ကမာၻ႔အႀကီးဆုံး ေလယာဥ္သခ်ႋဳင္း (သို႔မဟုတ္)အေမရိကန္ Davis–Monthan ေလတပ္စခန္း

အဆိုပါလေယာဉ်သင်္ချိုင်းသည် အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ် Tucson မြို့၏ တောင် အရှေ့တောင်ဘက် ၅မိုင်ခန့် အကွာ သဲကန္တာရအတွင်း တည်ရှိပြီး Davis–Monthan လေတပ်စခန်းဟု ခေါ်ဝေါ်ကြသည်။ အဆိုပါလေတပ်စခန်းအမည်မှာ ပထမ ကမ္ဘာစစ်အတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့သော အမေရိကန် လေယာဉ်မှူးများဖြစ်သည့် Samuel H. Davis နှင့် Oscar Monthan တို့ရဲ့ အမည်ကို ပေါင်းစပ် ခေါ်ဝေါ်ထားခြင်း ဖြစ်သည်။

အဆိုပါ လေတပ်စခန်း၏ အကျယ်အဝန်းသည် ဘောလုံးကွင်းပေါင်း ၁၄၀၀ ခန့်ရဲ့ စုစုပေါင်းဧရိယာ နဲ့ ညီမျှပြီး ၂၆၀၀ ဧက (၁၁ စတုရန်းကီလိုမီတာ)ခန့်ကျယ်ဝန်းကာ အမျိုးစုံသော လေယာဉ်စီးရေ ၄၀၀၀ ကျော် လဲလျောင်းတည်ရှိနေသည်။ NASA ၊ အမေရိကန်အစိုးရ ၊ အမေရိကန်တပ်မတော်နှင့် အခြားကမ္ဘာ့နိုင်ငံများမှ အဖွဲ့အစည်းများမှ အသုံးမပြုတော့သည့် လေယာဉ်၊ ဂျက်လေယာဉ် ၊ ဗုံးကြဲလေယာဉ် ၊ ရဟတ်ယာဉ် စသော လေယာဉ်များစွာ တည်ရှိနေပါသည်။ လေယာဉ်အားလုံး၏ စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၅ ဘီလျံခန့် တန်ကြေးရှိသည်။

ခင်းကျင်းထားသော လေယာဉ်များကို အဓိကအားဖြင့် အုပ်စု(၄)စု ခွဲခြားထားသည်။Long Term (Type 1000) – အနာဂတ်တွင် ပြန်လည်အသုံးပြုရန် ကောင်းမွန်ဆဲဖြစ်သော လေယာဉ်များParts Reclamation (Type 2000) – အစိတ်အပိုင်းဖြုတ်ယူပြီး အခြားလေယာဉ်များတွင် ပြန်လည်အသုံးပြုနိုင်သော လေယာဉ်များ

Flying Hold (Type 3000) – ကောင်းမွန်ဆဲဖြစ်သောလည်း သက်တမ်းကုန် လေယာဉ်များExcess of DoD needs (Type 4000) – ပြတိုက်ပို့ရန်(သို့) ဖျက်ဆီးပစ်ရမည့် လေယာဉ်များလေတပ်စခန်းတည်ရှိရာ ကန္တာရနယ်မြေသည် ပူပြင်းမှု ၊ စိုထိုးဆနည်းပါးမှုနှင့် မိုးနည်းပါးမှု စသော ရာသီဥတုအခြေအနေများကြောင့် လေယာဉ်များ အလွယ်တကူ ပျက်စီးမသွားအောင် ကာကွယ်ပေးထားသကဲ့သို့ ဖြစ်နေသည်။

