၂ ခုနှစ်နှောင်းပိုင်းတွင် သမ္မတတာဝန်နှင့် CMC ဥက္ကဌအဖြစ်တာဝန်ယူခဲ့ချိန်မှ စ၍ ရှီသည် PLA အား စစ်ပွဲအတွက်ပြင်ဆင်ရန် အဆက်မပြတ် တွန်းအားပေးခဲ့သည်။ သူသည် ၂၀၂၀ ခုနှစ်တွင် ပြီးစီးရန် စီစဉ်ထားသည့် တရုတ်စစ်တပ်အား ခေတ်မီအဆင့်မြှင့်တင်ခြင်းကို ၂၀၁၅ ခုနှစ်တွင် အကြီးစားပြင်ဆင်မှု စတင်ခဲ့သည်။

ဟောင်ကောင်အခြေစိုက် စစ်ရေးဆိုင်ရာ အစီရင်ခံရေးသားသူ Song Zhongpingက ရှီ၏ ၂၀၂၁ အမိန့်သည် စစ်ပွဲကိုအနိုင်ရရန်အတွက် PLA ၏ စွမ်းဆောင်နိုင်မှုကို အဆင့်မြှင့်တင်ရန်အတွက် အစီအစဉ်များအားလုံးကို ဆောင်ရွက်ရန် ရည်ရွယ်ကြောင်းပြသနေသည်ဟု ဆိုခဲ့သည်။

“တရုတ်ဟာ စစ်ပွဲအန္တရာယ်တွေကို ရင်ဆိုင်နေရတာတယ်ဆိုတာကို ဒီအမိန့်မှာ အလေးအနက်သိနိုင်တယ်”ဟု သူက ဆိုသည်။PLA သည် သူ၏ နည်းပညာ+ နှင့် ဝက်ဘ်+ မဟာဗျူဟာအရ စစ်မှန်သော ပစ္စည်းကိရိယာများကို တုပရန်အတွက် ပုံရိပ်ယောက်များအား စစ်ဆင်ရေးတွင် စစ်နိုင်သမျှ ပြင်းထန်နိုင်သမျှ ဖြစ်နိုင်ရန် အွန်လိုင်းချိတ်ဆက် အသုံးပြုခြင်းကို တိုးမြှင့်ခဲ့သည်။

“ခေတ်အသစ်မှာ လေ့ကျင့်ရေးတွေက မတူကွဲပြားပြီးတော့ စစ်ပွဲဂိမ်းတွေမှာတောင် အဆင့်မြင့်နည်းပညာတွေ တပ်ဆင်ထားရမယ်”ဟု Song က ပြောသည်။ပူးတွဲစစ်ဆင်ရေး စွမ်းရည်များ အတုပြုလုပ်နိုင်ရန် စစ်ရေးလေ့ကျင့်ခန်းသည် တပ်များအကြား ပူးပေါင်းဆောင်ရွက်မှုကို မီးမောင်းထိုးပြရန်လိုအပ်ကြောင်းနှင့် လေ့ကျင့်ရေးအတွင်း စစ်သားများ၏ လုံခြုံရေးကို ကောင်းစွာစီမံခန့်ခွဲရမည်ဟု ရှီက အမိန့်ပေးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ၏ စစ်တပ်ဖွဲ့ဖြစ်သော PLA သည် ဇူလိုင် ၁ ရက်နေ့တွင် ပါတီတည်ထောင်ခြင်း၏ နှစ်၁၀၀ပြည့် အထိမ်းအမှတ်အဖြစ် ‘အလွန်ကောင်းမွန်သော လုပ်ဆောင်မှုများ’နှင့်အတူ CMC နှင့် CPC မှ အမိန့်များအား ပြတ်သားစွာ အကောင်အထည်ဖော်ရမည်ဟု သူက ပြောခဲ့သည်။

crd

zawgyi

ႏိုင္ငံ၏ လက္နက္ကိုင္တပ္ဖြဲ႕မ်ားအတြက္ ႏွစ္သစ္၏ပထမဦးဆုံးအမိန႔္တြင္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က “အခ်ိန္ျပည့္တိုက္ခိုက္ႏိုင္ေရးအဆင္သင့္”ရွိရန္ လိုအပ္ေၾကာင္း အေလးေပးေျပာၾကားခဲ့ၿပီး ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္ (PLA) ၏ စြမ္းရည္ျမႇင့္တင္ရန္ ေရွ႕တန္းတြင္ႀကဳံေနရေသာပဋိပကၡကို အသုံးခ်ရမည္ဟုဆိုသည္။

