၂၀၁၄ ခုနှစ်အထိ စင်ကာပူက ဘတ်စ်လိုင်းတွေကို အစိုးရတပိုင်းကုမ္ပဏီ ၂ ခုဖြစ်တဲ့ SMRT & SBS Transit တို့က တာဝန်ယူပြေးဆွဲခဲ့ကြပါတယ်။ ၂၀၁၄ ခုနှစ်မှာ ပထမဆုံး နိုင်ငံတကာဘတ်စ်လိုင်းတွေကို တင်ဒါဝင်ပြိုင်ခွင့်ပြုခဲ့ပြီး၊ လန်ဒန်အခြေစိုက် Tower Transit ကုမ္ပဏီက အနိုင်ရခဲ့လို့ ဂျူရောင်းအရပ်မှာ လိုင်း ၂၆ လိုင်းကို ပထမဆုံးပြေးဆွဲခွင့်ရခဲ့ပါတယ်။ သူတို့ဟာ အနိမ့်ဆုံးတင်ဒါဈေးနဲ့အောင်ခဲ့ကြတာမဟုတ်ပါဘူး။
အနိမ့်ဆုံးပြည်တွင်းပြိုင်ဖက် SMRT ထက် သန်း ၁၀၀ ဈေးပိုခဲ့ပေမယ့် အစိုးရဟာ သူတို့ကိုပဲ ရွေးချယ်ခဲ့ပါတယ်၊ လုပ်ပိုင်ခွင့်ပါမစ်ဟာ ၅ နှစ်မို့ တစ်နှစ်ကို သန်း ၂၀ လောက်ဈေးပိုကြီးတဲ့သဘောပါပဲ။ စင်ကာပူပြည်သူတွေဘာတွေ ဝန်ဆောင်မှုပိုရခဲ့ပါသလဲ။
၅ နှစ်စာကို ၅၅၆ သန်းနဲ့ တင်ဒါအောင်ခဲ့တဲ့ လန်ဒန်အခြေစိုက်ကုမ္ပဏီဟာ လူ ၉၀၀ အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်ခဲ့ကြပါတယ်။ ဘတ်စ်ကားဒရိုင်ဘာတွေရဲ့လစာတွေကို လက်ရှိပေါက်ဈေးထက်ပိုပေးခေါ်လို့ စင်ကာပူလူမျိုးတွေပါ ဘတ်စ်ကားမောင်းဖို့စိတ်ပါဝင်စားလာစေခဲ့ပါတယ်။ အလုပ်ချိန်ကို အလှည့်ကျမောင်းစေတာ၊ ဘောက်ဆူးပေးတာ၊ နားရက်ရတာ၊ နည်းပညာအကူအညီနဲ့ ပိုလွယ်စေတာ၊ တနှစ်တခါ ပြည်ပအပမ်းဖြေခရီးသွားလက်မှတ်နဲ့ အနားယူခွင့်ပေးတာမျိုးတွေက အရင်က ပြည်တွင်းဘတ်စ်ကားကုမ္ပဏီ ၂ ခုမှာလုပ်ခဲ့စဉ်က မကြားဖူးတဲ့အခွင့်အရေးမျိုးတွေပါတဲ့။
ဒီ့ထက်ထူးခြားတာက သူတို့ယူဆောင်မိတ်ဆက်လာတဲ့ ဘတ်စ်ကားပုံစံတွေ၊ စီမံခန့်ခွဲမှုစနစ်တွေ၊ ကွန်ယက်ကိုခပ်စိပ်စိပ်နဲ့ ဝန်ဆောင်မှုပေးနိုင်တာမျိုးတွေကို ပြည်တွင်းဘတ်စ်ကုမ္ပဏီတွေက အတုခိုးလိုက်လုပ်လာနိုင်ကြတာပါပဲ။ အခုတော့ နိုင်ငံခြားကုမ္ပဏီက ဝန်ဆောင်မှု ပိုကောင်းမှန်းသိလို့ နောက်ထပ်တစ်နေရာဖြစ်တဲ့ ဆမ်ဘာဝမ်-ရီရွှန်းလမ်းကြောင်းဖက်ကိုပါ သူတို့ကိုထပ်ချပေးလိုက်ပါပြီ။
