Typhoon-M တန္ျပန္တိုက္စစ္ဆင္ေရးယာဥ္သည္ သာမိုန်ဴကလီးယားတိုက္ခ်င္းပစ္ပဲ့ထိန္းဒုံးပ်ံစနစ္မ်ားျဖစ္သည့္ Yars ႏွင့္ Topol-M စနစ္မ်ား တပ္ဆင္ထားေသာ ႐ုရွား၏မဟာဗ်ဴဟာေျမာက္ဒုံးပ်ံတပ္ဖြဲ႕အတြက္ အကာအကြယ္ေပး ရန္တီထြင္ထုတ္လုပ္ထားျခင္းျဖစ္သည္။
အဆိုပါတပ္ဖြဲ႕ကို ၂၀၁၂ ခုႏွစ္က စတင္ဖြဲ႕စည္းခဲ့ျခင္းျဖစ္ၿပီး ယခုအခါ Typhoon-M တန္ျပန္တိုက္စစ္ဆင္ေရးယာဥ္ေပါင္း ၇၀ စီးကို လက္ခံရရွိခဲ့ျခင္းလည္းျဖစ္သည္။ ထို႔အျပင္ ၂၀၂၁ ခုႏွစ္တြင္လည္း ဆက္လက္ေထာက္ပံ့ေပးမည္ဟုဆိုသည္။
Typhoon-M သည္ BTR-82 8×8 က်ည္ကာလူသယ္ယာဥ္ကိုယ္ထည္အေပၚ၌ အေျခခံတည္ေဆာက္ထားျခင္းျဖစ္ကာ ေခတ္မီအာ႐ုံခံစနစ္မ်ားျဖစ္သည့္ ေရဒါ၊ အပူပုံရိပ္ေဖာ္ညၾကည့္စနစ္၊ မိုင္းအႏၲရာယ္ကင္းရွင္းေရးစနစ္ ႏွင့္ အသံလႈိင္းစနစ္မ်ားကို အသုံးျပဳထားသည္ဟု သိရွိရသည္။
ထို႔အျပင္ အဆိုပါယာဥ္စနစ္မ်ားကို UAV စနစ္မ်ားႏွင့္ တြဲဖက္အသုံးျပဳထားသည့္အတြက္ ရန္သူကို ၅ ကီလိုမီတာအကြာအေဝးမွ ေထာက္လွမ္းႏိုင္မည္ျဖစ္သည္။Typhoon-M စနစ္မ်ားကို ၂၀၁၂ ခုႏွစ္က စမ္းသပ္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၃ ခုႏွစ္၊ ဒုံးပ်ံတပ္ဖြဲ႕စတည္ဖြဲ႕စည္းကတည္းက ေထာက္ပံ့ေပးခဲ့ျခင္းလည္းျဖစ္သည္။
Ref-DB
CRD – Myanmarnews24
Unicode
Typhoon-M တန်ပြန်တိုက်စစ်ဆင်ရေးယာဉ်သည် သာမိုနျူကလီးယားတိုက်ချင်းပစ်ပဲ့ထိန်းဒုံးပျံစနစ်များဖြစ်သည့် Yars နှင့် Topol-M စနစ်များ တပ်ဆင်ထားသော ရုရှား၏မဟာဗျူဟာမြောက်ဒုံးပျံတပ်ဖွဲ့အတွက် အကာအကွယ်ပေး ရန်တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။
အဆိုပါတပ်ဖွဲ့ကို ၂၀၁၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယခုအခါ Typhoon-M တန်ပြန်တိုက်စစ်ဆင်ရေးယာဉ်ပေါင်း ၇၀ စီးကို လက်ခံရရှိခဲ့ခြင်းလည်းဖြစ်သည်။ ထို့အပြင် ၂၀၂၁ ခုနှစ်တွင်လည်း ဆက်လက်ထောက်ပံ့ပေးမည်ဟုဆိုသည်။
Typhoon-M သည် BTR-82 8×8 ကျည်ကာလူသယ်ယာဉ်ကိုယ်ထည်အပေါ်၌ အခြေခံတည်ဆောက်ထားခြင်းဖြစ်ကာ ခေတ်မီအာရုံခံစနစ်များဖြစ်သည့် ရေဒါ၊ အပူပုံရိပ်ဖော်ညကြည့်စနစ်၊ မိုင်းအန္တရာယ်ကင်းရှင်းရေးစနစ် နှင့် အသံလှိုင်းစနစ်များကို အသုံးပြုထားသည်ဟု သိရှိရသည်။
ထို့အပြင် အဆိုပါယာဉ်စနစ်များကို UAV စနစ်များနှင့် တွဲဖက်အသုံးပြုထားသည့်အတွက် ရန်သူကို ၅ ကီလိုမီတာအကွာအဝေးမှ ထောက်လှမ်းနိုင်မည်ဖြစ်သည်။Typhoon-M စနစ်များကို ၂၀၁၂ ခုနှစ်က စမ်းသပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်၊ ဒုံးပျံတပ်ဖွဲ့စတည်ဖွဲ့စည်းကတည်းက ထောက်ပံ့ပေးခဲ့ခြင်းလည်းဖြစ်သည်။
Ref-DB
CRD – Myanmarnews24