တရုတ္နုိင္ငံထုတ္ SINOPHARM ကာကြယ္ေဆးသည္ အျမင္အာ႐ုံဆုံးရႈံးျခင္း အပါအဝင္ ေဘးထြက္ဆိုးက်ိဳး ၇၃-ခု ရွိသည္ဟု ရွန္ဟိုင္းအေျခစိုက္ ကာကြယ္ေဆးကြၽမ္းက်င္သူဆုိ

Sinopharm ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးသည် ဘေးထွက်ဆိုးကျိုး ၇၃ ခု ဖြစ်စေကြောင်း တွေ့ရှိရပြီးနောက် ကမ္ဘာ့အန္တရာယ် မကင်းဆုံးကာကွယ်ဆေးအဖြစ် တရုတ်ကာကွယ်ဆေးကျွမ်းကျင်သူတို့က ရည်ညွှန်းသည်ဟု ထိုင်ဝမ်နိုင်ငံ တိုင်ပေအခြေစိုက် Taiwan News ( Jan.06,2021 ) က ဖော်ပြသည်။

လွန်ခဲ့သည့် ဒီဇင်ဘာ ၃၀-ရက်နေ့တွင် တရုတ်အမျိုးသားဆေးဘက်ပစ္စည်းများ ဆိုင်ရာညွှန်ကြားမှုအဖွဲ့က BBIBP-CorV အမည်ရှိ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ဆေးကို ကွန်မြူနစ်နိုင်ငံအတွင်း အထွေထွေသုံး အဖြစ် တရားဝင် အတည်ပြုပေးခဲ့သည်။ အဆိုပါကာကွယ်ဆေး ကို တရုတ်အမျိုးသားဆေးဝါးကော်ပိုရေးရှင်း (Sinopharm) ၏ လက်အောက်ခံ တရုတ်အမျိုးသားဇီဝနည်းပညာအုပ်စု ( CNBG ) က ထုတ်လုပ်ခြင်းဖြစ် သည်။

တရုတ်အစိုးရ၏ အတည်ပြုခြင်း ခံရသော ၎င်းဝူဟန်ဗိုင်းရပ်စ်ကာကွယ်ဆေးမှာ နှောင်းပိုင်းအဆင့်စမ်းသပ်မှုများ အရ ထိရောက်မှု ၇၉.၃၄ ရာခိုင်နှုန်းရှိကြောင်း ပေကျင်းအစိုးရပိုင် မီဒီယာများက ရေးသားခဲ့ကြသည်။

သို့သော် ( Sinopharm ဟု အများသိကြသည့် ) ၎င်းကာကွယ်ဆေးနှင့်ပတ်သက်၍ နေရာကွက်၍/တစ်ကိုယ် လုံး၌ ဓါတ်မတည့် တုန့်ပြန်မှုများ ဖြစ်နိုင်သည့် ဖော်ပြထားချက်များကို ရေတွက်ကြည့်ရာ ၇၃-ခုရှိနေသည်ကို စိတ်မသက်သာဖွယ် တွေ့ရှိရသည်ဟု ရှန်ဟိုင်းအခြေစိုက် ကာကွယ်ဆေးကျွမ်းကျင်သူ တောက်လင်နာ က တရုတ်လူမှုကွန်ယက် Weibo ၌ လွှင့်တင်ခဲ့ကြောင်း ဟောင်ကောင် မီဒီယာ Ming Pao က ရေးသားသည်။

ဆေးထိုးသည့်နေရာ၌ နာကျင်ခြင်း၊ ခေါင်းကိုက်ခြင်းများ ဖြစ်ပေါ်နိုင်သည့်အပြင် သွေးပေါင်ချိန်မြင့်ခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ အရသာခံစားမှု ပျောက်ကွယ်ခြင်း၊ ရာသီဓမ္မတာ ထိန်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း စသည့် ပြင်းထန်သောဘေးထွက်ဆိုးကျိုးများ ဖြစ်ပွားနိုင်ခြေရှိသည်ဟု ပါရှိနေကြောင်း တောက်လင်နာက သူ၏ ကာကွယ် ဆေး၏ ညွှန်ကြားချက်လက်စွဲစာမျက်နှာတွင် ဒစ်ဂျစ်တယ်ဗားရှင်းဖြင့် ဖော်ပြထားသည်ဆို၏။