ထို႔အျပင္ ထိပ္တန္းၫႊန္ၾကားေရးအဖြဲ႕ျဖစ္ေသာ တ႐ုတ္၏ ဗဟိုစစ္ေရးေကာ္မရွင္ (CMC) ဥကၠဌျဖစ္ေသာ ရွီက်င့္ဖ်င္က PLA အေနျဖင့္ ယခုႏွစ္ စစ္ေရးေလ့က်င့္မႈႏွင့္ ေလ့က်င့္ေရးမ်ားကို “အခ်ိန္မေ႐ြးလုပ္ေဆာင္ရန္” အသင့္ရွိရမည္ဟု ေျပာၾကားခဲ့သည္။

PLA ၏ေလ့က်င့္ေရးမ်ားတြင္ နည္းပညာအသုံးျပဳမႈကို သိသိသာသာတိုးျမႇင့္ရန္ႏွင့္ စစ္တပ္ႏွင့္ အဆင့္ျမင့္နည္းပညာဗဟုသုတမ်ား၏ ေနာက္ဆုံးတိုးတက္မႈမ်ားႏွင့္ ေခတ္ႏွင့္အမွီလိုက္ရန္လည္း အမိန႔္ေပးခဲ့သည္။

ေလ့က်င့္မႈမ်ားတြင္ ကြန္ပ်ဴတာ ပုံရိပ္ေယာင္မ်ားႏွင့္ အြန္လိုင္းတိုက္ခိုက္မႈမ်ား အသုံးျပဳျခင္းအျပင္ ေလ့က်င့္ျခင္းေတြင္ နည္းပညာ+ ႏွင့္ ဝက္ဘ္+ဟု သိၾကေသာ အဆင့္ျမင့္ နည္းပညာမ်ားႏွင့္ အင္တာနက္ကို ထည့္သြင္းရန္ အခြင့္အလမ္းမ်ား ပိုမိုရွာေဖြျခင္းတို႔ပါဝင္သည္။

“PLAက ေလ့က်င့္ေရးနဲ႔ တိုက္ခိုက္ေရးစနစ္ေတြမွာ ကိရိယာအသစ္ေတြ၊ တပ္ဖြဲ႕အသစ္ေတြနဲ႔ တိုက္ခိုက္ေရးနယ္ပယ္အသစ္ေတြ ေပါင္းစပ္ထည့္သြင္းတာကို တိုးျမႇင့္သြားရမယ္”ဟု သူက ဆိုသည္။အထူးသျဖင့္ PLA၏ လက္ရွိ “ေရွ႕တန္းစစ္တပ္႐ုန္းကန္မႈမ်ား”အတြက္ ရွီ၏ မွတ္ခ်က္မ်ားသည္ ၂၀၂၀ခုႏွစ္အပါအဝင္ ၿပီးခဲ့ေသာႏွစ္မ်ားက လက္နက္ကိုင္တပ္ဖြဲ႕မ်ားအား “အၾကပ္အတည္းမ်ားကို စီမံခန႔္ခြဲရန္ႏွင့္ စစ္ကိုဟန႔္တားရန္” ၫႊန္ၾကားခဲ့ေသာ အမိန႔္မ်ားႏွင့္ လြန္စြာ ကြာျခားေနသည္။

သူက ေရွ႕တန္းပဋိပကၡမ်ားႏွင့္ပတ္သက္၍ အေသးစိတ္မေဖာ္ျပေသာ္လည္း ၂၀၂၀ ခုႏွစ္တြင္း အိႏၵိယႏွင့္ အေနာက္ေတာင္ဘက္နယ္စပ္ေဒသတြင္ ဆယ္စုႏွစ္မ်ားအတြင္း အဆိုးဆုံး ပဋိပကၡ ျဖစ္ပြားခဲ့ကာအိႏၵိယဘက္မွ ေသဆုံးသူ ၂၀ ေက်ာ္ႏွင့္ တ႐ုတ္ဘက္တြင္လည္း အတိအက်မေဖာ္ျပေသာ လူအေသအေပ်ာက္မ်ားစြာရွိခဲ့သည္။ ႏွစ္ဖက္စလုံးသည္ ေရခဲေနေသာ ဟိမဝႏၲာေတာင္တန္းမ်ားတြင္ ၾကာရွည္စြာတပ္စြဲထားဆဲျဖစ္သည္။

PLA သည္ ေပက်င္းႏွင့္ ဝါရွင္တန္အၾကား တင္းမာမႈ အဆင့္တစ္ခုထိ ျမႇင့္လာခဲ့ခ်ိန္တြင္ ေတာင္တ႐ုတ္ပင္လယ္အတြင္း အေမရိကန္ေရတပ္ ကင္းလွည့္ယာဥ္မ်ားအား ဆက္လက္တန္ျပန္ေနကာ ၂၀၂၀ ခုႏွစ္အတြင္း ထိုင္ဝမ္ကို ပစ္မွတ္ထားေသာ စစ္ေရးေလ့က်င့္မႈမ်ားႏွင့္ ေလတပ္ပ်ံသန္းမႈဆိုင္ရာ စစ္ဆင္ေရးမ်ားကို တိုးျမႇင့္ခဲ့သည္။

