အေမရိကန္ေလတပ္ တိုက္ေလယာဥ္မွူးမ်ားအတြက္ ေခ်မွုန္းေရး ရိုင္ဖယ္အသစ္

အမေရိကန်လေတပ် (USAF) သည် ၎င်းတို့၏ တိုက်လေယာဉ်မှူးများအတွက် မိမိကိုယ်ကိုယ်ကာကွယ်နိုင်ရန်အတွက် ချေမှုန်းရေးရိုင်ဖယ်အသစ်အားတပ်ဆင်ပေးသွားမည်ဖြစ်သည်။၎င်းရိုင်ဖယ်အား GAU-5A ဟုအမည်ပေးထားပြီးနာမည်ကျော် M4 ချေမှုန်းရေးရိုင်ဖယ်အားပြုပြင်ပြောင်းလဲထားခြင်းဖြစ်သည်။

GAU-5A ရိုင်ဖယ်သည် အနည်းငယ်သေးငယ်အောင်ပုံစံထုတ်ထားပြီး နှစ်ပိုင်းဖြတ်ထားနိုင်သည်။ ဒင်ပိုင်းသည်လည်း အတွင်းသို့ခေါက်သိမ်းထားနိုင်လေသည်။ထို့ကြောင့် သေနက်၏ အရွယ်အစားသည် သေးငယ်စွာထုတ်ပိုးရန်အတွက် များစွာလွယ်ကူသွားလေသည်။

တိုက်လေယာဉ်များအဆင့်မြင့်လာသည်နှင့်အမျှ ၎င်းတို့အား ပစ်ချနိုင်သော ဒုံးပျံများ လက်နက်များလည်း ပိုမိုပေါ်ထွန်းလာခဲ့သည်။တိုက်လေယာဉ်ပျက်ကျသောအခါတွင် လေယာဉ်မှူးအသက်ရှင်ကျန်ခဲ့ပါက ၎င်း၏ အန္တရာယ်ကင်းဝေးစေရေးအတွက် အထောက်အကူပြုရန်လိုအပ်ပေသည်။

ခေတ်မီလေယာဉ်များတွင် လေယာဉ်မှူးများမတော်တဆလေထီးဖြင့်ခုန်ထွက်နိုင်ခဲ့ပါက ရှင်းသန်ရပ်တည်နိုင်စေရန် Survival Kit များအားထည့်သွင်းထားလေသည်။၎င်း Kit ထဲတွင် ရိက္ဓာခြောက် အရေးပေါ်ဆေးဝါး အချက်ပြကိရိယာ သံလိုက်အိမ်မြှောင် မီးခိုးဗုံး စသည်တို့အပါဝင် လက်နက်များလည်းပါဝင်သည်။

ပုံမှန်အားဖြင့် လေတပ်ပိုင်းလော့များ၏ တစ်ကိုယ်ရည်စာလက်နက်မှာ ပစ္စတိုသာဖြစ်သည်။ပိုင်းလော့တစ်ဦးအနေဖြင့် လေယာဉ်မထွက်ခွာမီကတည်းက မိမိလက်နက်ကိုစစ်ဆေးရသည်။ပစ္စတိုအား ချိုင်းအောက်တွင်အဓိကထားသယ်ဆောင်လေ့ရှိကြသည်။

သို့သော် လေတပ်တစ်ခုနှင့်တစ်ခုတူညီခြင်းတော့မရှိပေ။ဥပမာရုရှားလေတပ်သည် ပစ္စတိုအပြင် လက်ပစ်ဗုံးနှင့် မီးခိုးဗုံးများကိုလည်း ပိုင်းလော့များအတွက် တပ်ဆင်ပေးထားလေ့ရှိသည်။အမေရိကန်လေတပ်သည် ယခင်က ပိုင်းလော့များ၏ အရန်လက်နက်အတွက် M9 နှင့် M17 ပစ္စတိုများကိုသာထုတ်ပေးခဲ့သည်။

သို့သော်နောက်ပိုင်းတွင် ပိုင်းလော့များရန်သူ့နယ်မြေတွင်းပျက်ကျပါက ရှာဖွေကယ်ဆယ်ရေးများ ရောက်ရှိမလာမီအထိ ခုခံပစ်ခတ်နိုင်ရန် ပိုမိုအားကောင်းပြီးတာဝေးရောက်သောလက်နက်လိုအပ်သည်ကိုတွေ့ရှိခဲ့သည်။

