သပိတ္က်င္းၿမိဳ႕အနီး ေ႐ႊေၾကာတခု ေပၚလာသျဖင့္ လာေရာက္ တူးေဖာ္သူမ်ား မ်ားျပားလ်က္ရွိ

မန္တလေးတိုင်း ပြင်ဦးလွင်ခရိုင် သပိတ်ကျင်းမြို့အနီးမှာ ရွှေကြောတစ်ခုပေါ်လာတာကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်သူတွေ လာရောက်တူးဖော်နေကြတယ်လို့ သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။

သပိတ်ကျင်းမြို့ရဲ့ အရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာ၊ဒေသအခေါ်၊ ရေလာဘိချောင်းဖျား အနီးမှာ ဇန်နဝါရီလ ၉ ရက်က ရွှေကြော တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အရင်က ရွှေတူးဖော်မှု လုပ်ကိုင်ခဲ့ပြီး တိမ်ကောသွားတဲ့ နေရာကို ရွှေရှာစက်တွေနဲ့ လိုက်လံ ရှာဖွေခဲ့ရာက တွေ့ရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သပိတ်ကျင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော် အမှတ်(၁) နယ်မြေမှ ကိုယ်စားလှယ် ဦးစိုးလွင်က ”ရှေးရှေးတုန်းက လုပ်ခဲ့ဖူးတဲ့ထဲ ကနေပြီးတော့မှ ပေါ်လိုက်တာပါ။ လုပ်ကွက်ရယ်လို့ မဟုတ်သေးပါဘူး၊ရွှေကြောပါ” လို့ ပြောပါတယ်။

လတ်တလောမှာ လူဦးရေ တစ်ရာနီးပါးလောက် လာရောက် ရှာဖွေ တူးဖော်နေကြတယ်လို့လည်း သိရပါတယ်။ ဦးစိုးလွင်က “တရားဝင်လုပ်ကွက်ဖြစ်အောင် ဒေသခံတွေအတွက် အစုအဖွဲ့ပိုင် လုပ်ငန်းအဖြစ် လုပ်လို့ရအောင်၊ ဒေသခံတွေ လုပ်ငန်းကိုင်ငန်း ရအောင်လို့အတွက် လက်လုပ်လက်စားလုပ်ကွက် လျှောက်ပေးမယ်” လို့ ဆိုပါတယ်။

ရွှေကြောတွေ့ရှိရာနေရာဟာ တခြားရွှေလုပ်ကွက်တွေ မဟုတ်တာ၊ လမ်းနယ်မဟုတ်တာ၊ ထိခိုက်နိုင်မှု ပြဿနာ စတာတွေ မရှိသေးတဲ့အတွက် တားမြစ်တာတော့ မရှိသေးဘူးလို့လည်း သိရပါတယ်။

သပိတ်ကျင်းမြို့နယ်ဟာ ရွှေသတ္တုထွက်ရှိမှု များပြားတဲ့ နယ်မြေတစ်ခုဖြစ်ပြီး လတ်တလော အနေနဲ့ အသေးစားနဲ့ အလတ်စား ရွှေသတ္တုတူးဖော်ရေး လုပ်ငန်းတွေကို စိစစ်ကာ တရားဝင်ချထား ပေးနေတယ်လို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
crd

zawgyi

မႏၲေလးတိုင္း ျပင္ဦးလြင္ခ႐ိုင္ သပိတ္က်င္းၿမိဳ႕အနီးမွာ ေ႐ႊေၾကာတစ္ခုေပၚလာတာေၾကာင့္ ေ႐ႊလုပ္ငန္းလုပ္ကိုင္သူေတြ လာေရာက္တူးေဖာ္ေနၾကတယ္လို႔ သပိတ္က်င္းၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္က ေျပာပါတယ္။

သပိတ္က်င္းၿမိဳ႕ရဲ႕ အေရွ႕ေတာင္ဘက္ တစ္မိုင္ခန႔္အကြာ၊ေဒသအေခၚ၊ ေရလာဘိေခ်ာင္းဖ်ား အနီးမွာ ဇန္နဝါရီလ ၉ ရက္က ေ႐ႊေၾကာ ေတြ႕ရွိခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။ အရင္က ေ႐ႊတူးေဖာ္မႈ လုပ္ကိုင္ခဲ့ၿပီး တိမ္ေကာသြားတဲ့ ေနရာကို ေ႐ႊရွာစက္ေတြနဲ႔ လိုက္လံ ရွာေဖြခဲ့ရာက ေတြ႕ရွိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

သပိတ္က်င္းၿမိဳ႕နယ္ တိုင္းေဒသႀကီးလႊတ္ေတာ္ အမွတ္(၁) နယ္ေျမမွ ကိုယ္စားလွယ္ ဦးစိုးလြင္က ”ေရွးေရွးတုန္းက လုပ္ခဲ့ဖူးတဲ့ထဲ ကေနၿပီးေတာ့မွ ေပၚလိုက္တာပါ။ လုပ္ကြက္ရယ္လို႔ မဟုတ္ေသးပါဘူး၊ေ႐ႊေၾကာပါ” လို႔ ေျပာပါတယ္။

လတ္တေလာမွာ လူဦးေရ တစ္ရာနီးပါးေလာက္ လာေရာက္ ရွာေဖြ တူးေဖာ္ေနၾကတယ္လို႔လည္း သိရပါတယ္။ ဦးစိုးလြင္က “တရားဝင္လုပ္ကြက္ျဖစ္ေအာင္ ေဒသခံေတြအတြက္ အစုအဖြဲ႕ပိုင္ လုပ္ငန္းအျဖစ္ လုပ္လို႔ရေအာင္၊ ေဒသခံေတြ လုပ္ငန္းကိုင္ငန္း ရေအာင္လို႔အတြက္ လက္လုပ္လက္စားလုပ္ကြက္ ေလွ်ာက္ေပးမယ္” လို႔ ဆိုပါတယ္။

ေ႐ႊေၾကာေတြ႕ရွိရာေနရာဟာ တျခားေ႐ႊလုပ္ကြက္ေတြ မဟုတ္တာ၊ လမ္းနယ္မဟုတ္တာ၊ ထိခိုက္ႏိုင္မႈ ျပႆနာ စတာေတြ မရွိေသးတဲ့အတြက္ တားျမစ္တာေတာ့ မရွိေသးဘူးလို႔လည္း သိရပါတယ္။

သပိတ္က်င္းၿမိဳ႕နယ္ဟာ ေ႐ႊသတၱဳထြက္ရွိမႈ မ်ားျပားတဲ့ နယ္ေျမတစ္ခုျဖစ္ၿပီး လတ္တေလာ အေနနဲ႔ အေသးစားနဲ႔ အလတ္စား ေ႐ႊသတၱဳတူးေဖာ္ေရး လုပ္ငန္းေတြကို စိစစ္ကာ တရားဝင္ခ်ထား ေပးေနတယ္လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ ကိုယ္စားလွယ္က ေျပာပါတယ္။
crd

Leave a Reply

Your email address will not be published. Required fields are marked *