ဒီနေရာမှာ စင်ကာပူက ဘတ်စ်ကုမ္ပဏီတွေ အလုပ်လုပ်တဲ့စတိုင်က စိတ်ဝင်စားစရာကောင်းလှပါတယ်။ အခုပြေးနေတဲ့ တာဝါထရန်စစ်က တင်ဒါကို ၅ နှစ်စာ သန်း ၅၅၆ နဲ့အောင်တယ်။ သူ့ကို အစိုးရဌာနက ၅ နှစ်စာ အဲပိုက်ဆံပေးရုံပဲ။ ခရီးသည်တွေဆီကကောက်ရတဲ့ပိုက်ဆံကို သူတို့မရကြပါဘူး။ သူတို့အလုပ်က ဝန်ဆောင်မှုကို အစိုးရကသတ်မှတ်ထားတဲ့အတိုင်း မပျက်မဆီးဘဲ အကောင်းဆုံးပေးနိုင်ဖို့သာဖြစ်ပါတယ်။
အစိုးရဟာ ၅၅၆ သန်းအောက်ရရင် သူတို့ဖာသာစိုက်မယ်၊ ပိုရင်လည်းယူမယ်။ ငွေဘယ်လောက်ရသလဲဆိုတာက ဘတ်စ်ကားကုမ္ပဏီတွေရဲ့ စိတ်ပူပင်ရမယ့်ကိစ္စမဟုတ်တော့ပါဘူး။ ဘယ်လောက်ကောင်းလိုက်လေသလဲ။ ကိုယ့်အလုပ်ကိုယ် အဆင်ပြေအောင်လုပ်ပဲ။ ပျက်ရင် အစိုးရက ဒဏ်ရိုက်မယ်လေ။ တာဝန်ယူမှု တာဝန်ခံမှုအပြည့်ပါပဲ။
ရန်ကုန်က ဘတ်စ်ကားစနစ်ကဖြင့် အုံနာတစ်ယောက်ထဲက တစ်စီးထဲနဲ့ဝင်ဆွဲရင်လဲဆွဲနေတာမျိုး၊ ကိုယ်ရကိုယ်ယူစနစ်နဲ့ တကျောင်းတဂါထာ တရွာတပုဒ်ဆန်းနဲ့ လုပ်နေကြလေသောအခါ၊ ဘတ်စ်ကားတွေဟာ ပြည်သူတွေအများကြီးရဲ့အသက်ကို မငှဲ့ကွက်တော့ဘဲ ခရီးသည်အပြိုင်အဆိုင်ရရေး၊ တနည်း သူတို့ အမြတ်များများရရေးအတွက် လမ်းပေါ်ရောက်ရင် ပြိုင်ပွဲဝင်သလို အပြိုင်အဆိုင် လုယက်မောင်းနှင်နေကြတော့တာပါပဲ။
စင်ကာပူလိုတရားဥပဒေစိုးမိုးတဲ့နိုင်ငံမှာတောင်မှ ပြည်တွင်းအစိုးရပိုင်ကားကုမ္ပဏီ ၂ ခုထဲကိုပဲ ဝေစားမျှစားလုပ်ခိုင်တုန်းက အချိုးမပြေတာ၊ မြန်မာပြည်လို့ တရားဥပဒေမစိုးမိုးတဲ့နိုင်ငံမှာ နိုင်ငံခြားဘတ်စ်အော်ပရေတာတွေ ပိုလို့တောင်မှ လိုအပ်နေပြီလို့ ထင်မြင်ယူဆမိပါကြောင်း စေတနာဗရပွဖြင့် ရေးသားလိုက်ရပါတယ်။
Ref: Mothership