၎င်းတို့အနေဖြင့် ချေမှုန်းရေးရိုင်ဖယ်အား ထည့်သွင်းပေးချင်သော်လည်း နေရာအခက်အခဲရှိနေသည်။သို့သော် GAU-5A မှာ အခက်အခဲကို အကောင်းဆုံးကျော်လွှားနိုင်ခဲ့လေသည်။၎င်းသည် M4 အား ပြောင်းလဲထားပြီး နှစ်ပိုင်းချိုးထားနိုင်သည်။

လိုအပ်ပါက အလွယ်တကူတပ်ဆင်ရန်အတွက် ပြုပြင်ပြောင်းလဲမှုပြုလုပ်ထားသည့်အပြင် ပစ္စတိုကိုပါ ပူးတွဲတပ်ဆင်ရန်အတွက်နေရာပါရှိဦးမည်ဖြစ်သည်။ရိုင်ဖယ်သည် မီတာ ၂၀၀ မှလူအရွယ်ပစ်မှတ်အားကောင်းစွာထိမှန်နိုင်မည်ဖြစ်သည်။

ပစ်ခတ်ရန်အတွက် ကျည်အတောင့် ၃၀စီ ပါဝင်သောကျည်ကဒ်နှစ်ခုမှသုံးခုအထိ လည်းထည့်သွင်းပေးနိုင်သည်။၎င်းလက်နက်နှင့် ဆက်စပ်ပစ္စည်းများအား ပိုင်းလော့၏ အရေးပေါ်ခုန်ထွက်နိုင်သော ထိုင်ခုံ (Ejection Seat) အောက်တွင်ထည့်သွင်းထားပေးသည်။

ပိုင်းလော့တစ်ယောက်သည် လေယာဉ်ပျက်ကျပါက လေထီးနှင့်ခုန်ထွက်ပြီး ထိုင်ခုံအောက်မှ Survival Kit အားထုတ်ယူရမည်ဖြစ်သည်။ထို့နောက် သေနက်အားနှစ်ပိုင်းပြန်ဆက်ကာ ကျည်အိမ်နှင့် ချိန်ဆိုက်ဒ်တို့အားတပ်ဆင်ပြီးသည်နှင့် အသုံးပြုနိုင်ပြီဖြစ်သည်။

အဆိုပါလုပ်ငန်းစဉ်အတွက် ၃၀စက္ကန့်သာ အချိန်ကုန်မည်ဖြစ်သည်။အမေရိကန်လေတပ်သည် ၎င်းတို့၏ မြေပြင်လုံခြုံရေးတပ်ဖွဲ့များထံမှ M4 ရိုင်ဖယ်အဟောင်းများစွာကို ပြန်လည်သိမ်းဆည်းထားသည်။ထို့ကြောင့် အဆိုပါရိုင်ဖယ်များအား GAU-5A အဖြစ်ပြုပြင်ပြောင်းလဲကာ အသုံးပြုသွားနိုင်မည်လည်းသည်။

ယခုကဲ့သို့ ချေမှုန်းရေးရိုင်ဖယ်ပါဝင်လာသောကြောင့် ပိုင်းလော့များသည် ရန်သူနှင့် ရင်ဆိုင်ရာတွင် အသက်ရှင်နှုန်းပိုမိုတိုးတက်လာမည်ဖြစ်သည်။ထို့အတူ တောတွင်း၌ ရိက္ခာခြောက်ပြတ်တောက်ပါက တောကောင်များကို ပစ်ခတ်စားသောက်ရန်လည်း ပိုမိုအသုံးဝင်မည်ဖြစ်လေသည်။

လက်ရှိတွင် GAU/5A ရိုင်ဖယ် အလက်ရေ ၂၇၀၀ ခန့်အား ထုတ်လုပ်ဖြန့်ချီပြီးဖြစ်သည်။ကောင်းမွန်သောမှတ်ချက်များရရှိသောကြောင့် အနာဂတ်တွင်GAU-5A ရိုင်ဖယ်များအား အမေရိကန်လေတပ်တွင်ပိုမိုအသုံးပြုသွားမည်လည်းဖြစ်သည်။ ပိုမိုသိရှိရန် Google မှာလေ့လာနှိုင်ပါတယ်…

source : Sooth (ဆရာတော်အား လေးစားစွာ ခရက်ဒစ်ပေးပါသည်)

zawgyi

အေမရိကန္ေလတပ္ (USAF) သည္ ၄င္းတို႔၏ တိုက္ေလယာဥ္မွူးမ်ားအတြက္ မိမိကိုယ္ကိုယ္ကာကြယ္နိုင္ရန္အတြက္ ေခ်မွုန္းေရးရိုင္ဖယ္အသစ္အားတပ္ဆင္ေပးသြားမည္ျဖစ္သည္။၄င္းရိုင္ဖယ္အား GAU-5A ဟုအမည္ေပးထားၿပီးနာမည္ေက်ာ္ M4 ေခ်မွုန္းေရးရိုင္ဖယ္အားျပဳျပင္ေျပာင္းလဲထားျခင္းျဖစ္သည္။

