ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္ (၂၇) ခု ယေန႔ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မည္

အများပြည်သူသို့ အသိပေးပန်ကြားခြင်းရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆) ကေဗွီ၊ (၃၃) ကေဗွီဓာတ်အားခွဲရုံများ ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်း လုပ်ငန်းများ၊ ရေရှည်ဓာတ်အားတည်ငြိမ် ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အား မနိုင်တော့သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာ ပါသောဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများ နှင့် ဓာတ်အားပြတ်တောက်မှုလျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို (၁၄.၁.၂၀၂၁) ရက်နေ့ ကြာသပတေးနေ့တွင် (၀၉:၀၀) နာရီ မှ (၁၂:၀၀) နာရီအချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

လုပ်ငန်းဆောင်ရွက်နေစဉ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သင်္ဃန်းကျွန်း၊ ဒဂုံတောင်၊ ဒေါပုံ၊ သာကေတ၊ မြောက်ဥက္ကလာပ၊ တာမွေ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ရန်ကင်း၊ တောင်ဥက္ကလာပ၊ ဒဂုံမြောက်၊ ရွှေပေါက်ကံ၊ လှိုင်၊ ဗဟန်း၊ ကမာရွတ်၊ မရမ်းကုန်း၊ ကြည့်မြင်တိုင်၊ မြောင်းတကာ ၊မင်္ဂလာဒုံ၊ အင်းစိန်၊ လှိုင်သာယာ (အရှေ့)၊ လှိုင်သာယာ(အနောက်)၊ ရွှေပြည်သာ၊ ရွှေလင်ဗန်း၊ ထန်းတပင်၊ ထောက်ကြန့်၊ မှော်ဘီ မြို့နယ်များရှိ ရပ်ကွက် အချို့တို့တွင် အဆိုပါအလုပ်လုပ်နေစဉ် အချိန်ပိုင်း ယာယီဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိနိုင်ပါသည်။

ထိုသို့လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓါတ်အားပြတ်တောက်မှုလျော့နည်းစေရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်း ဖြစ်ပါသဖြင့် ယာယီ ဓါတ်အားပြတ်တောက်ရခြင်းအတွက် လူမှုရေးအခက်အခဲများ ပေါ်ပေါက်လာနိုင်မှု များအပေါ် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ အများပြည်သူထံသို့ လေးစားစွာ အသိပေး ပန်ကြားအပ်ပါသည်။

ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်း

zawgyi

အမ်ားျပည္သူသို႔ အသိေပးပန္ၾကားျခင္းရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္မ်ားတြင္ (၆၆) ေကဗြီ၊ (၃၃) ေကဗြီဓာတ္အားခြဲ႐ုံမ်ား ၊ Distribution Transformer မ်ား ထိန္းသိမ္းျပဳျပင္ျခင္း လုပ္ငန္းမ်ား၊ ေရရွည္ဓာတ္အားတည္ၿငိမ္ ျပည့္ဝစြာ ေပးႏိုင္ေရးအတြက္ ေဟာင္းႏြမ္း၍ ဝန္အား မႏိုင္ေတာ့ေသာ (၁၁) ေကဗြီ ဓာတ္အားလိုင္းႀကိဳးမ်ားအား လွ်ပ္ကာ ပါေသာဓာတ္အားလိုင္းႀကိဳးအသစ္မ်ားျဖင့္ လဲလွယ္ျခင္းလုပ္ငန္းမ်ား ႏွင့္ ဓာတ္အားျပတ္ေတာက္မႈေလ်ာ့နည္း က်ဆင္းေစေရးအတြက္ သစ္ပင္သစ္ကိုင္းမ်ား ခုတ္ထြင္ရွင္းလင္းျခင္းလုပ္ငန္းမ်ားကို (၁၄.၁.၂၀၂၁) ရက္ေန႔ ၾကာသပေတးေန႔တြင္ (၀၉:၀၀) နာရီ မွ (၁၂:၀၀) နာရီအခ်ိန္အထိ ေဆာင္႐ြက္သြားမည္ျဖစ္ပါသည္။

လုပ္ငန္းေဆာင္႐ြက္ေနစဥ္ အခ်ိန္အတြင္း ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ သဃၤန္းကြၽန္း၊ ဒဂုံေတာင္၊ ေဒါပုံ၊ သာေကတ၊ ေျမာက္ဥကၠလာပ၊ တာေမြ၊ ပုဇြန္ေတာင္၊ ဗိုလ္တေထာင္၊ ရန္ကင္း၊ ေတာင္ဥကၠလာပ၊ ဒဂုံေျမာက္၊ ေ႐ႊေပါက္ကံ၊ လႈိင္၊ ဗဟန္း၊ ကမာ႐ြတ္၊ မရမ္းကုန္း၊ ၾကည့္ျမင္တိုင္၊ ေျမာင္းတကာ ၊မဂၤလာဒုံ၊ အင္းစိန္၊ လႈိင္သာယာ (အေရွ႕)၊ လႈိင္သာယာ(အေနာက္)၊ ေ႐ႊျပည္သာ၊ ေ႐ႊလင္ဗန္း၊ ထန္းတပင္၊ ေထာက္ၾကန႔္၊ ေမွာ္ဘီ ၿမိဳ႕နယ္မ်ားရွိ ရပ္ကြက္ အခ်ိဳ႕တို႔တြင္ အဆိုပါအလုပ္လုပ္ေနစဥ္ အခ်ိန္ပိုင္း ယာယီဓာတ္အားျပတ္ေတာက္မႈ အနည္းငယ္ ရွိႏိုင္ပါသည္။

ထိုသို႔လုပ္ငန္းေဆာင္႐ြက္ရျခင္းသည္ ဓါတ္အားျပတ္ေတာက္မႈေလ်ာ့နည္းေစရန္ ႀကိဳတင္ျပင္ဆင္ ေဆာင္႐ြက္ရျခင္း ျဖစ္ပါသျဖင့္ ယာယီ ဓါတ္အားျပတ္ေတာက္ရျခင္းအတြက္ လူမႈေရးအခက္အခဲမ်ား ေပၚေပါက္လာႏိုင္မႈ မ်ားအေပၚ နားလည္ခြင့္လႊတ္ေပးပါရန္ ရန္ကုန္လွ်ပ္စစ္ဓါတ္အားေပးေရး ေကာ္ပိုေရးရွင္းမွ အမ်ားျပည္သူထံသို႔ ေလးစားစြာ အသိေပး ပန္ၾကားအပ္ပါသည္။

ရန္ကုန္လွ်ပ္စစ္ဓါတ္အားေပးေရးေကာ္ပိုေရးရွင္း

Leave a Reply

Your email address will not be published. Required fields are marked *