ေရေဝး သုႆန္သို႔အသြားတြင္ ကားငါးစီးဆင့္တိုက္ ခံခဲ့ရေၾကာင္း နာေရးကူညီမႈအ သင္းဥကၠဌ ဦ းေက်ာ္သူေျပာ

ေရေဝး သုႆန္သို႔အသြားတြင္ ကားငါးစီး ဆင့္တိုက္ခံခဲ့ရေၾကာင္း နာေရးကူညီမႈအသင္းဥကၠဌ ဦးေက်ာ္သူက သူ၏လူမႈကြ န္ရက္က ေရးသားထားသည္။“ကားငါးစီးဆင့္ကာ ဆင့္ကာတိုက္ေသာ္ျငား ဘာမွ မပူပါနဲ႔။ဘာမွ မျဖစ္ဘူး။ဗုဒၶဘုရား ႏွလုံးသား မွာရွိ တယ္။ ဘုန္းဘုန္းဘုရား လည္မွာဆြဲထားတယ္”ဟု ယင္းကေရးသားထားသည္။

ယေန႔တြင္ နာေရးကူညီမႈလမ္းေၾကာင္းေရေဝးသုႆန္သို႔အသြား လမ္းတစ္ေနရာရွိျဖတ္လမ္းရွိ ေနရာတြင္ ပင္မကားမ်ားရွင္းပါက တစ္ဖက္လမ္းသို႔ ကူးရန္အတြက္ တန္းစီ ေစာင့္ေနေသာ ကားေလးတစ္စီးႏွင့္ လိုက္ ထရပ္ ကားကို အေဝးေျပးခရီးသယ္တင္ကားတစ္စီးက ေနာက္မွ တိုက္လိုက္၍ေရွ႕ဆုံးတြင္ရပ္ေနေသာ ကားမွာတစ္ဆင့္ခ်င္းတိုက္ခံရၿပီး ဦးေက်ာ္သူေမာင္းလာသည့္နာေရးနိဗၺာန္ယာဥ္ကို ေရွ႕ေဘးမွ ေဆာင့္တိုက္ လိုက္ေၾကာင္း သိရသည္။

“မိမိမွေရွာင္လိုက္ ေသာ္လည္း မိမိ၏ ညာဖက္ရွိ ဘတ္စ္ကားတစ္စီး၏ ေနာက္ပိုင္းေဘးဖက္ ကိုမိမိမွတစ္ဆင့္ တိုက္မိေတာ့သည္။လူမ်ားဘာမွ်မျဖစ္ေသာ္လည္း တိုက္ခံရသည့္ကားငယ္(ေရွ႕/ေနာက္)၊ လိုက္ထရပ္ (ေရွ႕/ေနာက္) ၊ နာကူယာဥ္ ေရွ႕(ဘယ္/ညာ) ၊ဘတ္စ္ကားႀကီး(ေနာက္ဖက္ဘယ္ဖက္ျခမ္း ပြန္း)အသီးသီး ထိသြားခဲ့သည္။ကားငါးစီးဆင့္ကာ ဆင့္ကာတိုက္ခံရသည့္ျဖစ္ရပ္ပင္ျဖစ္ေတာ့သည္။မိမိမွ လမ္းမွန္၊ပုံမွန္ေမာင္း ေသာ္ျငား တစ္ဖက္မွ အႏၲရာယ္သည္ မည္ကဲ့သို႔လာမည္ကို အထူးသတိထားရန္ အသိတရားတစ္ခုရွိခဲ့ရ သည္။

နိဗၺာန္ယာဥ္ေပၚ ပါလာေသာ ဘဝကူးသြားသည့္႐ုပ္ခႏၶာအား အသင္းမွ နိဗၺာန္ယာဥ္ တစ္စီးကို အျမန္ေခၚ ၍ ေဘာ္ဒီအားေျပာင္းေ႐ႊ႕ကာ ေရေဝးသုႆန္သို႔ပို႔ေဆာင္သၿဂႋဳလ္ေပးမႈကိုတာဝန္မပ်က္၊တာဝန္ေၾကစြာ လုပ္ေဆာင္ေပးခဲ့ပါသည္။”ဟုလည္း ေရးသားထားသည္။နာေရးကူညီမႈအသင္းသို႔ ျပန္အေရာက္တြင္ သုခေဆးခန္းမွတာဝန္ရွိသူမ်ားက ေခၚေဆာင္၍ အာထရာေဆာင္း စက္ျဖင့္ႏွလုံးကိုစစ္ေဆးေၾကာင္း၊ ေသြးေပါင္ခ်ိန္ေၾကာင္း၊သို႔ေသာ္လည္း အားလုံးေကာင္းမြန္ေၾကာင္းလည္း သိရသည္။