GAU-5A ရိုင္ဖယ္သည္ အနည္းငယ္ေသးငယ္ေအာင္ပုံစံထုတ္ထားၿပီး ႏွစ္ပိုင္းျဖတ္ထားနိုင္သည္။ ဒင္ပိုင္းသည္လည္း အတြင္းသို႔ေခါက္သိမ္းထားနိုင္ေလသည္။ထို႔ေၾကာင့္ ေသနက္၏ အရြယ္အစားသည္ ေသးငယ္စြာထုတ္ပိုးရန္အတြက္ မ်ားစြာလြယ္ကူသြားေလသည္။

တိုက္ေလယာဥ္မ်ားအဆင့္ျမင့္လာသည္ႏွင့္အမၽွ ၄င္းတို႔အား ပစ္ခ်နိုင္ေသာ ဒုံးပ်ံမ်ား လက္နက္မ်ားလည္း ပိုမိုေပၚထြန္းလာခဲ့သည္။တိုက္ေလယာဥ္ပ်က္က်ေသာအခါတြင္ ေလယာဥ္မွူးအသက္ရွင္က်န္ခဲ့ပါက ၄င္း၏ အႏၲရာယ္ကင္းေဝးေစေရးအတြက္ အေထာက္အကူျပဳရန္လိုအပ္ေပသည္။

ေခတ္မီေလယာဥ္မ်ားတြင္ ေလယာဥ္မွူးမ်ားမေတာ္တဆေလထီးျဖင့္ခုန္ထြက္နိုင္ခဲ့ပါက ရွင္းသန္ရပ္တည္နိုင္ေစရန္ Survival Kit မ်ားအားထည့္သြင္းထားေလသည္။၄င္း Kit ထဲတြင္ ရိကၶာေျခာက္ အေရးေပၚေဆးဝါး အခ်က္ျပကိရိယာ သံလိုက္အိမ္ေျမႇာင္ မီးခိုးဗုံး စသည္တို႔အပါဝင္ လက္နက္မ်ားလည္းပါဝင္သည္။

ပုံမွန္အားျဖင့္ ေလတပ္ပိုင္းေလာ့မ်ား၏ တစ္ကိုယ္ရည္စာလက္နက္မွာ ပစၥတိုသာျဖစ္သည္။ပိုင္းေလာ့တစ္ဦးအေနျဖင့္ ေလယာဥ္မထြက္ခြာမီကတည္းက မိမိလက္နက္ကိုစစ္ေဆးရသည္။ပစၥတိုအား ခ်ိဳင္းေအာက္တြင္အဓိကထားသယ္ေဆာင္ေလ့ရွိၾကသည္။

သို႔ေသာ္ ေလတပ္တစ္ခုႏွင့္တစ္ခုတူညီျခင္းေတာ့မရွိေပ။ဥပမာ႐ုရွားေလတပ္သည္ ပစၥတိုအျပင္ လက္ပစ္ဗုံးႏွင့္ မီးခိုးဗုံးမ်ားကိုလည္း ပိုင္းေလာ့မ်ားအတြက္ တပ္ဆင္ေပးထားေလ့ရွိသည္။အေမရိကန္ေလတပ္သည္ ယခင္က ပိုင္းေလာ့မ်ား၏ အရန္လက္နက္အတြက္ M9 ႏွင့္ M17 ပစၥတိုမ်ားကိုသာထုတ္ေပးခဲ့သည္။

သို႔ေသာ္ေနာက္ပိုင္းတြင္ ပိုင္းေလာ့မ်ားရန္သူ႔နယ္ေျမတြင္းပ်က္က်ပါက ရွာေဖြကယ္ဆယ္ေရးမ်ား ေရာက္ရွိမလာမီအထိ ခုခံပစ္ခတ္နိုင္ရန္ ပိုမိုအားေကာင္းၿပီးတာေဝးေရာက္ေသာလက္နက္လိုအပ္သည္ကိုေတြ႕ရွိခဲ့သည္။