Photo: Getty Image
zawgyi
၂၀၁၄ ခုႏွစ္အထိ စင္ကာပူက ဘတ္စ္လိုင္းေတြကို အစိုးရတပိုင္းကုမၸဏီ ၂ ခုျဖစ္တဲ့ SMRT & SBS Transit တို႔က တာဝန္ယူေျပးဆြဲခဲ့ၾကပါတယ္။ ၂၀၁၄ ခုႏွစ္မွာ ပထမဆုံး ႏိုင္ငံတကာဘတ္စ္လိုင္းေတြကို တင္ဒါဝင္ၿပိဳင္ခြင့္ျပဳခဲ့ၿပီး၊ လန္ဒန္အေျခစိုက္ Tower Transit ကုမၸဏီက အႏိုင္ရခဲ့လို႔ ဂ်ဴေရာင္းအရပ္မွာ လိုင္း ၂၆ လိုင္းကို ပထမဆုံးေျပးဆြဲခြင့္ရခဲ့ပါတယ္။ သူတို႔ဟာ အနိမ့္ဆုံးတင္ဒါေစ်းနဲ႔ေအာင္ခဲ့ၾကတာမဟုတ္ပါဘူး။
အနိမ့္ဆုံးျပည္တြင္းၿပိဳင္ဖက္ SMRT ထက္ သန္း ၁၀၀ ေစ်းပိုခဲ့ေပမယ့္ အစိုးရဟာ သူတို႔ကိုပဲ ေ႐ြးခ်ယ္ခဲ့ပါတယ္၊ လုပ္ပိုင္ခြင့္ပါမစ္ဟာ ၅ ႏွစ္မို႔ တစ္ႏွစ္ကို သန္း ၂၀ ေလာက္ေစ်းပိုႀကီးတဲ့သေဘာပါပဲ။ စင္ကာပူျပည္သူေတြဘာေတြ ဝန္ေဆာင္မႈပိုရခဲ့ပါသလဲ။
၅ ႏွစ္စာကို ၅၅၆ သန္းနဲ႔ တင္ဒါေအာင္ခဲ့တဲ့ လန္ဒန္အေျခစိုက္ကုမၸဏီဟာ လူ ၉၀၀ အတြက္ အလုပ္အကိုင္ဖန္တီးေပးႏိုင္ခဲ့ၾကပါတယ္။ ဘတ္စ္ကားဒ႐ိုင္ဘာေတြရဲ႕လစာေတြကို လက္ရွိေပါက္ေစ်းထက္ပိုေပးေခၚလို႔ စင္ကာပူလူမ်ိဳးေတြပါ ဘတ္စ္ကားေမာင္းဖို႔စိတ္ပါဝင္စားလာေစခဲ့ပါတယ္။ အလုပ္ခ်ိန္ကို အလွည့္က်ေမာင္းေစတာ၊ ေဘာက္ဆူးေပးတာ၊ နားရက္ရတာ၊ နည္းပညာအကူအညီနဲ႔ ပိုလြယ္ေစတာ၊ တႏွစ္တခါ ျပည္ပအပမ္းေျဖခရီးသြားလက္မွတ္နဲ႔ အနားယူခြင့္ေပးတာမ်ိဳးေတြက အရင္က ျပည္တြင္းဘတ္စ္ကားကုမၸဏီ ၂ ခုမွာလုပ္ခဲ့စဥ္က မၾကားဖူးတဲ့အခြင့္အေရးမ်ိဳးေတြပါတဲ့။
ဒီ့ထက္ထူးျခားတာက သူတို႔ယူေဆာင္မိတ္ဆက္လာတဲ့ ဘတ္စ္ကားပုံစံေတြ၊ စီမံခန႔္ခြဲမႈစနစ္ေတြ၊ ကြန္ယက္ကိုခပ္စိပ္စိပ္နဲ႔ ဝန္ေဆာင္မႈေပးႏိုင္တာမ်ိဳးေတြကို ျပည္တြင္းဘတ္စ္ကုမၸဏီေတြက အတုခိုးလိုက္လုပ္လာႏိုင္ၾကတာပါပဲ။ အခုေတာ့ ႏိုင္ငံျခားကုမၸဏီက ဝန္ေဆာင္မႈ ပိုေကာင္းမွန္းသိလို႔ ေနာက္ထပ္တစ္ေနရာျဖစ္တဲ့ ဆမ္ဘာဝမ္-ရီ႐ႊန္းလမ္းေၾကာင္းဖက္ကိုပါ သူတို႔ကိုထပ္ခ်ေပးလိုက္ပါၿပီ။