ကာကွယ်စောင့်ရှောက်ရေးအဖွဲ့Davis–Monthan လေတပ်စခန်းကို 309th Aerospace Maintenance and Regeneration Group (309th AMARG) ဟုခေါ်သော အမှတ်(၃၀၉)လေကြောင်းအာကာသပြုပြင်ထိန်းသိမ်းရေးနှင့်ထုတ်လုပ်ရေးအုပ်စုမှ တာဝန်ယူကြီးကြပ်ရသည်။ ထိုအုပ်စုတွင် ဝန်ထမ်း ၇၀၀ ကျော် ရှိပြီး ၅၀၀ ခန့်မှာ အရပ်သားဝန်ထမ်းများ ဖြစ်ပြီး ကျန် ၂၀၀ ခန့်မှာ ကန်ထရိုက်တာများ ဖြစ်ကြသည်။ တပ်ဖွဲ့ကို လေတပ်၏ Air Force Material Command မှ ကွက်ကဲပြီး လက်ရှိတပ်ဖွဲ့အကြီးအကဲမှာ ဗိုလ်မှူးကြီး Jennifer M. Barnard ဖြစ်သည်။

အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းလာပုံ(309th AMARG)တပ်ဖွဲ့၏ အစမှာ အမှတ်(၄၁၀၅)ကြည်းတပ်ဖွဲ့လေတပ်အခြေစိုက်စခန်း(လေယာဉ်သိုလှောင်ရေး)အဖြစ် ၁၉၄၆ တွင် စတင်ဖွင့်လှစ်ခဲ့သည်။ အစောပိုင်းတွင် ကြည်းတပ်မှ ပိုလျှံနေသော Boeing B-29 Superfortress နှင့် Douglas C-47 Skytrain လေယာဉ်များကို စစ်ဖက်အရန်အဖြစ် သိုလှောင်ထားခဲ့ကြသည်။

၁၉၄၈ တွင် လေတပ်၏ သီးခြားတပ်ဖွဲ့ အမှတ်(၃၀၄၀)လေယာဉ်သိုလှောင်ရေးတပ်ဖွဲ့အဖြစ် အမည်ပြောင်းလဲခဲ့သည်။ ၁၉၆၅ တွင် Military Aircraft Storage and Disposition Center တပ်မတော်လေယာဉ်သိုလှောင်ရေးနှင့်အစီအစဉ်စင်တာ အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြန်သည်။ ၁၉၆၅ ဖေဖော်ဝါရီလတွင် ရေတပ်ပိုင် အရီဇိုးနားရှိ Naval Air Station Litchfield Parkမှ လေယာဉ်စီးရေ ၅၀၀ ကို စတင်ပြောင်းရွေ့ခဲ့ပြီး ၁၉၆၈ တွင် ထိုဥယာဉ်ကို ပိတ်သိမ်းခဲ့သည်။

၁၉၈၀ တွင် Aerospace Maintenance and Regeneration Center (AMARC)ဟူ၍ ထပ်မံပြောင်းလဲခဲ့ပြန်သည်။ ၁၉၉၀ တွင် သက်တမ်းရင့် Boeing B-52 Stratofortress ဗုံးကြဲလေယာဉ် ၃၆၅ စီး ထပ်မံရောက်ရှိလာခဲ့သည်။ အဆိုပါစခန်းကိုလည်း ၂၀၀၇ ခုနှစ်တွင် အမှတ်(၃၀၉)ပြုပြင်ထိန်းသိမ်းရေးအုပ် လက်အောက်ခံ အမှတ်(၃၀၉)လေကြောင်းအာကာသပြုပြင်ထိန်းသိမ်းရေးနှင့်ထုတ်လုပ်ရေးအုပ်စုမှ လွဲပြောင်းလက်ခံခဲ့သည်။ လက်ရှိအချိန်တွင် ပြတိုက်အဖြစ် ဖွင့်လှစ်ထားပြီး လာရောက်လေ့လာချင်သူတွေအတွက် ခွင့်ပြုပေးလျက်ရှိသည်။

source : mphkmi6

zawgyi

အဆိုပါေလယာဥ္သခ်ႋဳင္းသည္ အေမရိကန္ႏိုင္ငံ အရီဇိုးနားျပည္နယ္ Tucson ၿမိဳ႕၏ ေတာင္ အေရွ႕ေတာင္ဘက္ ၅မိုင္ခန႔္ အကြာ သဲကႏၲာရအတြင္း တည္ရွိၿပီး Davis–Monthan ေလတပ္စခန္းဟု ေခၚေဝၚၾကသည္။ အဆိုပါေလတပ္စခန္းအမည္မွာ ပထမ ကမာၻစစ္အတြင္းမွာ တာဝန္ထမ္းေဆာင္ခဲ့ေသာ အေမရိကန္ ေလယာဥ္မႉးမ်ားျဖစ္သည့္ Samuel H. Davis ႏွင့္ Oscar Monthan တို႔ရဲ႕ အမည္ကို ေပါင္းစပ္ ေခၚေဝၚထားျခင္း ျဖစ္သည္။