၂၀၁၂ ခုႏွစ္ေႏွာင္းပိုင္းတြင္ သမၼတတာဝန္ႏွင့္ CMC ဥကၠဌအျဖစ္တာဝန္ယူခဲ့ခ်ိန္မွ စ၍ ရွီသည္ PLA အား စစ္ပြဲအတြက္ျပင္ဆင္ရန္ အဆက္မျပတ္ တြန္းအားေပးခဲ့သည္။ သူသည္ ၂၀၂၀ ခုႏွစ္တြင္ ၿပီးစီးရန္ စီစဥ္ထားသည့္ တ႐ုတ္စစ္တပ္အား ေခတ္မီအဆင့္ျမႇင့္တင္ျခင္းကို ၂၀၁၅ ခုႏွစ္တြင္ အႀကီးစားျပင္ဆင္မႈ စတင္ခဲ့သည္။

ေဟာင္ေကာင္အေျခစိုက္ စစ္ေရးဆိုင္ရာ အစီရင္ခံေရးသားသူ Song Zhongpingက ရွီ၏ ၂၀၂၁ အမိန႔္သည္ စစ္ပြဲကိုအႏိုင္ရရန္အတြက္ PLA ၏ စြမ္းေဆာင္ႏိုင္မႈကို အဆင့္ျမႇင့္တင္ရန္အတြက္ အစီအစဥ္မ်ားအားလုံးကို ေဆာင္႐ြက္ရန္ ရည္႐ြယ္ေၾကာင္းျပသေနသည္ဟု ဆိုခဲ့သည္။

“တ႐ုတ္ဟာ စစ္ပြဲအႏၲရာယ္ေတြကို ရင္ဆိုင္ေနရတာတယ္ဆိုတာကို ဒီအမိန႔္မွာ အေလးအနက္သိႏိုင္တယ္”ဟု သူက ဆိုသည္။PLA သည္ သူ၏ နည္းပညာ+ ႏွင့္ ဝက္ဘ္+ မဟာဗ်ဴဟာအရ စစ္မွန္ေသာ ပစၥည္းကိရိယာမ်ားကို တုပရန္အတြက္ ပုံရိပ္ေယာက္မ်ားအား စစ္ဆင္ေရးတြင္ စစ္ႏိုင္သမွ် ျပင္းထန္ႏိုင္သမွ် ျဖစ္ႏိုင္ရန္ အြန္လိုင္းခ်ိတ္ဆက္ အသုံးျပဳျခင္းကို တိုးျမႇင့္ခဲ့သည္။

“ေခတ္အသစ္မွာ ေလ့က်င့္ေရးေတြက မတူကြဲျပားၿပီးေတာ့ စစ္ပြဲဂိမ္းေတြမွာေတာင္ အဆင့္ျမင့္နည္းပညာေတြ တပ္ဆင္ထားရမယ္”ဟု Song က ေျပာသည္။ပူးတြဲစစ္ဆင္ေရး စြမ္းရည္မ်ား အတုျပဳလုပ္ႏိုင္ရန္ စစ္ေရးေလ့က်င့္ခန္းသည္ တပ္မ်ားအၾကား ပူးေပါင္းေဆာင္႐ြက္မႈကို မီးေမာင္းထိုးျပရန္လိုအပ္ေၾကာင္းႏွင့္ ေလ့က်င့္ေရးအတြင္း စစ္သားမ်ား၏ လုံၿခဳံေရးကို ေကာင္းစြာစီမံခန႔္ခြဲရမည္ဟု ရွီက အမိန႔္ေပးခဲ့သည္။

တ႐ုတ္ကြန္ျမဴနစ္ပါတီ၏ စစ္တပ္ဖြဲ႕ျဖစ္ေသာ PLA သည္ ဇူလိုင္ ၁ ရက္ေန႔တြင္ ပါတီတည္ေထာင္ျခင္း၏ ႏွစ္၁၀၀ျပည့္ အထိမ္းအမွတ္အျဖစ္ ‘အလြန္ေကာင္းမြန္ေသာ လုပ္ေဆာင္မႈမ်ား’ႏွင့္အတူ CMC ႏွင့္ CPC မွ အမိန႔္မ်ားအား ျပတ္သားစြာ အေကာင္အထည္ေဖာ္ရမည္ဟု သူက ေျပာခဲ့သည္။

crd

Leave a Reply

Your email address will not be published. Required fields are marked *