၄င္းတို႔အေနျဖင့္ ေခ်မွုန္းေရးရိုင္ဖယ္အား ထည့္သြင္းေပးခ်င္ေသာ္လည္း ေနရာအခက္အခဲရွိေနသည္။သို႔ေသာ္ GAU-5A မွာ အခက္အခဲကို အေကာင္းဆုံးေက်ာ္လႊားနိုင္ခဲ့ေလသည္။၄င္းသည္ M4 အား ေျပာင္းလဲထားၿပီး ႏွစ္ပိုင္းခ်ိဳးထားနိုင္သည္။

လိုအပ္ပါက အလြယ္တကူတပ္ဆင္ရန္အတြက္ ျပဳျပင္ေျပာင္းလဲမွုျပဳလုပ္ထားသည့္အျပင္ ပစၥတိုကိုပါ ပူးတြဲတပ္ဆင္ရန္အတြက္ေနရာပါရွိဦးမည္ျဖစ္သည္။ရိုင္ဖယ္သည္ မီတာ ၂၀၀ မွလူအရြယ္ပစ္မွတ္အားေကာင္းစြာထိမွန္နိုင္မည္ျဖစ္သည္။

ပစ္ခတ္ရန္အတြက္ က်ည္အေတာင့္ ၃၀စီ ပါဝင္ေသာက်ည္ကဒ္ႏွစ္ခုမွသုံးခုအထိ လည္းထည့္သြင္းေပးနိုင္သည္။၄င္းလက္နက္ႏွင့္ ဆက္စပ္ပစၥည္းမ်ားအား ပိုင္းေလာ့၏ အေရးေပၚခုန္ထြက္နိုင္ေသာ ထိုင္ခုံ (Ejection Seat) ေအာက္တြင္ထည့္သြင္းထားေပးသည္။

ပိုင္းေလာ့တစ္ေယာက္သည္ ေလယာဥ္ပ်က္က်ပါက ေလထီးႏွင့္ခုန္ထြက္ၿပီး ထိုင္ခုံေအာက္မွ Survival Kit အားထုတ္ယူရမည္ျဖစ္သည္။ထို႔ေနာက္ ေသနက္အားႏွစ္ပိုင္းျပန္ဆက္ကာ က်ည္အိမ္ႏွင့္ ခ်ိန္ဆိုက္ဒ္တို႔အားတပ္ဆင္ၿပီးသည္ႏွင့္ အသုံးျပဳနိုင္ၿပီျဖစ္သည္။

အဆိုပါလုပ္ငန္းစဥ္အတြက္ ၃၀စကၠန္႔သာ အခ်ိန္ကုန္မည္ျဖစ္သည္။အေမရိကန္ေလတပ္သည္ ၄င္းတို႔၏ ေျမျပင္လုံျခဳံေရးတပ္ဖြဲ႕မ်ားထံမွ M4 ရိုင္ဖယ္အေဟာင္းမ်ားစြာကို ျပန္လည္သိမ္းဆည္းထားသည္။ထို႔ေၾကာင့္ အဆိုပါရိုင္ဖယ္မ်ားအား GAU-5A အျဖစ္ျပဳျပင္ေျပာင္းလဲကာ အသုံးျပဳသြားနိုင္မည္လည္းသည္။

ယခုကဲ့သို႔ ေခ်မွုန္းေရးရိုင္ဖယ္ပါဝင္လာေသာေၾကာင့္ ပိုင္းေလာ့မ်ားသည္ ရန္သူႏွင့္ ရင္ဆိုင္ရာတြင္ အသက္ရွင္ႏွုန္းပိုမိုတိုးတက္လာမည္ျဖစ္သည္။ထို႔အတူ ေတာတြင္း၌ ရိကၡာေျခာက္ျပတ္ေတာက္ပါက ေတာေကာင္မ်ားကို ပစ္ခတ္စားေသာက္ရန္လည္း ပိုမိုအသုံးဝင္မည္ျဖစ္ေလသည္။

လက္ရွိတြင္ GAU/5A ရိုင္ဖယ္ အလက္ေရ ၂၇၀၀ ခန္႔အား ထုတ္လုပ္ျဖန္႔ခ်ီၿပီးျဖစ္သည္။ေကာင္းမြန္ေသာမွတ္ခ်က္မ်ားရရွိေသာေၾကာင့္ အနာဂတ္တြင္GAU-5A ရိုင္ဖယ္မ်ားအား အေမရိကန္ေလတပ္တြင္ပိုမိုအသုံးျပဳသြားမည္လည္းျဖစ္သည္။ ပိုမိုသိရွိရန္ Google မွာေလ့လာႏွိုင္ပါတယ္…

source : Sooth (ဆရာေတာ္အား ေလးစားစြာ ခရက္ဒစ္ေပးပါသည္)

Leave a Reply

Your email address will not be published. Required fields are marked *