အဆိုပါ ေလတပ္စခန္း၏ အက်ယ္အဝန္းသည္ ေဘာလုံးကြင္းေပါင္း ၁၄၀၀ ခန႔္ရဲ႕ စုစုေပါင္းဧရိယာ နဲ႔ ညီမွ်ၿပီး ၂၆၀၀ ဧက (၁၁ စတုရန္းကီလိုမီတာ)ခန္႔က်ယ္၀န္းကာ အမ်ိဳးစုံေသာ ေလယာဥ္စီးေရ ၄၀၀၀ ေက်ာ္ လဲေလ်ာင္းတည္ရွိေနသည္။ NASA ၊ အေမရိကန္အစိုးရ ၊ အေမရိကန္တပ္မေတာ္ႏွင့္ အျခားကမာၻ႔ႏိုင္ငံမ်ားမွ အဖြဲ႕အစည္းမ်ားမွ အသုံးမျပဳေတာ့သည့္ ေလယာဥ္၊ ဂ်က္ေလယာဥ္ ၊ ဗုံးႀကဲေလယာဥ္ ၊ ရဟတ္ယာဥ္ စေသာ ေလယာဥ္မ်ားစြာ တည္ရွိေနပါသည္။ ေလယာဥ္အားလုံး၏ စုစုေပါင္းတန္ဖိုးမွာ အေမရိကန္ေဒၚလာ ၃၅ ဘီလ်ံခန႔္ တန္ေၾကးရွိသည္။

ခင္းက်င္းထားေသာ ေလယာဥ္မ်ားကို အဓိကအားျဖင့္ အုပ္စု(၄)စု ခြဲျခားထားသည္။Long Term (Type 1000) – အနာဂတ္တြင္ ျပန္လည္အသုံးျပဳရန္ ေကာင္းမြန္ဆဲျဖစ္ေသာ ေလယာဥ္မ်ားParts Reclamation (Type 2000) – အစိတ္အပိုင္းျဖဳတ္ယူၿပီး အျခားေလယာဥ္မ်ားတြင္ ျပန္လည္အသုံးျပဳႏိုင္ေသာ ေလယာဥ္မ်ား

Flying Hold (Type 3000) – ေကာင္းမြန္ဆဲျဖစ္ေသာလည္း သက္တမ္းကုန္ ေလယာဥ္မ်ားExcess of DoD needs (Type 4000) – ျပတိုက္ပို႔ရန္(သို႔) ဖ်က္ဆီးပစ္ရမည့္ ေလယာဥ္မ်ားေလတပ္စခန္းတည္ရွိရာ ကႏၲာရနယ္ေျမသည္ ပူျပင္းမႈ ၊ စိုထိုးဆနည္းပါးမႈႏွင့္ မိုးနည္းပါးမႈ စေသာ ရာသီဥတုအေျခအေနမ်ားေၾကာင့္ ေလယာဥ္မ်ား အလြယ္တကူ ပ်က္စီးမသြားေအာင္ ကာကြယ္ေပးထားသကဲ့သို႔ ျဖစ္ေနသည္။