ဓါတ်မတည့် တုန့်ပြန်မှု ၇၃-ခု အထိ ဖြစ်နိုင်ခြေရှိကြောင်း အသိပေးထားသည့် အဆိုပါဆေးဝါးမျိုးနှင့် ပတ်သက်၍ ကမ္ဘာ့အန္တရာယ်မကင်းဆုံးကာကွယ်ဆေးဖြစ်သည်ဟုသာ ရည်ညွှန်းရန်ရှိတော့ကြောင်း၊ ဗိုင်းရပ်စ်ထိန်းချုပ်ဆေးဝါးများတွင် ယခုကာကွယ်ဆေးလောက် ဓါတ်မတည့် တုန့်ပြန်မှုများပြားခြင်း မရှိသဖြင့် လုံး၀ မကြုံစ ဖူးဖြစ်ရကြောင်း၊

ဆေးနှင့်ပတ်သက်၍ ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများကိုရှည်လျားစွာ ဖော်ပြထားပါလျှက် လက်ခံထိုးနှံသူသည် ၎င်းဆိုးကျိုးများဖြစ်ပွားလာပါက လျော်ကြေးတောင်းခံပိုင်ခွင့်မရှိ “ မသက်ဆိုင်ကြောင်း ငြင်းဆန်ခြင်း” ပင်ဖြစ်သည်ဟု တောက်လင်နာက စွပ်စွဲထားသည်။

Sinopharm ကာကွယ်ဆေးနှင့် ပတ်သက်၍ ရေးသားဖော်ပြခဲ့သော တောက်လင်နာ၏အကောင့်ကို Weibo အာဏာပိုင်များက ချက်ချင်း ဖျက်သိမ်းပစ်လိုက်ရာ ၎င်း၏ စာမျက်နှာတွင် “ စည်းမျဉ်းများကိုချိုးဖောက်သောကြောင့် ဤ အကြောင်းအရာကို ကြည့်ရှု့၍ မရနိုင်ပါ”ဟူသော စာတန်းကိုသာ မြင်ရတော့သည်။

အသက် ၄၃-နှစ် အရွယ်ရှိသူ တောက်လင်နာသည် ရှန်ဟိုင်းရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ SCDC တွင် ၂၀၀၀ ပြည့်နှစ် သြဂုတ်လကတည်းက တာဝန်ထမ်းဆောင်ခဲ့ပြီး ကာကွယ်ဆေးဆိုင်ရာ စီမံခန့်ခွဲသူတစ်ဦးဖြစ်သည်။

တရုတ် ( ပြည်မကြီး) မှ ကာကွယ်ဆေးဆိုင်ရာကျွမ်းကျင်သူ တောက်လင်နာ၏ တရုတ်လူမှုကွန်ယက်၌ ဖော်ပြချက်ကို ဟောင်ကောင်မီဒီယာက တရုတ်ဘာသာဖြင့် ဖော်ပြပြီး ထိုင်ဝမ်သတင်းစာက အင်္ဂလိပ်ဘာသာဖြင့် ပြန်လည်ရေးသားသည်။

၎င်းသတင်းကို အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်နှင့် ဗြိတိန် Daily Mail တို့က မှီငြမ်း/ကူးယူ ဖော်ပြကြောင်း လက်လှမ်းမီသမျှ တွေ့ရှိရသည်။

မူရင်း HtayOung, Oungmarine မှ ကောက်နှုတ်ဖော်ပြပါသည်။လေးစားစွာ ခရက်ဒစ် ပေးပါသည်။

zawgyi

Sinopharm ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးသည္ ေဘးထြက္ဆိုးက်ိဳး ၇၃ ခု ျဖစ္ေစေၾကာင္း ေတြ႕ရွိရၿပီးေနာက္ ကမာၻ႔အႏၲရာယ္ မကင္းဆုံးကာကြယ္ေဆးအျဖစ္ တ႐ုတ္ကာကြယ္ေဆးကြၽမ္းက်င္သူတို႔က ရည္ၫႊန္းသည္ဟု ထိုင္ဝမ္ႏိုင္ငံ တိုင္ေပအေျခစိုက္ Taiwan News ( Jan.06,2021 ) က ေဖာ္ျပသည္။