“ဘာမွမျဖစ္။ဘာမွမေတြ႕။မိမိတြင္ ဗုဒၶရွိေနသည္။ဘုန္းဘုန္းရွိေနသည္။မည္သို႔ျဖစ္ေစ ေမာ္ေတာ္ကား၊ဆိုင္ ကယ္၊ စက္ဘီး၊လမ္းေလွ်ာက္သည့္ ေန႔စဥ္ လုပ္ရပ္မ်ားတြင္ မိမိသည္ ဘယ္ေလာက္မွန္မွန္ဘယ္ ေလာက္ ေျဖးေျဖး ဘယ္ေလာက္သတိထားထားတစ္ဖက္မွ အႏၲရာယ္သည္အခ်ိန္မေ႐ြးထိပ္တိုက္ရင္ဆိုင္ႏိုင္ သည္ကိုေတာ့ သိထားသင့္ေတာ့သည္။”ဟု ဦးေက်ာ္သူက ေရးသားထားသည္။

CRD – Pyi Myanmar

Unicode
ရေဝေးသုဿန်သို့အသွားတွင် ကားငါးစီး ဆင့်တိုက်ခံခဲ့ရကြောင်း နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူက သူ၏လူမှုကွန်ရက်က ရေးသားထားသည်။“ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်သော်ငြား ဘာမှ မပူပါနဲ့။ဘာမှ မဖြစ်ဘူး။ဗုဒ္ဓဘုရား နှလုံးသား မှာရှိ တယ်။ ဘုန်းဘုန်းဘုရား လည်မှာဆွဲထားတယ်”ဟု ယင်းကရေးသားထားသည်။

ယနေ့တွင် နာရေးကူညီမှုလမ်းကြောင်းရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိ နေရာတွင် ပင်မကားများရှင်းပါက တစ်ဖက်လမ်းသို့ ကူးရန်အတွက် တန်းစီ စောင့်နေသော ကားလေးတစ်စီးနှင့် လိုက် ထရပ် ကားကို အဝေးပြေးခရီးသယ်တင်ကားတစ်စီးက နောက်မှ တိုက်လိုက်၍ရှေ့ဆုံးတွင်ရပ်နေသော ကားမှာတစ်ဆင့်ချင်းတိုက်ခံရပြီး ဦးကျော်သူမောင်းလာသည့်နာရေးနိဗ္ဗာန်ယာဉ်ကို ရှေ့ဘေးမှ ဆောင့်တိုက် လိုက်ကြောင်း သိရသည်။

“မိမိမှရှောင်လိုက် သော်လည်း မိမိ၏ ညာဖက်ရှိ ဘတ်စ်ကားတစ်စီး၏ နောက်ပိုင်းဘေးဖက် ကိုမိမိမှတစ်ဆင့် တိုက်မိတော့သည်။လူများဘာမျှမဖြစ်သော်လည်း တိုက်ခံရသည့်ကားငယ်(ရှေ့/နောက်)၊ လိုက်ထရပ် (ရှေ့/နောက်) ၊ နာကူယာဉ် ရှေ့(ဘယ်/ညာ) ၊ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း)အသီးသီး ထိသွားခဲ့သည်။ကားငါးစီးဆင့်ကာ ဆင့်ကာတိုက်ခံရသည့်ဖြစ်ရပ်ပင်ဖြစ်တော့သည်။မိမိမှ လမ်းမှန်၊ပုံမှန်မောင်း သော်ငြား တစ်ဖက်မှ အန္တရာယ်သည် မည်ကဲ့သို့လာမည်ကို အထူးသတိထားရန် အသိတရားတစ်ခုရှိခဲ့ရ သည်။

နိဗ္ဗာန်ယာဉ်ပေါ် ပါလာသော ဘဝကူးသွားသည့်ရုပ်ခန္ဓာအား အသင်းမှ နိဗ္ဗာန်ယာဉ် တစ်စီးကို အမြန်ခေါ် ၍ ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုကိုတာဝန်မပျက်၊တာဝန်ကြေစွာ လုပ်ဆောင်ပေးခဲ့ပါသည်။”ဟုလည်း ရေးသားထားသည်။နာရေးကူညီမှုအသင်းသို့ ပြန်အရောက်တွင် သုခဆေးခန်းမှတာဝန်ရှိသူများက ခေါ်ဆောင်၍ အာထရာဆောင်း စက်ဖြင့်နှလုံးကိုစစ်ဆေးကြောင်း၊ သွေးပေါင်ချိန်ကြောင်း၊သို့သော်လည်း အားလုံးကောင်းမွန်ကြောင်းလည်း သိရသည်။

“ဘာမှမဖြစ်။ဘာမှမတွေ့။မိမိတွင် ဗုဒ္ဓရှိနေသည်။ဘုန်းဘုန်းရှိနေသည်။မည်သို့ဖြစ်စေ မော်တော်ကား၊ဆိုင် ကယ်၊ စက်ဘီး၊လမ်းလျှောက်သည့် နေ့စဉ် လုပ်ရပ်များတွင် မိမိသည် ဘယ်လောက်မှန်မှန်ဘယ် လောက် ဖြေးဖြေး ဘယ်လောက်သတိထားထားတစ်ဖက်မှ အန္တရာယ်သည်အချိန်မရွေးထိပ်တိုက်ရင်ဆိုင်နိုင် သည်ကိုတော့ သိထားသင့်တော့သည်။”ဟု ဦးကျော်သူက ရေးသားထားသည်။

CRD – Pyi Myanmar

Leave a Reply

Your email address will not be published. Required fields are marked *