ကာကြယ္ေစာင့္ေရွာက္ေရးအဖြဲ႕Davis–Monthan ေလတပ္စခန္းကို 309th Aerospace Maintenance and Regeneration Group (309th AMARG) ဟုေခၚေသာ အမွတ္(၃၀၉)ေလေၾကာင္းအာကာသျပဳျပင္ထိန္းသိမ္းေရးႏွင့္ထုတ္လုပ္ေရးအုပ္စုမွ တာ၀န္ယူႀကီးၾကပ္ရသည္။ ထိုအုပ္စုတြင္ ၀န္ထမ္း ၇၀၀ ေက်ာ္ ရွိၿပီး ၅၀၀ ခန္႔မွာ အရပ္သား၀န္ထမ္းမ်ား ျဖစ္ၿပီး က်န္ ၂၀၀ ခန္႔မွာ ကန္ထ႐ိုက္တာမ်ား ျဖစ္ၾကသည္။ တပ္ဖြဲ႕ကို ေလတပ္၏ Air Force Material Command မွ ကြက္ကဲၿပီး လက္ရွိတပ္ဖြဲ႕အႀကီးအကဲမွာ ဗိုလ္မႉးႀကီး Jennifer M. Barnard ျဖစ္သည္။

အဆင့္ဆင့္ေျပာင္းလဲဖြဲ႕စည္းလာပုံ(309th AMARG)တပ္ဖြဲ႕၏ အစမွာ အမွတ္(၄၁၀၅)ၾကည္းတပ္ဖြဲ႕ေလတပ္အေျခစိုက္စခန္း(ေလယာဥ္သိုေလွာင္ေရး)အျဖစ္ ၁၉၄၆ တြင္ စတင္ဖြင့္လွစ္ခဲ့သည္။ အေစာပိုင္းတြင္ ၾကည္းတပ္မွ ပိုလွ်ံေနေသာ Boeing B-29 Superfortress ႏွင့္ Douglas C-47 Skytrain ေလယာဥ္မ်ားကို စစ္ဖက္အရန္အျဖစ္ သိုေလွာင္ထားခဲ့ၾကသည္။

၁၉၄၈ တြင္ ေလတပ္၏ သီးျခားတပ္ဖြဲ႕ အမွတ္(၃၀၄၀)ေလယာဥ္သိုေလွာင္ေရးတပ္ဖြဲ႕အျဖစ္ အမည္ေျပာင္းလဲခဲ့သည္။ ၁၉၆၅ တြင္ Military Aircraft Storage and Disposition Center တပ္မေတာ္ေလယာဥ္သိုေလွာင္ေရးႏွင့္အစီအစဥ္စင္တာ အျဖစ္ ေျပာင္းလဲဖြဲ႕စည္းခဲ့ျပန္သည္။ ၁၉၆၅ ေဖေဖာ္ဝါရီလတြင္ ေရတပ္ပိုင္ အရီဇိုးနားရွိ Naval Air Station Litchfield Parkမွ ေလယာဥ္စီးေရ ၅၀၀ ကို စတင္ေျပာင္းေ႐ြ႕ခဲ့ၿပီး ၁၉၆၈ တြင္ ထိုဥယာဥ္ကို ပိတ္သိမ္းခဲ့သည္။

၁၉၈၀ တြင္ Aerospace Maintenance and Regeneration Center (AMARC)ဟူ၍ ထပ္မံေျပာင္းလဲခဲ့ျပန္သည္။ ၁၉၉၀ တြင္ သက္တမ္းရင့္ Boeing B-52 Stratofortress ဗုံးႀကဲေလယာဥ္ ၃၆၅ စီး ​ထပ္မံေရာက္ရွိလာခဲ့သည္။ အဆိုပါစခန္းကိုလည္း ၂၀၀၇ ခုႏွစ္တြင္ အမွတ္(၃၀၉)ျပဳျပင္ထိန္းသိမ္းေရးအုပ္ လက္ေအာက္ခံ အမွတ္(၃၀၉)ေလေၾကာင္းအာကာသျပဳျပင္ထိန္းသိမ္းေရးႏွင့္ထုတ္လုပ္ေရးအုပ္စုမွ လြဲေျပာင္းလက္ခံခဲ့သည္။ လက္ရွိအခ်ိန္တြင္ ျပတိုက္အျဖစ္ ဖြင့္လွစ္ထားၿပီး လာေရာက္ေလ့လာခ်င္သူေတြအတြက္ ခြင့္ျပဳေပးလ်က္ရွိသည္။

source : mphkmi6

Leave a Reply

Your email address will not be published. Required fields are marked *