လြန္ခဲ့သည့္ ဒီဇင္ဘာ ၃၀-ရက္ေန႔တြင္ တ႐ုတ္အမ်ိဳးသားေဆးဘက္ပစၥည္းမ်ား ဆိုင္ရာၫႊန္ၾကားမႈအဖြဲ႕က BBIBP-CorV အမည္ရွိ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကာကြယ္ေဆးကို ကြန္ျမဴနစ္ႏိုင္ငံအတြင္း အေထြေထြသုံး အျဖစ္ တရားဝင္ အတည္ျပဳေပးခဲ့သည္။ အဆိုပါကာကြယ္ေဆး ကို တ႐ုတ္အမ်ိဳးသားေဆးဝါးေကာ္ပိုေရးရွင္း (Sinopharm) ၏ လက္ေအာက္ခံ တ႐ုတ္အမ်ိဳးသားဇီဝနည္းပညာအုပ္စု ( CNBG ) က ထုတ္လုပ္ျခင္းျဖစ္ သည္။

တ႐ုတ္အစိုးရ၏ အတည္ျပဳျခင္း ခံရေသာ ၎ဝူဟန္ဗိုင္းရပ္စ္ကာကြယ္ေဆးမွာ ေႏွာင္းပိုင္းအဆင့္စမ္းသပ္မႈမ်ား အရ ထိေရာက္မႈ ၇၉.၃၄ ရာခိုင္ႏႈန္းရွိေၾကာင္း ေပက်င္းအစိုးရပိုင္ မီဒီယာမ်ားက ေရးသားခဲ့ၾကသည္။

သို႔ေသာ္ ( Sinopharm ဟု အမ်ားသိၾကသည့္ ) ၎ကာကြယ္ေဆးႏွင့္ပတ္သက္၍ ေနရာကြက္၍/တစ္ကိုယ္ လုံး၌ ဓါတ္မတည့္ တုန႔္ျပန္မႈမ်ား ျဖစ္ႏိုင္သည့္ ေဖာ္ျပထားခ်က္မ်ားကို ေရတြက္ၾကည့္ရာ ၇၃-ခုရွိေနသည္ကို စိတ္မသက္သာဖြယ္ ေတြ႕ရွိရသည္ဟု ရွန္ဟိုင္းအေျခစိုက္ ကာကြယ္ေဆးကြၽမ္းက်င္သူ ေတာက္လင္နာ က တ႐ုတ္လူမႈကြန္ယက္ Weibo ၌ လႊင့္တင္ခဲ့ေၾကာင္း ေဟာင္ေကာင္ မီဒီယာ Ming Pao က ေရးသားသည္။

ေဆးထိုးသည့္ေနရာ၌ နာက်င္ျခင္း၊ ေခါင္းကိုက္ျခင္းမ်ား ျဖစ္ေပၚႏိုင္သည့္အျပင္ ေသြးေပါင္ခ်ိန္ျမင့္ျခင္း၊ အျမင္အာ႐ုံဆုံးရႈံးျခင္း၊ အရသာခံစားမႈ ေပ်ာက္ကြယ္ျခင္း၊ ရာသီဓမၼတာ ထိန္ျခင္း၊ ဆီးမထိန္းႏိုင္ျခင္း စသည့္ ျပင္းထန္ေသာေဘးထြက္ဆိုးက်ိဳးမ်ား ျဖစ္ပြားႏိုင္ေျခရွိသည္ဟု ပါရွိေနေၾကာင္း ေတာက္လင္နာက သူ၏ ကာကြယ္ ေဆး၏ ၫႊန္ၾကားခ်က္လက္စြဲစာမ်က္ႏွာတြင္ ဒစ္ဂ်စ္တယ္ဗားရွင္းျဖင့္ ေဖာ္ျပထားသည္ဆို၏။