ဒီေနရာမွာ စင္ကာပူက ဘတ္စ္ကုမၸဏီေတြ အလုပ္လုပ္တဲ့စတိုင္က စိတ္ဝင္စားစရာေကာင္းလွပါတယ္။ အခုေျပးေနတဲ့ တာဝါထရန္စစ္က တင္ဒါကို ၅ ႏွစ္စာ သန္း ၅၅၆ နဲ႔ေအာင္တယ္။ သူ႔ကို အစိုးရဌာနက ၅ ႏွစ္စာ အဲပိုက္ဆံေပး႐ုံပဲ။ ခရီးသည္ေတြဆီကေကာက္ရတဲ့ပိုက္ဆံကို သူတို႔မရၾကပါဘူး။ သူတို႔အလုပ္က ဝန္ေဆာင္မႈကို အစိုးရကသတ္မွတ္ထားတဲ့အတိုင္း မပ်က္မဆီးဘဲ အေကာင္းဆုံးေပးႏိုင္ဖို႔သာျဖစ္ပါတယ္။
အစိုးရဟာ ၅၅၆ သန္းေအာက္ရရင္ သူတို႔ဖာသာစိုက္မယ္၊ ပိုရင္လည္းယူမယ္။ ေငြဘယ္ေလာက္ရသလဲဆိုတာက ဘတ္စ္ကားကုမၸဏီေတြရဲ႕ စိတ္ပူပင္ရမယ့္ကိစၥမဟုတ္ေတာ့ပါဘူး။ ဘယ္ေလာက္ေကာင္းလိုက္ေလသလဲ။ ကိုယ့္အလုပ္ကိုယ္ အဆင္ေျပေအာင္လုပ္ပဲ။ ပ်က္ရင္ အစိုးရက ဒဏ္႐ိုက္မယ္ေလ။ တာဝန္ယူမႈ တာဝန္ခံမႈအျပည့္ပါပဲ။
ရန္ကုန္က ဘတ္စ္ကားစနစ္ကျဖင့္ အုံနာတစ္ေယာက္ထဲက တစ္စီးထဲနဲ႔ဝင္ဆြဲရင္လဲဆြဲေနတာမ်ိဳး၊ ကိုယ္ရကိုယ္ယူစနစ္နဲ႔ တေက်ာင္းတဂါထာ တ႐ြာတပုဒ္ဆန္းနဲ႔ လုပ္ေနၾကေလေသာအခါ၊ ဘတ္စ္ကားေတြဟာ ျပည္သူေတြအမ်ားႀကီးရဲ႕အသက္ကို မငွဲ႔ကြက္ေတာ့ဘဲ ခရီးသည္အၿပိဳင္အဆိုင္ရေရး၊ တနည္း သူတို႔ အျမတ္မ်ားမ်ားရေရးအတြက္ လမ္းေပၚေရာက္ရင္ ၿပိဳင္ပြဲဝင္သလို အၿပိဳင္အဆိုင္ လုယက္ေမာင္းႏွင္ေနၾကေတာ့တာပါပဲ။
စင္ကာပူလိုတရားဥပေဒစိုးမိုးတဲ့ႏိုင္ငံမွာေတာင္မွ ျပည္တြင္းအစိုးရပိုင္ကားကုမၸဏီ ၂ ခုထဲကိုပဲ ေဝစားမွ်စားလုပ္ခိုင္တုန္းက အခ်ိဳးမေျပတာ၊ ျမန္မာျပည္လို႔ တရားဥပေဒမစိုးမိုးတဲ့ႏိုင္ငံမွာ ႏိုင္ငံျခားဘတ္စ္ေအာ္ပေရတာေတြ ပိုလို႔ေတာင္မွ လိုအပ္ေနၿပီလို႔ ထင္ျမင္ယူဆမိပါေၾကာင္း ေစတနာဗရပြျဖင့္ ေရးသားလိုက္ရပါတယ္။
Ref: Mothership
Photo: Getty Image