ဓါတ္မတည့္ တုန႔္ျပန္မႈ ၇၃-ခု အထိ ျဖစ္ႏိုင္ေျခရွိေၾကာင္း အသိေပးထားသည့္ အဆိုပါေဆးဝါးမ်ိဳးႏွင့္ ပတ္သက္၍ ကမာၻ႔အႏၲရာယ္မကင္းဆုံးကာကြယ္ေဆးျဖစ္သည္ဟုသာ ရည္ၫႊန္းရန္ရွိေတာ့ေၾကာင္း၊ ဗိုင္းရပ္စ္ထိန္းခ်ဳပ္ေဆးဝါးမ်ားတြင္ ယခုကာကြယ္ေဆးေလာက္ ဓါတ္မတည့္ တုန႔္ျပန္မႈမ်ားျပားျခင္း မရွိသျဖင့္ လုံး၀ မႀကဳံစ ဖူးျဖစ္ရေၾကာင္း၊

ေဆးႏွင့္ပတ္သက္၍ ျဖစ္ႏိုင္ေသာ ေဘးထြက္ဆိုးက်ိဳးမ်ားကိုရွည္လ်ားစြာ ေဖာ္ျပထားပါလွ်က္ လက္ခံထိုးႏွံသူသည္ ၎ဆိုးက်ိဳးမ်ားျဖစ္ပြားလာပါက ေလ်ာ္ေၾကးေတာင္းခံပိုင္ခြင့္မရွိ “ မသက္ဆိုင္ေၾကာင္း ျငင္းဆန္ျခင္း” ပင္ျဖစ္သည္ဟု ေတာက္လင္နာက စြပ္စြဲထားသည္။

Sinopharm ကာကြယ္ေဆးႏွင့္ ပတ္သက္၍ ေရးသားေဖာ္ျပခဲ့ေသာ ေတာက္လင္နာ၏အေကာင့္ကို Weibo အာဏာပိုင္မ်ားက ခ်က္ခ်င္း ဖ်က္သိမ္းပစ္လိုက္ရာ ၎၏ စာမ်က္ႏွာတြင္ “ စည္းမ်ဥ္းမ်ားကိုခ်ိဳးေဖာက္ေသာေၾကာင့္ ဤ အေၾကာင္းအရာကို ၾကည့္ရႈ႕၍ မရႏိုင္ပါ”ဟူေသာ စာတန္းကိုသာ ျမင္ရေတာ့သည္။

အသက္ ၄၃-ႏွစ္ အ႐ြယ္ရွိသူ ေတာက္လင္နာသည္ ရွန္ဟိုင္းေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးစင္တာ SCDC တြင္ ၂၀၀၀ ျပည့္ႏွစ္ ၾသဂုတ္လကတည္းက တာဝန္ထမ္းေဆာင္ခဲ့ၿပီး ကာကြယ္ေဆးဆိုင္ရာ စီမံခန႔္ခြဲသူတစ္ဦးျဖစ္သည္။

တ႐ုတ္ ( ျပည္မႀကီး) မွ ကာကြယ္ေဆးဆိုင္ရာကြၽမ္းက်င္သူ ေတာက္လင္နာ၏ တ႐ုတ္လူမႈကြန္ယက္၌ ေဖာ္ျပခ်က္ကို ေဟာင္ေကာင္မီဒီယာက တ႐ုတ္ဘာသာျဖင့္ ေဖာ္ျပၿပီး ထိုင္ဝမ္သတင္းစာက အဂၤလိပ္ဘာသာျဖင့္ ျပန္လည္ေရးသားသည္။

၎သတင္းကို အိႏၵိယ၊ဘဂၤလားေဒ့ရွ္ႏွင့္ ၿဗိတိန္ Daily Mail တို႔က မွီျငမ္း/ကူးယူ ေဖာ္ျပေၾကာင္း လက္လွမ္းမီသမွ် ေတြ႕ရွိရသည္။

မူရင္း HtayOung, Oungmarine မွ ေကာက္ႏႈတ္ေဖာ္ျပပါသည္။ေလးစားစြာ ခရက္ဒစ္ ေပးပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *